< ယောဟန် 6 >

1 ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​အိုင် (တိ​ဗေ​ရိ​အိုင်​ဟု​လည်း​ခေါ်​သည်) ကို​ကူး​တော်​မူ​၏။-
After these things Jesus went over the sea of Galilee, which is the sea of Tiberias.
2 သူ​နာ​များ​အား​ရော​ဂါ​ပျောက်​ကင်း​စေ​တော် မူ​သည်​ကို​တွေ့​မြင်​ခဲ့​ကြ​သ​ဖြင့် လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။-
And a great multitude followed him, because they saw his miracles which he performed on them that were diseased.
3 သ​ခင်​ယေ​ရှု​သည်​တောင်​ပေါ်​သို့​တက်​တော်​မူ​၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​၏။-
And Jesus went up on a mountain, and there he sat with his disciples.
4 ယု​ဒ​အ​မျိုး​သား​တို့​၏​ပွဲ​တော်​ဖြစ်​သော ပ​သ​ခါ​ပွဲ​ကျ​ရောက်​ရန်​အ​ခါ​ကား​နီး ပေ​ပြီ။-
And the passover, a feast of the Jews, was near.
5 သ​ခင်​ယေ​ရှု​သည်​မျှော်​ကြည့်​လိုက်​သော​အ​ခါ မိ​မိ​ထံ​သို့​လူ​ပ​ရိ​သတ်​ကြီး​လာ​လျက်​နေ သည်​ကို​မြင်​တော်​မူ​၍ ``ဤ​သူ​တို့​စား​ရန် အ​စား​အ​စာ​ကို​အ​ဘယ်​မှာ​ဝယ်​နိုင်​သ​နည်း'' ဟု​ဖိ​လိပ္ပု​အား​မေး​တော်​မူ​၏။-
When Jesus then lifted up his eyes, and saw a great company come to him, he saith to Philip, Where shall we buy bread, that these may eat?
6 (ဤ​သို့​မေး​တော်​မူ​ခြင်း​မှာ​ဖိ​လိပ္ပု​ကို​အ​ကဲ ခပ်​လို​၍​ဖြစ်​၏။ ကိုယ်​တော်​ကား​မိ​မိ​အ​ဘယ် သို့​ပြု​မည်​ကို​သိ​ရှိ​ပြီး​ဖြစ်​ပေ​သည်။)
And this he said to test him: for he himself knew what he would do.
7 ဖိ​လိပ္ပု​က ``လူ​တစ်​ယောက်​ကို​အ​စား​အ​စာ အ​နည်း​ငယ်​စီ​ကျွေး​ရန်​ပင်​လျှင် ငွေ​ဒေ​နာ​ရိ နှစ်​ရာ​ဖိုး​နှင့်​လုံ​လောက်​မည်​မ​ဟုတ်​ပါ'' ဟု လျှောက်​၏။-
Philip answered him, Two hundred pennyworth of bread is not sufficient for them, that every one of them may take a little.
8 ရှိ​မုန်​ပေ​တ​ရု​၏​ညီ၊ တ​ပည့်​တော်​တစ်​ဦး​ဖြစ် သူ​အန္ဒြေ​က​ကိုယ်​တော်​အား၊-
One of his disciples, Andrew, Simon Peter’s brother, saith to him,
9 ``ဤ​မှာ​သူ​ငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သူ့​ထံ တွင်​မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ရှိ ပါ​၏။ သို့​ရာ​တွင်​ဤ​မျှ​ကြီး​မား​သော​လူ ပ​ရိ​သတ်​အား ထို​မုန့်​နှင့်​ငါး​ကို​အ​ဘယ် သို့​လျှင်​လောက်​င​အောင်​ကျွေး​နိုင်​ပါ​မည် နည်း'' ဟု​လျှောက်​၏။
There is a lad here, who hath five barley loaves, and two small fishes: but what are they among so many?
10 ၁၀ ကိုယ်​တော်​က ``လူ​တို့​အား​ထိုင်​စေ​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ (ထို​အ​ရပ်​တွင်​မြက်​ထူ​ထပ်​သ​ဖြင့်) ငါး​ထောင်​မျှ​သော​လူ​တို့​သည်​မြက်​ပေါ်​တွင် ထိုင်​ကြ​၏။-
And Jesus said, Make the men sit down. Now there was much grass in the place. So the men sat down, in number about five thousand.
