< ယောဟန် 21 >

1 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တိ​ဗေ​ရိ​အိုင်​အ​နီး တွင်​တ​ပည့်​တော်​တို့​အား​တစ်​ဖန်​ကိုယ်​ထင်​ပြ တော်​မူ​၏။ ပြ​တော်​မူ​ပုံ​ကား​ဤ​သို့​တည်း။-
After these things, Jesus again manifested Himself to His disciples, at the Sea of Tiberias; and He thus manifested Himself.
2 ရှိ​မုန်​ပေ​တ​ရု၊ (အ​မြွှာ​ပူး​ဟု​နာ​မည်​တွင်​သူ) သော​မ၊ (ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သား) နာ​သ နေ​လ၊ ဇေ​ဗေ​ဒဲ​၏​သား​များ​နှင့်​အ​ခြား​တ​ပည့် တော်​နှစ်​ဦး​တို့​သည်​အ​တူ​ရှိ​နေ​ကြ​၏။-
Simon Peter, and Thomas called Didymus, and Nathanael the one from Cana of Galilee, and the sons of Zebedee, and two others of His disciples, were together.
3 ရှိ​မုန်​ပေ​တ​ရု​က​အ​ခြား​သူ​တို့​အား ``ငါ ငါး​ဖမ်း​ထွက်​မည်'' ဟု​ဆို​၏။ ထို​သူ​တို့​က ``ငါ​တို့​လည်း​လိုက်​မည်'' ဟု​ဆို ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​လှေ​ဖြင့်​ငါး​ဖမ်း ထွက်​ကြ​၏။ သို့​သော်​ထို​ည​တစ်​ည​လုံး​ငါး တစ်​ကောင်​ကို​မျှ​မ​မိ​ကြ။-
Simon Peter says to them, I go to fish. They say to Him, We also go along with you. They went out, and entered into a ship, and that night caught nothing.
4 နေ​ထွက်​လာ​သော​အ​ခါ​သ​ခင်​ယေ​ရှု​သည် ကမ်း​စပ်​တွင်​ရပ်​လျက်​နေ​တော်​မူ​၏။ သို့​ရာ တွင်​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ဖြစ် မှန်း​ကို​မ​သိ​ကြ။-
And it being now morning, Jesus stood on the shore: the disciples did not know that He is Jesus.
5 ကိုယ်​တော်​က ``အ​မောင်​တို့၊ ငါး​မိ​ကြ​ပါ​၏ လော'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``မ​မိ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
Then Jesus says to them; Little children, whether have you any meat? They respond to Him, No.
6 ကိုယ်​တော်​က ``သင်​တို့​လှေ​၏​လက်​ယာ​ဘက်​သို့ ကွန်​ကို​ပစ်​လော့၊ ငါး​မိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ ၏။ မိန့်​တော်​မူ​သည့်​အ​တိုင်း​သူ​တို့​သည်​ကွန်​ကို ပစ်​ကြ​ရာ​မိ​သည့်​ငါး​များ​လှ​သ​ဖြင့်​ကွန်​ကို မ​ဆွဲ​တင်​နိုင်​ကြ​ချေ။
He says to them, Cast the net to the right side of the ship, and you will find: then they cast it, and were not able to draw it on account of the multitude of the fishes.
7 ထို​အ​ခါ​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့် တော်​က ``ငါ​တို့​၏​သ​ခင်​ဘု​ရား​ပင်​တည်း'' ဟု ပေ​တ​ရု​အား​ပြော​၏။ ဤ​စ​ကား​ကို​ကြား​သော အ​ခါ​ပေ​တ​ရု​သည်​မိ​မိ​ချွတ်​ထား​သည့်​အ​ဝတ် ကို​ခါး​တွင်​ပတ်​၍​အိုင်​ထဲ​သို့​ခုန်​ဆင်း​လေ​၏။-
Then that disciple whom Jesus loved said to Peter, He is the Lord. Then Simon Peter hearing that He is the Lord, girded on his fishing-cloak (for he was unclothed), and cast Himself into the sea:
8 အ​ခြား​တ​ပည့်​တော်​တို့​မူ​ကား​ကမ်း​နှင့်​မ​ဝေး ဘဲ​ကိုက်​တစ်​ရာ​ခန့်​သာ​ကွာ​တော့​သ​ဖြင့် ငါး နှင့်​ပြည့်​နေ​သော​ကွန်​ကို​ဆွဲ​တင်​လျက်​လှေ နှင့်​အ​တူ​လိုက်​လာ​ကြ​၏။-
and the other disciples came in the ship (for they were not far from the land, but about two hundred cubits), drawing the net of the fishes.
9 သူ​တို့​သည်​လှေ​ပေါ်​က​ဆင်း​၍​ကုန်း​ပေါ်​သို့ ရောက်​ကြ​သော​အ​ခါ​မုန့်​ကို​လည်း​ကောင်း၊ မီး​ကျီး​ပေါ်​တွင်​ကင်​ထား​သော​ငါး​ကို လည်း​ကောင်း​တွေ့​ကြ​၏။-
Then when they came to the land, they see fire lying, and fish and bread lying on it.
