< ယောဟန် 4 >

1 သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​ထက်​ပို​၍​များ သော​တ​ပည့်​များ​ကို ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​လျက် နေ​သည်​ကို​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ​၏။-
When therefore the LORD knew that the Pharisees heard that Jesus makes and immerses more disciples than John,
2 (အ​မှန်​မှာ​သ​ခင်​ယေ​ရှု​ကိုယ်​တော်​တိုင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ကို​ပေး​တော်​မ​မူ။ တ​ပည့်​တော်​တို့​သာ လျှင်​ပေး​ခြင်း​ဖြစ်​၏။)-
(though indeed Jesus Himself was not immersing, but His disciples),
3 ယင်း​သို့​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ​ကြောင်း​ကို သ​ခင်​ယေ​ရှု​သိ​တော်​မူ​လျှင် ယု​ဒ​ပြည်​မှ ထွက်​ခွာ​တော်​မူ​၍​ဂါ​လိ​လဲ​ပြည်​သို့​ကြွ တော်​မူ​၏။-
He left Judea and went away again to Galilee,
4 လမ်း​တွင်​ရှ​မာ​ရိ​ပြည်​ကို​ဖြတ်​၍​သွား​ရ​၏။
and it was necessary [for] Him to go through Samaria.
5 ရှု​ခါ​နာ​မည်​ရှိ​သော​မြို့​သို့​ရောက်​တော်​မူ​၏။ ထို​မြို့​သည်​ယာ​ကုပ်​က​သား​ယော​သပ်​အား ပေး​သည့်​မြေ​ယာ​အ​နီး​တွင်​တည်​ရှိ​၏။-
He comes, therefore, to a city of Samaria, called Sychar, near to the place that Jacob gave to his son Joseph;
6 ထို​အ​ရပ်​တွင်​ယာကုပ်​၏​ရေ​တွင်း​ရှိ​၏။ သ​ခင် ယေ​ရှု​သည်​ခ​ရီး​ပန်း​တော်​မူ​သ​ဖြင့်​ရေ​တွင်း အ​နီး​တွင်​ထိုင်​တော်​မူ​၏။ ထို​အ​ချိန်​ကား​မွန်း တည့်​အ​ချိန်​ခန့်​ဖြစ်​သ​တည်း။
and there was there a well of Jacob. Jesus therefore having been weary from the journeying, was thus sitting on the well; it was as it were the sixth hour;
7 ရှ​မာ​ရိ​အ​မျိုး​သ​မီး​တစ်​ဦး​သည်​ရေ​ခပ်​ရန် ရောက်​ရှိ​လာ​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​အား သောက်​ရေ​တစ်​ခွက်​ပေး​ပါ'' ဟု​ထို​အ​မျိုး သ​မီး​အား​မိန့်​တော်​မူ​၏။-
there comes a woman out of Samaria to draw water. Jesus says to her, “Give Me to drink”;
8 (တ​ပည့်​တော်​တို့​သည်​အ​စား​အ​စာ​ဝယ်​ရန် မြို့​ထဲ​သို့​သွား​နေ​ခိုက်​ဖြစ်​၏။)
for His disciples were gone away into the city that they may buy food;
9 ရှ​မာ​ရိ​အ​မျိုး​သ​မီး​က ``သင်​သည်​ယု​ဒ အ​မျိုး​သား​တစ်​ယောက်​ဖြစ်​ပါ​လျက် ရှ​မာ​ရိ အ​မျိုး​သ​မီး​ဖြစ်​သူ​ကျွန်​မ​ထံ​မှ​သောက်​ရေ ကို​အ​ဘယ်​ကြောင့်​တောင်း​ပါ​သ​နည်း'' ဟု​မေး​၏။ (ဤ​သို့​မေး​ရ​သည့်​အ​ကြောင်း​မှာ​ယု​ဒ​အ​မျိုး သား​များ​သည် ရှ​မာ​ရိ​အ​မျိုးသား​တို့​၏​ခွက် ယောက်​များ​ကို​အ​သုံး​ပြု​လေ့​မ​ရှိ​ကြ​သော ကြောင့်​ဖြစ်​၏။)
the Samaritan woman therefore says to Him, “How do You, being a Jew, ask drink from me, being a Samaritan woman?” For Jews have no dealing with Samaritans.
