< ယောဟန် 5 >
1 ၁ ထိုနောက်ယုဒအမျိုးသားတို့၏ဘာသာရေး ပွဲတော်ရှိသဖြင့် သခင်ယေရှုသည်ယေရု ရှလင်မြို့သို့ကြွတော်မူ၏။-
Derefter var det Jødernes Højtid, og Jesus gik op til Jerusalem.
2 ၂ ယေရုရှလင်မြို့သိုးတံခါးအနီးမှာရေကန် ရှိ၏။ ထိုရေကန်ကိုဟေဗြဲစကားဖြင့်ဗေသေ သဒဟုခေါ်၏။ ထိုရေကန်ကိုမုခ်ငါးခုဖြင့် ခြံရံထား၏။-
Men der er i Jerusalem ved Faareporten en Dam, som paa Hebraisk kaldes Bethesda, og den har fem Søjlegange.
3 ၃ ထိုမုခ်များအောက်တွင်မျက်စိမမြင်သူ၊ ခြေမစွမ်းမသန်သူ၊ လေဖြတ်သူမှစ၍ သူနာအမြောက်အမြားပင်လဲလျောင်း လျက်နေကြ၏။-
I dem laa der en Mængde syge, blinde, lamme, visne, [som ventede paa, at Vandet skulde røres.
4 ၄ (ဘုရားသခင်၏ကောင်းကင်တမန်သည်မကြာ မကြာရေကန်သို့ဆင်းသက်ကာရေကိုလှုပ်ရှား လေ့ရှိသဖြင့် ထိုသူတို့သည်ရေလှုပ်ရှားမည်ကို စောင့်မျှော်လျက်နေကြ၏။ ယင်းသို့ရေလှုပ်ရှား လာပြီးနောက် ဦးစွာပထမရေကန်တွင်းသို့ ဆင်းနိုင်သူသည်ရောဂါပျောက်သွားလေသည်။)-
Thi paa visse Tider for en Engel ned i Dammen og oprørte Vandet. Den, som da, efter at Vandet var blevet oprørt, steg først ned, blev rask, hvilken Sygdom han end led af.]
5 ၅ ထိုနေရာတွင်သုံးဆယ့်ရှစ်နှစ်ပတ်လုံးမကျန်း မမာဖြစ်နေသူလူတစ်ယောက်ရှိ၏။-
Men der var en Mand, som havde været syg i otte og tredive Aar.
6 ၆ ထိုသူလဲလျောင်းနေသည်ကိုသခင်ယေရှု မြင်တော်မူလျှင် ကာလကြာမြင့်စွာဤသို့ လဲလျောင်းနေခဲ့သည့်အဖြစ်ကိုသိတော်မူ၏။ ထို့ကြောင့်ကိုယ်တော်က ``သင်သည်ကျန်းမာ လိုပါသလော'' ဟုမေးတော်မူ၏။
Da Jesus saa ham ligge der og vidste, at han allerede havde ligget i lang Tid, sagde han til ham: „Vil du blive rask?”
7 ၇ ထိုသူက ``အရှင်၊ ရေလှုပ်ရှားလာသောအခါ အကျွန်ုပ်ကိုရေကန်ထဲသို့ချပေးမည့်သူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်ဆင်းမည်ပြု နေစဉ် အခြားသူတစ်ယောက်သည်ဦးစွာရေ ကန်ထဲသို့ရောက်ရှိသွားတတ်ပါ၏'' ဟု လျှောက်၏။
Den syge svarede ham: „Herre! jeg har ingen, som kan bringe mig ned i Dammen, naar Vandet bliver oprørt; men naar jeg kommer, stiger en anden ned før mig.”
8 ၈ သခင်ယေရှုက ``ထလော့၊ သင့်အိပ်ရာကိုယူ ၍လှမ်းသွားလော့'' ဟုထိုသူအားမိန့်တော် မူ၏။-
Jesus siger til ham: „Staa op, tag din Seng og gaa!”
9 ၉ ထိုသူသည်ချက်ချင်းကျန်းမာလာသဖြင့် မိမိ၏အိပ်ရာကိုယူ၍လှမ်းသွားလေ၏။ ထိုနေ့ကားဥပုသ်နေ့ဖြစ်၏။-
Og straks blev Manden rask, og han tog sin Seng og gik. Men det var Sabbat paa den Dag;
10 ၁၀ သို့ဖြစ်၍ယုဒအာဏာပိုင်တို့သည်ကျန်းမာ လာသူအား ``ယနေ့သည်ဥပုသ်နေ့ဖြစ်၍သင့် အိပ်ရာကိုမယူဆောင်အပ်'' ဟုဆို၏။
derfor sagde Jøderne til ham, som var bleven helbredet: „Det er Sabbat; og det er dig ikke tilladt at bære Sengen.”
