< ယောဟန် 2 >

1 နောက်​နှစ်​ရက်​ကြာ​သော​အ​ခါ​ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့​မှာ​မင်္ဂ​လာ​ဆောင်​ပွဲ​ကျင်း​ပ​ရာ သ​ခင်​ယေ​ရှု​၏​မယ်​တော်​ကြွ​ရောက်​၏။-
The third day, there was a wedding in Cana of Galilee. Jesus’ mother was there.
2 သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​အား​လည်း ထို​ပွဲ​သို့​ဖိတ်​ကြား​ထား​၏။-
Jesus also was invited, with his disciples, to the wedding.
3 စပျစ်​ရည်​ကုန်​သွား​သော​အ​ခါ​သ​ခင်​ယေ​ရှု ၏​မယ်​တော်​က ``ထို​သူ​တို့​မှာ​စ​ပျစ်​ရည်​မ​ရှိ တော့​ပါ'' ဟု​ကိုယ်​တော်​အား​ပြော​ကြား​၏။
When the wine ran out, Jesus’ mother said to him, “They have no wine.”
4 သ​ခင်​ယေ​ရှု​က ``မယ်​တော်၊ အ​ဘယ်​အ​မှု​ပြု ရ​မည်​ကို​အ​ကျွန်ုပ်​အား​မ​ပြော​ပါ​နှင့်။ အ​ကျွန်ုပ် လုပ်​ဆောင်​ရန်​အ​ချိန်​မ​ကျ​သေး​ပါ'' ဟု​မိန့်​တော် မူ​၏။
Jesus said to her, “Woman, what does that have to do with you and me? My hour has not yet come.”
5 ထို​အ​ခါ​မယ်​တော်​သည်​အ​စေ​ခံ​တို့​အား ကိုယ် တော်​စေ​ခိုင်း​သည့်​အ​တိုင်း​ပြု​ကြ​ရန်​မှာ​ကြား​၏။
His mother said to the servants, “Whatever he says to you, do it.”
6 ထို​နေ​ရာ​တွင် ရေ​နှစ်​ထမ်း​သုံး​ထမ်း​ခန့်​စီ​ဝင်​သော ကျောက်​အိုး​ကြီး​ခြောက်​လုံး​ရှိ​၏။ ယု​ဒ​မျိုး​သား တို့​၏​ဘာ​သာ​ဋ္ဌ​လေ့​အ​ရ သန့်​စင်​မှု​ကို​ပြု​ရန် ထို​အိုး​များ​ကို​ထား​ရှိ​ခြင်း​ဖြစ်​၏။-
Now there were six water pots of stone set there after the Jews’ way of purifying, containing two or three metretes apiece.
7 သ​ခင်​ယေ​ရှု​က ``ဤ​အိုး​များ​တွင်​ရေ​အ​ပြည့် ထည့်​ကြ​လော့'' ဟု​အ​စေ​ခံ​တို့​အား​မိန့်​တော်​မူ လျှင် သူ​တို့​သည်​အိုး​နှုတ်​ခမ်း​အ​ထိ​ရေ​ပြည့် အောင်​ထည့်​ကြ​၏။-
Jesus said to them, “Fill the water pots with water.” So they filled them up to the brim.
8 ထို​နောက်​ကိုယ်​တော်​က ``ဤ​အိုး​များ​မှ​ရေ အ​နည်း​ငယ်​ကို​ခပ်​၍​ပွဲ​အုပ်​ထံ​ယူ​သွား​ကြ လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​စေ​ခံ တို့​သည်​ယူ​သွား​ကြ​၏။-
He said to them, “Now draw some out, and take it to the ruler of the feast.” So they took it.
