< ယောဟန် 9 >
1 ၁ ကိုယ်တော်သည်လမ်းလျှောက်၍ကြွတော်မူစဉ် ဝမ်းတွင်းပါမျက်မမြင်တစ်ဦးကိုတွေ့ရှိ တော်မူ၏။-
tataH paraM yIshurgachChan mArgamadhye janmAndhaM naram apashyat|
2 ၂ တပည့်တော်တို့က ``အရှင်ဘုရား၊ ဤသူမျက်စိ မမြင်သည်မှာမိမိ၏အပြစ်ကြောင့်လော၊ မိဘ တို့၏အပြစ်ကြောင့်လော'' ဟုမေးလျှောက်ကြ၏။
tataH shiShyAstam apR^ichChan he guro naroyaM svapApena vA svapitrAH pApenAndho. ajAyata?
3 ၃ သခင်ယေရှုက ``သူ၏အပြစ်ကြောင့်မဟုတ်၊ မိဘတို့၏အပြစ်ကြောင့်လည်းမဟုတ်။ သူ မျက်စိမမြင်ရခြင်းမှာ ဘုရားသခင်၏ တန်ခိုးတော် သူ၌ထင်ရှားလာစေရန်ပင် ဖြစ်၏။-
tataH sa pratyuditavAn etasya vAsya pitroH pApAd etAdR^ishobhUda iti nahi kintvanena yatheshvarasya karmma prakAshyate taddhetoreva|
4 ၄ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှု တော်မြတ်ကိုနေ့အချိန်၌ငါတို့လုပ်ဆောင် ကြရမည်။ အဘယ်သူမျှမလုပ်ဆောင်နိုင် သည့်ညဥ့်အချိန်ကျရောက်လာလိမ့်မည်။-
dine tiShThati matprerayituH karmma mayA karttavyaM yadA kimapi karmma na kriyate tAdR^ishI nishAgachChati|
5 ၅ ငါသည်ဤလောကမှာရှိနေစဉ်လောက ၏အလင်းဖြစ်၏'' ဟုမိန့်တော်မူ၏။
ahaM yAvatkAlaM jagati tiShThAmi tAvatkAlaM jagato jyotiHsvarUposmi|
6 ၆ ဤသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် မြေပေါ်သို့တံတွေးထွေး၍ရွှံ့ပြုလုပ်တော် မူ၏။ မျက်မမြင်၏မျက်စိကိုရွှံ့နှင့်လူး၍၊-
ityukttA bhUmau niShThIvaM nikShipya tena pa NkaM kR^itavAn
7 ၇ ``သွားလော့၊ ရှိလောင်ရေကန်တွင် ဆေးလော့'' ဟု မိန့်တော်မူ၏။ (ရှိလောင်၏အနက်ကား ``စေလွှတ် သည်'' ဟုဆိုလိုသတည်း။) ထိုသူသည်သွား၍ မျက်စိကိုဆေးပြီးနောက်မျက်စိမြင်လျက် ပြန်လာ၏။
pashchAt tatpa Nkena tasyAndhasya netre pralipya tamityAdishat gatvA shilohe. arthAt preritanAmni sarasi snAhi| tatondho gatvA tatrAsnAt tataH prannachakShu rbhUtvA vyAghuTyAgAt|
8 ၈ သူသည်သူတောင်းစားဖြစ်သဖြင့်ယခင်က သူ့ကိုမြင်ဖူးသူများနှင့်အိမ်နီးချင်းများ က ``ဤသူသည်ထိုင်၍ကြေးငွေတောင်းခံလေ့ ရှိသူမဟုတ်ပါလော'' ဟုဆိုကြ၏။
apara ncha samIpavAsino lokA ye cha taM pUrvvamandham apashyan te bakttum Arabhanta yondhaloko vartmanyupavishyAbhikShata sa evAyaM janaH kiM na bhavati?
9 ၉ လူအချို့တို့က ``ဟုတ်ပါသည်'' ဟူ၍လည်းကောင်း၊ အချို့က ``ထိုသူမဟုတ်၊ ထိုလူနှင့်တူသူဖြစ်၏'' ဟူ၍လည်းကောင်းဆိုကြ၏။ သူကိုယ်တိုင်ကမူ ``အကျွန်ုပ်သည်ထိုသူပင်တည်း'' ဟုဆို၏။
kechidavadan sa eva kechidavochan tAdR^isho bhavati kintu sa svayamabravIt sa evAhaM bhavAmi|
10 ၁၀ လူတို့က ``သင်အဘယ်သို့မျက်စိမြင်လာ သနည်း'' ဟုမေးကြ၏။
ataeva te. apR^ichChan tvaM kathaM dR^iShTiM pAptavAn?