11 ၁၁ ထိုသူက ``အကျွန်ုပ်အားကျန်းမာစေသူက `သင့်အိပ်ရာကိုယူ၍လှမ်းသွားလော့' ဟုစေ ခိုင်းပါ၏'' ဟုပြန်၍ပြော၏။
Han svarede dem: „Den, som gjorde mig rask, han sagde til mig: Tag din Seng og gaa!”
12 ၁၂ သူတို့က ``သင့်အားအိပ်ရာကိုယူ၍လှမ်းသွား လော့ဟုဆိုသူကားမည်သူနည်း'' ဟုမေးကြ၏။
Da spurgte de ham: „Hvem er det Menneske, som sagde til dig: Tag din Seng og gaa?”
13 ၁၃ သို့ရာတွင်မိမိအားဤသို့စေခိုင်းသူသည် မည်သူဖြစ်ကြောင်းကို ကျန်းမာလာသောသူ သည်မသိ။ အဘယ်ကြောင့်ဆိုသော်သခင် ယေရှုသည် ပရိသတ်အကြားမှမထင် မရှားထွက်ခွာသွားတော်မူသောကြောင့်တည်း။
Men han, som var bleven helbredet, vidste ikke, hvem det var; thi Jesus havde unddraget sig, da der var mange Mennesker paa Stedet.
14 ၁၄ ထိုနောက်သခင်ယေရှုသည်ထိုသူ့ကိုဗိမာန် တော်ထဲတွင်တွေ့တော်မူသဖြင့် ``သင်သည်ယခု ကျန်းမာလာလေပြီ။ နောက်ထပ်အပြစ်မကူး နှင့်။ သို့မဟုတ်ပါမူ သင်သည်ဤမျှထက်ဆိုး ရွားသောအဖြစ်မျိုးနှင့်ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။
Derefter finder Jesus ham i Helligdommen, og han sagde til ham: „Se, du er bleven rask; synd ikke mere, for at ikke noget værre skal times dig!”
15 ၁၅ ထိုသူသည်ထွက်သွား၍မိမိအားကျန်းမာ စေသောသူမှာ သခင်ယေရှုပင်ဖြစ်ကြောင်း ယုဒအာဏာပိုင်တို့အားပြောကြားလေ၏။-
Manden gik bort og sagde til Jøderne, at det var Jesus, som havde gjort ham rask.
16 ၁၆ ထို့ကြောင့်ဥပုသ်နေ့၌ဤအမှုအရာကို ပြုတော်မူသည့်အတွက် ယုဒအာဏာပိုင် တို့သည်ထိုနေ့မှစ၍ကိုယ်တော်အား အနှောင့်အယှက်ပေးကြ၏။-
Og derfor forfulgte Jøderne Jesus, fordi han havde gjort dette paa en Sabbat.
17 ၁၇ ကိုယ်တော်က ``ငါ့ခမည်းတော်သည်အဘယ် အခါမျှအလုပ်မှရပ်နားသည်ဟူ၍မရှိ။ ထိုနည်းတူစွာငါသည်လည်းလုပ်ဆောင်လျက် နေရမည်'' ဟုထိုသူတို့အားမိန့်တော်မူ၏။
Men Jesus svarede dem: „Min Fader arbejder indtil nu; ogsaa jeg arbejder.”
18 ၁၈ ဤသို့မိန့်တော်မူသောကြောင့်လည်းကောင်း၊ ဥပုသ် စည်းကမ်းကိုချိုးဖောက်ရုံမက ဘုရားသခင်အား မိမိ၏အဖဟူ၍ခေါ်ကာ မိမိကိုယ်ကိုဘုရား နှင့်တန်းတူထားတော်မူသောကြောင့်လည်းကောင်း ယုဒအာဏာပိုင်တို့သည်ကိုယ်တော်ကိုသတ် ရန်ပို၍ကြံစည်အားထုတ်ကြ၏။
Derfor tragtede da Jøderne end mere efter at slaa ham ihjel, fordi han ikke alene brød Sabbaten, men ogsaa kaldte Gud sin egen Fader og gjorde sig selv Gud lig.
