< ယောဟန် 6 >
1 ၁ ထိုသို့မိန့်တော်မူပြီးနောက်သခင်ယေရှုသည် ဂါလိလဲအိုင် (တိဗေရိအိုင်ဟုလည်းခေါ်သည်) ကိုကူးတော်မူ၏။-
Ɗan lokaci bayan wannan, sai Yesu ya ƙetare zuwa gaɓar mai nesa na Tekun Galili (wato, Tekun Tibariya),
2 ၂ သူနာများအားရောဂါပျောက်ကင်းစေတော် မူသည်ကိုတွေ့မြင်ခဲ့ကြသဖြင့် လူပရိသတ် ကြီးသည်နောက်တော်သို့လိုက်ကြ၏။-
sai taro mai yawa na mutane suka bi shi domin sun ga abubuwan banmamakin da ya yi ga marasa lafiya.
3 ၃ သခင်ယေရှုသည်တောင်ပေါ်သို့တက်တော်မူ၍ တပည့်တော်တို့နှင့်အတူထိုင်တော်မူ၏။-
Sa’an nan Yesu ya hau gefen dutse ya zauna tare da almajiransa.
4 ၄ ယုဒအမျိုးသားတို့၏ပွဲတော်ဖြစ်သော ပသခါပွဲကျရောက်ရန်အခါကားနီး ပေပြီ။-
Bikin Ƙetarewan Yahudawa ya yi kusa.
5 ၅ သခင်ယေရှုသည်မျှော်ကြည့်လိုက်သောအခါ မိမိထံသို့လူပရိသတ်ကြီးလာလျက်နေ သည်ကိုမြင်တော်မူ၍ ``ဤသူတို့စားရန် အစားအစာကိုအဘယ်မှာဝယ်နိုင်သနည်း'' ဟုဖိလိပ္ပုအားမေးတော်မူ၏။-
Sa’ad da Yesu ya ɗaga kai ya ga taro mai yawa suna zuwa wajensa, sai ya ce wa Filibus, “Ina za mu sayi burodi saboda mutanen nan su ci?”
6 ၆ (ဤသို့မေးတော်မူခြင်းမှာဖိလိပ္ပုကိုအကဲ ခပ်လို၍ဖြစ်၏။ ကိုယ်တော်ကားမိမိအဘယ် သို့ပြုမည်ကိုသိရှိပြီးဖြစ်ပေသည်။)
Ya yi wannan tambayar don yă gwada shi ne kawai, gama ya riga ya san abin da zai yi.
7 ၇ ဖိလိပ္ပုက ``လူတစ်ယောက်ကိုအစားအစာ အနည်းငယ်စီကျွေးရန်ပင်လျှင် ငွေဒေနာရိ နှစ်ရာဖိုးနှင့်လုံလောက်မည်မဟုတ်ပါ'' ဟု လျှောက်၏။-
Sai Filibus ya amsa ya ce, “Kai, ko albashin wata takwas ba zai iya sayan isashen burodin da kowa zai ɗan samu kaɗan ba!”
8 ၈ ရှိမုန်ပေတရု၏ညီ၊ တပည့်တော်တစ်ဦးဖြစ် သူအန္ဒြေကကိုယ်တော်အား၊-
Sai wani daga cikin almajiransa Andarawus, ɗan’uwan Bitrus, ya yi magana,
9 ၉ ``ဤမှာသူငယ်တစ်ယောက်ရှိပါ၏။ သူ့ထံ တွင်မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိ ပါ၏။ သို့ရာတွင်ဤမျှကြီးမားသောလူ ပရိသတ်အား ထိုမုန့်နှင့်ငါးကိုအဘယ် သို့လျှင်လောက်ငအောင်ကျွေးနိုင်ပါမည် နည်း'' ဟုလျှောက်၏။
“Ga wani yaro da ƙananan burodin sha’ir guda biyar da ƙananan kifi biyu, amma me wannan zai yi wa yawan mutanen nan.”
10 ၁၀ ကိုယ်တော်က ``လူတို့အားထိုင်စေကြလော့'' ဟု မိန့်တော်မူ၏။ (ထိုအရပ်တွင်မြက်ထူထပ်သဖြင့်) ငါးထောင်မျှသောလူတို့သည်မြက်ပေါ်တွင် ထိုင်ကြ၏။-
Yesu ya ce, “Ku sa mutanen su zauna.” Wurin kuwa akwai ciyawa da sosai, sai maza suka zazzauna, sun kai wajen dubu biyar.