11 ၁၁ ထိုသူက ``ယေရှုဆိုသူသည်ရွှံ့အနည်းငယ်လုပ် ၍အကျွန်ုပ်၏မျက်စိကိုလူးပြီးလျှင် အကျွန်ုပ် အားရှိလောင်ရေကန်သို့သွား၍မျက်စိကိုဆေး ခိုင်းပါ၏။ သို့ဖြစ်၍အကျွန်ုပ်သည်သွား၍ဆေး လိုက်ရာ မျက်စိမြင်လာပါသည်'' ဟုပြန်ပြော၏။
tataH sovadad yIshanAmaka eko jano mama nayane pa Nkena pralipya ityAj nApayat shilohakAsAraM gatvA tatra snAhi| tatastatra gatvA mayi snAte dR^iShTimahaM labdhavAn|
12 ၁၂ လူတို့က ``ထိုသူသည်အဘယ်မှာနည်း'' ဟု မေးလျှင်၊ သူတောင်းစားက ``အကျွန်ုပ်မသိပါ'' ဟုဆို၏။
tadA te. avadan sa pumAn kutra? tenokttaM nAhaM jAnAmi|
13 ၁၃ လူတို့သည်ယခင်ကမျက်မမြင်ဖြစ်ခဲ့သူကို ဖာရိရှဲတို့ထံသို့ခေါ်ခဲ့ကြ၏။-
aparaM tasmin pUrvvAndhe jane phirUshinAM nikaTam AnIte sati phirUshinopi tamapR^ichChan kathaM dR^iShTiM prAptosi?
14 ၁၄ သခင်ယေရှုရွှံ့ဖြင့်ပြုလုပ်၍ထိုသူကိုမျက်စိ မြင်စေတော်မူသောနေ့ကားဥပုသ်နေ့ဖြစ်သတည်း။-
tataH sa kathitavAn sa pa Nkena mama netre. alimpat pashchAd snAtvA dR^iShTimalabhe|
15 ၁၅ ဖာရိရှဲတို့သည်ထိုသူမျက်စိအလင်းရရှိ လာပုံကိုမေးမြန်းကြ၏။ ထိုသူက ``သူသည် အကျွန်ုပ်၏မျက်စိကိုရွှံ့နှင့်လူးပေးပါ၏။ ထိုနောက်အကျွန်ုပ်သည်မျက်စိကိုဆေးလိုက် ရာမျက်စိမြင်လာပါသည်'' ဟုဆို၏။
kintu yIshu rvishrAmavAre karddamaM kR^itvA tasya nayane prasanne. akarod itikAraNAt katipayaphirUshino. avadan
16 ၁၆ အချို့သောဖာရိရှဲတို့က ``ထိုသူသည်ဥပုသ် မစောင့်သဖြင့်ဘုရားသခင်ထံမှကြွလာ သူမဟုတ်'' ဟုဆိုကြ၏။ အချို့ကမူ ``အပြစ်ကူးသူတစ်စုံတစ်ယောက် သည်အဘယ်သို့လျှင် ဤသို့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြနိုင်ပါမည်နည်း'' ဟုဆိုကြ၏။ ဤသို့လျှင်ထိုသူတို့သည် အချင်းချင်းစိတ်သဘောကွဲလွဲလျက်နေ ကြ၏။
sa pumAn IshvarAnna yataH sa vishrAmavAraM na manyate| tatonye kechit pratyavadan pApI pumAn kim etAdR^isham AshcharyyaM karmma karttuM shaknoti?
