< ယောဟန် 5 >
1 ၁ ထိုနောက်ယုဒအမျိုးသားတို့၏ဘာသာရေး ပွဲတော်ရှိသဖြင့် သခင်ယေရှုသည်ယေရု ရှလင်မြို့သို့ကြွတော်မူ၏။-
Baada ya hapo kulikuwa na sikukuu ya Wayahudi, na Yesu alipanda kwenda Yerusalemu.
2 ၂ ယေရုရှလင်မြို့သိုးတံခါးအနီးမှာရေကန် ရှိ၏။ ထိုရေကန်ကိုဟေဗြဲစကားဖြင့်ဗေသေ သဒဟုခေါ်၏။ ထိုရေကန်ကိုမုခ်ငါးခုဖြင့် ခြံရံထား၏။-
Na kule Yerusalemu palikuwa na birika kwenye mlango wa kondoo, lililokuwa likiitwa kwa lugha ya Kiebrania Bethzatha, nalo lina matao matano.
3 ၃ ထိုမုခ်များအောက်တွင်မျက်စိမမြင်သူ၊ ခြေမစွမ်းမသန်သူ၊ လေဖြတ်သူမှစ၍ သူနာအမြောက်အမြားပင်လဲလျောင်း လျက်နေကြ၏။-
Idadi kubwa ya wagonjwa ilikuwemo, vipofu, viwete, au waliopooza walikuwa wamelala katika matao hayo. (Zingatia: Maneno ya mstari wa 3 hayaonekani katika nakala nzuri za kale. “Wakisubiri maji kutibuliwa.”) Kwa hakikia wakati fulani malaika alishuka ndani ya Bwana na kuyatibua maji.
4 ၄ (ဘုရားသခင်၏ကောင်းကင်တမန်သည်မကြာ မကြာရေကန်သို့ဆင်းသက်ကာရေကိုလှုပ်ရှား လေ့ရှိသဖြင့် ထိုသူတို့သည်ရေလှုပ်ရှားမည်ကို စောင့်မျှော်လျက်နေကြ၏။ ယင်းသို့ရေလှုပ်ရှား လာပြီးနောက် ဦးစွာပထမရေကန်တွင်းသို့ ဆင်းနိုင်သူသည်ရောဂါပျောက်သွားလေသည်။)-
Kwahiyo, yule ambaye alikuwa wa kwanza kuingia ndani ya baada ya maji kutibuliwa alifanywa mzima kutokana na chochote kilichokuwa kimemshika kwa wakati huo.
5 ၅ ထိုနေရာတွင်သုံးဆယ့်ရှစ်နှစ်ပတ်လုံးမကျန်း မမာဖြစ်နေသူလူတစ်ယောက်ရှိ၏။-
Na mtu mmoja aliyekuwa ameugua kwa muda wa miaka thelathini na minane alikuwa ndani ya matao.
6 ၆ ထိုသူလဲလျောင်းနေသည်ကိုသခင်ယေရှု မြင်တော်မူလျှင် ကာလကြာမြင့်စွာဤသို့ လဲလျောင်းနေခဲ့သည့်အဖြစ်ကိုသိတော်မူ၏။ ထို့ကြောင့်ကိုယ်တော်က ``သင်သည်ကျန်းမာ လိုပါသလော'' ဟုမေးတော်မူ၏။
Yesu alipomwona amelala ndani ya matao na baada ya kutambua kuwa amelala pale kwa muda mrefu Yesu alimwambia, “Je unataka kuwa mzima?”
7 ၇ ထိုသူက ``အရှင်၊ ရေလှုပ်ရှားလာသောအခါ အကျွန်ုပ်ကိုရေကန်ထဲသို့ချပေးမည့်သူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်ဆင်းမည်ပြု နေစဉ် အခြားသူတစ်ယောက်သည်ဦးစွာရေ ကန်ထဲသို့ရောက်ရှိသွားတတ်ပါ၏'' ဟု လျှောက်၏။
Yule mgonjwa akamjibu, “Bwana sina mtu, wa kuniweka katika birika wakati maji yanapotibuliwa. Wakati ninapojaribu kuingia mtu mwingine hunitangulia.”