10 ၁၀ သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ဆု​ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ သင့်​အား​သောက်​ရေ​တစ်​ခွက်​တောင်း​နေ​သူ​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း​သင်​သည် သိ​ပါ​လျှင် ထို​သူ​၏​ထံ​မှ​အ​သက်​ရေ​ကို တောင်း​လိမ့်​မည်။ ထို​သူ​သည်​လည်း​သင့်​အား ထို​ရေ​ကို​ပေး​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Jesus answered and said to her, “If you had known the gift of God, and who it is who is saying to you, Give Me to drink, you would have asked Him, and He would have given you living water.”
11 ၁၁ ထို​အ​မျိုး​သ​မီး​က ``အ​ရှင်၊ ရေ​တွင်း​သည် နက်​ပါ​၏။ အ​ရှင့်​မှာ​ခပ်​စ​ရာ​ရေ​ပုံး​မ​ရှိ ပါ။ အ​ဘယ်​မှာ​လျှင်​အ​သက်​ရေ​ကို​ရ​ပါ မည်​နည်း။-
The woman says to Him, “Lord, You do not even have a vessel to draw with, and the well is deep; from where, then, have You the living water?
12 ၁၂ အ​ဖ​ယာ​ကုပ်​သည်​သူ​ကိုယ်​တိုင်​မှ​စ​၍​သား များ၊ သိုး​များ၊ နွား​များ​သည်​ဤ​ရေ​တွင်း​ရေ ကို​သောက်​ခဲ့​ကြ​ပါ​၏။ အ​ရှင်​သည်​အ​ဖ ယာ​ကုပ်​ထက်​ပင်​ကြီး​မြတ်​ပါ​သ​လော'' ဟု ဆို​၏။
Are You greater than our father Jacob, who gave us the well, and himself drank out of it, and his sons, and his livestock?”
13 ၁၃ သ​ခင်​ယေ​ရှု​က ``ဤ​ရေ​ကို​သောက်​သူ​တိုင်း နောက်​တစ်​ဖန်​ရေ​ငတ်​လိမ့်​ဦး​မည်။-
Jesus answered and said to her, “Everyone who is drinking of this water will thirst again;
14 ၁၄ ငါ​ပေး​မည့်​ရေ​ကို​သောက်​သူ​မူ​ကား​အ​ဘယ် အ​ခါ​မျှ​ရေ​ငတ်​တော့​မည်​မ​ဟုတ်။ ထို​ရေ​သည် သူ​၏​အ​တွင်း​၌​ထာ​ဝ​စဉ်​စမ်း​ပေါက်​လျက် သူ့ အား​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (aiōn g165, aiōnios g166)
but whoever may drink of the water that I will give him, may not thirst—throughout the age; and the water that I will give him will become in him a well of water, springing up to continuous life.” (aiōn g165, aiōnios g166)
15 ၁၅ ထို​အ​မျိုး​သ​မီး​က ``အ​ရှင်၊ ကျွန်​မ​သည်​နောက် တစ်​ဖန်​ရေ​မ​ငတ်​စေ​ရန်​လည်း​ကောင်း၊ ဤ​အ​ရပ် သို့​လာ​၍​ရေ​မ​ခပ်​ရ​စေ​ရန်​လည်း​ကောင်း ထို​ရေ ကို​ကျွန်​မ​အား​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။
The woman says to Him, “Lord, give me this water, that I may not thirst, nor come here to draw.”
