< ယောဟန် 20 >
1 ၁ တနင်္ဂနွေနေ့မိုးမလင်းမီမှောင်လျက်နေသေး စဉ်အခါမာဂဒလမြို့သူမာရိသည်သင်္ချိုင်း တော်သို့လာရာဂူဝမှကျောက်တုံးကိုဖယ် ရှားထားသည်ကိုတွေ့ရ၏။-
Una autem sabbati, Maria Magdalene venit mane, cum adhuc tenebræ essent, ad monumentum: et vidit lapidem sublatum a monumento.
2 ၂ သူသည်ရှိမုန်ပေတရုနှင့်သခင်ယေရှုချစ် တော်မူသောတပည့်တော်ထံသို့ပြေးသွားပြီး လျှင် ``သခင်ဘုရားကိုသင်္ချိုင်းတော်မှယူဆောင် သွားကြလေပြီ။ အဘယ်မှာထားကြသည်ကို မသိပါ'' ဟုပြော၏။
Cucurrit ergo, et venit ad Simonem Petrum, et ad alium discipulum, quem amabat Iesus, et dicit illis: Tulerunt Dominum de monumento, et nescimus ubi posuerunt eum.
3 ၃ ထိုအခါပေတရုနှင့်အခြားတပည့်တော် သည်သင်္ချိုင်းတော်သို့ပြေးသွားကြ၏။-
Exiit ergo Petrus, et ille alius discipulus, et venerunt ad monumentum.
4 ၄ ထိုသူနှစ်ဦးသည်အတူပြေးကြသော်လည်း အခြားတပည့်တော်ကပေတရုထက်လျင် မြန်စွာပြေး၍သင်္ချိုင်းတော်သို့ဦးစွာရောက် လေသည်။-
Currebant autem duo simul, et ille alius discipulus præcucurrit citius Petro, et venit primus ad monumentum.
5 ၅ သူသည်ငုံ့၍ကြည့်လိုက်ရာဂူထဲတွင်ပိတ် များကျန်ရစ်သည်ကိုမြင်ရ၏။ သို့သော်သူ သည်ဂူထဲသို့မဝင်ဘဲနေ၏။-
Et cum se inclinasset, vidit posita linteamina, non tamen introivit.
6 ၆ သူ၏နောက်ကလိုက်လာသူရှိမုန်ပေတရု သည်လည်းရောက်လာပြီးနောက်ဂူထဲသို့ဝင် ရာပိတ်များကျန်ရစ်ခဲ့သည်ကိုလည်းကောင်း၊-
Venit ergo Simon Petrus sequens eum, et introivit in monumentum, et vidit linteamina posita,
7 ၇ ကိုယ်တော်၏ဦးခေါင်းတော်မှပဝါသည်ထိုပိတ် များနှင့်အတူမရှိဘဲတစ်နေရာတွင်သီးသန့် လိပ်လျက်ရှိသည်ကိုလည်းကောင်းမြင်လေ၏။-
et sudarium, quod fuerat super caput eius, non cum linteaminibus positum, sed separatim involutum in unum locum.
8 ၈ ထိုနောက်သင်္ချိုင်းတော်သို့ဦးစွာရောက်ရှိသည့် အခြားတပည့်တော်သည်လည်းဂူထဲသို့ဝင် လျှင်ထိုအခြင်းအရာကိုတွေ့မြင်ရသဖြင့် ယုံကြည်လေ၏။-
Tunc ergo introivit et ille discipulus, qui venerat primus ad monumentum: et vidit, et credidit:
9 ၉ (ကိုယ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် ရမည်ဟူသောကျမ်းစကားကိုထိုသူတို့နား မလည်ကြသေးချေ။)-
nondum enim sciebant Scripturam, quia oportebat eum a mortuis resurgere.
10 ၁၀ ထိုနောက်တပည့်တော်နှစ်ဦးတို့သည်ပြန်ကြ၏။
Abierunt ergo iterum discipuli ad semetipsos.