8 ၈ သခင်ယေရှုက ``ထလော့၊ သင့်အိပ်ရာကိုယူ ၍လှမ်းသွားလော့'' ဟုထိုသူအားမိန့်တော် မူ၏။-
Yesu akamwambia, “Inuka na uchukue godoro lako na uende.”
9 ၉ ထိုသူသည်ချက်ချင်းကျန်းမာလာသဖြင့် မိမိ၏အိပ်ရာကိုယူ၍လှမ်းသွားလေ၏။ ထိုနေ့ကားဥပုသ်နေ့ဖြစ်၏။-
Mara yule mtu akaponywa, akachukua kintanda chake na akaenda. Na siku hiyo ilikuwa siku ya Sabato.
10 ၁၀ သို့ဖြစ်၍ယုဒအာဏာပိုင်တို့သည်ကျန်းမာ လာသူအား ``ယနေ့သည်ဥပုသ်နေ့ဖြစ်၍သင့် အိပ်ရာကိုမယူဆောင်အပ်'' ဟုဆို၏။
Hivyo Wayahudi wakamwambia yule mtu aliyeponywa, “Leo ni siku ya Sabato, na hauruhusiwi kubeba godoro lako.”
11 ၁၁ ထိုသူက ``အကျွန်ုပ်အားကျန်းမာစေသူက `သင့်အိပ်ရာကိုယူ၍လှမ်းသွားလော့' ဟုစေ ခိုင်းပါ၏'' ဟုပြန်၍ပြော၏။
Akajibu, yeye aliyeniponya ndiye aliyeniambia, “Chukua godoro lako na uende.”
12 ၁၂ သူတို့က ``သင့်အားအိပ်ရာကိုယူ၍လှမ်းသွား လော့ဟုဆိုသူကားမည်သူနည်း'' ဟုမေးကြ၏။
Wakauliza, “Ni nani aliyekuambia 'Chukua godoro lako na uende?'''
13 ၁၃ သို့ရာတွင်မိမိအားဤသို့စေခိုင်းသူသည် မည်သူဖြစ်ကြောင်းကို ကျန်းမာလာသောသူ သည်မသိ။ အဘယ်ကြောင့်ဆိုသော်သခင် ယေရှုသည် ပရိသတ်အကြားမှမထင် မရှားထွက်ခွာသွားတော်မူသောကြောင့်တည်း။
Ingawa, yule aliyeponywa hakumjua, kwa sababu Yesu alikuwa ameondoka kwa siri. Kwa kuwa kulikuwa na watu wengi katika sehemu hiyo.
14 ၁၄ ထိုနောက်သခင်ယေရှုသည်ထိုသူ့ကိုဗိမာန် တော်ထဲတွင်တွေ့တော်မူသဖြင့် ``သင်သည်ယခု ကျန်းမာလာလေပြီ။ နောက်ထပ်အပြစ်မကူး နှင့်။ သို့မဟုတ်ပါမူ သင်သည်ဤမျှထက်ဆိုး ရွားသောအဖြစ်မျိုးနှင့်ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။
Baada ya hapo Yesu alimkuta yule mtu hekaluni na akamwambia, “Tazama, umepona! “Usitende dhambi tena usije ukapatwa na jambo baya zaidi.”
15 ၁၅ ထိုသူသည်ထွက်သွား၍မိမိအားကျန်းမာ စေသောသူမှာ သခင်ယေရှုပင်ဖြစ်ကြောင်း ယုဒအာဏာပိုင်တို့အားပြောကြားလေ၏။-
Yule mtu akaenda na kuwataarifu Wayahudi kuwa Yesu ndiye aliyemponya.
