< ယောဟန် 8 >
1 ၁ ထိုနောက်သူတို့သည်မိမိတို့အိမ်သို့အသီး သီးပြန်သွားကြ၏။ သခင်ယေရှုမူကား သံလွင်တောင်သို့ကြွတော်မူ၏။-
Jesu wakaya kuchilundu cha Oliva.
2 ၂ နောက်တစ်နေ့နံနက်စောစောဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူသောအခါ လူအပေါင်းတို့ သည်အထံတော်သို့လာကြ၏။ ကိုယ်တော်သည် ထိုင်တော်မူလျက်ထိုသူတို့အားဟောပြော သွန်သင်တော်မူ၏။-
Chifumofumo wakaya ku tempele lubo, eelyo bantu boonse bakasika; wakakkala aansi akubayiisya.
3 ၃ ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများသည် အမျိုးသမီးတစ်ယောက်ကိုအထံတော်သို့ ခေါ်ခဲ့ကြ၏။ သူသည်မျောက်မထားနေစဉ် အဖမ်းခံရခြင်းဖြစ်၏။ ကျမ်းတတ်ဆရာ များနှင့်ဖာရိရှဲတို့သည်အမျိုးသမီးကို မိမိတို့ရှေ့တွင်ရပ်စေပြီးလျှင်၊-
Balembi bamulawu abaFalisi bakeeta mukayintu wakajatwa nkalookuchita bumambe. Bakamubika aakati.
4 ၄ သခင်ယေရှုအား ``အရှင်ဘုရား၊ ဤမိန်းမ မျောက်မထားသည်ကိုအကျွန်ုပ်တို့လက်ပူး လက်ကြပ်ဖမ်းမိပါ၏။-
Mpawo bakati kulinguwe, “Muyiisi, ooyu mwanakaziwajatwa kalikuchita bumambe.
5 ၅ ပညတ်တရားတွင်မောရှေက ထိုသို့သော မိန်းမမျိုးကိုကျောက်ခဲနှင့်ပေါက်၍သတ်ရ မည်ဟု အကျွန်ုပ်တို့အားပညတ်ခဲ့ပါသည်။ ကိုယ်တော်သည်မည်သို့ဆိုပါမည်နည်း'' ဟု လျှောက်ကြ၏။-
Lino mumulawu, Mozesi wakatulayilila kuti bantu baliboobu tubatulule mabwe; iwe utyeni aatala anguwe?”
6 ၆ သူတို့သည်ကိုယ်တော်ကိုပြစ်တင်စွပ်စွဲနိုင်ရန် ဤသို့အကွက်ဆင်၍လျှောက်ထားကြခြင်း ဖြစ်၏။ သို့ရာတွင်သခင်ယေရှုသည်ငုံ့၍ မြေပေါ်တွင်လက်ညှိုးတော်ဖြင့်ရေးခြစ် လျက်နေတော်မူ၏။
Bakaamba eezi kuchitila kuti bamupe mulandu anzizyo, pesi Jesu wakakotama walemba aansi amunwe wakwe.
7 ၇ ထိုသူတို့သည်ထပ်ကာထပ်ကာမေးမြန်း လျှောက်ထားကြ၏။ ထိုအခါကိုယ်တော်သည် မော်၍ကြည့်တော်မူလျက် ``သင်တို့အနက် အပြစ်ကင်းသူသည် ဦးစွာပထမသူ့ကို ကျောက်ခဲနှင့်ပေါက်ပါစေ'' ဟုမိန့်တော်မူ၏။-
Nibakiinkilila aanembo akumubuzya mibuzyo, wakanyampuka akubaambila kuti, “Ooyo utakwe chibi aakati kenu, ngabe mutanzi kutulula mwanakazi ooyu ibbwe.”
8 ၈ ထိုနောက်ငုံ့၍မြေပေါ်တွင်ရေးခြစ်လျက် နေတော်မူပြန်၏။-
Wakakotama aansi lubo, akulemba aanyika amunwe wakwe.
9 ၉ ထိုသူတို့သည်ဤသို့ကိုယ်တော်မိန့်တော်မူသည် ကိုကြားကြသောအခါ အသက်ကြီးသူများ ကအစပြု၍တစ်ယောက်ပြီးတစ်ယောက်ထွက် သွားကြ၏။-
Nibakamvwa eezi bakeenda umwi awumwi, kutalika aamupati. Kumamanino Jesu wakasyaala aalike, nkali aamwanakazi ngubakabikide aakati.