11 ၁၁ ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​ပြီး​လျှင် ထိုင်​နေ​သော​သူ​တို့​အား​ဝေ​ငှ​ပေး​တော် မူ​၏။ ငါး​ကို​လည်း​ထို​နည်း​တူ​ပြု​တော် မူ​၏။ လူ​တို့​သည်​ဝ​အောင်​စား​ကြ​ရ​၏။-
And Jesus took the loaves; and when he had given thanks, he distributed to the disciples, and the disciples to them that were sitting down; and likewise of the fishes as much as they would.
12 ၁၂ ထို​သူ​တို့​စား​၍​ဝ​ကြ​သော​အ​ခါ​ကိုယ်​တော် က ``စား​ကြွင်း​စား​ကျန်​များ​ကို​မ​လေ​မ​လွင့် ရ​အောင်​သိမ်း​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။-
When they were filled, he said to his disciples, Gather the fragments that remain, that nothing may be lost.
13 ၁၃ သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ကောက်​သိမ်း ကြ​ရာ​မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင် မှ စား​ကြွင်း​စား​ကျန်​အ​စ​အ​န​များ​တောင်း တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။
Therefore they gathered them up, and filled twelve baskets with the fragments of the five barley loaves, which remained over and above to them that had eaten.
14 ၁၄ ဤ​သို့​ကိုယ်​တော်​ပြ​တော်​မူ​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​ကို​မြင်​ကြ​ရ​သော​သူ​တို့​က ``ဤ​သူ​ကား​လော​က​သို့​ကြွ​လာ​တော်​မူ​မည် ဟု​ဆို​သော​ပ​ရော​ဖက်​အ​မှန်​ပင်​ဖြစ်​၏'' ဟု ဆို​ကြ​၏။-
Then those men, when they had seen the miracle that Jesus performed, said, This is truly that prophet that should come into the world.
15 ၁၅ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​လာ​၍ မိ​မိ​အား အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ဆောင်​ကာ​မင်း​မြှောက်​ကြ လိမ့်​မည်​ကို​သိ​တော်​မူ​သ​ဖြင့် တစ်​ကိုယ်​တည်း တောင်​ပေါ်​သို့​ရှောင်​တိမ်း​သွား​တော်​မူ​၏။
When Jesus therefore perceived that they would come and take him by force, to make him a king, he departed again to a mountain himself alone.
16 ၁၆ ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော် တို့​သည်​ဂါ​လိ​လဲ​အိုင်​သို့​ဆင်း​သွား​ကြ​၏။-
And when evening had now come, his disciples went down to the sea,
17 ၁၇ လှေ​ပေါ်​သို့​တက်​ကြ​ပြီး​လျှင်​အိုင်​တစ်​ဖက်​ကမ်း ရှိ​က​ပေ​ရ​နောင်​မြို့​သို့​ပြန်​သွား​ကြ​၏။ မိုး​ချုပ် လာ​သော်​လည်း​သ​ခင်​ယေ​ရှု​ကား​သူ​တို့​ထံ​သို့ မ​ကြွ​မ​ရောက်​သေး။-
And entered into a boat, and went over the sea toward Capernaum. And it was now dark, and Jesus had not come to them.
18 ၁၈ ထို​အ​ချိန်​၌​လေ​ပြင်း​ကျ​လျက်​နေ​သ​ဖြင့် အိုင်​တွင်​လှိုင်း​ထ​လာ​၏။-
And the sea arose by reason of a great wind that blew.
19 ၁၉ တ​ပည့်​တော်​တို့​သည်​သုံး​လေး​မိုင်​ခန့်​လှော်​ခတ် ပြီး​သော​အ​ခါ သ​ခင်​ယေ​ရှု​ရေ​ပေါ်​မှာ​စက်​တော် ဖြန့်​၍ မိ​မိ​တို့​အ​နီး​သို့​ကြွ​လာ​သည်​ကို​မြင် ကြ​၏။ ထို​အ​ခါ​သူ​တို့​သည်​ကြောက်​လန့်​ကြ​၏။-
So when they had rowed about five and twenty or thirty furlongs, they see Jesus walking on the sea, and drawing near to the boat: and they were afraid.
