< ယောဟန် 3 >

1 ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ဖြစ်​သူ​နိ​ကော​ဒင်​နာ​မည်​ရှိ​သော ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​တစ်​ယောက်​ရှိ​၏။-
फ़रीसियों में से एक शख़्स निकुदेमुस नाम यहूदियों का एक सरदार था।
2 သူ​သည်​ညဥ့်​အ​ခါ​ကိုယ်​တော်​၏​ထံ​သို့​လာ​၍ ``အ​ရှင်​ဘု​ရား၊ ဘု​ရား​သ​ခင်​အ​တူ​ပါ​ရှိ​တော် မ​မူ​လျှင် အ​ဘယ်​သူ​မျှ​အ​ရှင်​ပြ​တော်​မူ​သော အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​မည် မ​ဟုတ်​ပါ။ သို့​ဖြစ်​၍​အ​ရှင်​သည်​ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​ဆ​ရာ​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏'' ဟု​လျှောက်​၏။
उसने रात को ईसा के पास आकर उससे कहा, “ऐ रब्बी! हम जानते हैं कि तू ख़ुदा की तरफ़ से उस्ताद होकर आया है, क्यूँकि जो मोजिज़े तू दिखाता है कोई शख़्स नहीं दिखा सकता, जब तक ख़ुदा उसके साथ न हो।”
3 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား တစ်​ဖန်​မွေး​ဖွား​ခြင်း​မ​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို​မ​မြင်​နိုင်'' ဟု မိန့်​တော်​မူ​၏။
ईसा ने जवाब में उससे कहा, “मैं तुझ से सच कहता हूँ, कि जब तक कोई नए सिरे से पैदा न हो, वो ख़ुदा की बादशाही को देख नहीं सकता।”
4 နိ​ကော​ဒင်​က ``အ​သက်​ကြီး​သော​သူ​သည် အ​ဘယ်​သို့​လျှင် တစ်​ဖန်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ ပါ​မည်​နည်း။ အ​မိ​ဝမ်း​သို့​ပြန်​၍​ဝင်​ပြီး​လျှင် ဒု​တိ​ယ​အ​ကြိမ်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ​ပါ မည်​လော'' ဟု​လျှောက်​၏။
नीकुदेमुस ने उससे कहा, “आदमी जब बूढ़ा हो गया, तो क्यूँकर पैदा हो सकता है? क्या वो दोबारा अपनी माँ के पेट में दाख़िल होकर पैदा हो सकता है?”
5 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ ဆို​သည်​ကား၊ ရေ​နှင့်​ဝိညာဉ်​တော်​အား​ဖြင့်​မွေး ဖွား​လာ​သူ​မ​ဟုတ်​လျှင် အ​ဘယ်​သူ​မျှ​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သို့​မ​ဝင်​ရ။-
ईसा ने जवाब दिया, “मैं तुझ से सच कहता हूँ, जब तक कोई आदमी पानी और रूह से पैदा न हो, वो ख़ुदा की बादशाही में दाख़िल नहीं हो सकता।
6 အ​သွေး​အ​သား​အား​ဖြင့်​မွေး​ဖွား​သူ​သည် အ​သွေး​အ​သား​ဖြစ်​၏။ ဝိညာဉ်​တော်​အား​ဖြင့် မွေး​ဖွား​သူ​သည်​ဝိ​ညာဉ်​ဖြစ်​၏။-
जो जिस्म से पैदा हुआ है जिस्म है, और जो रूह से पैदा हुआ है रूह है।
7 တစ်​ဖန်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု​ငါ ဆို​သည်​ကို​မ​အံ့​သြ​နှင့်။-
ता'अज्जुब न कर कि मैंने तुझ से कहा, 'तुम्हें नए सिरे से पैदा होना ज़रूर है।
8 လေ​သည်​မိ​မိ​တိုက်​လို​ရာ​သို့​တိုက်​တတ်​၏။ လေ​၏ အ​သံ​ကို​ကြား​ရ​သော်​လည်း​အ​ဘယ်​အ​ရပ်​မှ တိုက်​လာ​သည်​ကို​သော်​လည်း​ကောင်း၊ အ​ဘယ်​အ​ရပ် သို့​တိုက်​လိမ့်​မည်​ကို​သော်​လည်း​ကောင်း​မ​သိ​နိုင်။ ဝိ​ညာဉ်​တော်​အား​ဖြင့်​မွေး​ဖွား​သူ​တိုင်း​သည် လည်း ဤ​နည်း​တူ​ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
हवा जिधर चाहती है चलती है और तू उसकी आवाज़ सुनता है, मगर नहीं कि वो कहाँ से आती और कहाँ को जाती है। जो कोई रूह से पैदा हुआ ऐसा ही है।”
9 နိ​ကော​ဒင်​က ``ဤ​အ​မှု​အ​ရာ​သည်​အ​ဘယ် သို့​ဖြစ်​နိုင်​ပါ​မည်​နည်း'' ဟု​လျှောက်​၏။
नीकुदेमुस ने जवाब में उससे कहा, “ये बातें क्यूँकर हो सकती हैं?”
