< ယောဟန် 8 >

1 ထို​နောက်​သူ​တို့​သည်​မိ​မိ​တို့​အိမ်​သို့​အ​သီး သီး​ပြန်​သွား​ကြ​၏။ သ​ခင်​ယေ​ရှု​မူ​ကား သံ​လွင်​တောင်​သို့​ကြွ​တော်​မူ​၏။-
Ježíš pak odšel na horu Olivetskou.
2 နောက်​တစ်​နေ့​နံ​နက်​စော​စော​ဗိ​မာန်​တော်​သို့ တစ်​ဖန်​ကြွ​တော်​မူ​သော​အ​ခါ လူ​အ​ပေါင်း​တို့ သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ ကိုယ်​တော်​သည် ထိုင်​တော်​မူ​လျက်​ထို​သူ​တို့​အား​ဟော​ပြော သွန်​သင်​တော်​မူ​၏။-
Potom na úsvitě zase přišel do chrámu, a všecken lid sšel se k němu. I posadiv se, učil je.
3 ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် အ​မျိုး​သ​မီး​တစ်​ယောက်​ကို​အ​ထံ​တော်​သို့ ခေါ်​ခဲ့​ကြ​၏။ သူ​သည်​မျောက်​မ​ထား​နေ​စဉ် အ​ဖမ်း​ခံ​ရ​ခြင်း​ဖြစ်​၏။ ကျမ်း​တတ်​ဆ​ရာ များ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည်​အ​မျိုး​သ​မီး​ကို မိ​မိ​တို့​ရှေ့​တွင်​ရပ်​စေ​ပြီး​လျှင်၊-
I přivedli k němu zákonníci a farizeové ženu v cizoložstvu popadenou, a postavivše ji v prostředku,
4 သ​ခင်​ယေ​ရှု​အား ``အ​ရှင်​ဘု​ရား၊ ဤ​မိန်း​မ မျောက်​မ​ထား​သည်​ကို​အ​ကျွန်ုပ်​တို့​လက်​ပူး လက်​ကြပ်​ဖမ်း​မိ​ပါ​၏။-
Řekli jemu: Mistře, tato žena jest postižena při skutku, když cizoložila.
5 ပ​ညတ်​တ​ရား​တွင်​မော​ရှေ​က ထို​သို့​သော မိန်း​မ​မျိုး​ကို​ကျောက်​ခဲ​နှင့်​ပေါက်​၍​သတ်​ရ မည်​ဟု အ​ကျွန်ုပ်​တို့​အား​ပ​ညတ်​ခဲ့​ပါ​သည်။ ကိုယ်​တော်​သည်​မည်​သို့​ဆို​ပါ​မည်​နည်း'' ဟု လျှောက်​ကြ​၏။-
A v zákoně Mojžíš přikázal nám takové kamenovati. Ty pak co pravíš?
6 သူ​တို့​သည်​ကိုယ်​တော်​ကို​ပြစ်​တင်​စွပ်​စွဲ​နိုင်​ရန် ဤ​သို့​အ​ကွက်​ဆင်​၍​လျှောက်​ထား​ကြ​ခြင်း ဖြစ်​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ငုံ့​၍ မြေ​ပေါ်​တွင်​လက်​ညှိုး​တော်​ဖြင့်​ရေး​ခြစ် လျက်​နေ​တော်​မူ​၏။
A to řekli, pokoušejíce ho, aby jej mohli obžalovati. Ježíš pak skloniv se dolů, prstem psal na zemi.
7 ထို​သူ​တို့​သည်​ထပ်​ကာ​ထပ်​ကာ​မေး​မြန်း လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​သည် မော်​၍​ကြည့်​တော်​မူ​လျက် ``သင်​တို့​အ​နက် အ​ပြစ်​ကင်း​သူ​သည် ဦး​စွာ​ပ​ထ​မ​သူ့​ကို ကျောက်​ခဲ​နှင့်​ပေါက်​ပါ​စေ'' ဟု​မိန့်​တော်​မူ​၏။-
A když se nepřestávali otazovati jeho, zdvihl se a řekl jim: Kdo jest z vás bez hříchu, nejprv hoď na ni kamenem.
8 ထို​နောက်​ငုံ့​၍​မြေ​ပေါ်​တွင်​ရေး​ခြစ်​လျက် နေ​တော်​မူ​ပြန်​၏။-
A opět schýliv se, psal na zemi.