16 ၁၆ ထို့ကြောင့်ဥပုသ်နေ့၌ဤအမှုအရာကို ပြုတော်မူသည့်အတွက် ယုဒအာဏာပိုင် တို့သည်ထိုနေ့မှစ၍ကိုယ်တော်အား အနှောင့်အယှက်ပေးကြ၏။-
Hivyo, kwa sababu ya mambo hayo Wayahudi walimtesa Yesu, kwa sababu alifanya mambo haya siku ya Sabato.
17 ၁၇ ကိုယ်တော်က ``ငါ့ခမည်းတော်သည်အဘယ် အခါမျှအလုပ်မှရပ်နားသည်ဟူ၍မရှိ။ ထိုနည်းတူစွာငါသည်လည်းလုပ်ဆောင်လျက် နေရမည်'' ဟုထိုသူတို့အားမိန့်တော်မူ၏။
Yesu akawambia, “Baba yangu anafanya kazi hata sasa nami nafanya kazi.”
18 ၁၈ ဤသို့မိန့်တော်မူသောကြောင့်လည်းကောင်း၊ ဥပုသ် စည်းကမ်းကိုချိုးဖောက်ရုံမက ဘုရားသခင်အား မိမိ၏အဖဟူ၍ခေါ်ကာ မိမိကိုယ်ကိုဘုရား နှင့်တန်းတူထားတော်မူသောကြောင့်လည်းကောင်း ယုဒအာဏာပိုင်တို့သည်ကိုယ်တော်ကိုသတ် ရန်ပို၍ကြံစည်အားထုတ်ကြ၏။
Kwa sababu hiyo Wayahudi walizidi kumtafuta ili wamuue sio tu kwa sababu ya kuivunja Sabato, bali kwa kumwita Mungu Baba yake, akijifanya kuwa sawa na Mungu.
19 ၁၉ ထို့ကြောင့်သခင်ယေရှုက ယုဒအာဏာပိုင် တို့အား ``အမှန်အကန်သင်တို့အားငါဆို သည်ကားသားတော်သည် မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြု တော်မူသည့်အမှုအရာများကိုတွေ့မြင်ရ သည့်အတိုင်းသာလျှင်ပြု၏။ ခမည်းတော်ပြု တော်မူသောအရာတို့ကိုသားတော်သည်ပြု တော်မူ၏။-
Yesu akawajibu, “Amini, amini, Mwana hawezi kufanya kitu chochote isipokuwa kile ambacho amemwona Baba yake anakifanya, kwa kuwa chochote Baba akifanyacho ndicho na Mwana atakachofanya.
20 ၂၀ ခမည်းတော်သည်သားတော်ကိုချစ်တော်မူ သဖြင့် မိမိပြုသမျှသောအမှုအရာများ ကိုသားတော်အားပြသတော်မူ၏။ ဤအမှု အရာများထက်ပင်ကြီးစွာသောအမှုအရာ များကိုပြုရန် ခမည်းတော်သည်သားတော်အား ပြသပေးမည်ဖြစ်၍သင်တို့သည်အံ့သြ ကြလိမ့်မည်။-
Kwa kuwa Baba ampenda Mwana, na amwonyesha kila kitu anachokifanya na atamwonyesha mambo makubwa kuliko haya ili kwamba mzidi kushangaa.”
21 ၂၁ ခမည်းတော်သည်သူသေများကိုအသက်ပြန် ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသူများကိုအသက်ရှင်စေ တော်မူ၏။-
Kwa kuwa kama vile ambavyo Baba awafufuavyo wafu na kuwapa uzima, halikadhalika Mwana pia humpa yeyote ampendaye.
22 ၂၂ ခမည်းတော်သည်အဘယ်သူကိုမျှတရား စီရင်တော်မမူ။-
Kwa kuwa Baba hamhukumu yeyote, bali amempa Mwana hukumu yote
23 ၂၃ သားတော်အားတရားစီရင်ပိုင်ခွင့်ရှိသမျှ ကိုပေးအပ်ထားတော်မူ၏။ သို့ဖြစ်၍လူတို့ သည်ခမည်းတော်အားရိုသေကြသည်နည်း တူ သားတော်အားရိုသေရကြမည်။ သားတော် အားမရိုသေသောသူသည်သားတော်ကိုစေ လွှတ်တော်မူသောခမည်းတော်အားမရိုသေ သူဖြစ်၏။
ili kwamba wote wamuheshimu Mwana kama vile Mwana anavyomuheshimu Baba. Yeye asiyemuheshimu Mwana hamuheshimu Baba aliyemtuma.