11 ၁၁ မာရိသည်သင်္ချိုင်းတော်အနီးတွင်ငိုကြွေးလျက် ရပ်နေ၏။ သူသည်ငိုကြွေးနေစဉ်ငုံ့၍ဂူထဲသို့ ကြည့်လိုက်ရာ၊-
Maria autem stabat ad monumentum foris, plorans: Dum ergo fleret, inclinavit se, et prospexit in monumentum:
12 ၁၂ သခင်ယေရှုအလောင်းတော်၏နေရာခေါင်းရင်း တွင်ကောင်းကင်တမန်တစ်ပါး၊ ခြေရင်းတွင် တစ်ပါး၊ ကောင်းကင်တမန်နှစ်ပါးဝတ်ဖြူစင် ကြယ်နှင့်ထိုင်နေသည်ကိုမြင်ရ၏။-
et vidit duos angelos in albis, sedentes, unum ad caput, et unum ad pedes, ubi positum fuerat corpus Iesu.
13 ၁၃ ကောင်းကင်တမန်များက ``အချင်းအမျိုး သမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်း'' ဟုမေး၏။ မာရိက ``ကျွန်မ၏အရှင်ကိုသူတို့ယူဆောင် သွားလေပြီ။ ကိုယ်တော်အားအဘယ်အရပ်မှာ ထားကြသည်ကိုကျွန်မမသိပါ'' ဟုဆို၏။
Dicunt ei illi: Mulier, quid ploras? Dicit eis: Quia tulerunt Dominum meum: et nescio ubi posuerunt eum.
14 ၁၄ ဤသို့ဆိုပြီးလျှင်နောက်သို့လှည့်၍ကြည့်ရာ သခင်ယေရှုရပ်လျက်နေတော်မူသည်ကိုမြင် သော်လည်းသခင်ယေရှုဖြစ်သည်ကိုမသိ။-
Hæc cum dixisset, conversa est retrorsum, et vidit Iesum stantem: et non sciebat quia Iesus est.
15 ၁၅ သခင်ယေရှုက ``အချင်းအမျိုးသမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ သင်မည် သူ့ကိုရှာသနည်း'' ဟုမေးတော်မူ၏။ ထိုအခါမာရိသည်ကိုယ်တော်ကိုဥယျာဉ်စောင့် ဟုထင်မှတ်ကာ ``ဆရာ၊ ကိုယ်တော်၏အလောင်း တော်ကိုရှင်ယူဆောင်သွားခဲ့ပါလျှင်အဘယ် အရပ်တွင်ထားသည်ကိုကျွန်မအားပြောပြပါ။ ကျွန်မသွား၍ယူပါမည်'' ဟုဆို၏။
Dicit ei Iesus: Mulier, quid ploras? quem quæris? Illa existimans quia hortulanus esset, dicit ei: Domine, si tu sustulisti eum, dicito mihi ubi posuisti eum: et ego eum tollam.
16 ၁၆ သခင်ယေရှုက ``မာရိ'' ဟုခေါ်တော်မူ၏။ ထိုအခါမာရိသည်လှည့်၍ ဟေဗြဲဘာသာ ဖြင့် ``ရဗ္ဗုနိ'' ဟုထူး၏။ (ရဗ္ဗုနိအနက်ကား အရှင်ဘုရားဟုဆိုလိုသတည်း။)
Dicit ei Iesus: Maria. Conversa illa, dicit ei: Rabboni (quod dicitur Magister.)
