< ယောဟန် 2 >
1 ၁ နောက်နှစ်ရက်ကြာသောအခါဂါလိလဲပြည်၊ ကာနမြို့မှာမင်္ဂလာဆောင်ပွဲကျင်းပရာ သခင်ယေရှု၏မယ်တော်ကြွရောက်၏။-
На третий день был брак в Кане Галилейской, и Матерь Иисуса была там.
2 ၂ သခင်ယေရှုနှင့်တပည့်တော်တို့အားလည်း ထိုပွဲသို့ဖိတ်ကြားထား၏။-
Был также зван Иисус и ученики Его на брак.
3 ၃ စပျစ်ရည်ကုန်သွားသောအခါသခင်ယေရှု ၏မယ်တော်က ``ထိုသူတို့မှာစပျစ်ရည်မရှိ တော့ပါ'' ဟုကိုယ်တော်အားပြောကြား၏။
И как недоставало вина, то Матерь Иисуса говорит Ему: вина нет у них.
4 ၄ သခင်ယေရှုက ``မယ်တော်၊ အဘယ်အမှုပြု ရမည်ကိုအကျွန်ုပ်အားမပြောပါနှင့်။ အကျွန်ုပ် လုပ်ဆောင်ရန်အချိန်မကျသေးပါ'' ဟုမိန့်တော် မူ၏။
Иисус говорит Ей: что Мне и Тебе, Жено? еще не пришел час Мой.
5 ၅ ထိုအခါမယ်တော်သည်အစေခံတို့အား ကိုယ် တော်စေခိုင်းသည့်အတိုင်းပြုကြရန်မှာကြား၏။
Матерь Его сказала служителям: что скажет Он вам, то сделайте.
6 ၆ ထိုနေရာတွင် ရေနှစ်ထမ်းသုံးထမ်းခန့်စီဝင်သော ကျောက်အိုးကြီးခြောက်လုံးရှိ၏။ ယုဒမျိုးသား တို့၏ဘာသာဋ္ဌလေ့အရ သန့်စင်မှုကိုပြုရန် ထိုအိုးများကိုထားရှိခြင်းဖြစ်၏။-
Было же тут шесть каменных водоносов, стоявших по обычаю очищения Иудейского, вмещавших по две или по три меры.
7 ၇ သခင်ယေရှုက ``ဤအိုးများတွင်ရေအပြည့် ထည့်ကြလော့'' ဟုအစေခံတို့အားမိန့်တော်မူ လျှင် သူတို့သည်အိုးနှုတ်ခမ်းအထိရေပြည့် အောင်ထည့်ကြ၏။-
Иисус говорит им: наполните сосуды водою. И наполнили их до верха.
8 ၈ ထိုနောက်ကိုယ်တော်က ``ဤအိုးများမှရေ အနည်းငယ်ကိုခပ်၍ပွဲအုပ်ထံယူသွားကြ လော့'' ဟုမိန့်တော်မူသည့်အတိုင်းအစေခံ တို့သည်ယူသွားကြ၏။-
И говорит им: теперь почерпните и несите к распорядителю пира. И понесли.
9 ၉ ပွဲအုပ်သည်စပျစ်ရည်အဖြစ်သို့ပြောင်းလဲ လာသောရေကိုမြည်းစမ်းကြည့်၏။ အစေခံ များသည်စပျစ်ရည်ကိုအဘယ်မှရရှိ ကြောင်းသိကြသော်လည်း ပွဲအုပ်မူကား မသိ။ သို့ဖြစ်၍ပွဲအုပ်သည်မင်္ဂလာဆောင် သတို့သားအားခေါ်ပြီးလျှင်၊-
Когда же распорядитель отведал воды, сделавшейся вином, - а он не знал, откуда это вино, знали только служители, почерпавшие воду, - тогда распорядитель зовет жениха
10 ၁၀ ``လူတိုင်းပင်စပျစ်ရည်ကောင်းနှင့်ဦးစွာဧည့်ခံ တတ်၏။ လူတို့စိတ်ရှိသောက်ကြပြီးမှ စပျစ် ရည်အညံ့ကိုထည့်ပေးလေ့ရှိ၏။ သင်မူကား စပျစ်ရည်ကောင်းကိုယခုမှထုတ်ပေးပါ သည်တကား'' ဟုဆို၏။
и говорит ему: всякий человек подает сперва хорошее вино, а когда напьются, тогда худшее; а ты хорошее вино сберег доселе.
11 ၁၁ သခင်ယေရှုသည်ဂါလိလဲပြည်ကာနမြို့တွင် ဤသို့ဦးစွာပထမအံ့ဖွယ်သောနိမိတ်လက္ခ ဏာကိုပြတော်မူလျက် မိမိ၏ဘုန်းအသရေ တော်ကိုထွန်းတောက်စေတော်မူ၏။ သို့ဖြစ်၍ တပည့်တော်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။
Так положил Иисус начало чудесам в Кане Галилейской и явил славу Свою; и уверовали в Него ученики Его.
12 ၁၂ ထိုနောက်ကိုယ်တော်သည်မယ်တော်၊ ညီတော်များ၊ တပည့်တော်များနှင့်အတူကပေရနောင်မြို့ သို့ကြွ၍ရက်အနည်းငယ်နေထိုင်တော်မူ၏။
После сего пришел Он в Капернаум, Сам и Матерь Его, и братья его, и ученики Его; и там пробыли немного дней.