16 ၁၆ ကိုယ်​တော်​က ``သွား​လော့။ သင့်​ခင်​ပွန်း​ကို​ခေါ် ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။
Jesus says to her, “Go, call your husband, and come here”;
17 ၁၇ ထို​အ​မျိုး​သ​မီး​က ``ကျွန်​မ​မှာ​ခင်​ပွန်း​မ​ရှိ ပါ'' ဟု​ဆို​၏။ ကိုယ်​တော်​က ``ကျွန်​မ​မှာ​ခင်​ပွန်း​မ​ရှိ​ဟု​ဆို သည်​မှာ​မှန်​ပေ​၏။-
the woman answered and said, “I do not have a husband.” Jesus says to her, “Well did you say—I do not have a husband;
18 ၁၈ သင့်​မှာ​ခင်​ပွန်း​ငါး​ယောက်​ရှိ​ခဲ့​ဖူး​ပြီ။ ယ​ခု သင်​နှင့်​အ​တူ​နေ​သူ​ကား​သင်​၏​ခင်​ပွန်း​မ ဟုတ်။ သင်​သည်​မှန်​သော​စ​ကား​ကို​ပြော​၏'' ဟု မိန့်​တော်​မူ​၏။
for you have had five husbands, and now, he whom you have is not your husband; you have said this correctly.”
19 ၁၉ အ​မျိုး​သ​မီး​က ``အ​ရှင်​သည်​ပ​ရော​ဖက် ဖြစ်​တော်​မူ​ကြောင်း​ကို​ကျွန်​မ​သိ​မြင်​နိုင် ပါ​၏။-
The woman says to Him, “Lord, I perceive that You are a prophet;
20 ၂၀ ကျွန်​မ​တို့​၏​ဘိုး​ဘေး​များ​သည်​ဤ​တောင် ပေါ်​မှာ ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ့ ရှိ​ကြ​ပါ​၏။ အ​ရှင်​တို့​ယုဒ​အ​မျိုး​သား​များ က​မူ​ယေ​ရု​ရှ​လင်​မြို့​၌​သာ ဘု​ရား​သ​ခင် ကို​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်​ဟု​ဆို​ကြ​ပါ​၏'' ဟု​လျှောက်​၏။
our fathers worshiped in this mountain, and You say that in Jerusalem is the place where it is required to worship.”
21 ၂၁ သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ ငါ့ စ​ကား​ကို​ယုံ​လော့။ ဤ​တောင်​ပေါ်​၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း​ခ​မည်း​တော်​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​မ​ပြု​တော့​မည့်​အ​ချိန် ရောက်​ရှိ​လာ​ပေ​အံ့။-
Jesus says to her, “Woman, believe Me, that there comes an hour when neither in this mountain, nor in Jerusalem, will you worship the Father;
22 ၂၂ ရှ​မာ​ရိ​လူ​မျိုး​ဖြစ်​သော​သင်​တို့​သည် မိ​မိ​တို့ မ​သိ​သည့်​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​တို့​မူ​ကား​ငါ​တို့​သိ​သည့်​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​သည် ယု​ဒ​အ​မျိုး သား​များ​ထံ​မှ​တစ်​ဆင့်​သက်​ရောက်​လာ​သော ကြောင့်​ဖြစ်​၏။-
you worship what you have not known; we worship what we have known, because salvation is of the Jews;
23 ၂၃ ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည်​ခ​မည်း​တော်​အား အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ​သည့်​အ​တိုင်း ဝိ​ညာဉ် တော်​တန်​ခိုး​အား​ဖြင့်​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး ကွယ်​ရ​မည့်​အ​ချိန်​ရောက်​လာ​လိမ့်​မည်။ ယ​ခု ပင်​ရောက်​လျက်​ရှိ​၏။ ထို​သို့​ဝတ်​ပြု​ကိုး​ကွယ် သူ​တို့​ကို​ခ​မည်း​တော်​နှစ်​သက်​တော်​မူ​၏။-
but there comes an hour, and it now is, when the true worshipers will worship the Father in spirit and truth, for the Father also seeks such to worship Him;
24 ၂၄ ဘု​ရား​သ​ခင်​သည်​နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ သ​ဖြင့် ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့ သည်​လည်း​ကိုယ်​တော်​အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ သည့်​အ​တိုင်း ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။
God [is] Spirit, and those worshiping Him should worship in spirit and truth.”