19 ၁၉ ထို့ကြောင့်သခင်ယေရှုက ယုဒအာဏာပိုင် တို့အား ``အမှန်အကန်သင်တို့အားငါဆို သည်ကားသားတော်သည် မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြု တော်မူသည့်အမှုအရာများကိုတွေ့မြင်ရ သည့်အတိုင်းသာလျှင်ပြု၏။ ခမည်းတော်ပြု တော်မူသောအရာတို့ကိုသားတော်သည်ပြု တော်မူ၏။-
Saa svarede Jesus og sagde til dem: „Sandelig, sandelig, siger jeg eder, Sønnen kan slet intet gøre af sig selv, uden hvad han ser Faderen gøre; thi hvad han gør, det gør ogsaa Sønnen ligesaa.
20 ၂၀ ခမည်းတော်သည်သားတော်ကိုချစ်တော်မူ သဖြင့် မိမိပြုသမျှသောအမှုအရာများ ကိုသားတော်အားပြသတော်မူ၏။ ဤအမှု အရာများထက်ပင်ကြီးစွာသောအမှုအရာ များကိုပြုရန် ခမည်းတော်သည်သားတော်အား ပြသပေးမည်ဖြစ်၍သင်တို့သည်အံ့သြ ကြလိမ့်မည်။-
Thi Faderen elsker Sønnen og viser ham alt det, han selv gør, og han skal vise ham større Gerninger end disse, for at I skulle undre eder.
21 ၂၁ ခမည်းတော်သည်သူသေများကိုအသက်ပြန် ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသူများကိုအသက်ရှင်စေ တော်မူ၏။-
Thi ligesom Faderen oprejser de døde og gør levende, saaledes gør ogsaa Sønnen levende, hvem han vil.
22 ၂၂ ခမည်းတော်သည်အဘယ်သူကိုမျှတရား စီရင်တော်မမူ။-
Thi heller ikke dømmer Faderen nogen, men har givet Sønnen hele Dommen,
23 ၂၃ သားတော်အားတရားစီရင်ပိုင်ခွင့်ရှိသမျှ ကိုပေးအပ်ထားတော်မူ၏။ သို့ဖြစ်၍လူတို့ သည်ခမည်းတော်အားရိုသေကြသည်နည်း တူ သားတော်အားရိုသေရကြမည်။ သားတော် အားမရိုသေသောသူသည်သားတော်ကိုစေ လွှတ်တော်မူသောခမည်းတော်အားမရိုသေ သူဖြစ်၏။
for at alle skulle ære Sønnen, ligesom de ære Faderen. Den, som ikke ærer Sønnen, ærer ikke Faderen, som udsendte ham.
24 ၂၄ ``အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏စကားကိုကြားနာ၍ ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သူသည်တရား စီရင်တော်မူခြင်းကိုမခံရဘဲ သေခြင်း မှအသက်ရှင်ခြင်းသို့ကူးမြောက်သောသူ ဖြစ်၏။- (aiōnios )
Sandelig, sandelig, siger jeg eder, den, som hører mit Ord og tror den, som sendte mig, har et evigt Liv og kommer ikke til Dom, men er gaaet over fra Døden til Livet. (aiōnios )
25 ၂၅ အမှန်အကန်သင်တို့အားငါဆိုသည်ကား သူသေတို့သည် ဘုရားသခင်၏သားတော် အသံကိုကြားရသည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအချိန်သည်ယခုပင်ကျ ရောက်လျက်ရှိပြီ။ သားတော်၏အသံကို ကြားရသောသူတို့သည်အသက်ပြန်၍ ရှင်ကြလိမ့်မည်။-
Sandelig, sandelig, siger jeg eder, den Time kommer, ja den er nu, da de døde skulle høre Guds Søns Røst, og de, som høre den, skulle leve.
26 ၂၆ ခမည်းတော်မှာအသက်ပေးပိုင်သောတန်ခိုး ရှိတော်မူသည်နည်းတူ သားတော်တွင်လည်းရှိ စေရန်ထိုတန်ခိုးကိုသားတော်အားအပ်နှင်း ထားတော်မူ၏။-
Thi ligesom Faderen har Liv i sig selv, saaledes har han ogsaa givet Sønnen at have Liv i sig selv.
27 ၂၇ သားတော်သည်လူသားဖြစ်တော်မူသည်နှင့် အညီ တရားစီရင်ပိုင်သောတန်ခိုးအပ်နှင်း ခြင်းကိုခံရ၏။-
Og han har givet ham Magt til at holde Dom, efterdi han er Menneskesøn.
