< ယောဟန် 18 >

1 ဤ​သို့​ဆု​တောင်း​တော်​မူ​ပြီး​နောက်​ကိုယ်​တော် သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၍ ကေ​ဒြုန်​ချောင်း​ကို​ကူး​တော်​မူ​၏။ ထို​အ​ရပ် တွင်​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။ သ​ခင်​ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​သည် ထို​ဥ​ယျာဉ်​ထဲ​သို့​ဝင် ကြ​၏။-
To powiedziawszy Jezus wyszedł z uczniami swoimi przez potok Cedron, gdzie był ogród, do którego on wszedł i uczniowie jego.
2 ထို​နေ​ရာ​သို့​သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့ သည်​မ​ကြာ​ခ​ဏ​သွား​လေ့​ရှိ​သ​ဖြင့် သစ္စာ​ဖောက် ယု​ဒ​သည်​ထို​ဥ​ယျာဉ်​ကို​သိ​၏။-
A wiedział i Judasz, który go wydawał, ono miejsce; bo się tam często schadzał Jezus z uczniami swoimi.
3 သို့​ဖြစ်​၍​သူ​သည်​ရော​မ​စစ်​တပ်​ခွဲ​တစ်​တပ်​ကို လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ များ​၏​အ​စောင့်​တပ်​သား​များ​ကို​လည်း​ကောင်း ခေါ်​လာ​ခဲ့​၏။ သူ​တို့​သည်​မီး​အိမ်​များ၊ မီး​တုတ် များ​နှင့်​လက်​နက်​များ​ကို​ကိုင်​ဆောင်​လာ​ကြ​၏။-
Przetoż Judasz wziąwszy rotę i sługi od przedniejszych kapłanów i Faryzeuszów, przyszedł tam z latarniami i z pochodniami, i z broniami.
4 သ​ခင်​ယေ​ရှု​သည်​မိ​မိ​ကြုံ​တွေ့​ရ​မည့်​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​ကို​သိ​တော်​မူ​ပြီး​ဖြစ်​သည် အ​လျောက် ထို​သူ​တို့​၏​ထံ​သို့​ကြွ​တော်​မူ​လျက် ``သင်​တို့​မည်​သူ့​ကို​ရှာ​ကြ​သ​နည်း'' ဟု​မေး တော်​မူ​၏။
Tedy Jezus wiedząc wszystko, co nań przyjść miało, wyszedłszy rzekł im: Kogo szukacie?
5 ထို​သူ​တို့​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို​ရှာ ပါ​သည်'' ဟု​ဆို​ကြ​၏။ ကိုယ်​တော်​က ``ငါ​သည်​ထို​သူ​ပင်​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။ ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ယု​ဒ သည်​လည်း​ထို​သူ​တို့​နှင့်​အ​တူ​ရပ်​လျက်​နေ​၏။-
Odpowiedzieli mu: Jezusa Nazareńskiego. Rzekł im Jezus: Jam jest. A stał z nimi i Judasz, który go wydawał.
6 ``ငါ​သည်​ထို​သူ​ပင်​ဖြစ်​၏'' ဟု​သ​ခင်​ယေ​ရှု မိန့်​တော်​မူ​သော​အ​ခါ​သူ​တို့​သည်​နောက်​သို့ ဆုတ်​ကာ​မြေ​ပေါ်​တွင်​လဲ​ကြ​၏။-
A skoro im rzekł: Jam jest, postąpili nazad i padli na ziemię.
7 သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​က ``သင်​တို့​မည်​သူ့ ကို​ရှာ​သ​နည်း'' ဟု​တစ်​ဖန်​မေး​တော်​မူ​ပြန်​၏။ သူ​တို့​က​လည်း ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု ကို​ရှာ​ပါ​သည်'' ဟု​ဆို​ကြ​ပြန်​၏။
Tedy ich zasię spytał: Kogo szukacie? A oni rzekli: Jezusa Nazareńskiego.