25 ၂၅ အ​မျိုး​သ​မီး​က ``မေ​ရှိ​ယ​အ​ရှင်​ကြွ​လာ​တော် မူ​မည်​ကို​ကျွန်​မ​သိ​ပါ​၏။ ထို​အ​ရှင်​ကြွ​လာ တော်​မူ​သော​အ​ခါ ကျွန်​မ​တို့​အား​အ​မှု​အ​ရာ ခပ်​သိမ်း​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။
The woman says to Him, “I have known that Messiah comes, who is called Christ, when that One may come, He will tell us all things”;
26 ၂၆ သ​ခင်​ယေ​ရှု​က ``ထို​အ​ရှင်​ကား​သင်​နှင့်​ယ​ခု စ​ကား​ပြော​နေ​သူ​ငါ​ပင်​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
Jesus says to her, “I who am speaking to you am [He].”
27 ၂၇ ထို​အ​ချိန်​၌​တ​ပည့်​တော်​တို့​ပြန်​ရောက်​လာ ကြ​၏။ သူ​တို့​သည်​အ​မျိုး​သ​မီး​နှင့်​ကိုယ်​တော် စ​ကား​ပြော​လျက်​နေ​သည်​ကို​တွေ့​ရ​သ​ဖြင့် အံ့​သြ​ကြ​၏။ သို့​ရာ​တွင်​အ​မျိုး​သ​မီး​အား ``အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ပါ​သ​နည်း'' ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​အား ``အ​ဘယ် ကြောင့်​ထို​အ​မျိုး​သ​မီး​နှင့်​စ​ကား​ပြော လျက်​နေ​တော်​မူ​ပါ​သ​နည်း'' ဟူ​၍​လည်း ကောင်း​အ​ဘယ်​သူ​မှ​မ​မေး​လျှောက်​ကြ။
And on this came His disciples, and were wondering that He was speaking with a woman, no one, however, said, “What do You seek?” Or “Why do You speak with her?”
28 ၂၈ အ​မျိုး​သ​မီး​သည်​ရေ​အိုး​ကို​ထား​ခဲ့​၍​မြို့ ထဲ​သို့​သွား​ပြီး​လျှင်၊-
The woman then left her water-jug and went away into the city, and says to the men,
29 ၂၉ ``ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ပြ​သူ​ကို​လာ​၍​ကြည့်​ကြ ပါ။ သူ​သည်​ခ​ရစ်​တော်​ပင်​ဖြစ်​လိမ့်​မည်​လော'' ဟု​လူ​တို့​အား​ဆို​၏။-
“Come, see a Man who told me all things—as many as I did; is this the Christ?”
30 ၃၀ သို့​ဖြစ်​၍​လူ​တို့​သည်​မြို့​ထဲ​မှ​ထွက်​၍ ကိုယ်​တော်​၏​ထံ​သို့​လာ​ကြ​၏။
They went forth therefore out of the city, and were coming to Him.
31 ၃၁ ဤ​အ​တော​အ​တွင်း​၌​တ​ပည့်​တော်​တို့​က ``အ​ရှင် ဘု​ရား၊ အ​စား​အ​စာ​သုံး​ဆောင်​တော်​မူ​ပါ'' ဟု လျှောက်​ထား​တောင်း​ပန်​ကြ​၏။
And in the meanwhile His disciples were asking Him, saying, “Rabbi, eat”;
32 ၃၂ ကိုယ်​တော်​က ``သင်​တို့​မ​သိ​ကြ​သည့်​အ​စား အ​စာ​ကို​ငါ​သုံး​ဆောင်​ပြီး​ပြီ'' ဟု​မိန့်​တော် မူ​၏။-
and He said to them, “I have food to eat that you have not known.”
33 ၃၃ ထို့​ကြောင့်​တ​ပည့်​တော်​တို့​သည် ``ကိုယ်​တော်​အား အ​စား​အ​စာ​ဆက်​ကပ်​သူ​တစ်​စုံ​တစ်​ယောက်​ရှိ လေ​ပြီ​လော'' ဟု​အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။
The disciples then said to one another, “Did anyone bring Him anything to eat?”