11 ၁၁ ထိုနောက်သခင်ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းတော်မူပြီးလျှင် ထိုင်နေသောသူတို့အားဝေငှပေးတော် မူ၏။ ငါးကိုလည်းထိုနည်းတူပြုတော် မူ၏။ လူတို့သည်ဝအောင်စားကြရ၏။-
Sa’an nan Yesu ya ɗauki burodin, ya yi godiya, ya kuma rarraba wa waɗanda suke zaune gwargwadon abin da ya ishe su. Haka kuma ya yi da kifin.
12 ၁၂ ထိုသူတို့စား၍ဝကြသောအခါကိုယ်တော် က ``စားကြွင်းစားကျန်များကိုမလေမလွင့် ရအောင်သိမ်းကြလော့'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။-
Sa’ad da duk suka ci suka ƙoshi, sai ya ce wa almajiransa, “Ku tattara gutsattsarin da suka rage. Kada kome yă lalace.”
13 ၁၃ သို့ဖြစ်၍တပည့်တော်တို့သည်ကောက်သိမ်း ကြရာမုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင် မှ စားကြွင်းစားကျန်အစအနများတောင်း တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
Saboda haka suka tattara su suka kuma cika kwanduna goma sha biyu na gutsattsarin burodin sha’ir biyar nan da suka ragu bayan kowa ya ci.
14 ၁၄ ဤသို့ကိုယ်တော်ပြတော်မူသောအံ့သြဖွယ် နိမိတ်လက္ခဏာကိုမြင်ကြရသောသူတို့က ``ဤသူကားလောကသို့ကြွလာတော်မူမည် ဟုဆိုသောပရောဖက်အမှန်ပင်ဖြစ်၏'' ဟု ဆိုကြ၏။-
Bayan mutanen suka ga abin banmamakin da Yesu ya yi, sai suka fara cewa, “Lalle, wannan shi ne Annabin nan mai zuwa duniya.”
15 ၁၅ သခင်ယေရှုသည်ထိုသူတို့လာ၍ မိမိအား အတင်းအဋ္ဌမ္မခေါ်ဆောင်ကာမင်းမြှောက်ကြ လိမ့်မည်ကိုသိတော်မူသဖြင့် တစ်ကိုယ်တည်း တောင်ပေါ်သို့ရှောင်တိမ်းသွားတော်မူ၏။
Da Yesu ya gane suna shirin su ɗauke shi ƙarfi da yaji su naɗa shi sarki, sai ya sāke komawa kan dutsen shi kaɗai.
16 ၁၆ ညနေချမ်းအချိန်ရောက်သောအခါ တပည့်တော် တို့သည်ဂါလိလဲအိုင်သို့ဆင်းသွားကြ၏။-
Da yamma ta yi, sai almajiransa suka gangara zuwa tafki,
17 ၁၇ လှေပေါ်သို့တက်ကြပြီးလျှင်အိုင်တစ်ဖက်ကမ်း ရှိကပေရနောင်မြို့သို့ပြန်သွားကြ၏။ မိုးချုပ် လာသော်လည်းသခင်ယေရှုကားသူတို့ထံသို့ မကြွမရောက်သေး။-
inda suka shiga jirgin ruwa suka tasar wa haye tafkin zuwa Kafarnahum. A lokacin kuwa duhu ya yi, Yesu kuma bai riga ya zo wurinsu ba tukuna.
18 ၁၈ ထိုအချိန်၌လေပြင်းကျလျက်နေသဖြင့် အိုင်တွင်လှိုင်းထလာ၏။-
Iska mai ƙarfi kuwa tana bugowa, ruwaye kuma suka fara hauka.
19 ၁၉ တပည့်တော်တို့သည်သုံးလေးမိုင်ခန့်လှော်ခတ် ပြီးသောအခါ သခင်ယေရှုရေပေါ်မှာစက်တော် ဖြန့်၍ မိမိတို့အနီးသို့ကြွလာသည်ကိုမြင် ကြ၏။ ထိုအခါသူတို့သည်ကြောက်လန့်ကြ၏။-
Bayan sun yi tuƙi wajen mil uku ko uku da rabi, sai suka ga Yesu ya kusato jirgin ruwan, yana takawa a kan ruwan; sai suka tsorata.