10 ၁၀ သ​ခင်​ယေ​ရှု​က ``သင်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဆ​ရာ​တစ်​ဦး​ဖြစ်​ပါ​လျက် ဤ အ​မှု​အ​ရာ​အ​ကြောင်း​ကို​မ​သိ​သ​လော။-
ईसा ने जवाब में उससे कहा, “बनी — इस्राईल का उस्ताद होकर क्या तू इन बातों को नहीं जानता?
11 ၁၁ အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည်​ကား ငါ​တို့ သည်​မိ​မိ​တို့​သိ​သည့်​အ​ရာ​ကို​ပြော​ကြ​၏။ မြင် သည့်​အ​ရာ​ကို​သက်​သေ​ခံ​ကြ​၏။ သို့​ရာ​တွင် ငါ​တို့​၏​သက်​သေ​ခံ​ချက်​ကို​သင်​တို့​လက် မ​ခံ​ကြ။-
मैं तुझ से सच कहता हूँ कि जो हम जानते हैं वो कहते हैं, और जिसे हम ने देखा है उसकी गवाही देते हैं, और तुम हमारी गवाही क़ुबूल नहीं करते।
12 ၁၂ လော​က​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​ငါ​ဖော်​ပြ သော​အ​ခါ​၌​သင်​တို့​မ​ယုံ​ကြ​လျှင် ကောင်း​ကင် ဘုံ​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​ဖော်​ပြ​သော အ​ခါ​၌ အ​ဘယ်​သို့​လျှင်​သင်​တို့​ယုံ​ကြည် ကြ​မည်​နည်း။-
जब मैंने तुम से ज़मीन की बातें कहीं और तुम ने यक़ीन नहीं किया, तो अगर मैं तुम से आसमान की बातें कहूँ तो क्यूँकर यक़ीन करोगे?
13 ၁၃ ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​လာ​သော​လူ​သား မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​ကောင်း​ကင်​ဘုံ​သို့ မ​ရောက်​ဖူး​ကြ'' ဟု​မိန့်​တော်​မူ​၏။
आसमान पर कोई नहीं चढ़ा, सिवा उसके जो आसमान से उतरा या'नी इब्न — ए — आदम जो आसमान में है।
14 ၁၄
और जिस तरह मूसा ने पीतल के साँपको वीराने में ऊँचे पर चढ़ाया, उसी तरह ज़रूर है कि इब्न — ए — आदम भी ऊँचे पर चढ़ाया जाए;
15 ၁၅ မိ​မိ​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ အ​သက်​ကို​ရ​ရှိ​ကြ​စေ​ရန် လူ​သား​သည်​တော ကန္တာ​ရ​၌​တိုင်​ထိပ်​တွင်​မော​ရှေ​မြှောက်​တင်​ထား သည့်​ကြေး​မြွေ​ရုပ်​ကဲ့​သို့​မြှောက်​တင်​ခြင်း ခံ​ရ​လိမ့်​မည်။- (aiōnios g166)
ताकि जो कोई ईमान लाए उसमें हमेशा की ज़िन्दगी पाए।” (aiōnios g166)
16 ၁၆ ဘု​ရား​သ​ခင်​သည်​လော​က​သား​တို့​ကို​လွန်​စွာ ချစ်​တော်​မူ​သ​ဖြင့် သား​တော်​အား​ယုံ​ကြည်​သူ အ​ပေါင်း​တို့​သည်​ပျက်​စီး​ဆုံး​ပါး​ခြင်း​မ​ရှိ ဘဲ ထာ​ဝ​ရ​အ​သက်​ကို​ရ​စေ​ခြင်း​ငှာ မိ​မိ ၏​တစ်​ပါး​တည်း​သော​သား​တော်​ကို​စွန့်​တော် မူ​၏။- (aiōnios g166)
“क्यूँकि ख़ुदा ने दुनियाँ से ऐसी मुहब्बत रख्खी कि उसने अपना इकलौता बेटा बख़्श दिया, ताकि जो कोई उस पर ईमान लाए हलाक न हो, बल्कि हमेशा की ज़िन्दगी पाए। (aiōnios g166)