9 ထို​သူ​တို့​သည်​ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​သည် ကို​ကြား​ကြ​သော​အ​ခါ အ​သက်​ကြီး​သူ​များ က​အ​စ​ပြု​၍​တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက် သွား​ကြ​၏။-
A oni uslyševše to, a v svědomích svých obvinění byvše, jeden po druhém odcházeli, počavše od starších až do posledních. I zůstal tu Ježíš sám, a ta žena u prostřed stojeci.
10 ၁၀ သ​ခင်​ယေ​ရှု​သည်​မော်​၍​ကြည့်​တော်​မူ​ပြန် လျှင် ``အ​ချင်း​အ​မျိုး​သ​မီး၊ ထို​သူ​တို့​ကား အ​ဘယ်​မှာ​နည်း။ သင့်​အား​အ​ပြစ်​ဒဏ်​စီ​ရင် မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ​သ​လော'' ဟု​မေး တော်​မူ​၏။
A pozdvih se Ježíš, a žádného neviděv, než tu ženu, řekl jí: Ženo, kde jsou ti, kteříž na tebe žalovali? Žádný-li tě neodsoudil?
11 ၁၁ ထို​အ​ခါ​အ​မျိုး​သ​မီး​က ``အ​ရှင်၊ တစ်​ယောက် မျှ​မ​ရှိ​တော့​ပါ'' ဟု​ပြန်​လည်​၍​လျှောက်​ထား ၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​လည်း​သင့်​အား​အ​ပြစ် ဒဏ်​မ​စီ​ရင်​ပြီ။ သွား​လော့။ နောက်​တစ်​ဖန်​အ​ပြစ် မ​ပြု​နှင့်'' ဟု​မိန့်​တော်​မူ​၏။]
Kteráž řekla: Žádný, Pane. I řekl jí Ježíš: Aniž já tebe odsuzuji. Jdiž a nehřeš více.
12 ၁၂ တစ်​ဖန်​သ​ခင်​ယေ​ရှု​က​ဖာ​ရိ​ရှဲ​တို့​အား ``ငါ သည်​လော​က​၏​အ​လင်း​ဖြစ်​၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည်​အ​သက်​၏​အ​လင်း​ကို​ရ ၍​အ​ဘယ်​အ​ခါ​မျှ​အ​မှောင်​တွင်​သွား​လာ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
Tedy Ježíš opět jim mluvil, řka: Já jsem světlo světa. Kdož mne následuje, nebude choditi v temnostech, ale bude míti světlo života.
13 ၁၃ ဖာ​ရိ​ရှဲ​တို့​က ``သင်​သည်​ကိုယ့်​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​နေ​၏။ သို့​ဖြစ်​၍​သင့်​သက် သေ​ခံ​ချက်​သည်​မ​ခိုင်​လုံ'' ဟု​ဆို​ကြ​၏။
I řekli jemu farizeové: Ty sám o sobě svědectví vydáváš, svědectví tvé není pravé.
14 ၁၄ သ​ခင်​ယေ​ရှု​က ``ငါ​သည်​ကိုယ့်​အ​ကြောင်း​ကို သက်​သေ​ခံ​သော်​လည်း​ငါ​၏​သက်​သေ​ခံ​ချက် သည်​ခိုင်​လုံ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် အ​ဘယ်​အ​ရပ်​မှ​လာ​၍​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​ငါ​သိ​သော​ကြောင့်​တည်း။ သင်​တို့ မူ​ကား​ငါ​အ​ဘယ်​အ​ရပ်​မှ​လာ​သည်​ကို လည်း​ကောင်း၊ အ​ဘယ်​အ​ရပ်​သို့​သွား​မည်​ကို လည်း​ကောင်း​မ​သိ​ကြ။-
Odpověděl Ježíš a řekl jim: Ačkoli já svědectví vydávám sám o sobě, pravé jest svědectví mé; nebo vím, odkud jsem přišel, a kam jdu. Ale vy nevíte, odkud jsem přišel, aneb kam jdu.
15 ၁၅ သင်​တို့​သည်​လူ့​စံ​နှုန်း​အ​ရ​စစ်​ဆေး​စီ​ရင် တတ်​ကြ​၏။ ငါ​မူ​ကား​မည်​သူ့​ကို​မျှ​မ​စစ် ဆေး​မ​စီ​ရင်​ပြီ။-
Vy podlé těla soudíte, já nesoudím žádného.