20 ၂၀ ကိုယ်တော်က ``မကြောက်ကြနှင့်။ ငါပင်ဖြစ် သည်'' ဟုမိန့်တော်မူ၏။-
Amma ya ce musu, “Ni ne; kada ku ji tsoro.”
21 ၂၁ ထိုအခါသူတို့သည်ဝမ်းမြောက်စွာကိုယ်တော် အားလှေပေါ်သို့ပင့်ဖိတ်ကြ၏။ ထိုနောက်လှေ သည်တစ်ခဏချင်းတွင်ရောက်လိုရာကမ်း ခြေသို့ဆိုက်လေ၏။
Sa’an nan suka yarda suka karɓe shi a cikin jirgin ruwan, nan da nan kuwa jirgin ya kai gaɓar da za su.
22 ၂၂ နောက်တစ်နေ့၌အိုင်တစ်ဖက်ကမ်းတွင်နေရစ် ခဲ့သောလူပရိသတ်တို့သည် ထိုအရပ်၌လှေ တစ်စင်းတည်းရှိခဲ့သည်ကိုသတိရကြ၏။ ထိုလှေတွင်သခင်ယေရှုလိုက်ပါတော်မမူ ဘဲ တပည့်တော်ချည်းသာလျှင်ထွက်ခွာသွား ကြသည်ကိုသိကြ၏။-
Kashegari taron da suka tsaya a wancan ƙetaren tafkin suka lura cewa jirgin ruwa ɗaya ne yake a can dā ma, kuma sun lura cewa Yesu bai shiga ciki tare da almajiransa ba, gama sun tashi su kaɗai.
23 ၂၃ သို့သော်လည်းတိဗေရိမြို့မှလာသောလှေများ သည်သခင်ဘုရားကျေးဇူးတော်ကိုချီးမွမ်း၍ လူပရိသတ်အားမုန့်ကိုကျွေးမွေးတော်မူခဲ့ သည့်အရပ်အနီးသို့ဆိုက်ရောက်လာကြ၏။-
Sai ga waɗansu jiragen ruwa daga Tibariya suka iso kusa da wurin da mutanen suka ci burodi bayan Ubangiji ya yi godiya.
24 ၂၄ လူပရိသတ်သည်ထိုအရပ်တွင်သခင်ယေရှု သည်လည်းကောင်း၊ တပည့်တော်တို့သည်လည်း ကောင်းမရှိကြောင်းကိုသိမြင်သောအခါ ထို လှေများပေါ်သို့တက်၍ကိုယ်တော်ကိုရှာရန် ကပေရနောင်မြို့သို့သွားကြ၏။
Da taron suka lura cewa Yesu da almajiransa ba sa can, sai suka shiga jiragen ruwa suka tafi Kafarnahum neman Yesu.
25 ၂၅ အိုင်တစ်ဖက်ကမ်းတွင်ကိုယ်တော်ကိုတွေ့ကြသော အခါလူပရိသတ်က ``ဆရာတော်၊ ကိုယ်တော်သည် ဤအရပ်သို့အဘယ်အခါကကြွလာတော်မူ ပါသနည်း'' ဟုမေးလျှောက်ကြ၏။
Da suka same shi a wancan ƙetaren tafkin, sai suka tambaye shi suka ce, “Rabbi, yaushe ka kai nan?”
26 ၂၆ သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား သင်တို့ငါ့ကိုရှာကြခြင်းမှာငါပြ သည့်နိမိတ်လက္ခဏာများ၏ အနက်အဋ္ဌိပ္ပါယ်ကို နားလည်ကြရ၍မဟုတ်။ အစားအစာကိုဝ အောင်စားကြရ၍ဖြစ်၏။-
Yesu ya amsa ya ce, “Gaskiya nake gaya muku, kuna nemana ne ba don kun ga abubuwan banmamaki ba, sai dai domin kun ci burodi kun ƙoshi.