10 ၁၀ သခင်ယေရှုသည်မော်၍ကြည့်တော်မူပြန် လျှင် ``အချင်းအမျိုးသမီး၊ ထိုသူတို့ကား အဘယ်မှာနည်း။ သင့်အားအပြစ်ဒဏ်စီရင် မည့်သူတစ်ယောက်မျှမရှိသလော'' ဟုမေး တော်မူ၏။
Jesu wakanyampuka akumwaambila kuti, “Yoo mwanakazi, mbali basikukupa mulandu? Takwe muntu wajana mulandu na mulinduwe?”
11 ၁၁ ထိုအခါအမျိုးသမီးက ``အရှင်၊ တစ်ယောက် မျှမရှိတော့ပါ'' ဟုပြန်လည်၍လျှောက်ထား ၏။ သခင်ယေရှုက ``ငါသည်လည်းသင့်အားအပြစ် ဒဏ်မစီရင်ပြီ။ သွားလော့။ နောက်တစ်ဖန်အပြစ် မပြုနှင့်'' ဟုမိန့်တော်မူ၏။]
Wakati, “Takwe, nikuba womwe Mwaami.” Jesu wakati, “Ambebo nsikupi mulandu. Koya alimwi utakabisyi limbi.”]
12 ၁၂ တစ်ဖန်သခင်ယေရှုကဖာရိရှဲတို့အား ``ငါ သည်လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်အသက်၏အလင်းကိုရ ၍အဘယ်အခါမျှအမှောင်တွင်သွားလာ ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
Alimwi Jesu wakaambuula aabo nkati, “Ndili mumuni wanyika; ooyo unditobela takoyoyenda mumudima pesi uyooba aamumuni wabuumi.”
13 ၁၃ ဖာရိရှဲတို့က ``သင်သည်ကိုယ့်အကြောင်းကို သက်သေခံလျက်နေ၏။ သို့ဖြစ်၍သင့်သက် သေခံချက်သည်မခိုင်လုံ'' ဟုဆိုကြ၏။
Ba Falisi bakati kulinguwe, “Ulipeda bukamboni nomwini, bukamboni bwako tabusinizizye pe.”
14 ၁၄ သခင်ယေရှုက ``ငါသည်ကိုယ့်အကြောင်းကို သက်သေခံသော်လည်းငါ၏သက်သေခံချက် သည်ခိုင်လုံ၏။ အဘယ်ကြောင့်ဆိုသော်ငါသည် အဘယ်အရပ်မှလာ၍အဘယ်အရပ်သို့ သွားမည်ကိုငါသိသောကြောင့်တည်း။ သင်တို့ မူကားငါအဘယ်အရပ်မှလာသည်ကို လည်းကောင်း၊ အဘယ်အရပ်သို့သွားမည်ကို လည်းကောင်းမသိကြ။-
Jesu wakabasandula akwaamba kuti kulimbabo, “Nekuba kuti ndipa bukamboni bwangu ndemwini, bukamboni bwangu bulisinizizye. Ndilikwizi nkundakazwa ankwenjobuya.
15 ၁၅ သင်တို့သည်လူ့စံနှုန်းအရစစ်ဆေးစီရင် တတ်ကြ၏။ ငါမူကားမည်သူ့ကိုမျှမစစ် ဆေးမစီရင်ပြီ။-
Mubeteka chanyama; Ime nsibeteki muntu pe.
16 ၁၆ အကယ်၍ငါစစ်ဆေးစီရင်မည်ဆိုပါက ငါတစ်ဦးတည်းစစ်ဆေးစီရင်ခြင်းမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် ငါနှင့်အတူရှိသောကြောင့်ငါ၏စီရင်ချက် သည်မှန်ကန်၏။-
Nikuba kuti ndabeteka, kubeteka kwangu kulisinizizye nkaambo nsili aandike pe, pesi ndili aaTaata wakandituma.
17 ၁၇ သင်တို့၏ပညတ်ကျမ်းတွင် ``သက်သေနှစ်ဦး ထွက်ဆိုလျှင်အမှန်ဖြစ်၏'' ဟုဖော်ပြပါ ရှိ၏။-
Iyii, alimwi mumulawu wenu kulilembedwe kuti bukamboni bwabantu babili bulisinizizye.