16 ၁၆ အ​ကယ်​၍​ငါ​စစ်​ဆေး​စီ​ရင်​မည်​ဆို​ပါ​က ငါ​တစ်​ဦး​တည်း​စစ်​ဆေး​စီ​ရင်​ခြင်း​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​သော​ကြောင့်​ငါ​၏​စီ​ရင်​ချက် သည်​မှန်​ကန်​၏။-
A bychť pak i já soudil, soud můj jest pravý; nebo nejsem sám, ale jsem já a ten, kterýž mne poslal, Otec.
17 ၁၇ သင်​တို့​၏​ပ​ညတ်​ကျမ်း​တွင် ``သက်​သေ​နှစ်​ဦး ထွက်​ဆို​လျှင်​အ​မှန်​ဖြစ်​၏'' ဟု​ဖော်​ပြ​ပါ ရှိ​၏။-
A v zákoně vašem psáno jest: Že dvou člověků svědectví pravé jest.
18 ၁၈ ငါ​သည်​ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​၏။ ငါ့ ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​က​လည်း ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​၏'' ဟု​မိန့်​တော် မူ​၏။
Jáť svědectví vydávám sám o sobě, a svědectví vydává o mně ten, kterýž mne poslal, Otec.
19 ၁၉ ထို​သူ​တို့​က ``သင့်​ခ​မည်း​တော်​ကား​အ​ဘယ် မှာ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ငါ့​ကို​လည်း ကောင်း၊ ငါ့​ခ​မည်း​တော်​ကို​လည်း​ကောင်း​မ​သိ ကြ။ အ​ကယ်​၍​သင်​တို့​ငါ့​ကို​သိ​ပါ​မူ​ငါ့ ခ​မည်း​တော်​ကို​လည်း​သိ​ကြ​မည်'' ဟု​ဖြေ ကြား​တော်​မူ​၏။
Tedy řekli jemu: Kdež jest ten tvůj otec? Odpověděl Ježíš: Aniž mne znáte, ani Otce mého. Kdybyste mne znali, i Otce mého znali byste.
20 ၂၀ ကိုယ်​တော်​သည်​ဤ​စ​ကား​တော်​များ​ကို​ဗိ​မာန် တော်​အ​တွင်း​အ​လှူ​ခံ​သတ္တာ​များ​ထား​ရာ​အ​ခန်း ၌ ဟော​ပြော​သွန်​သင်​စဉ်​မိန့်​တော်​မူ​သ​တည်း။ သို့ ရာ​တွင်​ကိုယ်​တော်​၏​အ​ချိန်​မ​ကျ​သေး​သ​ဖြင့် မည်​သူ​မျှ​ကိုယ်​တော်​ကို​မ​ဖမ်း​မ​ဆီး​ကြ။
Tato slova mluvil Ježíš u pokladnice, uče v chrámě, a žádný ho nejal, nebo ještě byla nepřišla hodina jeho.
21 ၂၁ ထို​မှ​တစ်​ဖန်​ကိုယ်​တော်​က ``ငါ​သည်​ထွက်​ခွာ သွား​ရ​မည်။ သင်​တို့​သည်​ငါ့​ကို​ရှာ​ကြ​လိမ့် မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့​အ​ပြစ် ၌​သေ​ကြ​လိမ့်​မည်။ ငါ​သွား​မည့်​အ​ရပ်​သို့ သင်​တို့​မ​လိုက်​နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။
I řekl jim opět Ježíš: Já jdu, a hledati budete mne, a v hříchu svém zemřete. Kam já jdu, vy nemůžete přijíti.
22 ၂၂ သို့​ဖြစ်​၍​ယု​ဒ​အာ​ဏာ​ပိုင်​များ​က ``ငါ​သွား မည့်​အ​ရပ်​သို့​သင်​တို့​မ​လိုက်​နိုင်​ကြ​ဟု​သူ ဆို​ချေ​သည်။ သူ​သည်​မိ​မိ​ကိုယ်​ကို​သတ်​၍ သေ​မည်​လော'' ဟု​ပြော​ဆို​ကြ​၏။
I pravili Židé: Zdali se sám zabije, že praví: Kam já jdu, vy nemůžete přijíti?