17 ၁၇ ထို့ကြောင့်ဖာရိရှဲတို့သည် မျက်မမြင်ဖြစ်ခဲ့ဖူး သူအား ``သင့်ကိုမျက်စိမြင်စေသူသည်အဘယ် သို့သောသူဖြစ်သနည်း'' ဟုတစ်ဖန်မေးပြန် ကြ၏။ ထိုသူက ``ပရောဖက်ဖြစ်ပါ၏'' ဟုဖြေကြား၏။
itthaM teShAM parasparaM bhinnavAkyatvam abhavat| pashchAt te punarapi taM pUrvvAndhaM mAnuSham aprAkShuH yo janastava chakShuShI prasanne kR^itavAn tasmin tvaM kiM vadasi? sa ukttavAn sa bhavishadvAdI|
18 ၁၈ သို့ရာတွင်ယုဒအာဏာပိုင်တို့သည်ယခင်က ထိုသူမျက်မမြင်ဖြစ်ခဲ့သည်ကိုလည်းကောင်း၊ ယခုမျက်စိမြင်လာသည်ကိုလည်းကောင်း မယုံသဖြင့် သူ့မိဘတို့ကိုခေါ်၍မေးကြ၏။-
sa dR^iShTim AptavAn iti yihUdIyAstasya dR^iShTiM prAptasya janasya pitro rmukhAd ashrutvA na pratyayan|
19 ၁၉ သူတို့က ``ဤသူသည်သင်တို့၏သားလော။ သင် တို့ပြောသည်အတိုင်းဝမ်းတွင်းပါမျက်မမြင် လော။ သို့မှန်လျှင်သူသည်အဘယ်သို့ယခု မျက်စိမြင်သနည်း'' ဟုမေးကြ၏။
ataeva te tAvapR^ichChan yuvayo ryaM putraM janmAndhaM vadathaH sa kimayaM? tarhIdAnIM kathaM draShTuM shaknoti?
20 ၂၀ မိဘတို့က ``ဤသူသည်အကျွန်ုပ်တို့၏ သားမှန်ပါ၏။ ဝမ်းတွင်းပါမျက်မမြင်ဖြစ် ကြောင်းလည်းမှန်ပါ၏။-
tatastasya pitarau pratyavochatAm ayam AvayoH putra A janerandhashcha tadapyAvAM jAnIvaH
21 ၂၁ သို့ရာတွင်အဘယ်နည်းဖြင့်သူ့မျက်စိမြင် လာသည်ကိုအကျွန်ုပ်တို့မသိပါ။ သူ့အား အဘယ်သူမျက်စိမြင်စေသည်ကိုလည်းမသိ ပါ။ သူသည်အရွယ်ရောက်ပါပြီ။ သူ့အားမေး ပါ။ သူ့အကြောင်းကိုသူကိုယ်တိုင်ပြောပြ နိုင်ပါလိမ့်မည်'' ဟုဖြေကြားကြ၏။-
kintvadhunA kathaM dR^iShTiM prAptavAn tadAvAM n jAnIvaH kosya chakShuShI prasanne kR^itavAn tadapi na jAnIva eSha vayaHprApta enaM pR^ichChata svakathAM svayaM vakShyati|
22 ၂၂ ဤသို့ဖြေကြားကြခြင်းမှာယုဒအာဏာ ပိုင်တို့ကိုကြောက်သောကြောင့်ဖြစ်၏။ ကိုယ်တော် အားမေရှိယအဖြစ်ဖြင့်အသိအမှတ်ပြု သူမှန်သမျှအား တရားဇရပ်မှထုတ်ပယ်ရန် ယုဒအာဏာပိုင်တို့သဘောတူဆုံးဖြတ် ထားပြီးဖြစ်သတည်း။-
yihUdIyAnAM bhayAt tasya pitarau vAkyamidam avadatAM yataH kopi manuShyo yadi yIshum abhiShiktaM vadati tarhi sa bhajanagR^ihAd dUrIkAriShyate yihUdIyA iti mantraNAm akurvvan
23 ၂၃ ထို့ကြောင့်မိဘတို့က ``သူသည်အရွယ်ရောက် ပြီဖြစ်၍သူ့အားမေးပါ'' ဟုဆိုကြခြင်း ဖြစ်၏။
atastasya pitarau vyAharatAm eSha vayaHprApta enaM pR^ichChata|
24 ၂၄ ဖာရိရှဲတို့သည်မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ်ခေါ်ပြီး ``ဘုရားသခင်ရှေ့ တွင်ဟုတ်မှန်ရာကိုပြောပါလော့။ သင့်အား မျက်စိမြင်စေသောသူသည်အပြစ်ကူးသူ ဖြစ်ကြောင်းငါတို့သိကြ၏'' ဟုဆို၏။
tadA te punashcha taM pUrvvAndham AhUya vyAharan Ishvarasya guNAn vada eSha manuShyaH pApIti vayaM jAnImaH|
25 ၂၅ ထိုသူက ``ဤသူသည်အပြစ်ကူးသူဖြစ်သည် မဖြစ်သည်ကိုအကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ယခင်ကမျက်စိကွယ်၍ယခုမျက်စိမြင်လာ သည်ကိုသာလျှင်သိပါ၏'' ဟုပြော၏။
tadA sa ukttavAn sa pApI na veti nAhaM jAne pUrvAmandha Asamaham adhunA pashyAmIti mAtraM jAnAmi|
26 ၂၆ ထိုသူတို့က ``သူသည်သင့်ကိုမည်သို့ပြု သနည်း။ အဘယ်သို့သင်၏မျက်စိကိုမြင် စေသနည်း'' ဟုမေးကြ၏။
te punarapR^ichChan sa tvAM prati kimakarot? kathaM netre prasanne. akarot?