24 ၂၄ ``အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏စကားကိုကြားနာ၍ ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သူသည်တရား စီရင်တော်မူခြင်းကိုမခံရဘဲ သေခြင်း မှအသက်ရှင်ခြင်းသို့ကူးမြောက်သောသူ ဖြစ်၏။- (aiōnios )
Amini, amini, yeye asikiaye neno langu na kumwamini yeye aliyenituma anao uzima wa milele na hatahukumiwa. Badala yake, amepita kutoka mautini na kuingia uzimani. (aiōnios )
25 ၂၅ အမှန်အကန်သင်တို့အားငါဆိုသည်ကား သူသေတို့သည် ဘုရားသခင်၏သားတော် အသံကိုကြားရသည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအချိန်သည်ယခုပင်ကျ ရောက်လျက်ရှိပြီ။ သားတော်၏အသံကို ကြားရသောသူတို့သည်အသက်ပြန်၍ ရှင်ကြလိမ့်မည်။-
Amini, amini, nawambia wakati unakuja na sasa upo ambao wafu watasikia sauti ya Mwana wa Mungu, na wote watakao sikia wataishi.
26 ၂၆ ခမည်းတော်မှာအသက်ပေးပိုင်သောတန်ခိုး ရှိတော်မူသည်နည်းတူ သားတော်တွင်လည်းရှိ စေရန်ထိုတန်ခိုးကိုသားတော်အားအပ်နှင်း ထားတော်မူ၏။-
Kwa kuwa kama vile Baba alivyo na uzima ndani yake mwenyewe,
27 ၂၇ သားတော်သည်လူသားဖြစ်တော်မူသည်နှင့် အညီ တရားစီရင်ပိုင်သောတန်ခိုးအပ်နှင်း ခြင်းကိုခံရ၏။-
kadhalika amempa Mwana kuwa na uzima ndani yake, na Baba amempa Mwana mamlaka ili kwamba ahukumu kwa kuwa ni Mwana wa Adamu.
28 ၂၈ ဤအခြင်းအရာကိုသင်တို့မအံ့သြကြနှင့်။ သင်္ချိုင်းမှသူသေတို့သည်သားတော်၏အသံ တော်ကိုကြား၍ထွက်လာကြမည့်အချိန်ကျ ရောက်လိမ့်မည်။-
Msishangazwe na hili, kwa kuwa wakati unakuja ambao wafu wote waliomo makaburini wataisikia sauti yake
29 ၂၉ အကျင့်ကောင်းကိုပြုခဲ့သူတို့သည်ထမြောက် ၍အသက်ရှင်ကြရလိမ့်မည်။ အကျင့်ဆိုးကို ပြုခဲ့သူတို့မူကား ထမြောက်၍အပြစ်စီရင် ခြင်းကိုခံရလိမ့်မည်။
nao watatoka nje: kwa waliotenda mema kwa ufufuo wa uzima, na walio tenda mabaya kwa ufufuo wa hukumu.
30 ၃၀ ``ငါသည်မိမိအလိုအလျောက်မည်သည့်အရာ ကိုမျှမပြုနိုင်။ ခမည်းတော်ဖော်ပြသည့်အတိုင်း သာလျှင်စီရင်ဆုံးဖြတ်၏။ ငါသည်ကိုယ့်အလို သို့မလိုက်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ အလိုတော်သို့လိုက်သည်ဖြစ်၍ ငါ၏စီရင်ဆုံး ဖြတ်ချက်သည်မှန်ကန်၏။
Siwezi kufanya kitu chochote kutoka kwangu mwenyewe. Kama nisikiavyo, ndivyo ninavyo hukumu na hukumu yangu ni ya haki kwa kuwa sitafuti mapenzi yangu, bali mapenzi yake aliyenituma.