23 ၂၃ ကိုယ်​တော်​က ``သင်​တို့​သည်​အောက်​ဘုံ​သား​များ ဖြစ်​ကြ​၏။ ငါ​မူ​ကား​အ​ထက်​ဘုံ​မှ​လာ​၏။ သင်​တို့​သည်​ဤ​လော​က​သား​များ​ဖြစ်​ကြ​၏။ ငါ​မူ​ကား​ဤ​လော​က​သား​မ​ဟုတ်။-
I řekl jim: Vy z důlu jste, já s hůry jsem. Vy jste z tohoto světa, já nejsem z světa tohoto.
24 ၂၄ သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​၌​သေ ကြ​လိမ့်​မည်​ဟု​ငါ​ဆို​သ​တည်း။ ငါ​သည်`ငါ​ဖြစ် သည်​အ​တိုင်း​ငါ​ဖြစ်​သည်' ကို​သင်​တို့​မ​ယုံ​ကြည် လျှင် သင်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​၌​သေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Protož jsem řekl vám: Že zemřete v hříších svých. Nebo jestliže nebudete věřiti, že já jsem, zemřete v hříších svých.
25 ၂၅ ထို​သူ​တို့​က ``သင်​သည်​အ​ဘယ်​သူ​နည်း'' ဟု မေး​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​အ​ဘယ်​သူ ဖြစ်​သည်​ကို​အ​စ​က​တည်း​က​သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။-
I řekli jemu: Kdo jsi ty? I řekl jim Ježíš: To, což z počátku pravím vám.
26 ၂၆ သင်​တို့​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ငါ​ပြော​စ​ရာ များ​စွာ​ရှိ​၏။ သင်​တို့​အား​ပြစ်​တင်​ရှုတ်​ချ​စ​ရာ လည်း​များ​စွာ​ရှိ​၏။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​တော်​အ​ရှင်​ဖြစ်​တော်​မူ​၏။ ထို အ​ရှင်​ထံ​မှ​ငါ​ကြား​ရ​သည့်​တ​ရား​ကို​သာ လျှင် ဤ​လော​က​သား​တို့​အား​ငါ​ဟော​ပြော​၏'' ဟု​မိန့်​တော်​မူ​၏။
Mnohoť mám o vás mluviti a souditi, ale ten, kterýž mne poslal, pravdomluvný jest, a já, což jsem slyšel od něho, to mluvím na světě.
27 ၂၇ ကိုယ်​တော်​သည်​ခ​မည်း​တော်​ကို​ရည်​မှတ်​၍​မိန့် မြွက်​လျက်​နေ​ကြောင်း​ကို ထို​သူ​တို့​မ​သိ​ကြ။-
Ale neporozuměli, že by o Otci pravil jim.
28 ၂၈ ထို့​ကြောင့်​ကိုယ်​တော်​က ``လူ​သား​ကို​မြေ​မှ မြှောက်​ထား​ကြ​သော​အ​ခါ​မှ​ငါ​သည်`ငါ​ဖြစ် သည်​အ​တိုင်း​ငါ​ဖြစ်​သည်' ကို​လည်း​ကောင်း၊ ငါ သည်​ကိုယ်​ပိုင်​အ​ခွင့်​အာ​ဏာ​အ​ရ​အ​ဘယ် အ​မှု​ကို​မျှ​မ​ပြု​မူ​၍ မိ​မိ​အား​ခ​မည်း​တော် သွန်​သင်​တော်​မူ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​သာ​လျှင်​ဟော​ပြော​သွန်​သင်​သည်​ကို​လည်း ကောင်း သင်​တို့​သိ​ကြ​လိမ့်​မည်။-
Protož řekl jim Ježíš: Když povýšíte Syna člověka, tehdy poznáte, že já jsem. A sám od sebe nic nečiním, ale jakž mne naučil Otec můj, tak mluvím.
29 ၂၉ ထို​မှ​တစ်​ပါး​လည်း​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​သည်​ငါ​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ထို​အ​ရှင် နှစ်​သက်​တော်​မူ​သော​အ​မှု​ကို​ငါ​သည်​အ​ခါ ခပ်​သိမ်း​လုပ်​ဆောင်​သည်​ဖြစ်​၍ ထို​အ​ရှင်​သည် ငါ့​အား​တစ်​ကိုယ်​တည်း​စွန့်​ပစ်​၍​ထား​တော်​မ​မူ'' ဟု​မိန့်​တော်​မူ​၏။
A ten, kterýž mne poslal, se mnou jest. Neopustilť mne samého Otec; nebo což jest jemu libého, to já činím vždycky.