28 ၂၈ ဤအခြင်းအရာကိုသင်တို့မအံ့သြကြနှင့်။ သင်္ချိုင်းမှသူသေတို့သည်သားတော်၏အသံ တော်ကိုကြား၍ထွက်လာကြမည့်အချိန်ကျ ရောက်လိမ့်မည်။-
Undrer eder ikke herover; thi den Time kommer, paa hvilken alle de, som ere i Gravene, skulle høre hans Røst,
29 ၂၉ အကျင့်ကောင်းကိုပြုခဲ့သူတို့သည်ထမြောက် ၍အသက်ရှင်ကြရလိမ့်မည်။ အကျင့်ဆိုးကို ပြုခဲ့သူတို့မူကား ထမြောက်၍အပြစ်စီရင် ခြင်းကိုခံရလိမ့်မည်။
og de skulle gaa frem, de, som have gjort det gode, til Livets Opstandelse, men de, som have gjort det onde, til Dommens Opstandelse.
30 ၃၀ ``ငါသည်မိမိအလိုအလျောက်မည်သည့်အရာ ကိုမျှမပြုနိုင်။ ခမည်းတော်ဖော်ပြသည့်အတိုင်း သာလျှင်စီရင်ဆုံးဖြတ်၏။ ငါသည်ကိုယ့်အလို သို့မလိုက်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ အလိုတော်သို့လိုက်သည်ဖြစ်၍ ငါ၏စီရင်ဆုံး ဖြတ်ချက်သည်မှန်ကန်၏။
Jeg kan slet intet gøre af mig selv; saaledes som jeg hører, dømmer jeg, og min Dom er retfærdig; thi jeg søger ikke min Villie, men hans Villie, som sendte mig.
31 ၃၁ ``ငါသည်မိမိ၏အကြောင်းကိုသက်သေခံလျှင် ငါ၏သက်သေခံချက်သည်ခိုင်လုံခြင်းမရှိ။-
Dersom jeg vidner om mig selv, er mit Vidnesbyrd ikke sandt.
32 ၃၂ သို့ရာတွင်ငါ့အကြောင်းကိုသက်သေခံသူ တစ်ပါးရှိ၏။ သူ၏သက်သေခံချက်သည်မှန် ကန်ကြောင်းကိုငါသိ၏။-
Det er en anden, som vidner om mig, og jeg ved, at det Vidnesbyrd er sandt, som han vidner om mig.
33 ၃၃ သင်တို့သည်ယောဟန်၏ထံသို့စေတမန်များ စေလွှတ်ခဲ့ကြ၏။ သူသည်သမ္မာတရားဘက် ကသက်သေခံ၏။-
I have sendt Bud til Johannes, og han har vidnet for Sandheden.
34 ၃၄ ငါ့အကြောင်းကိုလူတစ်စုံတစ်ယောက်က သက်သေခံရန်လို၍မဟုတ်။ သင်တို့ကယ်တင် ခြင်းခံရစေရန်သာဤစကားကိုငါပြော ၏။-
Dog, jeg henter ikke Vidnesbyrdet fra et Menneske; men dette siger jeg, for at I skulle frelses.
35 ၃၅ ယောဟန်သည်အလျှံထ၍ထွန်းလင်းနေသော ဆီမီးခွက်သဖွယ်ဖြစ်သဖြင့် သင်တို့သည်သူ ၏အလင်းရောင်တွင်ခဏမျှသာပျော်မွေ့လို ကြ၏။-
Han var det brændende og skinnende Lys, og I have til en Tid villet fryde eder ved hans Lys.
36 ၃၆ သို့ရာတွင်ယောဟန်၏သက်သေခံချက်ထက် ကြီးမြတ်သည့်သက်သေခံချက်ငါ့မှာရှိ၏။ ခမည်းတော်ငါ့အားပေးအပ်သဖြင့် ယခုငါ လုပ်ဆောင်လျက်ရှိသည့်အမှုအရာများကပင် ငါ့ကိုခမည်းတော်စေလွှတ်တော်မူကြောင်းကို သက်သေခံကြ၏။-
Men det Vidnesbyrd, som jeg har, er større end Johannes's; thi de Gerninger, som Faderen har givet mig at fuldbyrde, selve de Gerninger, som jeg gør, vidne om mig, at Faderen har udsendt mig.