13 ၁၃ ယုဒအမျိုးသားတို့၏ပသခါပွဲနီးကပ်လာ သောအခါ သခင်ယေရှုသည်ယေရုရှလင်မြို့ သို့ကြွတော်မူ၏။-
Приближалась Пасха Иудейская, и Иисус пришел в Иерусалим
14 ၁၄ ကိုယ်တော်သည်ဗိမာန်တော်အတွင်းတွင်နွားများ၊ သိုးများ၊ ချိုးငှက်များရောင်းသောသူများနှင့် ငွေလဲလှယ်နေသူများထိုင်လျက်နေသည်ကို တွေ့တော်မူ၏။-
и нашел, что в храме продавали волов, овец и голубей и сидели меновщики денег.
15 ၁၅ ထိုအခါကြိုးဖြင့်နှင်တံကိုပြုလုပ်ပြီးလျှင် သိုးနွားများကိုဗိမာန်တော်ထဲမှမောင်းထုတ် တော်မူ၏။ ငွေလဲလှယ်သူတို့၏ငွေများကို သွန်ချ၍ ငွေတင်ခုံများကိုမှောက်လှန်ပစ် တော်မူ၏။-
И, сделав бич из веревок, выгнал из храма всех, также и овец и волов; и деньги у меновщиков рассыпал, а столы их опрокинул.
16 ၁၆ ကိုယ်တော်က ``ဤအရာများကိုယူသွား ကြ။ ငါ့အဖ၏အိမ်တော်ကိုစျေးမဖြစ်စေ နှင့်'' ဟုချိုးငှက်ရောင်းသူများအားမိန့်တော် မူ၏။-
И сказал продающим голубей: возьмите это отсюда и дома Отца Моего не делайте домом торговли.
17 ၁၇ ထိုအခါတပည့်တော်တို့သည် ``ကိုယ်တော် ၏အိမ်တော်အပေါ်ချစ်ခင်တွယ်တာမှုသည် အကျွန်ုပ်၏ရင်အတွင်း၌မီးသဖွယ်ကျွမ်း လောင်လျက်ရှိပါ၏'' ဟူသောကျမ်းစကား ကိုသတိရကြ၏။
При сем ученики Его вспомнили, что написано: ревность по доме Твоем снедает Меня.
18 ၁၈ ယုဒအာဏာပိုင်တို့က ``သင်သည်ဤအမှု အရာများကိုပြုလုပ်ပိုင်ကြောင်းသိသာ စေရန် ငါတို့အားအဘယ်နိမိတ်လက္ခဏာ ကိုပြပါမည်နည်း'' ဟုဆိုကြ၏။
На это Иудеи сказали: каким знамением докажешь Ты нам, что имеешь власть так поступать?
19 ၁၉ သခင်ယေရှုက ``ဤဗိမာန်တော်ကိုဖြိုဖျက် ကြလော့။ သုံးရက်အတွင်းငါပြန်လည်တည် ဆောက်မည်'' ဟုမိန့်တော်မူ၏။
Иисус сказал им в ответ: разрушьте храм сей, и Я в три дня воздвигну его.
20 ၂၀ ယုဒအမျိုးသားတို့က ``ဤဗိမာန်တော် ကိုလေးဆယ့်ခြောက်နှစ်တိုင်တိုင်တည်ဆောက် ခဲ့ရ၏။ သင်ကသုံးရက်နှင့်ပြန်လည်တည် ဆောက်ပါမည်လော'' ဟုမေးကြ၏။
На это сказали Иудеи: сей храм строился сорок шесть лет, и Ты в три дня воздвигнешь его?
21 ၂၁ ကိုယ်တော်ကားမိမိ၏ကိုယ်ခန္ဓာတော်တည်းဟူ သောဗိမာန်တော်ကိုရည်စူး၍မိန့်တော်မူခြင်း ဖြစ်၏။-
А Он говорил о храме тела Своего.
22 ၂၂ သို့ဖြစ်၍တပည့်တော်တို့သည်ကိုယ်တော်သေ ခြင်းမှရှင်ပြန်ထမြောက်တော်မူသောအခါ ဤ သို့ကိုယ်တော်မိန့်တော်မူခဲ့သည်ကိုပြန်လည် သတိရကြလျက် ကျမ်းစာတော်ကိုလည်း ကောင်း၊ သခင်ယေရှုမိန့်တော်မူခဲ့သော စကားတော်ကိုလည်းကောင်းယုံကြ၏။
Когда же воскрес Он из мертвых, то ученики Его вспомнили, что Он говорил это, и поверили Писанию и слову, которое сказал Иисус.
23 ၂၃ ယေရုရှလင်မြို့တွင်ကျင်းပသည့်ပသခါပွဲ ၌ ကိုယ်တော်ပြတော်မူသည့်အံ့ဖွယ်သောနိမိတ် လက္ခဏာများကိုတွေ့မြင်ရကြသဖြင့် လူ အမြောက်အမြားပင်ကိုယ်တော်အားယုံကြည် လာကြ၏။-
И когда Он был в Иерусалиме на празднике Пасхи, то многие, видя чудеса, которые Он творил, уверовали во имя Его.
24 ၂၄ သို့ရာတွင်ကိုယ်တော်သည်လူခပ်သိမ်းတို့၏ အကြောင်းကိုသိတော်မူသဖြင့် ထိုသူတို့ အားယုံစားတော်မမူ။
Но Сам Иисус не вверял Себя им, потому что знал всех
25 ၂၅ ကိုယ်တော်သည်လူ၏စိတ်နှလုံးအကြံအစည် ကိုသိတော်မူသောကြောင့် ကိုယ်တော်အားလူ့ အကြောင်းကိုအဘယ်သူမျှပြောရန်မလို။
и не имел нужды, чтобы кто засвидетельствовал о человеке, ибо Сам знал, что в человеке.