34 ၃၄ ကိုယ်​တော်​က ``ငါ​၏​အ​စား​အ​စာ​ကား​ငါ့​ကို စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကို လိုက်​နာ​၍ ထို​အ​ရှင်​ပေး​အပ်​သည့်​အ​မှု​တော် ကို​ပြီး​စီး​အောင်​ဆောင်​ရွက်​ခြင်း​ပင်​ဖြစ်​၏။-
Jesus says to them, “My food is that I may do the will of Him who sent Me, and may finish His work;
35 ၃၅ နောက်​လေး​လ​မျှ​ကြာ​လျှင်​ကောက်​ရိတ်​ချိန် ရောက်​လိမ့်​မည်​ဟု သင်​တို့​ဆို​တတ်​ကြ​သည် မ​ဟုတ်​လော။ သင်​တို့​အား​ငါ​ဆို​သည်​ကား လယ်​ပြင်​တို့​ကို​မျှော်​ကြည့်​လော့။ ရိတ်​သိမ်း ရန်​သီး​နှံ​တို့​သည်​မှည့်​ဝင်း​လျက်​ရှိ​ပေ​ပြီ။-
do not say that it is yet four months, and the harvest comes; behold, I say to you, lift up your eyes, and see the fields, that they are white to harvest already.
36 ၃၆ ရိတ်​သူ​သည်​အ​ခ​ကို​ခံ​ယူ​၍​ထာ​ဝ​ရ​အ​သက် ဆိုင်​ရာ​သီး​နှံ​များ​ကို​ရိတ်​သိမ်း​၏။ သို့​ဖြစ်​၍ စိုက်​သူ​နှင့်​ရိတ်​သူ​တို့​သည် အ​တူ​တ​ကွ​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။- (aiōnios g166)
And he who is reaping receives a reward, and gathers fruit to continuous life, that both he who is sowing and he who is reaping may rejoice together; (aiōnios g166)
37 ၃၇ `တစ်​ဦး​ကား​စိုက်​၍​နောက်​တစ်​ဦး​ကား​ရိတ်​ရ​၏' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​မှန်​ကန်​လျက်​နေ သ​တည်း။-
for in this the saying is the true one, that one is the sower and another the reaper.
38 ၃၈ သင်​တို့​မ​စိုက်​မ​ပျိုး​သည့်​လယ်​မှ​အ​သီး အ​နှံ​များ​ကို​ရိတ်​သိမ်း​ရန်​သင်​တို့​အား​ငါ စေ​လွှတ်​၏။ အ​ခြား​သော​သူ​တို့​က​စိုက်​ပျိုး လုပ်​ဆောင်​ကြ​၍ သင်​တို့​က​အ​ကျိုး​ကို​ခံ​စား ကြ​ရ​၏'' ဟု​မိန့်​တော်​မူ​၏။
I sent you to reap on that which you have not labored; others labored, and you have entered into their labor.”
39 ၃၉ ရှ​မာ​ရိ​အ​မျိုး​သ​မီး​က ``ဤ​သူ​သည်​ကျွန်​မ ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ​ကို​ပြော ပြ​ပါ​၏။'' ဟု​ဆို​သ​ဖြင့်​ထို​မြို့​ရှိ​ရှ​မာ​ရိ အ​မျိုး​သား​အ​မြောက်​အမြား​ပင်​သ​ခင်​ယေ​ရှု အား​ယုံ​ကြည်​လာ​ကြ​၏။-
And many from that city believed in Him, of the Samaritans, because of the word of the woman testifying, “He told me all things—as many as I did.”