9 ပွဲ​အုပ်​သည်​စ​ပျစ်​ရည်​အ​ဖြစ်​သို့​ပြောင်း​လဲ လာ​သော​ရေ​ကို​မြည်း​စမ်း​ကြည့်​၏။ အ​စေ​ခံ များ​သည်​စ​ပျစ်​ရည်​ကို​အ​ဘယ်​မှ​ရ​ရှိ ကြောင်း​သိ​ကြ​သော်​လည်း ပွဲ​အုပ်​မူ​ကား မ​သိ။ သို့​ဖြစ်​၍​ပွဲ​အုပ်​သည်​မင်္ဂ​လာ​ဆောင် သ​တို့​သား​အား​ခေါ်​ပြီး​လျှင်၊-
When the ruler of the feast tasted the water now become wine, and didn’t know where it came from (but the servants who had drawn the water knew), the ruler of the feast called the bridegroom
10 ၁၀ ``လူ​တိုင်း​ပင်​စ​ပျစ်​ရည်​ကောင်း​နှင့်​ဦး​စွာ​ဧည့်​ခံ တတ်​၏။ လူ​တို့​စိတ်​ရှိ​သောက်​ကြ​ပြီး​မှ စ​ပျစ် ရည်​အ​ညံ့​ကို​ထည့်​ပေး​လေ့​ရှိ​၏။ သင်​မူ​ကား စ​ပျစ်​ရည်​ကောင်း​ကို​ယ​ခု​မှ​ထုတ်​ပေး​ပါ သည်​တ​ကား'' ဟု​ဆို​၏။
and said to him, “Everyone serves the good wine first, and when the guests have drunk freely, then that which is worse. You have kept the good wine until now!”
11 ၁၁ သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​တွင် ဤ​သို့​ဦး​စွာ​ပ​ထ​မ​အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ ဏာ​ကို​ပြ​တော်​မူ​လျက် မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို​ထွန်း​တောက်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် ကြ​၏။
This beginning of his signs Jesus did in Cana of Galilee, and revealed his glory; and his disciples believed in him.
12 ၁၂ ထို​နောက်​ကိုယ်​တော်​သည်​မယ်​တော်၊ ညီ​တော်​များ၊ တ​ပည့်​တော်​များ​နှင့်​အ​တူ​က​ပေ​ရ​နောင်​မြို့ သို့​ကြွ​၍​ရက်​အ​နည်း​ငယ်​နေ​ထိုင်​တော်​မူ​၏။
After this, he went down to Capernaum, he, and his mother, his brothers, and his disciples; and they stayed there a few days.
13 ၁၃ ယု​ဒ​အ​မျိုး​သား​တို့​၏​ပ​သ​ခါ​ပွဲ​နီး​ကပ်​လာ သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​ကြွ​တော်​မူ​၏။-
The Passover of the Jews was at hand, and Jesus went up to Jerusalem.
14 ၁၄ ကိုယ်​တော်​သည်​ဗိ​မာန်​တော်​အ​တွင်း​တွင်​နွား​များ၊ သိုး​များ၊ ချိုး​ငှက်​များ​ရောင်း​သော​သူ​များ​နှင့် ငွေ​လဲ​လှယ်​နေ​သူ​များ​ထိုင်​လျက်​နေ​သည်​ကို တွေ့​တော်​မူ​၏။-
He found in the temple those who sold oxen, sheep, and doves, and the changers of money sitting.
15 ၁၅ ထို​အ​ခါ​ကြိုး​ဖြင့်​နှင်​တံ​ကို​ပြု​လုပ်​ပြီး​လျှင် သိုး​နွား​များ​ကို​ဗိ​မာန်​တော်​ထဲ​မှ​မောင်း​ထုတ် တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏​ငွေ​များ​ကို သွန်​ချ​၍ ငွေ​တင်​ခုံ​များ​ကို​မှောက်​လှန်​ပစ် တော်​မူ​၏။-
He made a whip of cords and drove all out of the temple, both the sheep and the oxen; and he poured out the changers’ money and overthrew their tables.
16 ၁၆ ကိုယ်​တော်​က ``ဤ​အ​ရာ​များ​ကို​ယူ​သွား ကြ။ ငါ့​အ​ဖ​၏​အိမ်​တော်​ကို​စျေး​မ​ဖြစ်​စေ နှင့်'' ဟု​ချိုး​ငှက်​ရောင်း​သူ​များ​အား​မိန့်​တော် မူ​၏။-
To those who sold the doves, he said, “Take these things out of here! Don’t make my Father’s house a marketplace!”