17 ၁၇ သခင်ယေရှုက ``ငါ့ကိုကိုင်ဆွဲ၍မထားနှင့်။ ငါသည်ခမည်းတော်၏ထံသို့မတက်ရသေး။ သို့သော်ငါ၏ညီများထံသို့သွား၍ငါ့အဖ တည်းဟူသောသင်တို့၏ဘုရားသခင်ထံတော် သို့ငါတက်သွားရမည့်အကြောင်းကိုပြောကြား လော့'' ဟုမိန့်တော်မူ၏။
Dicit ei Iesus: Noli me tangere, nondum enim ascendi ad Patrem meum: vade autem ad fratres meos, et dic eis: Ascendo ad Patrem meum, et Patrem vestrum, Deum meum, et Deum vestrum.
18 ၁၈ သို့ဖြစ်၍မာဂဒလမြို့သူမာရိသည်တပည့် တော်တို့ထံသွား၍သခင်ဘုရားကိုမိမိတွေ့ မြင်ခဲ့ကြောင်းနှင့်ကိုယ်တော်မည်သို့မိန့်ကြား တော်မူလိုက်ကြောင်းကိုပြောပြ၏။
Venit Maria Magdalene annuncians discipulis: Quia vidi Dominum, et hæc dixit mihi.
19 ၁၉ တပည့်တော်တို့သည်ယုဒအာဏာပိုင်တို့ကို ကြောက်သဖြင့်တနင်္ဂနွေနေ့ညဦးအချိန်၌ အိမ်တံခါးပိတ်၍စုဝေးနေကြ၏။ ထိုအခါ သခင်ယေရှုသည်ကြွလာတော်မူ၍ထိုသူတို့ အလယ်မှာရပ်တော်မူလျက် ``သင်တို့၌ငြိမ် သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော်မူ၏။-
Cum ergo sero esset die illo, una sabbatorum, et fores essent clausæ, ubi erant discipuli congregati propter metum Iudæorum: venit Iesus, et stetit in medio, et dixit eis: Pax vobis.
20 ၂၀ သို့မိန့်တော်မူပြီးနောက်ကိုယ်တော်၏လက်တော် များနှင့်နံတော်ကိုတပည့်တော်တို့အားပြ တော်မူ၏။ တပည့်တော်တို့သည်သခင်ဘုရား ကိုတွေ့မြင်ရသောအခါဝမ်းမြောက်ကြ၏။-
Et cum hoc dixisset, ostendit eis manus, et latus. Gavisi sunt ergo discipuli, viso Domino.
21 ၂၁ ထိုနောက်တစ်ဖန်သခင်ယေရှုက ``သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူသင်တို့ကို ငါစေလွှတ်၏'' ဟုမိန့်တော်မူ၏။-
Dixit ergo eis iterum: Pax vobis. Sicut misit me Pater, et ego mitto vos.
22 ၂၂ ဤသို့မိန့်တော်မူပြီးလျှင်ကိုယ်တော်သည် တပည့်တော်တို့အပေါ်သို့မှုတ်တော်မူလျက် ``သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူကြ လော့။-
Hæc cum dixisset, insufflavit: et dixit eis: Accipite Spiritum sanctum:
23 ၂၃ သင်တို့သည်လူတို့၏အပြစ်များကိုဖြေလွှတ် လျှင်သူတို့သည်အပြစ်လွတ်ကြလိမ့်မည်။ သင် တို့မဖြေမလွှတ်လျှင်မူကားသူတို့အပြစ် ပြေလွတ်ကြလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
quorum remiseritis peccata, remittuntur eis: et quorum retinueritis, retenta sunt.
24 ၂၄ သခင်ယေရှုကြွလာတော်မူချိန်၌ (အမြွှာပူး ဟုနာမည်တွင်သည့်) သောမကားတပည့်တော် တို့နှင့်အတူမရှိ။-
Thomas autem unus ex duodecim, qui dicitur Didymus, non erat cum eis quando venit Iesus.