20 ၂၀ ကိုယ်​တော်​က ``မ​ကြောက်​ကြ​နှင့်။ ငါ​ပင်​ဖြစ် သည်'' ဟု​မိန့်​တော်​မူ​၏။-
But he saith to them, It is I; be not afraid.
21 ၂၁ ထို​အ​ခါ​သူ​တို့​သည်​ဝမ်း​မြောက်​စွာ​ကိုယ်​တော် အား​လှေ​ပေါ်​သို့​ပင့်​ဖိတ်​ကြ​၏။ ထို​နောက်​လှေ သည်​တစ်​ခ​ဏ​ချင်း​တွင်​ရောက်​လို​ရာ​ကမ်း ခြေ​သို့​ဆိုက်​လေ​၏။
Then they willingly received him into the boat: and immediately the boat was at the land where they were going.
22 ၂၂ နောက်​တစ်​နေ့​၌​အိုင်​တစ်​ဖက်​ကမ်း​တွင်​နေ​ရစ် ခဲ့​သော​လူ​ပ​ရိ​သတ်​တို့​သည် ထို​အ​ရပ်​၌​လှေ တစ်​စင်း​တည်း​ရှိ​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​၏။ ထို​လှေ​တွင်​သ​ခင်​ယေ​ရှု​လိုက်​ပါ​တော်​မ​မူ ဘဲ တ​ပည့်​တော်​ချည်း​သာ​လျှင်​ထွက်​ခွာ​သွား ကြ​သည်​ကို​သိ​ကြ​၏။-
The day following, when the people who stood on the other side of the sea saw that there was no other boat there, except that one into which his disciples had entered, and that Jesus went not with his disciples into the boat, but that his disciples had gone away alone;
23 ၂၃ သို့​သော်​လည်း​တိ​ဗေ​ရိ​မြို့​မှ​လာ​သော​လှေ​များ သည်​သ​ခင်​ဘု​ရား​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ လူ​ပ​ရိ​သတ်​အား​မုန့်​ကို​ကျွေး​မွေး​တော်​မူ​ခဲ့ သည့်​အ​ရပ်​အ​နီး​သို့​ဆိုက်​ရောက်​လာ​ကြ​၏။-
( However there came other boats from Tiberias near to the place where they ate bread, after the Lord had given thanks: )
24 ၂၄ လူ​ပ​ရိ​သတ်​သည်​ထို​အရပ်​တွင်​သ​ခင်​ယေ​ရှု သည်​လည်း​ကောင်း၊ တ​ပည့်​တော်​တို့​သည်​လည်း ကောင်း​မ​ရှိ​ကြောင်း​ကို​သိ​မြင်​သော​အ​ခါ ထို လှေ​များ​ပေါ်​သို့​တက်​၍​ကိုယ်​တော်​ကို​ရှာ​ရန် က​ပေ​ရ​နောင်​မြို့​သို့​သွား​ကြ​၏။
When the people therefore saw that Jesus was not there, neither his disciples, they also took boats, and came to Capernaum, seeking for Jesus.
25 ၂၅ အိုင်​တစ်​ဖက်​ကမ်း​တွင်​ကိုယ်​တော်​ကို​တွေ့​ကြ​သော အ​ခါ​လူ​ပ​ရိ​သတ်​က ``ဆ​ရာ​တော်၊ ကိုယ်​တော်​သည် ဤ​အ​ရပ်​သို့​အ​ဘယ်​အ​ခါ​က​ကြွ​လာ​တော်​မူ ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
And when they had found him on the other side of the sea, they said to him, Rabbi, when camest thou here?
26 ၂၆ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား သင်​တို့​ငါ့​ကို​ရှာ​ကြ​ခြင်း​မှာ​ငါ​ပြ သည့်​နိ​မိတ်​လက္ခ​ဏာ​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို နား​လည်​ကြ​ရ​၍​မ​ဟုတ်။ အ​စား​အ​စာ​ကို​ဝ အောင်​စား​ကြ​ရ​၍​ဖြစ်​၏။-
Jesus answered them and said, Verily, verily, I say to you, Ye seek me, not because ye saw the miracles, but because ye ate of the loaves, and were filled.