10 ၁၀ သ​ခင်​ယေ​ရှု​က ``သင်​တို့​ယ​ခု​မိ​သော​ငါး အ​ချို့​ကို​ယူ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။
Jesus said to them, Take from the fishes which you now caught.
11 ၁၁ ရှိ​မုန်​ပေ​တ​ရု​သည်​လှေ​ပေါ်​သို့​တက်​၍​ငါး​ကြီး များ​ဖြင့်​ပြည့်​နေ​သော​ပိုက်​ကွန်​ကို​ကုန်း​ပေါ်​သို့ ရောက်​အောင်​ဆွဲ​ယူ​လေ​၏။ ငါး​တစ်​ရာ့​ငါး​ဆယ့် သုံး​ကောင်​ကို​မိ​၍ ထို​မျှ​လောက်​များ​ပြား​သော် လည်း​ကွန်​မှာ​မ​စုတ်​မ​ပြတ်​ချေ။-
And Simon Peter came up, and drew the net to the land, full of a hundred and fifty-three large fishes: and there being so many yet the net was not broken.
12 ၁၂ သ​ခင်​ယေ​ရှု​က ``လာ​၍​စား​ကြ​လော့'' ဟု​သူ တို့​အား​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​တို့ ၏​သ​ခင်​ဘု​ရား​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို​သိ ကြ​သ​ဖြင့်​အ​ဘယ်​တ​ပည့်​တော်​မျှ ``အ​ရှင် သည်​အ​ဘယ်​သူ​နည်း'' ဟု​မ​မေး​မ​လျှောက် ဝံ့​ကြ။-
Jesus says to them, Come, take breakfast. But no one of the disciples dared to ask Him, Who art thou? knowing that He is the Lord.
13 ၁၃ သ​ခင်​ယေ​ရှု​သည်​သူ​တို့​ရှိ​ရာ​သို့​ကြွ​တော်​မူ ၍​မုန့်​ကို​ယူ​ပြီး​လျှင်​သူ​တို့​အား​ပေး​တော် မူ​၏။ ငါး​ကို​လည်း​ထို​နည်း​တူ​ပေး​တော်​မူ​၏။
Jesus comes, and takes bread, and gives it to them, and fish likewise.
14 ၁၄ သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ​ပြီး​နောက်​တ​ပည့် တော်​တို့​အား ယ​ခု​ကိုယ်​ထင်​ပြ​တော်​မူ​သည်​မှာ တ​တိ​ယ​အ​ကြိမ်​ဖြစ်​သ​တည်း။
And this third time Jesus was already manifested to His disciples, having risen from the dead.
15 ၁၅ တ​ပည့်​တော်​တို့​စား​ကြ​ပြီး​နောက်​သ​ခင် ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သူ​တို့ ငါ့​ကို​ချစ်​သည်​ထက်​ပို​၍​ချစ်​သ​လော'' ဟု​ရှိ​မုန်​ပေ​တ​ရု​အား​မေး​တော်​မူ​၏။ ရှိ​မုန်​က ``မှန်​ပါ​၏​သ​ခင်၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​ပါ​၏'' ဟု လျှောက်​၏။ ကိုယ်​တော်​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့'' ဟု မိန့်​တော်​မူ​၏။-
Then when they took breakfast, Jesus says to Simon Peter; Simon, the son of Jonah, dost thou love me with divine love more than these? He says to Him, Yes, Lord; thou knowest that I love thee as a friend. He says to him; Feed my lambs.
16 ၁၆ တစ်​ဖန်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ ပေ​တ​ရု​က ``မှန်​ပါ​၏​သ​ခင်၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​ပါ​၏'' ဟု လျှောက်​၏။ ကိုယ်​တော်​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့'' ဟု​မိန့် တော်​မူ​၏။-
Again He says to him a second time, Simon, the son of Jonah, do you love me with divine love? He says to Him; Thou knowest that I love thee as a friend. He says to him; Shepherdize my sheeplings.
17 ၁၇ တ​တိ​ယ​အ​ကြိမ်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ ဤ​သို့​တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​သ​ဖြင့် ပေ​တ​ရု​သည်​ဝမ်း​နည်း​၍ ``သ​ခင်၊ ကိုယ်​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို​သိ​တော်​မူ​၏။ ကိုယ်​တော် အား​အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့။-
He says to him a third time; Simon, the son of Jonah, do you love me as a friend? Peter was grieved, because He said to him the third time, Do you love me as a friend? And he says to Him, Lord, thou knowest all things; and thou dost understand that I love thee as a friend. He says to Him, Feed my sheeplings.
18 ၁၈ အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည်​ကား​သင် သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​ခါး​ကို​စည်း​၍​သွား လို​ရာ​သို့​သွား​တတ်​၏။ အို​မင်း​လာ​သော​အ​ခါ မူ​ကား​သင်​သည်​လက်​နှစ်​ဖက်​ကို​ဆန့်​လျက် သူ တစ်​ပါး​က​သင့်​ကို​ချည်​နှောင်​ပြီး​လျှင်​သင် မ​သွား​လို​သည့်​အ​ရပ်​သို့​ဆောင်​သွား​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
Truly, truly, I say unto you, When you were young, you girded yourself, and walked about where you wished: but when you get old, you will reach forth your hands, and another will lead you, where you do not wish.