30 ၃၀ ဤ​သို့​မိန့်​တော်​မူ​သည်​ကို​ကြား​ရ​သော​လူ အ​မြောက်​အ​မြား​ပင်​ကိုယ်​တော်​ကို​ယုံ​ကြည် လာ​ကြ​၏။
Ty věci když mluvil, mnozí uvěřili v něho.
31 ၃၁ သ​ခင်​ယေ​ရှု​သည်​ယုံ​ကြည်​သူ​တို့​အား ``သင် တို့​သည်​ငါ​ဟော​ပြော​သွန်​သင်​သည်​အ​တိုင်း​ပြု ကျင့်​ကြ​လျှင် ငါ​၏​တ​ပည့်​အ​မှန်​ဖြစ်​ကြ​၏။-
Tedy řekl Ježíš těm Židům, kteříž uvěřili jemu: Jestliže vy zůstanete v řeči mé, právě učedlníci moji budete.
32 ၃၂ သမ္မာ​တ​ရား​ကို​လည်း​သိ​သ​ဖြင့်​ထို​သမ္မာ တ​ရား​သည်​သင်​တို့​အား​လွတ်​လပ်​စေ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
A poznáte pravdu, a pravda vás vysvobodí.
33 ၃၃ ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​အာ​ဗြ​ဟံ​၏ သား​မြေး​များ​ဖြစ်​ပါ​၏။ အ​ဘယ်​အ​ခါ​က​မျှ တစ်​ပါး​ကျွန်​မ​ဖြစ်​ခဲ့​ဘူး​ပါ။ `သင်​တို့​လွတ် လပ်​လိမ့်​မည်' ဟု​အ​ဘယ်​ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
I odpověděli jemu: Símě Abrahamovo jsme, a žádnému jsme nesloužili nikdy. I kterakž ty díš: že svobodní budete?
34 ၃၄ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား အ​ပြစ်​ကူး​သူ​တိုင်း​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​၏။-
Odpověděl jim Ježíš: Amen, amen pravím vám: Že každý, kdož činí hřích, služebník jest hřícha.
35 ၃၅ ကျွန်​သည်​အိမ်​မှာ​အ​စဉ်​နေ​သည်​မ​ဟုတ်၊ သား မူ​ကား​အ​စဉ်​နေ​၏။- (aiōn g165)
A služebník nezůstává v domě na věky; Syn zůstává na věky. (aiōn g165)
36 ၃၆ သို့​ဖြစ်​၍​သင်​တို့​အား​သား​တော်​က​လွတ်​လပ် စေ​လျှင် သင်​တို့​သည်​ဧ​ကန်​အ​မှန်​လွတ်​လပ် ကြ​လိမ့်​မည်။-
Protož jestližeť vás Syn vysvobodí, právě svobodní budete.
37 ၃၇ သင်​တို့​သည်​အာ​ဗြ​ဟံ​၏​သား​မြေး​ဖြစ်​သည်​ကို ငါ​သိ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ငါ​၏​သွန်​သင် ချက်​ကို​လက်​မ​ခံ​လို​သ​ဖြင့် ငါ့​ကို​သတ်​ရန် ကြိုး​စား​ကြ​၏။-
Vím, že jste símě Abrahamovo, ale hledáte mne zabiti; nebo řeč má nemá místa u vás.
38 ၃၈ ငါ​သည်​ငါ့​ခမည်း​တော်​ထံ​မှ​သိ​ရှိ​သော​အ​ရာ များ​ကို​ဟော​ပြော​၏။ သင်​တို့​မူ​ကား​သင်​တို့ အ​ဖ​ညွှန်​ကြား​သည့်​အ​တိုင်း​ပြု​ကြ​၏'' ဟု မိန့်​တော်​မူ​၏။
Já, což jsem viděl u Otce svého, mluvím; i vy tedy, co jste viděli u otce svého, činíte.
39 ၃၉ ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​၏​အ​ဖ​သည် အာ​ဗြ​ဟံ​ဖြစ်​ပါ​၏'' ဟု​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​အာ​ဗြ​ဟံ​၏ သား​မြေး​များ​ဖြစ်​ပါ​မူ အာ​ဗြ​ဟံ​ကဲ့​သို့ ပြု​ကျင့်​ကြ​လိမ့်​မည်။-
Odpověděli a řekli jemu: Otec náš jest Abraham. Dí jim Ježíš: Kdybyste synové Abrahamovi byli, činili byste skutky Abrahamovy.