27 ၂၇ ပုပ်​ပျက်​တတ်​သော​အ​စာ​အာ​ဟာ​ရ​အ​တွက် မ​ကြိုး​ပမ်း​ကြ​နှင့်။ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ စေ​သော​မ​ပုပ်​ပျက်​နိုင်​သော​အ​စာ​အာ​ဟာ​ရ အ​တွက်​ကြိုး​ပမ်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် လူ​သား​အား​တန်​ခိုး​အာ​ဏာ​ကို​အပ်​နှင်း​တော် မူ​သည်​ဖြစ်​၍ လူ​သား​သည်​ထို​အ​စာ​အာ​ဟာ​ရ ကို​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ (aiōnios g166)
Labour not for the food which perisheth, but for that food which endureth to everlasting life, which the Son of man shall give to you: for him hath God the Father sealed. (aiōnios g166)
28 ၂၈ လူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သည့်​အ​ရာ​ကို​ဆောင်​ရွက်​နိုင် ရန် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး လျှောက်​ကြ​၏။
Then said they to him, What shall we do, that we may work the works of God?
29 ၂၉ သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ သည့်​အ​ရာ​ကား ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော သူ​ကို​သင်​တို့​ယုံ​ကြည်​ကြ​စေ​ရန်​ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
Jesus answered and said to them, This is the work of God, that ye believe on him whom he hath sent.
30 ၃၀ ထို​သူ​တို့​က ``အ​ရှင့်​အား​အ​ကျွန်ုပ်​တို့​ယုံ​ကြည်​နိုင် ကြ​စေ​ရန် အ​ဘယ်​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​တော်​မူ​ပါ​မည်​နည်း။ အ​ရှင်​အ​ဘယ်​အ​မှု​ကို လုပ်​ဆောင်​တော်​မူ​မည်​နည်း။-
They said therefore to him, What sign showest thou then, that we may see, and believe thee? what dost thou work?
31 ၃၁ ကျမ်း​စာ​တော်​တွင် `ကိုယ်​တော်​သည်​ထို​သူ​တို့​စား ရန်​ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​တော်​မူ​၏' ဟု ပါ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး များ​သည်​တော​ကန္တာ​ရ​တွင်​မန္န​မုန့်​ကို​စား​ကြ ရ​ပါ​၏'' ဟု​လျှောက်​ကြ​၏။
Our fathers ate manna in the desert; as it is written, He gave them bread from heaven to eat.
32 ၃၂ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား မော​ရှေ​သည်​သင်​တို့​အား ကောင်း​ကင်​မှ​အ​စာ​အာ​ဟာ​ရ​ကို​ပေး​သည် မ​ဟုတ်။ ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အား ကောင်း​ကင်​မှ အ​စာ​အာ​ဟာ​ရ​အ​စစ်​အ​မှန် ကို​ပေး​တော်​မူ​၏။-
Then Jesus said to them, Verily, verily, I say to you, Moses gave you not that bread from heaven; but my Father giveth you the true bread from heaven.
33 ၃၃ ထို​စစ်​မှန်​သော​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ကျ​ဆင်း​၍ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား အ​သက်​ပေး​သော​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
For the bread of God is he who cometh down from heaven, and giveth life to the world.
34 ၃၄ ထို​အ​ခါ​သူ​တို့​က ``အ​ရှင်၊ ထို​အ​စာ​အာ​ဟာ​ရ ကို အ​ကျွန်ုပ်​တို့​အား​အ​စဉ်​မ​ပြတ်​ပေး​သ​နား တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။
Then said they to him, Lord, evermore give us this bread.
35 ၃၅ သ​ခင်​ယေ​ရှု​က ``ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ ရ​ဖြစ်​၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည်​အ​ဘယ်​အ​ခါ ၌​မျှ​ဆာ​ငတ်​လိမ့်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံ​ကြည်​သော သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​ရေ​ငတ်​လိမ့်​မည် မ​ဟုတ်။-
And Jesus said to them, I am the bread of life: he that cometh to me shall never hunger; and he that believeth on me shall never thirst.