27 ၂၇ ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။ (aiōnios )
Kada ku yi aiki saboda abincin da yake lalacewa, sai dai saboda abinci mai dawwama har yă zuwa rai madawwami, wanda Ɗan Mutum zai ba ku. A kansa ne Allah Uba ya sa hatimin amincewarsa.” (aiōnios )
28 ၂၈ လူတို့က ``အကျွန်ုပ်တို့သည်ဘုရားသခင် အလိုတော်ရှိသည့်အရာကိုဆောင်ရွက်နိုင် ရန် အဘယ်သို့ပြုရပါမည်နည်း'' ဟုမေး လျှောက်ကြ၏။
Sai suka tambaye shi suka ce, “Me za mu yi don mu aikata ayyukan da Allah yake so?”
29 ၂၉ သခင်ယေရှုက ``ဘုရားသခင်အလိုတော်ရှိ သည့်အရာကား ကိုယ်တော်စေလွှတ်တော်မူသော သူကိုသင်တို့ယုံကြည်ကြစေရန်ပင်ဖြစ်၏'' ဟုမိန့်တော်မူ၏။
Yesu ya amsa, “Aikin Allah shi ne, a gaskata da wanda ya aiko.”
30 ၃၀ ထိုသူတို့က ``အရှင့်အားအကျွန်ုပ်တို့ယုံကြည်နိုင် ကြစေရန် အဘယ်အံ့သြဖွယ်နိမိတ်လက္ခဏာကို ပြတော်မူပါမည်နည်း။ အရှင်အဘယ်အမှုကို လုပ်ဆောင်တော်မူမည်နည်း။-
Sai suka tambaye shi, “Wace abin banmamaki ce za ka yi don mu gani mu kuwa gaskata ka? Me za ka yi?
31 ၃၁ ကျမ်းစာတော်တွင် `ကိုယ်တော်သည်ထိုသူတို့စား ရန်ကောင်းကင်မှမုန့်ကိုချပေးတော်မူ၏' ဟု ပါရှိသည်အတိုင်း အကျွန်ုပ်တို့၏ဘိုးဘေး များသည်တောကန္တာရတွင်မန္နမုန့်ကိုစားကြ ရပါ၏'' ဟုလျှောက်ကြ၏။
Kakannin-kakanninmu sun ci Manna a hamada; kamar yadda yake a rubuce, ‘Ya ba su burodi daga sama su ci.’”
32 ၃၂ သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား မောရှေသည်သင်တို့အား ကောင်းကင်မှအစာအာဟာရကိုပေးသည် မဟုတ်။ ငါ့ခမည်းတော်သည်သင်တို့အား ကောင်းကင်မှ အစာအာဟာရအစစ်အမှန် ကိုပေးတော်မူ၏။-
Yesu ya ce musu, “Gaskiya nake gaya muku, ba Musa ne ya ba ku burodi daga sama ba, sai dai Ubana ne yake ba ku burodi na gaskiya daga sama.
33 ၃၃ ထိုစစ်မှန်သောအစာအာဟာရကားကောင်းကင် ဘုံမှကျဆင်း၍ ကမ္ဘာသူကမ္ဘာသားတို့အား အသက်ပေးသောသူဖြစ်၏'' ဟုမိန့်တော်မူ၏။
Gama burodin Allah shi ne wanda yake saukowa daga sama, yana kuma ba wa duniya rai.”
34 ၃၄ ထိုအခါသူတို့က ``အရှင်၊ ထိုအစာအာဟာရ ကို အကျွန်ုပ်တို့အားအစဉ်မပြတ်ပေးသနား တော်မူပါ'' ဟုလျှောက်ကြ၏။
Sai suka ce, “Ranka yă daɗe, daga yanzu ka dinga ba mu wannan burodi.”
35 ၃၅ သခင်ယေရှုက ``ငါသည်အသက်၏အစာအာဟာ ရဖြစ်၏။ ငါ့ထံသို့လာသောသူသည်အဘယ်အခါ ၌မျှဆာငတ်လိမ့်မည်မဟုတ်။ ငါ့ကိုယုံကြည်သော သူသည်လည်း အဘယ်အခါမျှရေငတ်လိမ့်မည် မဟုတ်။-
Sa’an nan Yesu ya furta cewa, “Ni ne burodin rai. Wanda ya zo wurina ba zai taɓa jin yunwa ba, wanda kuma ya gaskata da ni ba zai taɓa jin ƙishirwa ba.