27 ၂၇ ထိုသူက ``သင်တို့အားအကျွန်ုပ်တစ်ကြိမ် ဖော်ပြပြီးပါပြီ။ သင်တို့နားမထောင်ကြ။ အဘယ်ကြောင့်ထပ်၍ကြားလိုကြပါသနည်း။ သင်တို့သည်လည်းသူ၏တပည့်ဖြစ်လိုကြ ပါသလော'' ဟုပြန်၍မေး၏။
tataH sovAdId ekakR^itvokathayaM yUyaM na shR^iNutha tarhi kutaH punaH shrotum ichChatha? yUyamapi kiM tasya shiShyA bhavitum ichChatha?
28 ၂၈ ထိုသူတို့ကသူ့အား ``သင်သာလျှင်သူ့တပည့် ဖြစ်၏။ ငါတို့ကားမောရှေ၏တပည့်များဖြစ်၏။-
tadA te taM tiraskR^itya vyAharan tvaM tasya shiShyo vayaM mUsAH shiShyAH|
29 ၂၉ ဘုရားသခင်သည်မောရှေအားဗျာဒိတ်ပေး တော်မူခဲ့ကြောင်းကိုငါတို့သိကြ၏။ ဤသူ သည်အဘယ်ကလာသည်ကိုပင်ငါတို့မသိ ကြ'' ဟုဆိုကြ၏။
mUsAvaktreNeshvaro jagAda tajjAnImaH kintveSha kutratyaloka iti na jAnImaH|
30 ၃၀ မျက်မမြင်ဖြစ်ခဲ့ဖူးသူက ``သူသည်အကျွန်ုပ် အားမျက်စိမြင်စေသူဖြစ်ပါ၏။ သို့ပါလျက် သင်တို့သည် ထိုသူအဘယ်ကလာသည်ကို မသိကြသည်မှာအံ့သြဖွယ်ကောင်းလေစွ။-
sovadad eSha mama lochane prasanne. akarot tathApi kutratyaloka iti yUyaM na jAnItha etad AshcharyyaM bhavati|
31 ၃၁ ဘုရားသခင်သည်အပြစ်ကူးသူတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မမူပါ။ ကိုယ် တော်အားကိုင်းရှိုင်းရိုသေလျက်အလိုတော် အတိုင်း လုပ်ဆောင်သောသူ၏ဆုတောင်းပတ္ထနာ ကိုသာနားညောင်းတော်မူပါ၏။-
IshvaraH pApinAM kathAM na shR^iNoti kintu yo janastasmin bhaktiM kR^itvA tadiShTakriyAM karoti tasyaiva kathAM shR^iNoti etad vayaM jAnImaH|
32 ၃၂ ဝမ်းတွင်းပါမျက်မမြင်ကိုတစ်စုံတစ်ယောက် ကမျက်စိမြင်စေနိုင်သည်ဟူ၍ ကမ္ဘာဦးမှစ ၍အဘယ်အခါ၌မျှမကြားစဖူး။- (aiōn )
kopi manuShyo janmAndhAya chakShuShI adadAt jagadArambhAd etAdR^ishIM kathAM kopi kadApi nAshR^iNot| (aiōn )
33 ၃၃ ဤသူသည်ဘုရားသခင်ထံတော်မှကြွလာ သူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ် နိုင်ပါ'' ဟုဆို၏။
asmAd eSha manuShyo yadIshvarAnnAjAyata tarhi ki nchidapIdR^ishaM karmma karttuM nAshaknot|