40 ၄၀ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြား​နာ​ခဲ့​ရ​သည့် သမ္မာ​တ​ရား​ကို သင်​တို့​အား​ဟော​ပြော​သူ​ငါ့ ကို​သတ်​ရန်​သင်​တို့​ကြံ​စည်​လျက်​နေ​ကြ​၏။ အာ​ဗြ​ဟံ​ကား​ဤ​သို့​မ​ကျင့်​ခဲ့။-
Ale nyní hledáte mne zabiti, člověka toho, kterýž jsem pravdu mluvil vám, kterouž jsem slyšel od Boha. Tohoť Abraham nečinil.
41 ၄၁ သင်​တို့​သည်​သင်​တို့​အ​ဖ​ကဲ့​သို့​ကျင့်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဖ​ခင်​မဲ့​မွေး သော​သား​များ​မ​ဟုတ်။ အ​ကျွန်ုပ်​တို့​မှာ​ဘု​ရား သ​ခင်​တည်း​ဟူ​သော​ဖ​ခင်​တစ်​ပါး​တည်း​ရှိ​၏'' ဟု​ဆို​ကြ​၏။
Vy činíte skutky otce svého. I řekli jemu: Myť z smilstva nejsme zplozeni, jednohoť Otce máme, Boha.
42 ၄၂ သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​သည်​သင်​တို့​၏ အ​ဖ​ဖြစ်​ပါ​မူ သင်​တို့​သည်​ငါ့​ကို​ချစ်​ကြ​လိမ့် မည်။ ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​လာ​၍ ယ​ခု​ဤ​အ​ရပ်​သို့​ရောက်​ရှိ​နေ​၏။ ကိုယ်​ပိုင် အ​ခွင့်​အာ​ဏာ​အ​ရ​လာ​သည်​မ​ဟုတ်။ ကိုယ် တော်​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။-
Tedy řekl jim Ježíš: Byť Bůh Otec váš byl, milovali byste mne. Nebo já jsem z Boha pošel, a přišel jsem; aniž jsem sám od sebe přišel, ale on mne poslal.
43 ၄၃ ငါ​ဟော​ပြော​သည့်​တ​ရား​ကို​အ​ဘယ်​ကြောင့် သင်​တို့​နား​မ​လည်​ကြ​သ​နည်း။ သင်​တို့​တွင် ငါ​၏​တ​ရား​ကို နာ​ယူ​နိုင်​စွမ်း​မ​ရှိ​သော​ကြောင့် ပင်​ဖြစ်​၏။-
Proč mluvení mého nechápáte? Proto že slyšeti nemůžete řeči mé.
44 ၄၄ သင်​တို့​၏​အ​ဖ​သည်​မာရ်​နတ်​ဖြစ်​၏။ သို့​ဖြစ်​၍ သင်​တို့​အ​ဖ​၏​အ​လို​သို့​လိုက်​၍​သင်​တို့​ပြု ကြ​၏။ မာရ်​နတ်​သည်​အ​စ​က​ပင်​လျှင်​လူ သတ်​သ​မား​ဖြစ်​၏။ သူ​သည်​သမ္မာ​တ​ရား ကင်း​မဲ့​သူ​ဖြစ်​၍​သမ္မာ​တ​ရား​တွင်​မ​ကျင် လည်၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​ဖြစ်​၏။ သူ သည်​ကား​မု​သား​၏​အ​ဖ​ဖြစ်​၍ မိ​မိ​ပင်​ကို ဇာ​တိ​သ​ဘော​အ​ရ​မု​သား​ကို​ပြော​တတ်​၏။-
Vy z otce ďábla jste, a žádosti otce svého chcete činiti. On byl vražedlník od počátku, a v pravdě nestál; nebo pravdy v něm není. Když mluví lež, z svého vlastního mluví; nebo lhář jest a otec lži.
45 ၄၅ ငါ​သည်​သစ္စာ​စ​ကား​ကို​ပြော​သော​ကြောင့်​သင် တို့​ငါ့​ကို​မ​ယုံ​ကြ။-
Já pak že pravdu pravím, nevěříte mi.