25 ၂၅ သို့ဖြစ်၍အခြားတပည့်တော်များက ``သခင် ဘုရားကိုငါတို့တွေ့မြင်ကြရပြီ'' ဟုသောမ အားပြောဆိုကြ၏။ သောမက ``လက်တော်၌သံရိုက်ရာကိုမမြင်၊ သံရိုက်ရာကိုလက်ညှိုးဖြင့်မတို့မစမ်း၊ နံဘေး တော်ကိုလက်ဖြင့်မစမ်းမသပ်ရလျှင်ငါယုံ မည်မဟုတ်'' ဟုဆို၏။
Dixerunt ergo ei alii discipuli: Vidimus Dominum. Ille autem dixit eis: Nisi videro in manibus eius fixuram clavorum, et mittam digitum meum in locum clavorum, et mittam manum meam in latus eius, non credam.
26 ၂၆ ထိုနောက်ရက်သတ္တတစ်ပတ်ကြာသော်တပည့် တော်တို့သည် အိမ်အတွင်းမှာစုဝေးလျက်ရှိ ကြ၏။ သောမလည်းသူတို့နှင့်အတူရှိ၏။ တံခါးများပိတ်ထားလျက်ရှိ၏။ သို့ရာတွင် သခင်ယေရှုသည်ကြွလာတော်မူ၍သူတို့ ၏အလယ်တွင်ရပ်တော်မူပြီးလျှင် ``သင်တို့ ၌ငြိမ်သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော် မူ၏။-
Et post dies octo, iterum erant discipuli eius intus: et Thomas cum eis. Venit Iesus ianuis clausis, et stetit in medio, et dixit: Pax vobis.
27 ၂၇ ထိုနောက်သောမအား ``သင်၏လက်ညှိုးဖြင့်ဤ နေရာကိုတို့ကြည့်လော့။ ငါ၏လက်များကို ကြည့်လော့။ သင့်လက်ကိုဆန့်၍ငါ၏နံဘေး ကိုစမ်းသပ်လော့။ ယုံမှားသံသယမဖြစ်နှင့်။ ယုံလော့'' ဟုမိန့်တော်မူ၏။
Deinde dicit Thomæ: Infer digitum tuum huc, et vide manus meas, et affer manum tuam, et mitte in latus meum: et noli esse incredulus, sed fidelis.
28 ၂၈ သောမက ``အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားပါတကား'' ဟုပြန်၍လျှောက်၏။
Respondit Thomas, et dixit ei: Dominus meus, et Deus meus.
29 ၂၉ သခင်ယေရှုက ``သင်သည်ငါ့ကိုမြင်ရ၍ ယုံကြည်သလော။ ငါ့ကိုမမြင်ရဘဲယုံကြည် သူတို့သည်မင်္ဂလာရှိကြ၏'' ဟုမိန့်တော်မူ၏။
Dixit ei Iesus: Quia vidisti me Thoma, credidisti: beati qui non viderunt, et crediderunt.
30 ၃၀ ဤကျမ်းတွင်ရေးမထားသောအခြားများစွာ သောအံ့သြဖွယ်နိမိတ်လက္ခဏာများကိုလည်း သခင်ယေရှုသည်တပည့်တော်တို့ရှေ့မှောက်တွင် ပြတော်မူ၏။-
Multa quidem, et alia signa fecit Iesus in conspectu discipulorum suorum, quæ non sunt scripta in libro hoc.
31 ၃၁ သို့ရာတွင်သခင်ယေရှုသည်ဘုရားသခင်၏ သားတော်မေရှိယအရှင်ဖြစ်တော်မူကြောင်း သင်တို့ယုံကြည်ကြစေရန်လည်းကောင်း၊ ယင်း သို့ယုံကြည်ခြင်းအားဖြင့်ကိုယ်တော်၏နာမ တော်ကိုအမှီပြု၍အသက်ကိုရနိုင်ကြစေ ရန်လည်းကောင်းဤကျမ်းကိုရေးသားပြုစု သတည်း။
Hæc autem scripta sunt ut credatis, quia Iesus est Christus Filius Dei: et ut credentes, vitam habeatis in nomine eius.