36 ၃၆ သို့ရာတွင်သင်တို့သည်ငါ့ကိုတွေ့မြင်ကြ သော်လည်းမယုံကြည်ကြဟုငါဆိုခဲ့ပြီ။-
Amma kamar yadda na faɗa muku, kun gan ni duk da haka ba ku gaskata ba.
37 ၃၇ ခမည်းတော်ငါ့အားပေးအပ်တော်မူသောသူ အပေါင်းတို့သည် ငါ့ထံသို့လာကြလိမ့်မည်။ ငါ့ ထံလာသောသူကိုငါသည်ပစ်ပယ်လိမ့်မည် မဟုတ်။-
Duk waɗanda Uba ya ba ni za su zo wurina, kuma duk wanda ya zo wurina ba zan kore shi ba ko kaɗan.
38 ၃၈ အဘယ်ကြောင့်ဆိုသော်ငါသည်ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်ဘုံမှဆင်းသက်လာသည် မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ အလိုအတိုင်းဆောင်ရွက်ရန် ဆင်းသက်လာသော ကြောင့်တည်း။-
Gama na sauko daga sama ba don in cika nufin kaina ba sai dai don in cika nufin shi wanda ya aiko ni.
39 ၃၉ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလို တော်ကား ကိုယ်တော်ရှင်ပေးအပ်ထားတော်မူ သောသူအပေါင်းတို့သည် ဆုံးပါးပျက်စီး ခြင်းမှနောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက် ကြစေရန်ပင်ဖြစ်သည်။-
Nufin wanda ya aiko ni kuwa shi ne, kada in yar da ko ɗaya daga cikin duk waɗanda ya ba ni, sai dai in tashe su a rana ta ƙarshe.
40 ၄၀ သားတော်ကိုဖူးမြင်၍ယုံကြည်လာသူ အပေါင်းတို့သည် ထာဝရအသက်ကိုရကြ စေရန်ခမည်းတော်အလိုတော်ရှိ၏။ ငါသည် လည်းသူတို့အား နောက်ဆုံးသောနေ့၌သေ ခြင်းမှရှင်ပြန်ထမြောက်စေမည်'' ဟုမိန့် တော်မူ၏။ (aiōnios )
Gama nufin Ubana shi ne, duk wanda yake duban Ɗan, ya kuma gaskata shi zai sami rai madawwami, ni kuwa zan tashe shi a rana ta ƙarshe.” (aiōnios )
41 ၄၁ ကိုယ်တော်က ``ငါသည်ကောင်းကင်ဘုံမှဆင်း သက်သောအစာအာဟာရဖြစ်၏'' ဟုမိန့်တော် မူသဖြင့် လူတို့သည်ညည်းညူကြ၏။-
Da jin haka, Yahudawa suka fara gunaguni a kansa, domin ya ce, “Ni ne burodin da ya sauka daga sama.”
42 ၄၂ သူတို့က ``ဤသူသည်ယောသပ်၏သားယေရှု မဟုတ်ပါလော။ သူ့မိဘများကိုငါတို့သိသည် မဟုတ်ပါလော။ သို့ပါလျက်အဘယ်ကြောင့်`ငါ သည်ကောင်းကင်ဘုံမှဆင်းသက်ခဲ့သည်' ဟုသူ ဆိုဘိသနည်း'' ဟုပြောကြ၏။
Suka ce, “Kai, wannan ba Yesu ba ne, ɗan Yusuf, wanda mahaifinsa da mahaifiyarsa duk mun san su? Yaya yanzu zai ce, ‘Na sauko daga sama?’”
43 ၄၃ သခင်ယေရှုက ``သင်တို့အချင်းချင်းညည်းညူ မနေကြနှင့်။-
Sai Yesu ya amsa ya ce, “Ku daina gunaguni a junanku.
44 ၄၄ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ဆွဲဆောင် တော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်။ ငါ့ထံသို့လာသောသူကိုငါသည်နောက်ဆုံးသော နေ့၌သေခြင်းမှထမြောက်စေမည်။-
Ba mai iya zuwa wurina, sai dai in Uban da ya aiko ni ya jawo shi, ni kuwa zan tashe shi a rana ta ƙarshe.