40 ၄၀ သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​၏​ထံ​တော် သို့​ရောက်​ကြ​သော​အ​ခါ မိ​မိ​တို့​ထံ​တွင် တည်း​ခို​တော်​မူ​ပါ​ဟု​လျှောက်​ထား​တောင်း​ပန် ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​တွင်​နှစ် ရက်​မျှ​နေ​တော်​မူ​၏။
When, then, the Samaritans came to Him, they were asking Him to remain with them, and He remained there two days;
41 ၄၁ ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ​ကြ​ရ သ​ဖြင့် ကိုယ်​တော်​အား​ယုံ​ကြည်​လာ​ကြ​သူ အ​မြောက်​အ​မြား​လည်း​ရှိ​၏။-
and many more believed because of His word,
42 ၄၂ ထို​သူ​တို့​က​ရှ​မာ​ရိ​အ​မျိုး​သ​မီး​အား ``ယ​ခု ငါ​တို့​သည်​ကိုယ်​တော်​အား​ယုံ​ကြည်​လာ​ကြ သည်​မှာ သင့်​စ​ကား​ကြောင့်​မ​ဟုတ်။ ကိုယ်​တော် ၏​တ​ရား​တော်​ကို​ငါ​တို့​ကိုယ်​တိုင်​ကြား​နာ ကြ​ရ​သော​ကြောင့်​ဖြစ်​၏။ ဤ​အ​ရှင်​ကား လော​က​၏​ကယ်​တင်​ရှင်​အ​စစ်​အ​မှန်​ပင် ဖြစ်​တော်​မူ​ကြောင်း​ကို​ငါ​တို့​သိ​ကြ​ပြီ'' ဟု​ဆို​ကြ​၏။
and said to the woman, “We no longer believe because of your speaking; for we ourselves have heard and known that this is truly the Savior of the world—the Christ.”
43 ၄၃ ``ပ​ရော​ဖက်​သည်​မိ​မိ​နေ​ရင်း​ပြည်​ရွာ​၌ ဂုဏ်​အ​သ​ရေ​မ​ရှိ'' ဟု​သ​ခင်​ယေ​ရှု​ကိုယ် တော်​တိုင်​မိန့်​တော်​မူ​ခဲ့​ဖူး​သည့်​အ​တိုင်း နှစ် ရက်​မျှ​ကြာ​သော်​ထို​အ​ရပ်​မှ​ထွက်​ခွာ​၍ ဂါ​လိ​လဲ​ပြည်​သို့​ကြွ​တော်​မူ​၏။-
And after the two days He went forth from there, and went away to Galilee,
44 ၄၄
for Jesus Himself testified that a prophet will not have honor in his own country;
45 ၄၅ ရောက်​တော်​မူ​လျှင်​ဂါ​လိ​လဲ​ပြည်​သား​တို့ သည်​ကိုယ်​တော်​အား​ကြို​ဆို​လက်​ခံ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယေ​ရု​ရှ​လင်​မြို့ တွင်​ကျင်း​ပ​ခဲ့​သည့်​ပ​သ​ခါ​ပွဲ​တော်​သို့ သူ တို့​ကိုယ်​တိုင်​ရောက်​ခဲ့​ကြ​၍ ထို​ပွဲ​တော်​အ​တွင်း ၌​ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ အ​ပေါင်း​ကို​တွေ့​မြင်​ခဲ့​ကြ​သော​ကြောင့်​တည်း။
when then, He came to Galilee, the Galileans received Him, having seen all things that He did in Jerusalem in the celebration—for they also went to the celebration.
46 ၄၆ ထို​နောက်​ကိုယ်​တော်​သည်​ရေ​ကို​စ​ပျစ်​ရည်​ဖြစ် စေ​တော်​မူ​ခဲ့​ရာ ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သို့ တစ်​ဖန်​ကြွ​တော်​မူ​၏။ ထို​မြို့​၌​အ​စိုး​ရ​အ​ရာ ရှိ​တစ်​ဦး​ရှိ​၏။ သူ​၏​သား​သည်​က​ပေ​ရ​နောင် မြို့​တွင်​ဖျား​နာ​လျက်​နေ​၏။-
Jesus came, therefore, again to Cana of Galilee, where He made the water wine, and there was a certain attendant, whose son was ailing in Capernaum,
47 ၄၇ ထို​အ​ရာ​ရှိ​သည်​ယု​ဒ​ပြည်​မှ​ဂါ​လိ​လဲ ပြည်​သို့​သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း ကို​ကြား​သ​ဖြင့် အ​ထံ​တော်​သို့​သွား​၍​သေ ခါ​နီး​ဖြစ်​သော မိ​မိ​သား​၏​အ​နာ​ရော​ဂါ ကို​ပျောက်​ကင်း​စေ​တော်​မူ​ပါ​မည့်​အ​ကြောင်း လျှောက်​ထား​၏။-
he, having heard that Jesus comes out of Judea to Galilee, went away to Him, and was asking Him that He may come down and may heal his son, for he was about to die.