8 သ​ခင်​ယေ​ရှု​က ``ထို​သူ​သည်​ငါ​ပင်​ဖြစ်​သည် ဟု​သင်​တို့​အား​ငါ​ပြော​ခဲ့​ပြီ။ ငါ​သည်​သင်​တို့ ရှာ​သော​သူ​ဖြစ်​လျှင်​ဤ​သူ​တို့​သွား​ပါ​လေ စေ'' ဟု​မိန့်​တော်​မူ​၏။-
Odpowiedział Jezus: Powiedziałem wam, żem ja jest; jeźli tedy mię szukacie, dopuśćcież tym odejść;
9 (ဤ​သို့​မိန့်​တော်​မူ​ခြင်း​မှာ ``ကိုယ်​တော်​ပေး​အပ် တော်​မူ​သော​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ဆုံး​ပါး ပျက်​စီး​မှု​မ​ရှိ​ပါ'' ဟု​ယ​ခင်​က​ကိုယ်​တော် မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန် ပင်​တည်း။)
Aby się wypełniły słowa, które był powiedział: Nie straciłem żadnego z tych, któreś mi dał.
10 ၁၀ ရှိ​မုန်​ပေ​တ​ရု​မှာ​ဋ္ဌား​တစ်​လက်​ပါ​လာ​၏။ သူ သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​၏ ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​ကျွန်​လက် ယာ​နား​ရွက်​ပြတ်​လေ​၏။ ထို​ကျွန်​၏​နာ​မည် ကား​မာ​လ​ခု​ဖြစ်​သ​တည်း။-
Tedy Szymon Piotr mając miecz, dobył go, i uderzył sługę kapłana najwyższego, i uciął mu ucho jego prawe; a temu słudze imię było Malchus.
11 ၁၁ သ​ခင်​ယေ​ရှု​က ``ဋ္ဌား​ကို​ဋ္ဌား​အိမ်​တွင်​ပြန်​သွင်း ထား​လော့။ ခ​မည်း​တော်​ငါ့​အား​ခံ​စေ​တော်​မူ သည့်​ဒုက္ခ​ဝေ​ဒ​နာ​ကို​ငါ​မ​ခံ​သင့်​သ​လော'' ဟု ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။
I rzekł Jezus Piotrowi: Włóż miecz twój w pochwę; izali nie mam pić kielicha tego, który mi dał Ojciec?
12 ၁၂ ထို​နောက်​ရော​မ​တပ်​သား​များ​နှင့်​ယု​ဒ​အ​မျိုး သား​အ​စောင့်​တပ်​သား​များ​သည်​ကိုယ်​တော်​ကို ဖမ်း​ဆီး​ချည်​နှောင်​ပြီး​လျှင်​အန္နတ်​မင်း​ထံ​သို့ ဦး​စွာ​ခေါ်​ဆောင်​သွား​ကြ​၏။-
Rota tedy i rotmistrz, i słudzy żydowscy pojmali Jezusa i związali go.
13 ၁၃ အန္နတ်​မင်း​ကား​ထို​နှစ်​တွင်​ယဇ်​ပု​ရော​ဟိတ် မင်း​ဖြစ်​သော​က​ယာ​ဖ​၏​ယောက္ခ​မ​ဖြစ်​၏။-
I wiedli go naprzód do Annasza; bo był świekier Kaifaszowy, który był najwyższym kapłanem roku onego.
14 ၁၄ က​ယာ​ဖ​ကား ``လူ​အ​ပေါင်း​တို့​အ​တွက်​လူ တစ်​ဦး​တစ်​ယောက်​သေ​ရ​သည်​က​ပို​၍​ကောင်း ၏'' ဟု​ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​အ​ကြံ​ပေး ခဲ့​သူ​ဖြစ်​သ​တည်း။
A Kaifasz ten był, który Żydom radził, że pożyteczno jest, aby jeden człowiek umarł za lud.
15 ၁၅ ရှိ​မုန်​ပေ​တ​ရု​နှင့်​အ​ခြား​တ​ပည့်​တော်​တစ်​ဦး သည်​သ​ခင်​ယေ​ရှု​၏​နောက်​တော်​က​လိုက်​သွား ကြ​၏။ အ​ခြား​တ​ပည့်​တော်​သည်​ယဇ်​ပု​ရော ဟိတ်​မင်း​၏​အ​သိ​ဖြစ်​၍ သ​ခင်​ယေ​ရှု​နှင့် အ​တူ​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အိမ်​တော်​ဝင်း အ​တွင်း​သို့​လိုက်​သွား​ခွင့်​ရ​ပေ​သည်။-
I szedł za Jezusem Szymon Piotr i drugi uczeń. A ten uczeń był znajomy najwyższemu kapłanowi, i wszedł z Jezusem do dworu najwyższego kapłana.