31 ၃၁ ``ငါသည်မိမိ၏အကြောင်းကိုသက်သေခံလျှင် ငါ၏သက်သေခံချက်သည်ခိုင်လုံခြင်းမရှိ။-
Kama nikijishuhudia mwenyewe, ushuhuda wangu usingelikuwa wa kweli.
32 ၃၂ သို့ရာတွင်ငါ့အကြောင်းကိုသက်သေခံသူ တစ်ပါးရှိ၏။ သူ၏သက်သေခံချက်သည်မှန် ကန်ကြောင်းကိုငါသိ၏။-
Kuna mwingine anayeshuhudia kuhusu mimi na ninajua kwa hakika ushuhuda anaonishuhudia ni wa kweli.
33 ၃၃ သင်တို့သည်ယောဟန်၏ထံသို့စေတမန်များ စေလွှတ်ခဲ့ကြ၏။ သူသည်သမ္မာတရားဘက် ကသက်သေခံ၏။-
Mmetuma kwa Yohana naye ameishuhudia kweli.
34 ၃၄ ငါ့အကြောင်းကိုလူတစ်စုံတစ်ယောက်က သက်သေခံရန်လို၍မဟုတ်။ သင်တို့ကယ်တင် ခြင်းခံရစေရန်သာဤစကားကိုငါပြော ၏။-
Hatahivyo, ushuhuda ninaoupokea hautoki kwa mwanadamu. Ninayasema haya ili kwamba mweze kuokolewa.
35 ၃၅ ယောဟန်သည်အလျှံထ၍ထွန်းလင်းနေသော ဆီမီးခွက်သဖွယ်ဖြစ်သဖြင့် သင်တို့သည်သူ ၏အလင်းရောင်တွင်ခဏမျှသာပျော်မွေ့လို ကြ၏။-
Yohana alikuwa ni taa iliyokuwa ikiwaka na kung'ara, na mlikuwa tayari kuifurahia kwa muda kitambo nuru yake.
36 ၃၆ သို့ရာတွင်ယောဟန်၏သက်သေခံချက်ထက် ကြီးမြတ်သည့်သက်သေခံချက်ငါ့မှာရှိ၏။ ခမည်းတော်ငါ့အားပေးအပ်သဖြင့် ယခုငါ လုပ်ဆောင်လျက်ရှိသည့်အမှုအရာများကပင် ငါ့ကိုခမည်းတော်စေလွှတ်တော်မူကြောင်းကို သက်သေခံကြ၏။-
Ushuhuda nilionao ni mkuu kuliko ule wa Yohana, kwa kazi ambazo Baba amenipa kuzikamilisha, hizo kazi nizifanyazo zashuhudia kuwa Baba amenituma.
37 ၃၇ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ကိုယ် တိုင်ကလည်း ငါ့အကြောင်းကိုသက်သေခံတော် မူ၏။ သင်တို့သည်ခမည်းတော်၏အသံတော် ကိုအဘယ်အခါကမျှမကြားဘူးကြ။ သဏ္ဌာန်တော်ကိုလည်းမမြင်ဘူးကြ။-
Baba aliyenituma yeye mwenyewe ameshuhudia kuhusu mimi. Hamjawahi kusikia sauti yake wala kuona umbo lake wakati wowote.
38 ၃၈ ခမည်းတော်စေလွှတ်တော်မူသောသူကို မယုံကြည်ကြသဖြင့် နှုတ်ကပတ်တော်သည် သင်တို့၏စိတ်နှလုံးတွင်မကိန်းအောင်း။-
Hamna neno lake likikaa ndani yenu kwa kuwa hamumwamini yeye aliyetumwa.