48 ၄၈ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​အံ့​သြ​ဖွယ်​ရာ နိ​မိတ်​လက္ခ​ဏာ​များ​ကို​မ​တွေ့​မ​မြင်​ရ​လျှင် ယုံ​ကြည်​ကြ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
Jesus then said to him, “If you may not see signs and wonders, you will not believe.”
49 ၄၉ အ​ရာ​ရှိ​က ``အ​ရှင်၊ အ​ကျွန်ုပ်​၏​သား​မ​သေ​မီ ကြွ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
The attendant says to Him, “Lord, come down before my child dies”;
50 ၅၀ သ​ခင်​ယေ​ရှု​က ``သွား​လော့။ သင့်​သား​သည် အ​သက်​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​သည့် စ​ကား​ကို​ယုံ​ကြည်​လျက်​ထွက်​သွား​၏။-
Jesus says to him, “Be going on; your son lives.” And the man believed the word that Jesus said to him, and was going on,
51 ၅၁ သူ​သည်​လမ်း​ခရီး​မှာ​ရှိ​နေ​သေး​စဉ်​သူ​၏ အ​စေ​ခံ​များ​ရောက်​လာ​၍ ``အ​ရှင်​၏​သား​ငယ် သည်​သက်​သာ​လာ​ပါ​ပြီ'' ဟု​ပြော​ကြား​ကြ​၏။
and he now going down, his servants met him, and told, saying, “Your child lives”;
52 ၅၂ ထို​သူ​က ``အ​ဘယ်​အ​ချိန်​၌​သား​ငယ်​ရော​ဂါ သက်​သာ​သွား​ပါ​သ​နည်း'' ဟု​မေး​သော​အ​ခါ အ​စေ​ခံ​များ​က ``ယ​မန်​နေ့​မွန်း​လွဲ​တစ်​နာ​ရီ ခန့်​တွင်​အ​ဖျား​ပျောက်​ပါ​၏'' ဟု​ဖြေ​ကြား ကြ​၏။-
he inquired then of them the hour in which he became better, and they said to him, “Yesterday at the seventh hour the fever left him”;
53 ၅၃ ထို​အ​ခါ​ဖ​ခင်​ဖြစ်​သူ​သည်​ထို​အ​ချိန်​ကား `သင့်​သား​သည်​အ​သက်​ရှင်​လိမ့်​မည်' ဟု​သ​ခင် ယေ​ရှု​မိန့်​တော်​မူ​သော​အ​ချိန်​ပင်​ဖြစ်​ကြောင်း ကို​သ​တိ​ရ​လေ​သည်။ သို့​ဖြစ်​၍​သူ​နှင့်​တ​ကွ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား​ယုံ​ကြည်​လာ​ကြ​၏။
then the father knew that [it was] in that hour in which Jesus said to him, “Your son lives,” and he himself believed, and his whole house;
54 ၅၄ ဤ​ကား​ယု​ဒ​ပြည်​မှ​ဂါ​လိ​လဲ​ပြည်​သို့​သ​ခင် ယေ​ရှု​ကြွ​တော်​မူ​ပြီး​နောက် ဒု​တိ​ယ​အ​ကြိမ် ပြ​တော်​မူ​သော​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ဖြစ် သ​တည်း။
this again [was] a second sign Jesus did, having come out of Judea to Galilee.

< ယောဟန် 4 >