16 ၁၆ ပေ​တ​ရု​ကား​ဝင်း​တံ​ခါး​အ​ပြင်​တွင်​နေ​ရစ်​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သိ​သူ​တ​ပည့်​တော်​သည် ဝင်း​ပြင်​သို့​ထွက်​လာ​ပြီး​နောက် တံ​ခါး​စောင့် သူ​မ​အား​အ​ခွင့်​တောင်း​ကာ​ပေ​တ​ရု​ကို ဝင်း​ထဲ​သို့​သွင်း​လေ​၏။-
Ale Piotr stał u drzwi na dworze. Wyszedł tedy on drugi uczeń, który był znajomy najwyższemu kapłanowi, i mówił z odźwierną, i wprowadził tam Piotra.
17 ၁၇ တံ​ခါး​စောင့်​သူ​ငယ်​မ​က ``သင်​သည်​ထို​သူ​၏ တ​ပည့်​တစ်​ဦး​မ​ဟုတ်​ပါ​လော'' ဟု​မေး​လျှင်၊ ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​ဆို​၏။
Tedy rzekła Piotrowi dziewka odźwierna: Izaliś i ty nie jest z uczniów tego człowieka? On odpowiedział: Nie jestem.
18 ၁၈ ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​၏​အ​စောင့် တပ်​သား​များ​နှင့်​အ​စေ​ခံ​များ​သည်​ချမ်း​သ​ဖြင့် မီး​သွေး​မီး​လင်း​ဖို​ပတ်​လည်​တွင်​ရပ်​၍​မီး​လှုံ လျက်​နေ​ကြ​၏။ ပေ​တ​ရု​သည်​လည်း​ထို​သူ တို့​နှင့်​အ​တူ​ရပ်​၍​မီး​လှုံ​နေ​၏။
Stali tedy słudzy i czeladź, uczyniwszy ogień, bo zimno było; i grzali się; był też z nimi Piotr, stojąc i grzejąc się.
19 ၁၉ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ကိုယ်​တော်​အား​တ​ပည့် တော်​တို့​၏​အ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော် ဟော​ပြော​တော်​မူ​သော​တ​ရား​တော်​အ​ကြောင်း ကို​လည်း​ကောင်း​စစ်​ဆေး​မေး​မြန်း​၏။-
A tak najwyższy kapłan pytał Jezusa o jego uczniów i o naukę jego.
20 ၂၀ သ​ခင်​ယေ​ရှု​က ``ငါ​သည်​လူ​အ​ပေါင်း​တို့​ရှေ့ တွင်​အ​စဉ်​ပင်​ပွင့်​လင်း​စွာ​ဟော​ပြော​သွန်​သင် ခဲ့​၏။ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​ရာ ဖြစ်​သော​တ​ရား​ဇ​ရပ်​များ​နှင့်​ဗိ​မာန်​တော်​တွင် ငါ​ဟော​ပြော​သွန်​သင်​ခဲ့​၏။ အ​ဘယ်​အ​ခါ​၌ မျှ​လျှို့​ဝှက်​စွာ​မ​ဟော​ပြော​ခဲ့။-
Odpowiedział mu Jezus: Jam jawnie mówił światu; Jam zawsze uczył w bóżnicy i w kościele, gdzie się zewsząd Żydowie schadzają, a potajemnie nicem nie mówił.