19 ၁၉ (ဤ​သို့​မိန့်​တော်​မူ​ရာ​၌​ပေ​တ​ရု​သည်​အ​ဘယ် သို့​သော​သေ​ခြင်း​မျိုး​ဖြင့်​ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​မည့် အ​ကြောင်း​ဖော်​ပြ​တော်​မူ​ခြင်း​ဖြစ်​၏။) ဤ သို့​မြွက်​ဆို​တော်​မူ​ပြီး​နောက်​ပေ​တ​ရု​အား ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။
And He spoke this, signifying by what death he shall glorify God. And having spoken this, He says to him, Follow me.
20 ၂၀ ပေ​တ​ရု​သည်​လှည့်​၍​ကြည့်​လိုက်​သော​အ​ခါ သူ​၏​နောက်​တွင်​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​ကို​မြင်​လေ​၏။ ထို​သူ​ကား​ည​စာ စား​ကြ​စဉ်​အ​ခါ​က​သ​ခင်​ယေ​ရှု​၏​ရင်​တော် ကို​မှီ​လျက် ``သ​ခင်၊ ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့ အပ်​မည့်​သူ​ကား​အ​ဘယ်​သူ​ဖြစ်​သ​နည်း'' ဟု မေး​လျှောက်​ခဲ့​သူ​ဖြစ်​၏။-
And Peter turning sees the disciple, whom Jesus loved, following; who also leaned upon His breast in the supper, and said; Lord, who is the one having betrayed thee?
21 ၂၁ ပေ​တ​ရု​သည်​ထို​တ​ပည့်​တော်​ကို​မြင်​သော​အ​ခါ ``သ​ခင်​ဘု​ရား၊ ဤ​သူ​သည်​လည်း​အ​ဘယ်​သို့ ဖြစ်​ပါ​လိမ့်​မည်​နည်း'' ဟု​မေး​လျှောက်​၏။
Then Peter seeing him says to Jesus; Lord, but what shall he do?
22 ၂၂ သ​ခင်​ယေ​ရှု​က ``ငါ​ကြွ​လာ​သည်​တိုင်​အောင် သူ့​အား​အ​သက်​ရှင်​စေ​ရန်​ငါ​အ​လို​ရှိ​လျှင် သင်​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်။ သင်​မူ​ကား ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။
And Jesus says to him, If I wish him to tarry until I come, what is that to thee?
23 ၂၃ သို့​ဖြစ်​၍​ထို​တ​ပည့်​တော်​သည်​သေ​ရ​တော့ မည်​မ​ဟုတ်​ဟူ​သော​သ​တင်း​သည်​တ​ပည့် တော်​တို့​အ​ထဲ​တွင်​ပျံ့​နှံ့​သွား​၏။ သို့​ရာ တွင်​သ​ခင်​ယေ​ရှု​က​ထို​တ​ပည့်​တော်​သည် မ​သေ​ရ​ဟု​မိန့်​တော်​မူ​သည်​မ​ဟုတ်။ ``ငါ ကြွ​လာ​သည်​အ​ထိ​သူ့​အား​အ​သက်​ရှင် စေ​ရန်​ငါ​အ​လို​ရှိ​လျှင်​သင်​နှင့်​မည်​သို့​မျှ မ​သက်​ဆိုင်'' ဟူ​၍​သာ​မိန့်​တော်​မူ​သ​တည်း။
Then that word went out to the brethren that that disciple does not die. And Jesus did not say to him, that he does not die; but, If I wish him to tarry until I come.
24 ၂၄ ဤ​အ​ကြောင်း​အ​ရာ​တို့​ကို​ဖော်​ပြ​သက်​သေ ခံ​မှတ်​တမ်း​တင်​သူ​ကား​ထို​တ​ပည့်​တော်​ပင် ဖြစ်​၏။ သူ​၏​ဖော်​ပြ​ချက်​များ​မှန်​ကန်​ကြောင်း ကို​လည်း​ငါ​တို့​သိ​ကြ​၏။
This is the disciple witnessing concerning these things, and having written the same: and we know that his testimony is true.
25 ၂၅ သ​ခင်​ယေ​ရှု​ပြု​တော်​မူ​သော​အ​ခြား​အ​မှု အ​ရာ​များ​စွာ​ရှိ​သေး​၏။ ထို​အ​မှု​အ​ရာ​ရှိ သ​မျှ​တို့​ကို​မှတ်​တမ်း​တင်​ရ​မည်​ဆို​ပါ​က ပြု​စု​ရ​မည့်​ကျမ်း​ဂန်​များ​ကို​ထား​ရှိ​ရန် ဤ လော​က​တွင်​နေ​ရာ​ရှိ​မည်​မ​ဟုတ်​ဟု​ထင် မြင်​ပါ​သ​တည်း။ ရှင်​ယော​ဟန်​ခ​ရစ်​ဝင်​ပြီး​၏။

< ယောဟန် 21 >