18 ၁၈ ငါသည်ကိုယ့်အကြောင်းကိုသက်သေခံ၏။ ငါ့ ကိုစေလွှတ်တော်မူသောခမည်းတော်ကလည်း ငါ့အကြောင်းကိုသက်သေခံ၏'' ဟုမိန့်တော် မူ၏။
Ndili ooyo uulungulula bukamboni aatala alwangu, eelyo Taata wakandituma upeda bukamboni aatala andime.”
19 ၁၉ ထိုသူတို့က ``သင့်ခမည်းတော်ကားအဘယ် မှာနည်း'' ဟုမေးလျှောက်ကြ၏။ သခင်ယေရှုက ``သင်တို့သည်ငါ့ကိုလည်း ကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်းမသိ ကြ။ အကယ်၍သင်တို့ငါ့ကိုသိပါမူငါ့ ခမည်းတော်ကိုလည်းသိကြမည်'' ဟုဖြေ ကြားတော်မူ၏။
Bakati kulinguwe, “Ulikuli wuso?” Jesu wakasandula, “Takwe ngomuzi imebo na Taata; kansinga mwalindiz, mwalikunomuziba Taata alakwe.”
20 ၂၀ ကိုယ်တော်သည်ဤစကားတော်များကိုဗိမာန် တော်အတွင်းအလှူခံသတ္တာများထားရာအခန်း ၌ ဟောပြောသွန်သင်စဉ်မိန့်တော်မူသတည်း။ သို့ ရာတွင်ကိုယ်တော်၏အချိန်မကျသေးသဖြင့် မည်သူမျှကိုယ်တော်ကိုမဖမ်းမဆီးကြ။
Aaya majwi wakaamba muchibambalilo nkali kuyiisya mutempele pesi takwe muntu wakamusunga nkaambo chiindi chakwe techakalinaakkwana pe.
21 ၂၁ ထိုမှတစ်ဖန်ကိုယ်တော်က ``ငါသည်ထွက်ခွာ သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့် မည်။ သို့ရာတွင်သင်တို့သည်မိမိတို့အပြစ် ၌သေကြလိမ့်မည်။ ငါသွားမည့်အရပ်သို့ သင်တို့မလိုက်နိုင်ကြ'' ဟုမိန့်တော်မူ၏။
Aawo wakabaambila lubo kuti, “Ndiyobwiinka, muyondiyanduula eelyo muyofwa muzibi zyanu. Ooko nkweya, tamukonzyi kusika pe.”
22 ၂၂ သို့ဖြစ်၍ယုဒအာဏာပိုင်များက ``ငါသွား မည့်အရပ်သို့သင်တို့မလိုက်နိုင်ကြဟုသူ ဆိုချေသည်။ သူသည်မိမိကိုယ်ကိုသတ်၍ သေမည်လော'' ဟုပြောဆိုကြ၏။
Ba Juda bakati, “Mpo ulalijaya na? Nchenchicho na mpo nchati, 'Nkweya tamuyosika?”
23 ၂၃ ကိုယ်တော်က ``သင်တို့သည်အောက်ဘုံသားများ ဖြစ်ကြ၏။ ငါမူကားအထက်ဘုံမှလာ၏။ သင်တို့သည်ဤလောကသားများဖြစ်ကြ၏။ ငါမူကားဤလောကသားမဟုတ်။-
Jesu wakati kulimbabo, “Muli baansi; Imebo ndiwakujulu. Muli banyika eeyi; Mebo nsili wenyika eeyi pe.
24 ၂၄ သို့ဖြစ်၍သင်တို့သည်မိမိတို့အပြစ်၌သေ ကြလိမ့်မည်ဟုငါဆိုသတည်း။ ငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုသင်တို့မယုံကြည် လျှင် သင်တို့သည်မိမိတို့အပြစ်၌သေလိမ့်မည်'' ဟုမိန့်တော်မူ၏။
Akaako ndakamwaambila kuti muyoofwa muzibi zyabo. Ado do mane musyome kuti NDIME, muyoofwa muzibi zyenu.”
25 ၂၅ ထိုသူတို့က ``သင်သည်အဘယ်သူနည်း'' ဟု မေးကြ၏။ သခင်ယေရှုက ``ငါအဘယ်သူ ဖြစ်သည်ကိုအစကတည်းကသင်တို့အား ငါပြောခဲ့ပြီ။-
Bakati kulinguwe, ikuti kuliboobo, “Nduweni?” Jesu wakabaambila kuti, “Nzindamwaambila kuzwa kumatalikilo.