46 ၄၆ ငါ​သည်​အ​ပြစ်​ကူး​သူ​ဖြစ်​ကြောင်း​အ​ဘယ် သူ​သက်​သေ​ပြ​နိုင်​သ​နည်း။ ငါ​သည်​သစ္စာ​စ​ကား ကို​ပြော​ဆို​လျှင်​အ​ဘယ်​ကြောင့်​သင်​တို့​မ​ယုံ ကြ​သ​နည်း။-
Kdo z vás uviní mne z hříchu? A poněvadž pravdu pravím, proč vy mi nevěříte?
47 ၄၇ ဘု​ရား​သ​ခင်​၏​ထံ​မှ​ဖြစ်​ပွား​သူ​သည်​ဘု​ရား သ​ခင်​၏​စ​ကား​တော်​ကို​နား​ထောင်​တတ်​၏။ သင် တို့​သည်​ဘု​ရား​သ​ခင်​၏​ထံ​မှ​ဖြစ်​ပွား​သူ များ​မ​ဟုတ်​သော​ကြောင့်​နား​မ​ထောင်​ကြ'' ဟု မိန့်​တော်​မူ​၏။
Kdo z Boha jest, slova Boží slyší; protož vy neslyšíte, že z Boha nejste.
48 ၄၈ သူ​တို့​က ``သင်​သည်​ရှ​မာ​ရိ​အ​မျိုး​သား​ဖြစ် သည်​ဟူ​၍​လည်း​ကောင်း၊ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​ဖြစ် သည်​ဟူ​၍​လည်း​ကောင်း​ငါ​တို့​စွပ်​စွဲ​သည်​မှာ မ​မှန်​ပါ​လော'' ဟု​ဆို​ကြ​၏။
Tedy odpověděli Židé a řekli jemu: Zdaliž my dobře nepravíme, že jsi ty Samaritán, a ďábelství máš?
49 ၄၉ သ​ခင်​ယေ​ရှု​က ``ငါ​သည်​နတ်​မိစ္ဆာ​စွဲ​ကပ်​သူ မ​ဟုတ်။ ငါ​သည်​ငါ့​ခ​မည်း​တော်​ကို​ချီး​မြှောက် ၏။ သင်​တို့​ကား​ငါ့​ကို​ရှုတ်​ချ​ကြ​၏။-
Odpověděl Ježíš: Jáť ďábelství nemám, ale ctím Otce svého; než vy jste mne neuctili.
50 ၅၀ ငါ​သည်​မိ​မိ​ဘုန်း​အ​သ​ရေ​ကို​မ​ရှာ။ ငါ့ ဘုန်း​အ​သ​ရေ​ကို​ရှာ​၍​ငါ့​ဘက်​မှ​စစ်​ကြော စီ​ရင်​တော်​မူ​သော​အ​ရှင်​တစ်​ပါး​ရှိ​၏။-
Jáť pak nehledám chvály své; jestiť, kdo hledá a soudí.
51 ၅၁ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​ငါ့ စ​ကား​ကို​နာ​ယူ​သူ​သည် အ​ဘယ်​အ​ခါ​မျှ သေ​ဘေး​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။ (aiōn g165)
Amen, amen pravím, vám: Bude-li kdo zachovávati slovo mé, smrti neuzří na věky. (aiōn g165)
52 ၅၂ ယု​ဒ​အ​မျိုး​သား​တို့​က ``သင်​သည်​နတ်​မိစ္ဆာ စွဲ​ကပ်​နေ​သူ​ဖြစ်​ကြောင်း​ယ​ခု​အ​ခါ​ငါ​တို့ သိ​ကြ​ပါ​ပြီ။ အာ​ဗြ​ဟံ​ကား​သေ​လွန်​လေ ပြီ။ ပ​ရော​ဖက်​များ​သည်​လည်း​ထို့​အ​တူ​ပင်။ သို့​ပါ​လျက်​သင်​က `ငါ​၏​စ​ကား​ကို​နာ​ယူ သူ​သည်​အ​ဘယ်​အ​ခါ​မျှ​သေ​ရ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​ချေ​သည်။- (aiōn g165)
Tedy řekli mu Židé: Nyní jsme poznali, že ďábelství máš. Abraham umřel i proroci, a ty pravíš: Bude-li kdo zachovávati řeč mou, smrti neokusí na věky. (aiōn g165)
53 ၅၃ သင်​သည်​သေ​လွန်​သူ​ငါ​တို့​၏​အ​ဖ​အာ​ဗြ​ဟံ ထက်​ပင်​ကြီး​မြတ်​ပါ​သ​လော။ ပ​ရော​ဖက်​တို့ သည်​လည်း​သေ​လွန်​လေ​ပြီ။ သင်​သည်​မိ​မိ​ကိုယ် ကို​အ​ဘယ်​သူ​ဟု​ထင်​မှတ်​ပါ​သ​နည်း'' ဟု မေး​ကြ​၏။
Zdali jsi ty větší otce našeho Abrahama, kterýž umřel? I proroci zemřeli. Kým ty se činíš?