36 ၃၆ သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ကို​တွေ့​မြင်​ကြ သော်​လည်း​မ​ယုံ​ကြည်​ကြ​ဟု​ငါ​ဆို​ခဲ့​ပြီ။-
But I said to you, That ye also have seen me, and believe not.
37 ၃၇ ခ​မည်း​တော်​ငါ့​အား​ပေး​အပ်​တော်​မူ​သော​သူ အ​ပေါင်း​တို့​သည် ငါ့​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ငါ့ ထံ​လာ​သော​သူ​ကို​ငါ​သည်​ပစ်​ပယ်​လိမ့်​မည် မ​ဟုတ်။-
All that the Father giveth me shall come to me; and him that cometh to me I will by no means cast out.
38 ၃၈ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ငါ့​အ​လို​အ​တိုင်း ဆောင်​ရွက်​ရန် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​လာ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏ အ​လို​အ​တိုင်း​ဆောင်​ရွက်​ရန် ဆင်း​သက်​လာ​သော ကြောင့်​တည်း။-
For I came down from heaven, not to do my own will, but the will of him that sent me.
39 ၃၉ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို တော်​ကား ကိုယ်​တော်​ရှင်​ပေး​အပ်​ထား​တော်​မူ သော​သူ​အ​ပေါင်း​တို့​သည် ဆုံး​ပါး​ပျက်​စီး ခြင်း​မှ​နောက်​ဆုံး​သော​နေ့​၌ ရှင်​ပြန်​ထ​မြောက် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။-
And this is the Father’s will who hath sent me, that of all which he hath given me I should lose nothing, but should raise them up again at the last day.
40 ၄၀ သား​တော်​ကို​ဖူး​မြင်​၍​ယုံ​ကြည်​လာ​သူ အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ကြ စေ​ရန်​ခ​မည်း​တော်​အ​လို​တော်​ရှိ​၏။ ငါ​သည် လည်း​သူ​တို့​အား နောက်​ဆုံး​သော​နေ့​၌​သေ ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။ (aiōnios g166)
And this is the will of him that sent me, that every one who seeth the Son, and believeth on him, may have everlasting life: and I will raise him up at the last day. (aiōnios g166)
41 ၄၁ ကိုယ်​တော်​က ``ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏'' ဟု​မိန့်​တော် မူ​သ​ဖြင့် လူ​တို့​သည်​ညည်း​ညူ​ကြ​၏။-
The Jews then murmured at him, because he said, I am the bread which came down from heaven.
42 ၄၂ သူ​တို့​က ``ဤ​သူ​သည်​ယော​သပ်​၏​သား​ယေ​ရှု မ​ဟုတ်​ပါ​လော။ သူ့​မိ​ဘ​များ​ကို​ငါ​တို့​သိ​သည် မ​ဟုတ်​ပါ​လော။ သို့​ပါ​လျက်​အ​ဘယ်​ကြောင့်`ငါ သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ခဲ့​သည်' ဟု​သူ ဆို​ဘိ​သ​နည်း'' ဟု​ပြော​ကြ​၏။
And they said, Is not this Jesus, the son of Joseph, whose father and mother we know? how is it then that he saith, I came down from heaven?
43 ၄၃ သ​ခင်​ယေ​ရှု​က ``သင်​တို့​အ​ချင်း​ချင်း​ညည်း​ညူ မ​နေ​ကြ​နှင့်။-
Jesus therefore answered and said to them, Murmur not among yourselves.
44 ၄၄ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ဆွဲ​ဆောင် တော်​မ​မူ​လျှင် အ​ဘယ်​သူ​မျှ​ငါ့​ထံ​သို့​မ​လာ​နိုင်။ ငါ့​ထံ​သို့​လာ​သော​သူ​ကို​ငါ​သည်​နောက်​ဆုံး​သော နေ့​၌​သေ​ခြင်း​မှ​ထ​မြောက်​စေ​မည်။-
No man can come to me, except the Father who hath sent me draw him: and I will raise him up at the last day.