26 ၂၆ သင်တို့အကြောင်းနှင့်ပတ်သက်၍ငါပြောစရာ များစွာရှိ၏။ သင်တို့အားပြစ်တင်ရှုတ်ချစရာ လည်းများစွာရှိ၏။ ငါ့ကိုစေလွှတ်တော်မူသော အရှင်သည်သစ္စာတော်အရှင်ဖြစ်တော်မူ၏။ ထို အရှင်ထံမှငါကြားရသည့်တရားကိုသာ လျှင် ဤလောကသားတို့အားငါဟောပြော၏'' ဟုမိန့်တော်မူ၏။
Ndili aazintu zyiingi zyakwaamba azyakubeteka aatala andinywe. Nikubaboobo, ooyo wakandituma ulisinizizye; mpawo zintu nzyemvwa kuzwa kulinguwe, nzyezintu nzyewamba kunyika.”
27 ၂၇ ကိုယ်တော်သည်ခမည်းတော်ကိုရည်မှတ်၍မိန့် မြွက်လျက်နေကြောင်းကို ထိုသူတို့မသိကြ။-
Tensi bakamvwisisisya pe kuti wakalikwaambula aatala aTaata.
28 ၂၈ ထို့ကြောင့်ကိုယ်တော်က ``လူသားကိုမြေမှ မြှောက်ထားကြသောအခါမှငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုလည်းကောင်း၊ ငါ သည်ကိုယ်ပိုင်အခွင့်အာဏာအရအဘယ် အမှုကိုမျှမပြုမူ၍ မိမိအားခမည်းတော် သွန်သင်တော်မူသည့်အကြောင်းအရာများ ကိုသာလျှင်ဟောပြောသွန်သင်သည်ကိုလည်း ကောင်း သင်တို့သိကြလိမ့်မည်။-
Jesu wakati, “Aawo mwayoonyampula Mwana waMuntu, mpempawo mpomuyooziba kuti NDIME, akuti nsichiti chintu alwangu. Mbubo Taata mbwakandiyiisya me, mbubo bewamba zintu eezi.
29 ၂၉ ထိုမှတစ်ပါးလည်းငါ့ကိုစေလွှတ်တော်မူသော အရှင်သည်ငါနှင့်အတူရှိတော်မူ၏။ ထိုအရှင် နှစ်သက်တော်မူသောအမှုကိုငါသည်အခါ ခပ်သိမ်းလုပ်ဆောင်သည်ဖြစ်၍ ထိုအရှင်သည် ငါ့အားတစ်ကိုယ်တည်းစွန့်ပစ်၍ထားတော်မမူ'' ဟုမိန့်တော်မူ၏။
Ooyo wakandituma uli aandime, mpawo tandisiide andiike pe, nkaambo ndichita zintu zimukonda chiindi choonse.
30 ၃၀ ဤသို့မိန့်တော်မူသည်ကိုကြားရသောလူ အမြောက်အမြားပင်ကိုယ်တော်ကိုယုံကြည် လာကြ၏။
Nkachaambula zintu eezi Jesu, bantu biingi bakasyoma mulinguwe.
31 ၃၁ သခင်ယေရှုသည်ယုံကြည်သူတို့အား ``သင် တို့သည်ငါဟောပြောသွန်သင်သည်အတိုင်းပြု ကျင့်ကြလျှင် ငါ၏တပည့်အမှန်ဖြစ်ကြ၏။-
Jesu wakati kuma Juda ibakali bamusyoma, “Na mwakkalilila mujwi lyangu, muyooba basikwiiya bangu basinizizye,
32 ၃၂ သမ္မာတရားကိုလည်းသိသဖြင့်ထိုသမ္မာ တရားသည်သင်တို့အားလွတ်လပ်စေလိမ့် မည်'' ဟုမိန့်တော်မူ၏။
alimwi muyoziba kasimpe, eelyo kasimpe kayoomwaangununa.”
33 ၃၃ ထိုသူတို့က ``အကျွန်ုပ်တို့သည်အာဗြဟံ၏ သားမြေးများဖြစ်ပါ၏။ အဘယ်အခါကမျှ တစ်ပါးကျွန်မဖြစ်ခဲ့ဘူးပါ။ `သင်တို့လွတ် လပ်လိမ့်မည်' ဟုအဘယ်ကြောင့်ဆိုပါသနည်း'' ဟုမေးလျှောက်ကြ၏။
Bakamusandula, “Tulizyalane lya Abbulahamu mpawo tatunaaba bazike bamuntu pe; waambilaaaloi kuti, 'Muyowangununwa'?”