37 ၃၇ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ကိုယ် တိုင်ကလည်း ငါ့အကြောင်းကိုသက်သေခံတော် မူ၏။ သင်တို့သည်ခမည်းတော်၏အသံတော် ကိုအဘယ်အခါကမျှမကြားဘူးကြ။ သဏ္ဌာန်တော်ကိုလည်းမမြင်ဘူးကြ။-
Og Faderen, som sendte mig, han har vidnet om mig. I have aldrig hverken hørt hans Røst eller set hans Skikkelse,
38 ၃၈ ခမည်းတော်စေလွှတ်တော်မူသောသူကို မယုံကြည်ကြသဖြင့် နှုတ်ကပတ်တော်သည် သင်တို့၏စိတ်နှလုံးတွင်မကိန်းအောင်း။-
og hans Ord have I ikke blivende i eder; thi den, som han udsendte, ham tro I ikke.
39 ၃၉ ကျမ်းစာတော်တွင်ရှာဖွေ၍ထာဝရအသက် ကိုတွေ့ရှိလိမ့်မည်ဟုသင်တို့ထင်မှတ်ကြသဖြင့် ကျမ်းစာတော်ကိုအပတ်တကုတ်လေ့လာကြ၏။ ထိုကျမ်းစာတော်ကပင်လျှင်ငါ့အကြောင်းကို သက်သေခံ၏။- (aiōnios )
I ransage Skrifterne, fordi I mene i dem at have evigt Liv; og det er dem, som vidne om mig. (aiōnios )
40 ၄၀ သို့သော်လည်းသင်တို့သည်အသက်ရအံ့သော ငှာငါ့ထံသို့မလာလိုကြ။
Og I ville ikke komme til mig, for at I kunne have Liv.
41 ၄၁ ``လူတို့ချီးမွမ်းဂုဏ်ပြုခြင်းကိုငါမခံလို။ သို့ရာတွင်သင်တို့အကြောင်းကိုငါသိ၏။ သင်တို့စိတ်နှလုံးတွင်ဘုရားသခင်ကို ချစ်ခြင်းမရှိကြ။-
Jeg tager ikke Ære af Mennesker;
men jeg kender eder, at I have ikke Guds Kærlighed i eder.
43 ၄၃ ငါသည်ခမည်းတော်၏အခွင့်အာဏာနှင့် ရောက်ရှိလာသော်လည်း သင်တို့သည်ငါ့ကို လက်မခံကြ။ အခြားသူတစ်ဦးတစ်ယောက် သည် ကိုယ်ပိုင်အခွင့်အာဏာနှင့်ရောက်ရှိလာ ပါမူ သင်တို့လက်ခံကြလိမ့်မည်။-
Jeg er kommen i min Faders Navn, og I modtage mig ikke; dersom en anden kommer i sit eget Navn, ham ville I modtage.
44 ၄၄ သင်တို့သည်အချင်းချင်းချီးမွမ်းဂုဏ်ပြုခြင်း ကိုခံလိုကြ၏။ သို့ရာတွင်တစ်ဆူတည်းရှိတော် မူသောဘုရားသခင်၏ချီးမွမ်းဂုဏ်ပြုခြင်း ကိုခံရန်ကိုမူမကြိုးစားကြ။ သို့ဖြစ်၍သင် တို့သည်ငါ့ကိုအဘယ်သို့ယုံကြည်နိုင်ကြ မည်နည်း။-
Hvorledes kunne I tro, I, som tage Ære af hverandre, og den Ære, som er fra den eneste Gud, søge I ikke?
45 ၄၅ သို့သော်ငါသည်သင်တို့အားခမည်းတော်၏ ရှေ့တော်၌ အပြစ်တင်စွပ်စွဲလိမ့်မည်ဟုမထင် ကြနှင့်။ သင်တို့အားအပြစ်တင်မည့်သူကား သင်တို့ကိုးစားသောမောရှေပင်ဖြစ်၏။-
Tænker ikke, at jeg vil anklage eder for Faderen; der er en, som anklager eder, Moses, til hvem I have sat eders Haab.
46 ၄၆ မောရှေသည်ငါ၏အကြောင်းကိုရေးသား ဖော်ပြခဲ့၏။ ထို့ကြောင့်မောရှေကိုသင်တို့ ယုံလျှင်ငါ့ကိုလည်းယုံကြလိမ့်မည်။-
Thi dersom I troede Moses, troede I mig; thi han har skrevet om mig.
47 ၄၇ သို့ရာတွင်သင်တို့သည်မောရှေရေးသား ဖော်ပြချက်များကိုမယုံကြသဖြင့် အဘယ် သို့လျှင်ငါ၏စကားကိုယုံနိုင်ကြမည်နည်း'' ဟုမိန့်တော်မူ၏။
Men tro I ikke hans Skrifter, hvorledes skulle I da tro mine Ord?”