45 ၄၅ ပ​ရော​ဖက်​ကျမ်း​များ​တွင်`ထို​သူ​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ခြင်း​ကို ခံ​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​၏။ သို့​ဖြစ်​၍​ခ​မည်း​တော် မိန့်​တော်​မူ​သော​စ​ကား​ကို​ကြား​၍ အ​ထံ​တော် မှ​နည်း​နာ​ခံ​ယူ​သူ​အ​ပေါင်း​တို့​သည်​ငါ့​ထံ သို့​လာ​ကြ​၏။-
It is written in the prophets, And they shall be all taught from God. Every man therefore that hath heard, and hath learned from the Father, cometh to me.
46 ၄၆ ဤ​သို့​ငါ​ဆို​ရာ​၌​ခ​မည်း​တော်​ကို​တွေ့​မြင် ဖူး​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​သည်​ဟု​မ​ဆို​လို။ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ​သူ​တစ်​ဦး တည်း​သာ​လျှင်​ခ​မည်း​တော်​ကို​တွေ့​မြင်​ဖူး​၏။-
Not that any man hath seen the Father, except he who is from God, he hath seen the Father.
47 ၄၇ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ့ ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။- (aiōnios g166)
Verily, verily, I say to you, He that believeth on me hath everlasting life. (aiōnios g166)
48 ၄၈ ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။-
I am that bread of life.
49 ၄၉ သင်​တို့​၏​ဘိုး​ဘေး​များ​သည်​တော​ကန္တာ​ရ​တွင် မန္န မုန့်​ကို​စား​ကြ​ရ​သော်​လည်း​သေ​လွန်​ကြ​ကုန်​၏။-
Your fathers ate manna in the wilderness, and are dead.
50 ၅၀ ဤ​အ​စာ​အာ​ဟာ​ရ​သည်​ကား​ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၍ ယင်း​ကို မှီ​ဝဲ​သူ​သည်​သေ​ရ​လိမ့်​မည်​မ​ဟုတ်။-
This is the bread which cometh down from heaven, that a man may eat of it, and not die.
51 ၅၁ ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​သည့်​အ​သက် အာ​ဟာ​ရ​ဖြစ်​၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို​မှီ​ဝဲ​သူ သည်​အ​စဉ်​ထာ​ဝ​ရ​အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး မည့်​အ​စာ​အာ​ဟာ​ရ​သည် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​ပေး​သော​ငါ​၏​အ​သား ပေ​တည်း'' ဟု​မိန့်​တော်​မူ​၏။ (aiōn g165)
I am the living bread which came down from heaven: if any man shall eat of this bread, he shall live for ever: and the bread that I will give is my flesh, which I will give for the life of the world. (aiōn g165)
52 ၅၂ ထို​အ​ခါ ``ဤ​သူ​သည်​အ​ဘယ်​သို့​လျှင်​ငါ​တို့ စား​ရန်​အ​တွက် သူ​၏​အ​သား​ကို​ပေး​နိုင်​ပါ မည်​နည်း'' ဟု​လူ​တို့​သည်​အ​ချင်း​ချင်း​ပြင်း ထန်​စွာ​ငြင်း​ခုံ​ကြ​၏။
The Jews therefore began to dispute among themselves, saying, How can this man give us his flesh to eat?
53 ၅၃ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား လူ​သား​၏​အ​သား​ကို​မ​စား၊ သူ​၏ သွေး​ကို​မ​သောက်​ပါ​မူ​သင်​တို့​၌​အ​သက်​မ​ရှိ။-
Then Jesus said to them, Verily, verily, I say to you, Except ye eat the flesh of the Son of man, and drink his blood, ye have no life in you.
54 ၅၄ ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့​၌​ထို​သူ​အား​သေ​ခြင်း​မှ ရှင်​ပြန်​ထြေမာက်​စေ​မည်။- (aiōnios g166)
Whoever eateth my flesh, and drinketh my blood, hath eternal life; and I will raise him up at the last day. (aiōnios g166)
55 ၅၅ ငါ့​အ​သား​သည်​စား​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။ ငါ့​သွေး​သည်​သောက်​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။-
For my flesh is food indeed, and my blood is drink indeed.