34 ၃၄ သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား အပြစ်ကူးသူတိုင်းသည် အပြစ်၏ကျွန်ဖြစ်၏။-
Jesu wakabasandula, “Nchobeni, nchobeni, ndamwaambila kuti, ooyo woonse uchita chibi muzike wachibi.
35 ၃၅ ကျွန်သည်အိမ်မှာအစဉ်နေသည်မဟုတ်၊ သား မူကားအစဉ်နေ၏။- (aiōn )
Muzike takkalilili mun'anda kwalyoonse; mwana ulakkalilila chalyoonse. (aiōn )
36 ၃၆ သို့ဖြစ်၍သင်တို့အားသားတော်ကလွတ်လပ် စေလျှင် သင်တို့သည်ဧကန်အမှန်လွတ်လပ် ကြလိမ့်မည်။-
Akaako, na Mwana wakwaangununa, ulaangunuka cha nchobeni.
37 ၃၇ သင်တို့သည်အာဗြဟံ၏သားမြေးဖြစ်သည်ကို ငါသိ၏။ သို့ရာတွင်သင်တို့သည်ငါ၏သွန်သင် ချက်ကိုလက်မခံလိုသဖြင့် ငါ့ကိုသတ်ရန် ကြိုးစားကြ၏။-
Ndilizizi kuti muli zyalane lya Abbulahamu; muyandula kundijaya nkaambo ijwi lyangu talikwe busena mulindinywe.
38 ၃၈ ငါသည်ငါ့ခမည်းတော်ထံမှသိရှိသောအရာ များကိုဟောပြော၏။ သင်တို့မူကားသင်တို့ အဖညွှန်ကြားသည့်အတိုင်းပြုကြ၏'' ဟု မိန့်တော်မူ၏။
Ndiwamba nzindakabona kuli Taata, alimwi andinywe muchite nzimwakamvwa kuli wuso wanu.”
39 ၃၉ ထိုသူတို့က ``အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်ပါ၏'' ဟုဆိုကြ၏။ သခင်ယေရှုက ``သင်တို့သည်အာဗြဟံ၏ သားမြေးများဖြစ်ပါမူ အာဗြဟံကဲ့သို့ ပြုကျင့်ကြလိမ့်မည်။-
Bakamusandula alimwi bakati kulinguwe, “Taata wesu ngu Abbulahamu.” Jesu wakati kulimbabo, “Na mwali bana ba Abbulahamu, nimunga muchita milimu ya Abbulahamu.
40 ၄၀ ဘုရားသခင်ထံတော်မှကြားနာခဲ့ရသည့် သမ္မာတရားကို သင်တို့အားဟောပြောသူငါ့ ကိုသတ်ရန်သင်တို့ကြံစည်လျက်နေကြ၏။ အာဗြဟံကားဤသို့မကျင့်ခဲ့။-
Pesi, lino muyanduula kundijaya, muntu wamwaambila kasimpe nkendakamvwa kuli Leza. Abbulahamu takwe nakachita eechi.
41 ၄၁ သင်တို့သည်သင်တို့အဖကဲ့သို့ကျင့်ကြ၏'' ဟုမိန့်တော်မူ၏။ ထိုသူတို့က ``အကျွန်ုပ်တို့သည်ဖခင်မဲ့မွေး သောသားများမဟုတ်။ အကျွန်ုပ်တို့မှာဘုရား သခင်တည်းဟူသောဖခင်တစ်ပါးတည်းရှိ၏'' ဟုဆိုကြ၏။
Muchita milimu yawuso wenu.” Bakati kulinguwe, “Tetwakazyalilwa mubwamu pe; tuli aaTaata omwe: Leza.”
42 ၄၂ သခင်ယေရှုက ``ဘုရားသခင်သည်သင်တို့၏ အဖဖြစ်ပါမူ သင်တို့သည်ငါ့ကိုချစ်ကြလိမ့် မည်။ ငါသည်ဘုရားသခင်ထံတော်မှလာ၍ ယခုဤအရပ်သို့ရောက်ရှိနေ၏။ ကိုယ်ပိုင် အခွင့်အာဏာအရလာသည်မဟုတ်။ ကိုယ် တော်သည်ငါ့ကိုစေလွှတ်တော်မူ၏။-
Jesu wakabaambila wakati, “Kaansinga Leza ngu Wuso wenu, mwalikunondiyanda, nkaambo ndakazwa kuli Leza mpawo ndili aano; nkaambo nsilizidilide pe ndemwini, pesi wakandituma.