34 ၃၄ ထိုသူတို့က ``သင်သည်ဝမ်းတွင်းပါအပြစ် နှင့်ကြီးပြင်းလာသူဖြစ်ပါလျက် ငါတို့အား သွန်သင်နေပါသလော'' ဟုဆို၍တရား ဇရပ်မှနှင်ထုတ်လိုက်ကြ၏။
te vyAharan tvaM pApAd ajAyathAH kimasmAn tvaM shikShayasi? pashchAtte taM bahirakurvvan|
35 ၃၅ ဤသို့နှင်ထုတ်လိုက်ကြောင်းကိုသခင်ယေရှု ကြားတော်မူပြီးနောက် ထိုသူကိုတွေ့တော်မူ လျှင် ``သင်သည်လူသားကိုယုံကြည်ပါ သလော'' ဟုမေးတော်မူ၏။
tadanantaraM yihUdIyaiH sa bahirakriyata yIshuriti vArttAM shrutvA taM sAkShAt prApya pR^iShTavAn Ishvarasya putre tvaM vishvasiShi?
36 ၃၆ ထိုသူက ``အရှင်၊ လူသားကားအဘယ်သူဖြစ် ပါသနည်း။ အကျွန်ုပ်ယုံနိုင်ရန်လူသားသည် မည်သူနည်း'' ဟုလျှောက်၏။
tadA sa pratyavochat he prabho sa ko yat tasminnahaM vishvasimi?
37 ၃၇ သခင်ယေရှုက ``သူ့ကိုသင်မြင်ဖူး၏။ သူသည် ကားယခုသင်နှင့်စကားပြောနေသူပင်တည်း'' ဟုမိန့်တော်မူ၏။
tato yIshuH kathitavAn tvaM taM dR^iShTavAn tvayA sAkaM yaH kathaM kathayati saeva saH|
38 ၃၈ မျက်မမြင်ဖြစ်ခဲ့ဖူးသူက ``အရှင်၊ အကျွန်ုပ် ယုံကြည်ပါ၏'' ဟုဆို၍ကိုယ်တော်အားပျပ်ဝပ် ရှိခိုးလေ၏။
tadA he prabho vishvasimItyuktvA sa taM praNAmat|
39 ၃၉ သခင်ယေရှုက ``မျက်မမြင်တို့မျက်စိမြင် ကြစေရန်နှင့် မျက်စိမြင်သူတို့မျက်စိအလင်း ကွယ်ကြစေရန်စီရင်ချမှတ်အံ့သောငှာ ဤ လောကသို့ငါကြွလာခြင်းဖြစ်၏'' ဟုမိန့် တော်မူ၏။
pashchAd yIshuH kathitavAn nayanahInA nayanAni prApnuvanti nayanavantashchAndhA bhavantItyabhiprAyeNa jagadAham AgachCham|
40 ၄၀ ကိုယ်တော်၏အနီးတွင်ရှိနေကြသောဖာရိရှဲ တို့သည်ထိုစကားတော်ကိုကြားသဖြင့် ``အကျွန်ုပ် တို့သည်လည်းမျက်မမြင်များဖြစ်သည်ဟုဆိုလို ပါသလော'' ဟုမေးကြ၏။
etat shrutvA nikaTasthAH katipayAH phirUshino vyAharan vayamapi kimandhAH?
41 ၄၁ သခင်ယေရှုက ``သင်တို့သည်မျက်မမြင်များ ဖြစ်ပါမူအပြစ်ရှိကြမည်မဟုတ်။ ယခုမူ ကားသင်တို့က `ငါတို့သည်မျက်စိမြင်ပါသည်' ဟုဆိုကြသဖြင့် သင်တို့တွင်အပြစ်ရှိလျက် နေသတည်း'' ဟုမိန့်တော်မူ၏။
tadA yIshuravAdId yadyandhA abhavata tarhi pApAni nAtiShThan kintu pashyAmIti vAkyavadanAd yuShmAkaM pApAni tiShThanti|