56 ၅၆ ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည်​ငါ​၌​ကျိန်း​ဝပ်​၏။ ငါ​သည်​လည်း​ထို​သူ ၌​ကျိန်း​ဝပ်​၏။-
He that eateth my flesh, and drinketh my blood, dwelleth in me, and I in him.
57 ၅၇ အ​သက်​ရှင်​တော်​မူ​သော​ခ​မည်း​တော်​သည်​ငါ့​ကို စေ​လွှတ်​တော်​မူ​၏။ ငါ​သည်​လည်း​ခ​မည်း​တော် ကြောင့်​အ​သက်​ရှင်​သည်​နည်း​တူ ငါ့​အ​သား ကို​စား​သော​သူ​သည်​လည်း​ငါ့​ကြောင့်​အ​သက် ရှင်​လိမ့်​မည်။-
As the living Father hath sent me, and I live by the Father: so he that eateth me, even he shall live by me.
58 ၅၈ သို့​ဖြစ်​၍​ဤ​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။ သင်​တို့​ဘိုး​ဘေး​များ​စား​သုံး​ကြ​ရ​သည့် အ​စာ​အာ​ဟာ​ရ​မျိုး​မ​ဟုတ်။ ထို​အ​စာ​အာ ဟာ​ရ​ကို​သုံး​ဆောင်​သူ​တို့​သည်​သေ​ကြ​ရ​၏။ ဤ အ​စာ​အာ​ဟာ​ရ​ကို​စား​သူ​မူ​ကား​အ​စဉ် မ​ပြတ်​အ​သက်​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (aiōn g165)
This is that bread which came down from heaven: not as your fathers ate manna, and are dead: he that eateth of this bread shall live for ever. (aiōn g165)
59 ၅၉ သ​ခင်​ယေ​ရှု​သည်​က​ပေ​ရ​နောင်​မြို့​တ​ရား ဇ​ရပ်​တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​စဉ်​က ဤ သြ​ဝါ​ဒ​များ​ကို​ပေး​တော်​မူ​သ​တည်း။
These things he said in the synagogue, as he taught in Capernaum.
60 ၆၀ ထို​သြ​ဝါ​ဒ​များ​ကို​တ​ပည့်​တော်​အ​မြောက် အ​မြား​ပင်​ကြား​ကြ​၏။ သူ​တို့​က ``ဤ​သွန်​သင် တော်​မူ​ချက်​တို့​သည်​ခက်​ခဲ​လှ​သ​ဖြင့် အ​ဘယ် သူ​လိုက်​နာ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။
Many therefore of his disciples, when they had heard this, said, This is an hard saying; who can hear it?
61 ၆၁ ဤ​သို့​တ​ပည့်​တော်​တို့​သည်​ညည်း​တွား​နေ​ကြ သည်​ကို သ​ခင်​ယေ​ရှု​သည်​အ​လို​အ​လျောက်​သိ တော်​မူ​သ​ဖြင့် ``ဤ​စ​ကား​ကြောင့်​သင်​တို့​စိတ် ပျက်​ကြ​သ​လော။-
When Jesus knew in himself that his disciples murmured at it, he said to them, Doth this offend you?
62 ၆၂ အ​ကယ်​၍​လူ​သား​သည်​မိ​မိ​နေ​ရင်း​ရပ်​ထံ သို့​တက်​ကြွ​တော်​မူ​သည်​ကို​မြင်​ကြ​ရ​ပါ​မူ သင်​တို့​အ​ဘယ်​သို့​ထင်​မှတ်​ကြ​မည်​နည်း။-
What if ye shall see the Son of man ascend up where he was before?
63 ၆၃ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​က​သာ​လျှင် အ​သက်​ကို​ရှင်​စေ​နိုင်​၏။ လူ​တို့​၏​တန်​ခိုး စွမ်း​ရည်​မူ​ကား​မည်​သို့​မျှ​မ​တတ်​နိုင်။ သင် တို့​အား​ငါ​ပြော​သော​စ​ကား​သည်​အ​သက် ရှင်​စေ​သည့်​ဝိ​ညာဉ်​တော်​နှင့်​သက်​ဆိုင်​၏။-
It is the spirit that giveth life; the flesh profiteth nothing: the words that I speak to you, they are spirit, and they are life.