17 ၁၇ ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် ``ကိုယ်​တော် ၏​အိမ်​တော်​အ​ပေါ်​ချစ်​ခင်​တွယ်​တာ​မှု​သည် အ​ကျွန်ုပ်​၏​ရင်​အ​တွင်း​၌​မီး​သ​ဖွယ်​ကျွမ်း လောင်​လျက်​ရှိ​ပါ​၏'' ဟူ​သော​ကျမ်း​စကား ကို​သ​တိ​ရ​ကြ​၏။
His disciples remembered that it was written, “Zeal for your house will eat me up.”
18 ၁၈ ယု​ဒ​အာ​ဏာ​ပိုင်​တို့​က ``သင်​သည်​ဤ​အ​မှု အ​ရာ​များ​ကို​ပြု​လုပ်​ပိုင်​ကြောင်း​သိ​သာ စေ​ရန် ငါ​တို့​အား​အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ ကို​ပြ​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။
The Jews therefore answered him, “What sign do you show us, seeing that you do these things?”
19 ၁၉ သ​ခင်​ယေ​ရှု​က ``ဤ​ဗိ​မာန်​တော်​ကို​ဖြို​ဖျက် ကြ​လော့။ သုံး​ရက်​အ​တွင်း​ငါ​ပြန်​လည်​တည် ဆောက်​မည်'' ဟု​မိန့်​တော်​မူ​၏။
Jesus answered them, “Destroy this temple, and in three days I will raise it up.”
20 ၂၀ ယု​ဒ​အ​မျိုး​သား​တို့​က ``ဤ​ဗိ​မာန်​တော် ကို​လေး​ဆယ့်​ခြောက်​နှစ်​တိုင်​တိုင်​တည်​ဆောက် ခဲ့​ရ​၏။ သင်​က​သုံး​ရက်​နှင့်​ပြန်​လည်​တည် ဆောက်​ပါ​မည်​လော'' ဟု​မေး​ကြ​၏။
The Jews therefore said, “It took forty-six years to build this temple! Will you raise it up in three days?”
21 ၂၁ ကိုယ်​တော်​ကား​မိ​မိ​၏​ကိုယ်​ခန္ဓာ​တော်​တည်း​ဟူ သော​ဗိ​မာန်​တော်​ကို​ရည်​စူး​၍​မိန့်​တော်​မူ​ခြင်း ဖြစ်​၏။-
But he spoke of the temple of his body.
22 ၂၂ သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​သေ ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော​အ​ခါ ဤ သို့​ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သည်​ကို​ပြန်​လည် သ​တိ​ရ​ကြ​လျက် ကျမ်း​စာ​တော်​ကို​လည်း ကောင်း၊ သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သော စ​ကား​တော်​ကို​လည်း​ကောင်း​ယုံ​ကြ​၏။
When therefore he was raised from the dead, his disciples remembered that he said this, and they believed the Scripture and the word which Jesus had said.
23 ၂၃ ယေ​ရု​ရှ​လင်​မြို့​တွင်​ကျင်း​ပ​သည့်​ပ​သ​ခါ​ပွဲ ၌ ကိုယ်​တော်​ပြ​တော်​မူ​သည့်​အံ့​ဖွယ်​သော​နိ​မိတ် လက္ခ​ဏာ​များ​ကို​တွေ့​မြင်​ရ​ကြ​သ​ဖြင့် လူ အ​မြောက်​အ​မြား​ပင်​ကိုယ်​တော်​အား​ယုံ​ကြည် လာ​ကြ​၏။-
Now when he was in Jerusalem at the Passover, during the feast, many believed in his name, observing his signs which he did.
24 ၂၄ သို့​ရာ​တွင်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့​၏ အ​ကြောင်း​ကို​သိ​တော်​မူ​သ​ဖြင့် ထို​သူ​တို့ အား​ယုံ​စား​တော်​မ​မူ။
But Jesus didn’t entrust himself to them, because he knew everyone,
25 ၂၅ ကိုယ်​တော်​သည်​လူ​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည် ကို​သိ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​အား​လူ့ အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ​ပြော​ရန်​မ​လို။
and because he didn’t need for anyone to testify concerning man; for he himself knew what was in man.

< ယောဟန် 2 >