45 ၄၅ ပရောဖက်ကျမ်းများတွင်`ထိုသူအပေါင်းတို့ သည်ဘုရားသခင်၏သွန်သင်တော်မူခြင်းကို ခံကြလိမ့်မည်' ဟုပါရှိ၏။ သို့ဖြစ်၍ခမည်းတော် မိန့်တော်မူသောစကားကိုကြား၍ အထံတော် မှနည်းနာခံယူသူအပေါင်းတို့သည်ငါ့ထံ သို့လာကြ၏။-
A rubuce yake a cikin Annabawa cewa, ‘Allah zai koyar da dukansu.’Duk wanda ya saurari Uba, ya kuma koyi daga wurinsa, zai zo wurina.
46 ၄၆ ဤသို့ငါဆိုရာ၌ခမည်းတော်ကိုတွေ့မြင် ဖူးသူတစ်စုံတစ်ယောက်ရှိသည်ဟုမဆိုလို။ ဘုရားသခင်ထံတော်မှကြွလာသူတစ်ဦး တည်းသာလျှင်ခမည်းတော်ကိုတွေ့မြင်ဖူး၏။-
Ba wanda ya taɓa ganin Uban, sai shi wanda ya zo daga Allah; shi ne kaɗai ya taɓa ganin Uban.
47 ၄၇ အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ ကိုယုံကြည်သူသည်ထာဝရအသက်ကိုရ၏။- (aiōnios )
Gaskiya nake gaya muku, wanda ya gaskata yana da rai madawwami. (aiōnios )
48 ၄၈ ငါသည်အသက်၏အစာအာဟာရဖြစ်၏။-
Ni ne burodin rai.
49 ၄၉ သင်တို့၏ဘိုးဘေးများသည်တောကန္တာရတွင် မန္န မုန့်ကိုစားကြရသော်လည်းသေလွန်ကြကုန်၏။-
Kakannin-kakanninku sun ci Manna a hamada, duk da haka suka mutu.
50 ၅၀ ဤအစာအာဟာရသည်ကားကောင်းကင်ဘုံမှ ဆင်းသက်သောအစာအာဟာရဖြစ်၍ ယင်းကို မှီဝဲသူသည်သေရလိမ့်မည်မဟုတ်။-
Amma ga burodin da ya sauko daga sama, wanda mutum zai iya ci, ba zai kuma mutu ba.
51 ၅၁ ငါသည်ကောင်းကင်ဘုံမှဆင်းသက်သည့်အသက် အာဟာရဖြစ်၏။ ထိုအစာအာဟာရကိုမှီဝဲသူ သည်အစဉ်ထာဝရအသက်ရှင်လိမ့်မည်။ ငါပေး မည့်အစာအာဟာရသည် ကမ္ဘာသူကမ္ဘာသားတို့ အသက်ရှင်နိုင်ကြစေရန်ပေးသောငါ၏အသား ပေတည်း'' ဟုမိန့်တော်မူ၏။ (aiōn )
Ni ne burodin rai mai saukowa daga sama. Duk wanda ya ci wannan burodi, zai rayu har abada. Wannan burodin shi ne jikina, da zan bayar don duniya ta sami rai.” (aiōn )
52 ၅၂ ထိုအခါ ``ဤသူသည်အဘယ်သို့လျှင်ငါတို့ စားရန်အတွက် သူ၏အသားကိုပေးနိုင်ပါ မည်နည်း'' ဟုလူတို့သည်အချင်းချင်းပြင်း ထန်စွာငြင်းခုံကြ၏။
Sai Yahudawa suka fara gardama mai tsanani a junansu suna cewa, “Yaya wannan mutum zai ba mu naman jikinsa mu ci?”
53 ၅၃ သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား လူသား၏အသားကိုမစား၊ သူ၏ သွေးကိုမသောက်ပါမူသင်တို့၌အသက်မရှိ။-
Sai Yesu ya ce musu, “Gaskiya nake gaya muku, sai kun ci naman jikin Ɗan Mutum kuka kuma sha jininsa, ba za ku kasance da rai a cikinku ba.
54 ၅၄ ငါ့အသားကိုစား၍ငါ့သွေးကိုသောက်သော သူသည် ထာဝရအသက်ကိုရ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ထိုသူအားသေခြင်းမှ ရှင်ပြန်ထြေမာက်စေမည်။- (aiōnios )
Duk wanda ya ci naman jikina ya kuma sha jinina, yana da rai madawwami. Ni kuwa zan tashe shi a rana ta ƙarshe. (aiōnios )
55 ၅၅ ငါ့အသားသည်စားစရာအစစ်အမှန်ဖြစ်၏။ ငါ့သွေးသည်သောက်စရာအစစ်အမှန်ဖြစ်၏။-
Gama naman jikina abinci ne na gaskiya jinina kuma abin sha ne na gaskiya.