54 ၅၄ သ​ခင်​ယေ​ရှု​က ``ငါ​သည်​မိ​မိ​ကိုယ်​ကို​ချီး မြှောက်​ပါ​မူ​ငါ​၏​ဘုန်း​အ​သ​ရေ​သည်​အ​ချည်း နှီး​ပင်​ဖြစ်​၏။ ငါ့​ကို​ချီး​မြှောက်​သူ​ကား​ငါ​၏ ခ​မည်း​တော်​တည်း။ ထို​အ​ရှင်​ကို​သင်​တို့​၏ ဘု​ရား​သ​ခင်​ဟု​ဆို​ကြ​၏။-
Odpověděl Ježíš: Chválím-liť já se sám, chvála má nic není. Jestiť Otec můj, kterýž mne chválí, o němž vy pravíte, že Bůh váš jest.
55 ၅၅ သို့​သော်​လည်း​ထို​အ​ရှင်​ကို​သင်​တို့​မ​သိ​ကြ။ ငါ​မူ​ကား​သိ​၏။ အ​ကယ်​၍​ငါ​မ​သိ​ဟု​ဆို လျှင်​ငါ​သည်​သင်​တို့​နည်း​တူ​လိမ်​လည်​ပြော ဆို​သူ​ဖြစ်​ပေ​အံ့။ ငါ​သည်​ခ​မည်း​တော်​ကို အ​ကယ်​ပင်​သိ​၍​ကိုယ်​တော်​၏​စ​ကား​ကို နား​ထောင်​၏။-
Ale nepoznali jste ho, já pak jej znám. A kdybych řekl, že ho neznám, byl bych podobný vám, lhář. Ale známť jej, a řeč jeho zachovávám.
56 ၅၆ သင်​တို့​အ​ဖ​အာ​ဗြ​ဟံ​သည်​ငါ​ကြွ​လာ မည့်​ခေတ်​ကာ​လ​နှင့်​ကြုံ​ကြိုက်​ရ​မည်​ဖြစ် ၍​နှစ်​ထောင်း​အား​ရ​၏။ ထို​ခေတ်​ကာ​လ​နှင့် ကြုံ​ကြိုက်​ရ​သော​အ​ခါ​၌​လည်း​ရွှင်​လန်း ဝမ်း​မြောက်​၏'' ဟု​မိန့်​တော်​မူ​၏။
Abraham, otec váš, veselil se, aby viděl den můj, i viděl, a radoval se.
57 ၅၇ ယု​ဒ​အ​မျိုး​သား​တို့​က ``သင်​သည်​အ​သက် ငါး​ဆယ်​မျှ​ပင်​မ​ရှိ​သေး။ အ​ဘယ်​သို့​လျှင် အာ​ဗြ​ဟံ​ကို​မြင်​ဖူး​နိုင်​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။
Tedy řekli jemu Židé: Padesáti let ještě nemáš, a Abrahama jsi viděl?
58 ၅၈ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား​အာ​ဗြ​ဟံ​မ​မွေး​ဖွား​မီ​က ပင်​ငါ​ရှိ​နှင့်​၏'' ဟု​မိန့်​တော်​မူ​၏။
Řekl jim Ježíš: Amen, amen pravím vám: Prvé nežli Abraham byl, já jsem.
59 ၅၉ ထို​သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို​ပေါက်​ရန် ကျောက်​ခဲ​များ​ကောက်​ကြ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည်​တိမ်း​ရှောင်​၍​ဗိ​မာန်​တော်​မှ ထွက်​ခွာ​သွား​တော်​မူ​၏။
I zchápali kamení, aby házeli na něj. Ježíš pak skryl se, a prošed skrze ně, vyšel z chrámu, a tak odšel.

< ယောဟန် 8 >