17 ၁၇ သား​တော်​ကို​လော​က​သို့​စေ​လွှတ်​တော်​မူ​သည် မှာ လော​က​သား​တို့​အား​အ​ပြစ်​စီ​ရင်​ရန် မ​ဟုတ်။ လော​က​သား​တို့​ကို​ကယ်​တင်​ရန် ဖြစ်​၏။
क्यूँकि ख़ुदा ने बेटे को दुनियाँ में इसलिए नहीं भेजा कि दुनियाँ पर सज़ा का हुक्म करे, बल्कि इसलिए कि दुनियाँ उसके वसीले से नजात पाए।
18 ၁၈ သား​တော်​ကို​ယုံ​ကြည်​သူ​သည်​အ​ပြစ်​စီ​ရင် တော်​မူ​ခြင်း​ကို​မ​ခံ​ရ။ မ​ယုံ​ကြည်​သူ​မူ​ကား ဘု​ရား​သ​ခင်​၏​တစ်​ပါး​တည်း​သော​သား​တော် ကို​မ​ယုံ​ကြည်​သည့်​အ​တွက် ယ​ခု​ပင်​အ​ပြစ် စီ​ရင်​ခြင်း​ကို​ခံ​ရ​၏။-
जो उस पर ईमान लाता है उस पर सज़ा का हुक्म नहीं होता, जो उस पर ईमान नहीं लाता उस पर सज़ा का हुक्म हो चुका; इसलिए कि वो ख़ुदा के इकलौते बेटे के नाम पर ईमान नहीं लाया।
19 ၁၉ အ​ပြစ်​စီ​ရင်​ခြင်း​၏​သ​ဘော​တ​ရား​ကား ဤ​သို့​တည်း။ အ​လင်း​တော်​သည်​ဤ​လော​က သို့​ရောက်​ရှိ​လာ​၏။ သို့​ရာ​တွင်​လူ​တို့​သည် ဆိုး​ယုတ်​သူ​များ​ဖြစ်​သည်​အား​လျော်​စွာ အ​လင်း​တော်​ထက်​အ​မှောင်​ကို​နှစ်​သက် ကြ​၏။-
और सज़ा के हुक्म की वजह ये है कि नूर दुनियाँ में आया है, और आदमियों ने तारीकी को नूर से ज़्यादा पसन्द किया इसलिए कि उनके काम बुरे थे।
20 ၂၀ ဆိုး​ယုတ်​သူ​တိုင်း​အ​လင်း​ကို​မုန်း​၏။ မိ​မိ​၏ အ​ကျင့်​ဆိုး​ပေါ်​သွား​မည်​ကို​စိုး​၍​အ​လင်း အ​နီး​သို့​မ​ကပ်​ဝံ့။-
क्यूँकि जो कोई बदी करता है वो नूर से दुश्मनी रखता है और नूर के पास नहीं आता, ऐसा न हो कि उसके कामों पर मलामत की जाए।
21 ၂၁ သို့​ရာ​တွင်​သစ္စာ​တ​ရား​ကို​ကျင့်​သော​သူ​များ ကား မိ​မိ​ပြု​လေ​သ​မျှ​သော​အ​ရာ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ဖြစ် ကြောင်း​ကို သိ​သာ​ထင်​ရှား​စေ​ရန်​အ​လင်း သို့​ချဉ်း​ကပ်​လာ​တတ်​သည်။
मगर जो सचाई पर 'अमल करता है वो नूर के पास आता है, ताकि उसके काम ज़ाहिर हों कि वो ख़ुदा में किए गए हैं।”
22 ၂၂ ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ နှင့်​အ​တူ ယု​ဒ​ကျေး​လက်​သို့​ကြွ​တော်​မူ​၏။ ထို​အ​ရပ်​တွင်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​နေ တော်​မူ​လျက်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​၏။-
इन बातों के बाद ईसा और शागिर्द यहूदिया के मुल्क में आए, और वो वहाँ उनके साथ रहकर बपतिस्मा देने लगा।