43 ၄၃ ငါဟောပြောသည့်တရားကိုအဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ သင်တို့တွင် ငါ၏တရားကို နာယူနိုင်စွမ်းမရှိသောကြောင့် ပင်ဖြစ်၏။-
Nkaambonzi nimutamvwisisisyi majwi aangu? Kuli oobu nkaambo tamukonzyi kumvwa majwi aangu.
44 ၄၄ သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
Muli bawuso wenu, dyabbulosi, alimwi mukanza kuchita ziyandisyo zyawuso. Wakali mujayi kuzwa kumatangunino mpawo tayiimvwi muchisinizyo nkaambo takwe kusinizya mulinguwe. Aawo nawamba zyakubeja, uwamba kazizwa mubube bwakwe mwini nkaambo mubeji alimwi ngowisi wabubeji.
45 ၄၅ ငါသည်သစ္စာစကားကိုပြောသောကြောင့်သင် တို့ငါ့ကိုမယုံကြ။-
Eelyo, nkaambo ndiwamba lusinizyo, tamundisyomi pe.
46 ၄၆ ငါသည်အပြစ်ကူးသူဖြစ်ကြောင်းအဘယ် သူသက်သေပြနိုင်သနည်း။ ငါသည်သစ္စာစကား ကိုပြောဆိုလျှင်အဘယ်ကြောင့်သင်တို့မယုံ ကြသနည်း။-
Ngwani aakati kenu uundipa mulandu wachibi? Kuti ndaamba lusinizyo, nkambooyi nimutandisyomi?
47 ၄၇ ဘုရားသခင်၏ထံမှဖြစ်ပွားသူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်တတ်၏။ သင် တို့သည်ဘုရားသခင်၏ထံမှဖြစ်ပွားသူ များမဟုတ်သောကြောင့်နားမထောင်ကြ'' ဟု မိန့်တော်မူ၏။
Muntu waLeza woonse ulaamvwa majwi aa Leza; tamwaamvwi nkaambo tamuli ba Leza.”
48 ၄၈ သူတို့က ``သင်သည်ရှမာရိအမျိုးသားဖြစ် သည်ဟူ၍လည်းကောင်း၊ နတ်မိစ္ဆာစွဲကပ်သူဖြစ် သည်ဟူ၍လည်းကောင်းငါတို့စွပ်စွဲသည်မှာ မမှန်ပါလော'' ဟုဆိုကြ၏။
Ba Juda bakamusandula alimwi bakati kulinguwe, “Nchoonzyo tatwaambi kuti uli mu Samaliya na akuti uli aadayimona?”
49 ၄၉ သခင်ယေရှုက ``ငါသည်နတ်မိစ္ဆာစွဲကပ်သူ မဟုတ်။ ငါသည်ငါ့ခမည်းတော်ကိုချီးမြှောက် ၏။ သင်တို့ကားငါ့ကိုရှုတ်ချကြ၏။-
Jesu wakasandula, “Nsikwe dayimona pe, pesi ndilemya Taata wangu, alimwi inywe mulanduubawulusya.
50 ၅၀ ငါသည်မိမိဘုန်းအသရေကိုမရှာ။ ငါ့ ဘုန်းအသရေကိုရှာ၍ငါ့ဘက်မှစစ်ကြော စီရင်တော်မူသောအရှင်တစ်ပါးရှိ၏။-
Nsilanguuli bulemu bwangu ndemwini; kuli uumwi uuyandula akubeteka.