56 ၅၆ ငါ့အသားကိုစား၍ငါ့သွေးကိုသောက်သော သူသည်ငါ၌ကျိန်းဝပ်၏။ ငါသည်လည်းထိုသူ ၌ကျိန်းဝပ်၏။-
Duk wanda ya ci naman jikina ya kuma sha jinina, yana cikina, ni kuma ina cikinsa.
57 ၅၇ အသက်ရှင်တော်မူသောခမည်းတော်သည်ငါ့ကို စေလွှတ်တော်မူ၏။ ငါသည်လည်းခမည်းတော် ကြောင့်အသက်ရှင်သည်နည်းတူ ငါ့အသား ကိုစားသောသူသည်လည်းငါ့ကြောင့်အသက် ရှင်လိမ့်မည်။-
Kamar dai yadda Uba mai rai ya aiko ni, ina kuma rayuwa ta saboda shi, haka ma wanda yake ni ne abincinsa zai rayu saboda ni.
58 ၅၈ သို့ဖြစ်၍ဤအစာအာဟာရကားကောင်းကင် ဘုံမှဆင်းသက်သောအစာအာဟာရဖြစ်၏။ သင်တို့ဘိုးဘေးများစားသုံးကြရသည့် အစာအာဟာရမျိုးမဟုတ်။ ထိုအစာအာ ဟာရကိုသုံးဆောင်သူတို့သည်သေကြရ၏။ ဤ အစာအာဟာရကိုစားသူမူကားအစဉ် မပြတ်အသက်ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။ (aiōn )
Wannan shi ne burodin da ya sauko daga sama. Kakannin-kakanninku sun ci Manna suka kuma mutu, amma duk wanda yake cin wannan burodi zai rayu har abada.” (aiōn )
59 ၅၉ သခင်ယေရှုသည်ကပေရနောင်မြို့တရား ဇရပ်တွင်ဟောပြောသွန်သင်တော်မူစဉ်က ဤ သြဝါဒများကိုပေးတော်မူသတည်း။
Ya faɗi wannan ne lokacin da yake koyarwa a cikin majami’a a Kafarnahum.
60 ၆၀ ထိုသြဝါဒများကိုတပည့်တော်အမြောက် အမြားပင်ကြားကြ၏။ သူတို့က ``ဤသွန်သင် တော်မူချက်တို့သည်ခက်ခဲလှသဖြင့် အဘယ် သူလိုက်နာနိုင်ပါမည်နည်း'' ဟုဆိုကြ၏။
Da jin haka, da yawa daga cikin almajiransa suka ce, “Wannan koyarwa tana da wuya. Wa zai iya yarda da ita?”
61 ၆၁ ဤသို့တပည့်တော်တို့သည်ညည်းတွားနေကြ သည်ကို သခင်ယေရှုသည်အလိုအလျောက်သိ တော်မူသဖြင့် ``ဤစကားကြောင့်သင်တို့စိတ် ပျက်ကြသလော။-
Da yake ya san almajiransa suna gunaguni game da wannan, sai Yesu ya ce musu, “Wannan ya ɓata muku rai ne?
62 ၆၂ အကယ်၍လူသားသည်မိမိနေရင်းရပ်ထံ သို့တက်ကြွတော်မူသည်ကိုမြင်ကြရပါမူ သင်တို့အဘယ်သို့ထင်မှတ်ကြမည်နည်း။-
Me za ku ce ke nan, in kuka gan Ɗan Mutum yana hawa zuwa inda yake dā!
63 ၆၃ ဘုရားသခင်၏ဝိညာဉ်တော်ကသာလျှင် အသက်ကိုရှင်စေနိုင်၏။ လူတို့၏တန်ခိုး စွမ်းရည်မူကားမည်သို့မျှမတတ်နိုင်။ သင် တို့အားငါပြောသောစကားသည်အသက် ရှင်စေသည့်ဝိညာဉ်တော်နှင့်သက်ဆိုင်၏။-
Ruhu ne yake ba da rai; jikin kam, ba ya amfana kome. Kalmomin da na faɗa muku, Ruhu ne, da kuma rai.