23 ၂၃ ရှာ​လိမ်​မြို့​အ​နီး​အဲနုန်​အ​ရပ်​တွင်​ရေ​များ​စွာ ရှိ​သ​ဖြင့်​ယော​ဟန်​သည်​လည်း ဗတ္တိ​ဇံ​မင်္ဂ​လာ ပေး​လျက်​နေ​၏။ လူ​တို့​သည်​ယော​ဟန်​ထံ သို့​လာ​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​၏။-
और युहन्ना भी 'एनोन में बपतिस्मा देता था जो यरदन नदी के पासथा, क्यूँकि वहाँ पानी बहुत था और लोग आकर बपतिस्मा लेते थे।
24 ၂၄ (ထို​အ​ခါ​က​ယော​ဟန်​ထောင်​မ​ကျ​သေး​ချေ။)
(क्यूँकि यहून्ना उस वक़्त तक क़ैदख़ाने में डाला न गया था)
25 ၂၅ ယော​ဟန်​၏​တ​ပည့်​အ​ချို့​တို့​သည်​သန့်​ရှင်း ခြင်း​မင်္ဂ​လာ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ယု​ဒ အ​မျိုး​သား​တစ်​ယောက်​နှင့်​အ​ငြင်း​ပွား ကြ​၏။-
पस युहन्ना के शागिर्दों की किसी यहूदी के साथ पाकीज़गी के बारे में बहस हुई।
26 ၂၆ သို့​ဖြစ်​၍​သူ​တို့​သည်​ယော​ဟန်​ထံ​သို့​လာ​ပြီး လျှင် ``ဆ​ရာ​တော်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း တွင်​ဆ​ရာ​တော်​၏​ထံ​သို့ လာ​ရောက်​ခဲ့​ဖူး​သူ လူ​တစ်​ယောက်​ကို​သ​တိ​ရ​ပါ​သ​လော။ သူ​၏ အ​ကြောင်း​ကို​ဆ​ရာ​တော်​သက်​သေ​ခံ​ခဲ့​ဖူး ပါ​၏။ ယ​ခု​သူ​သည်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး လျက်​နေ​ပါ​သည်။ လူ​အ​ပေါင်း​တို့​သည်​လည်း သူ့​ထံ​သို့​လာ​လျက်​နေ​ကြ​ပါ​၏'' ဟု​လျှောက် ၏။
उन्होंने युहन्ना के पास आकर कहा, “ऐ रब्बी! जो शख़्स यरदन के पार तेरे साथ था, जिसकी तूने गवाही दी है; देख, वो बपतिस्मा देता है और सब उसके पास आते हैं।”
27 ၂၇ ယော​ဟန်​က ``ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မ​မူ လျှင် လူ​သည်​အ​ဘယ်​အ​လုပ်​တာ​ဝန်​ကို​မျှ မ​ခံ​မ​ယူ​နိုင်။-
युहन्ना ने जवाब में कहा, इंसान कुछ नहीं पा सकता, जब तक उसको आसमान से न दिया जाए।
28 ၂၈ ငါ​သည်​မေ​ရှိ​ယ​မ​ဟုတ်။ ထို​အ​ရှင်​၏​ရှေ့​တော် ပြေး​မျှ​သာ​ဖြစ်​၏။ ယင်း​သို့​ဖြစ်​ကြောင်း​သင် တို့​အား ငါ​ပြော​ကြား​ခဲ့​သည်​ကို​သင်​တို့ ကိုယ်​တိုင်​ပင်​သက်​သေ​ဖြစ်​ကြ​၏။-
तुम ख़ुद मेरे गवाह हो कि मैंने कहा, 'मैं मसीह नहीं, मगर उसके आगे भेजा गया हूँ।
29 ၂၉ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သိမ်း​ပိုက်​ရ သူ​သည် မင်္ဂ​လာ​ဆောင်​သ​တို့​သား​ဖြစ်​၏။ သ​တို့ သား​၏​မိတ်​ဆွေ​သည်​ကား​အ​ဆင်​သင့်​စောင့် ဆိုင်း​ကာ သ​တို့​သား​၏​အ​သံ​ကို​နား​ထောင် လျက်​နေ​၏။ သူ​သည်​သ​တို့​သား​၏​အ​သံ​ကို ကြား​သော် လွန်​စွာ​အား​ရ​ဝမ်း​မြောက်​သ​ကဲ့ သို့ ငါ​သည်​လည်း​အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​ရ လေ​ပြီ။-