64 ၆၄ သို့​သော်​လည်း​သင်​တို့​အ​နက်​အ​ချို့​သော​သူ တို့​သည်​မ​ယုံ​ကြည်​ကြ'' ဟု​မိန့်​တော်​မူ​၏။ (မည် သူ​တို့​မ​ယုံ​ကြည်​ကြ​သည်​ကို​လည်း​ကောင်း၊ မည်​သူ​သည်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့ အပ်​နှံ​မည်​ကို​လည်း​ကောင်း သ​ခင်​ယေ​ရှု​သည် အ​စ​က​တည်း​က​ပင်​သိ​တော်​မူ​ပြီး​ဖြစ်​၏။)-
But there are some of you that believe not. For Jesus knew from the beginning who they were that believed not, and who he was that would betray him.
65 ၆၅ ဆက်​လက်​၍​ကိုယ်​တော်​က ``ဤ​အ​ကြောင်း ကြောင့်​ခ​မည်း​တော်​အ​ခွင့်​ပေး​တော်​မ​မူ လျှင် အ​ဘယ်​သူ​မျှ​ငါ့​ထံ​သို့​မ​လာ​နိုင် ဟု​သင်​တို့​အား​ငါ​ဆို​ခဲ့​ပြီ'' ဟူ​၍​မိန့် တော်​မူ​၏။
And he said, Therefore I said to you, that no man can come to me, except it were given to him by my Father.
66 ၆၆ ထို​အ​ချိန်​မှ​စ​၍​တ​ပည့်​တော်​အ​များ​ပင် အ​ထံ​တော်​မှ​ဆုတ်​ခွာ​လျက် ကိုယ်​တော်​နှင့် အ​တူ​မ​လိုက်​ဘဲ​နေ​ကြ​၏။-
From that time many of his disciples went back, and walked no more with him.
67 ၆၇ သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​လည်း ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လို​ကြ​ပါ​သ​လော'' ဟု​တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အား မေး​တော်​မူ​၏။
Then said Jesus to the twelve, Will ye also go away?
68 ၆၈ ရှိ​မုန်​ပေ​တ​ရု​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည် မည်​သူ​ထံ​သို့​သွား​ကြ​ရ​ပါ​မည်​နည်း။ ကိုယ် တော်​ရှင်​သာ​လျှင်​ထာ​ဝ​ရ​အ​သက်​ဆိုင်​ရာ တ​ရား​ကို​ဟော​ပါ​၏။- (aiōnios g166)
Then Simon Peter answered him, Lord, to whom shall we go? thou hast the words of eternal life. (aiōnios g166)
69 ၆၉ ထို​မှ​တစ်​ပါး​လည်း​ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​ကြွ​လာ​သော​သန့်​ရှင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ကို ယ​ခု​အ​ကျွန်ုပ်​တို့​ယုံ​ကြည် သိ​မြင်​ကြ​ပါ​ပြီ'' ဟု​လျှောက်​၏။
And we believe and are sure that thou art that Christ, the Son of the living God.
70 ၇၀ သ​ခင်​ယေ​ရှု​က ``ငါ​သည်​တစ်​ကျိပ်​နှစ်​ပါး သော​သင်​တို့​ကို​ရွေး​ချယ်​ခန့်​ထား​ခဲ့​သည် မ​ဟုတ်​ပါ​လော။ သို့​သော်​လည်း​သင်​တို့​တွင် နတ်​မိစ္ဆာ​တစ်​ဦး​ပါ​လျက်​နေ​၏'' ဟု​မိန့်​တော် မူ​၏။-
Jesus answered them, Have not I chosen you twelve, and one of you is a devil?
71 ၇၁ ရှိ​မုန်​ရှ​ကာ​ယုတ်​၏​သား​ယု​ဒ​သည်​တစ်​ကျိပ် နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော်​လည်း ကိုယ်​တော် အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ဖြစ်​သ​ဖြင့် ထို​သူ​ကို​ရည်​ဆောင်​၍​ဤ​သို့​မိန့်​တော်​မူ​ခြင်း ဖြစ်​သ​တည်း။
He spoke of Judas Iscariot the son of Simon: for it was he that was to betray him, being one of the twelve.

< ယောဟန် 6 >