64 ၆၄ သို့သော်လည်းသင်တို့အနက်အချို့သောသူ တို့သည်မယုံကြည်ကြ'' ဟုမိန့်တော်မူ၏။ (မည် သူတို့မယုံကြည်ကြသည်ကိုလည်းကောင်း၊ မည်သူသည်ကိုယ်တော်အားရန်သူ့လက်သို့ အပ်နှံမည်ကိုလည်းကောင်း သခင်ယေရှုသည် အစကတည်းကပင်သိတော်မူပြီးဖြစ်၏။)-
Duk da haka akwai waɗansunku da ba su gaskata ba.” Gama Yesu ya sani tun farko, waɗanda ba su gaskata ba, da kuma wanda zai bashe shi.
65 ၆၅ ဆက်လက်၍ကိုယ်တော်က ``ဤအကြောင်း ကြောင့်ခမည်းတော်အခွင့်ပေးတော်မမူ လျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင် ဟုသင်တို့အားငါဆိုခဲ့ပြီ'' ဟူ၍မိန့် တော်မူ၏။
Ya ci gaba da cewa, “Shi ya sa na faɗa muku cewa ba mai iya zuwa wurina, sai dai Uba ya yardar masa.”
66 ၆၆ ထိုအချိန်မှစ၍တပည့်တော်အများပင် အထံတော်မှဆုတ်ခွာလျက် ကိုယ်တော်နှင့် အတူမလိုက်ဘဲနေကြ၏။-
Daga wannan lokaci da yawa daga cikin almajiransa suka ja da baya, suka daina bin sa.
67 ၆၇ သို့ဖြစ်၍သခင်ယေရှုက ``သင်တို့သည်လည်း ငါ့ထံမှထွက်ခွာသွားလိုကြပါသလော'' ဟုတပည့်တော်တစ်ကျိပ်နှစ်ပါးတို့အား မေးတော်မူ၏။
Sai Yesu ya tambayi Sha Biyun, “Ku ma za ku tafi ne?”
68 ၆၈ ရှိမုန်ပေတရုက ``အရှင်၊ အကျွန်ုပ်တို့သည် မည်သူထံသို့သွားကြရပါမည်နည်း။ ကိုယ် တော်ရှင်သာလျှင်ထာဝရအသက်ဆိုင်ရာ တရားကိုဟောပါ၏။- (aiōnios )
Sai Siman Bitrus ya amsa ya ce, “Ubangiji wajen wa za mu tafi? Kai ne da kalmomin rai madawwami. (aiōnios )
69 ၆၉ ထိုမှတစ်ပါးလည်းကိုယ်တော်ရှင်သည်ထာဝရ ဘုရားထံမှကြွလာသောသန့်ရှင်းသောအရှင် ဖြစ်တော်မူသည်ကို ယခုအကျွန်ုပ်တို့ယုံကြည် သိမြင်ကြပါပြီ'' ဟုလျှောက်၏။
Mun gaskata mun kuma san cewa kai ne Mai Tsarkin nan na Allah.”
70 ၇၀ သခင်ယေရှုက ``ငါသည်တစ်ကျိပ်နှစ်ပါး သောသင်တို့ကိုရွေးချယ်ခန့်ထားခဲ့သည် မဟုတ်ပါလော။ သို့သော်လည်းသင်တို့တွင် နတ်မိစ္ဆာတစ်ဦးပါလျက်နေ၏'' ဟုမိန့်တော် မူ၏။-
Sai Yesu ya amsa ya ce, “Ba ni na zaɓe ku Sha Biyu ba? Amma ɗayanku Iblis ne!”
71 ၇၁ ရှိမုန်ရှကာယုတ်၏သားယုဒသည်တစ်ကျိပ် နှစ်ပါးအပါအဝင်ဖြစ်သော်လည်း ကိုယ်တော် အားရန်သူ့လက်သို့အပ်မည့်သူဖြစ်သဖြင့် ထိုသူကိုရည်ဆောင်၍ဤသို့မိန့်တော်မူခြင်း ဖြစ်သတည်း။
(Yana nufin Yahuda, ɗan Siman Iskariyot, wanda, ko da yake ɗaya ne cikin Sha Biyun, zai bashe shi daga baya.)