जिसकी दुल्हन है वो दुल्हा है, मगर दुल्हा का दोस्त जो खड़ा हुआ उसकी सुनता है, दुल्हा की आवाज़ से बहुत ख़ुश होता है; पस मेरी ये ख़ुशी पूरी हो गई।
30 ၃၀ ထို​အ​ရှင်​သည်​တိုး​တက်​ရ​မည်။ ငါ​မူ​ကား ဆုတ်​ယုတ်​ရ​မည်'' ဟု​ဆို​၏။
ज़रूर है कि वो बढ़े और मैं घटूँ।
31 ၃၁ ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​တော်​မူ​သော​အ​ရှင် သည်​အ​လုံး​စုံ​တို့​ထက်​ကြီး​မြတ်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​မှ​ပေါက်​ဖွား​သူ​သည်​ကမ္ဘာ​မြေ ကြီး​သား​ဖြစ်​၍ မြေ​ကြီး​နှင့်​ဆိုင်​သော အ​ကြောင်း​အ​ရာ​များ​ကို​ပြော​တတ်​၏။-
“जो ऊपर से आता है वो सबसे ऊपर है। जो ज़मीन से है वो ज़मीन ही से है और ज़मीन ही की कहता है 'जो आसमान से आता है वो सबसे ऊपर है।
32 ၃၂ ထို​အ​ရှင်​သည်​မိ​မိ​မြင်​ခဲ့​ကြား​ခဲ့​ရ​သော အ​ရာ​များ​အ​ကြောင်း​ကို​ဟော​ပြော​တော်​မူ သော်​လည်း ကိုယ်​တော်​၏​ဟော​ပြော​ချက်​ကို အ​ဘယ်​သူ​မျှ​လက်​မ​ခံ​ကြ။-
जो कुछ उस ने ख़ुद देखा और सुना है उसी की गवाही देता है। तो भी कोई उस की गवाही क़ुबूल नहीं करता।
33 ၃၃ ကိုယ်​တော်​၏​ဟော​ပြော​ချက်​ကို​လက်​ခံ​သော သူ​မူ​ကား​ယင်း​သို့​လက်​ခံ​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​သည်​သစ္စာ​တော်​ရှင်​ဖြစ်​ကြောင်း​ကို သက်​သေ​ခံ​သူ​ဖြစ်​၏။-
जिसने उसकी गवाही क़ुबूल की उसने इस बात पर मुहर कर दी, कि ख़ुदा सच्चा है।
34 ၃၄ ဘု​ရား​သခင်​သည်​မိ​မိ​စေ​လွှတ်​တော်​မူ​သော​သူ အား​ဝိ​ညာဉ်​တော်​ကို​အ​ပြည့်​အ​ဝ​ချ​ပေး​တော် မူ​သည်​ဖြစ်​၍ ထို​သူ​သည်​ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဖော်​ပြ​တတ်​၏။-
क्यूँकि जिसे ख़ुदा ने भेजा वो ख़ुदा की बातें कहता है, इसलिए कि वो रूह नाप नाप कर नहीं देता।
35 ၃၅ ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် တန်​ခိုး​အာ​ဏာ​ရှိ​သ​မျှ​ကို​သား​တော် လက်​သို့​ပေး​အပ်​တော်​မူ​ပြီ။-
बाप बेटे से मुहब्बत रखता है और उसने सब चीज़ें उसके हाथ में दे दी है।
36 ၃၆ သား​တော်​ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက် ကို​ရ​၏။ သား​တော်​၏​စ​ကား​ကို​နား​မ​ထောင်​သူ မူ​ကား​အ​သက်​ကို​မ​ရ​ဘဲ ဘု​ရား​သ​ခင်​၏ အ​မျက်​တော်​သင့်​သူ​ဖြစ်​လိမ့်​မည်။ (aiōnios g166)
जो बेटे पर ईमान लाता है हमेशा की ज़िन्दगी उसकी है; लेकिन जो बेटे की नहीं मानता 'ज़िन्दगी को न देखगा बल्कि उसपर ख़ुदा का ग़ज़ब रहता है।” (aiōnios g166)

< ယောဟန် 3 >