39 ၃၉ ကျမ်းစာတော်တွင်ရှာဖွေ၍ထာဝရအသက် ကိုတွေ့ရှိလိမ့်မည်ဟုသင်တို့ထင်မှတ်ကြသဖြင့် ကျမ်းစာတော်ကိုအပတ်တကုတ်လေ့လာကြ၏။ ထိုကျမ်းစာတော်ကပင်လျှင်ငါ့အကြောင်းကို သက်သေခံ၏။- (aiōnios )
Mnayachunguza maandiko mkidhani ndani yake mna uzima wa milele, na hayo maandiko yanashuhudia habari zangu na (aiōnios )
40 ၄၀ သို့သော်လည်းသင်တို့သည်အသက်ရအံ့သော ငှာငါ့ထံသို့မလာလိုကြ။
hamtaki kuja kwangu ili mpate uzima wa milele.
41 ၄၁ ``လူတို့ချီးမွမ်းဂုဏ်ပြုခြင်းကိုငါမခံလို။ သို့ရာတွင်သင်တို့အကြောင်းကိုငါသိ၏။ သင်တို့စိတ်နှလုံးတွင်ဘုရားသခင်ကို ချစ်ခြင်းမရှိကြ။-
Sipokei sifa kutoka kwa watu,
lakini ninajua kuwa hamna upendo wa Mungu ndani yenu ninyi wenyewe.
43 ၄၃ ငါသည်ခမည်းတော်၏အခွင့်အာဏာနှင့် ရောက်ရှိလာသော်လည်း သင်တို့သည်ငါ့ကို လက်မခံကြ။ အခြားသူတစ်ဦးတစ်ယောက် သည် ကိုယ်ပိုင်အခွင့်အာဏာနှင့်ရောက်ရှိလာ ပါမူ သင်တို့လက်ခံကြလိမ့်မည်။-
Nimekuja kwa jina la Baba yangu, hamukuweza kunipokea. Kama mwingine akija kwa jina lake mngempokea.
44 ၄၄ သင်တို့သည်အချင်းချင်းချီးမွမ်းဂုဏ်ပြုခြင်း ကိုခံလိုကြ၏။ သို့ရာတွင်တစ်ဆူတည်းရှိတော် မူသောဘုရားသခင်၏ချီးမွမ်းဂုဏ်ပြုခြင်း ကိုခံရန်ကိုမူမကြိုးစားကြ။ သို့ဖြစ်၍သင် တို့သည်ငါ့ကိုအဘယ်သို့ယုံကြည်နိုင်ကြ မည်နည်း။-
Je mnawezaje kuamini ninyi ambao mnapokea sifa kutoka kwa kila mmoja wenu lakini hamtafuti sifa itokayo kwa Mungu wa pekee?
45 ၄၅ သို့သော်ငါသည်သင်တို့အားခမည်းတော်၏ ရှေ့တော်၌ အပြစ်တင်စွပ်စွဲလိမ့်မည်ဟုမထင် ကြနှင့်။ သင်တို့အားအပြစ်တင်မည့်သူကား သင်တို့ကိုးစားသောမောရှေပင်ဖြစ်၏။-
Msidhani mimi nitawashitaki mbele za Baba. Anayewashitaki ninyi ni Musa, ambaye ninyi mmeweka matumaini yenu kwake.
46 ၄၆ မောရှေသည်ငါ၏အကြောင်းကိုရေးသား ဖော်ပြခဲ့၏။ ထို့ကြောင့်မောရှေကိုသင်တို့ ယုံလျှင်ငါ့ကိုလည်းယုံကြလိမ့်မည်။-
Kama mngekuwa mnamwamini Musa, mngeniamini mimi kwa sababu aliandika kuhusu habari zangu.
47 ၄၇ သို့ရာတွင်သင်တို့သည်မောရှေရေးသား ဖော်ပြချက်များကိုမယုံကြသဖြင့် အဘယ် သို့လျှင်ငါ၏စကားကိုယုံနိုင်ကြမည်နည်း'' ဟုမိန့်တော်မူ၏။
Kama hamuamini maandiko yake, mtawezaje kuamini maneno yangu?