51 ၅၁ အမှန်အကန်သင်တို့အားငါဆိုသည်ကားငါ့ စကားကိုနာယူသူသည် အဘယ်အခါမျှ သေဘေးနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။ (aiōn )
Chobeni, nchobeni, ndamwaambila, na umwi wabamba ijwi lyangu, takoyoobona lufu.” (aiōn )
52 ၅၂ ယုဒအမျိုးသားတို့က ``သင်သည်နတ်မိစ္ဆာ စွဲကပ်နေသူဖြစ်ကြောင်းယခုအခါငါတို့ သိကြပါပြီ။ အာဗြဟံကားသေလွန်လေ ပြီ။ ပရောဖက်များသည်လည်းထို့အတူပင်။ သို့ပါလျက်သင်က `ငါ၏စကားကိုနာယူ သူသည်အဘယ်အခါမျှသေရလိမ့်မည် မဟုတ်' ဟုဆိုချေသည်။- (aiōn )
Ma Juda bakati kulinguwe, “Lino twaziba kuti uli aadayimona. Abbulahamu abasinsimi bakafwa; pesi wamba kuti, 'Na umwi wabamba ijwi lyangu, takoyoolabila lufu.' (aiōn )
53 ၅၃ သင်သည်သေလွန်သူငါတို့၏အဖအာဗြဟံ ထက်ပင်ကြီးမြတ်ပါသလော။ ပရောဖက်တို့ သည်လည်းသေလွန်လေပြီ။ သင်သည်မိမိကိုယ် ကိုအဘယ်သူဟုထင်မှတ်ပါသနည်း'' ဟု မေးကြ၏။
Toli mupati pe kwiinda taata Abbulahamu wakafwa, ulimupati na? Basinsimi abalabo bakafwa. Ulichita ani?”
54 ၅၄ သခင်ယေရှုက ``ငါသည်မိမိကိုယ်ကိုချီး မြှောက်ပါမူငါ၏ဘုန်းအသရေသည်အချည်း နှီးပင်ဖြစ်၏။ ငါ့ကိုချီးမြှောက်သူကားငါ၏ ခမည်းတော်တည်း။ ထိုအရှင်ကိုသင်တို့၏ ဘုရားသခင်ဟုဆိုကြ၏။-
Jesu wakasandula, “Kuti nkelipa bulemu ndemwini, bulemu bwangu mbwabuyo; ngu Taata undilemya - ooyo ngumuti ngu Leza wanu.
55 ၅၅ သို့သော်လည်းထိုအရှင်ကိုသင်တို့မသိကြ။ ငါမူကားသိ၏။ အကယ်၍ငါမသိဟုဆို လျှင်ငါသည်သင်တို့နည်းတူလိမ်လည်ပြော ဆိုသူဖြစ်ပေအံ့။ ငါသည်ခမည်းတော်ကို အကယ်ပင်သိ၍ကိုယ်တော်၏စကားကို နားထောင်၏။-
Tamunaamuziba pe, pesi ndilimwizi. Kuti ndati, 'Nsimwizi, ndilaba mbuli ndinyw, mubeji. Nikuba boobo, ndimwizi alimwi ndilabamba ijwi lyakwe.
56 ၅၆ သင်တို့အဖအာဗြဟံသည်ငါကြွလာ မည့်ခေတ်ကာလနှင့်ကြုံကြိုက်ရမည်ဖြစ် ၍နှစ်ထောင်းအားရ၏။ ထိုခေတ်ကာလနှင့် ကြုံကြိုက်ရသောအခါ၌လည်းရွှင်လန်း ဝမ်းမြောက်၏'' ဟုမိန့်တော်မူ၏။
Wuso wenu Abbulahamu wakabotelwa kubamba izuba lyangu; waklibona alimwi wakabotelwa.”
57 ၅၇ ယုဒအမျိုးသားတို့က ``သင်သည်အသက် ငါးဆယ်မျှပင်မရှိသေး။ အဘယ်သို့လျှင် အာဗြဟံကိုမြင်ဖူးနိုင်ပါမည်နည်း'' ဟု ဆိုကြ၏။
BamaJuda bakati kulinguwe, “Tonaakuba aaminyaka ili makkumi musanu pe, mpawo wakamubona Abbulahamu?”
58 ၅၈ သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားအာဗြဟံမမွေးဖွားမီက ပင်ငါရှိနှင့်၏'' ဟုမိန့်တော်မူ၏။
Jesu wakati kulimbabo, “Nchobeni, nchobeni, ndamwaambila Abbulahamu nkatanaaba, NDIME.”
59 ၅၉ ထိုသူတို့သည်သခင်ယေရှုကိုပေါက်ရန် ကျောက်ခဲများကောက်ကြ၏။ သို့ရာတွင် ကိုယ်တော်သည်တိမ်းရှောင်၍ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။
Mpawo bakabweza mabwe kuti bamutulule, pesi Jesu wakayuba akuzwa aanze kwe tempele.