21 ၂၁ သို့​ဖြစ်​၍​အ​ဘယ်​ကြောင့်​ငါ့​ကို​စစ်​ဆေး​မေး မြန်း​သ​နည်း။ ငါ​ဟော​ပြော​သွန်​သင်​သည်​ကို ကြား​နာ​ကြ​ရ​သူ​တို့​အား​မေး​မြန်း​လော့။ သူ​တို့​အား​ငါ​မည်​သို့​ဟော​ပြော​သည်​ကို မေး​မြန်း​လော့။ ငါ​ဟော​ပြော​သည့်​အ​ရာ​တို့ ကို​သူ​တို့​သိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
Cóż mię pytasz? Pytaj tych, którzy słuchali, com im mówił; cić to wiedzą, com ja mówił.
22 ၂၂ ဤ​သို့​မိန့်​တော်​မူ​လျှင်​အ​စောင့်​တပ်​သား​တစ် ယောက်​သည် ``ယဇ်​ပု​ရော​ဟိတ်​မင်း​အား​သင်​သည် ဤ​သို့​မ​ဖွယ်​မ​ရာ​ပြော​ဆို​သင့်​သ​လော'' ဟု ဆို​၍​ကိုယ်​တော်​၏​ပါး​ကို​ရိုက်​လေ​၏။
A gdy on to mówił, jeden z sług, który tam stał, wyciął policzek Jezusowi, mówiąc: I także (to) odpowiadasz najwyższemu kapłanowi?
23 ၂၃ သ​ခင်​ယေ​ရှု​က ``ငါ​၏​စ​ကား​မ​မှန်​လျှင်​မ​မှန် ကြောင်း​ကို​ထောက်​ပြ​ပါ။ မှန်​လျှင်​မူ​ကား​အ​ဘယ် ကြောင့်​ငါ့​ကို​ရိုက်​ပုတ်​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။
Odpowiedział mu Jezus: Izalim źle rzekł, daj świadectwo o złem, a jeźlim dobrze, przeczże mię bijesz?
24 ၂၄ ထို့​နောက်​အန္နတ်​မင်း​သည်​ကိုယ်​တော်​ကို​ချည်​နှောင် လျက်​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏​ထံ​သို့ ပို့​စေ​၏။
I odesłał go Annasz związanego do Kaifasza, najwyższego kapłana.
25 ၂၅ ရှိ​မုန်​ပေ​တ​ရု​သည်​ရပ်​လျက်​မီး​လှုံ​နေ​၏။ လူ အ​ချို့​က ``သင်​သည်​လည်း​ထို​သူ​၏​တ​ပည့် မ​ဟုတ်​ပါ​လော'' ဟု​မေး​ကြ​၏။ ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​ငြင်း​ဆို​၏။
A Szymon Piotr stał i grzał się. I rzekli do niego: Azażeś i ty nie jest z uczniów jego? A on się zaprzał, mówiąc: Nie jestem.
26 ၂၆ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျွန်​တစ်​ယောက်​က ``သင့် အား​ထို​သူ​နှင့်​အ​တူ​ဥ​ယျာဉ်​ထဲ​တွင်​ငါ​တွေ့ မြင်​ခဲ့​သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​၏။ ထို​ကျွန် ကား​ပေ​တ​ရု​ဋ္ဌား​နှင့်​ခုတ်​၍​နား​ရွက်​ပြတ်​သွား သူ​နှင့်​ဆွေ​မျိုး​တော်​စပ်​သူ​တည်း။
Rzekł mu niektóry z sług kapłana najwyższego, powinowaty onego, któremu był Piotr uciął ucho: Izażem ja ciebie nie widział w ogrodzie z nimi?
27 ၂၇ ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​တစ်​ဖန်​ငြင်း ဆို​၏။ ထို​ခ​ဏ​ချင်း​တွင်​ကြက်​တွန်​လေ​၏။
Zaprzał się zasię Piotr, a zarazem kur zapiał.
28 ၂၈ လူ​တို့​သည်​သ​ခင်​ယေ​ရှု​အား​က​ယာ​ဖ​ထံ​မှ ဘု​ရင်​ခံ​မင်း​၏​အိမ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ ၏။ အ​ချိန်​ကား​နံ​နက်​စော​စော​ဖြစ်​၏။ ယု​ဒ အ​မျိုး​သား​တို့​သည်​ပ​သ​ခါ​ည​စာ​စား​နိုင်​ရန် မိ​မိ​တို့​ကိုယ်​ကို​ဘာ​သာ​ရေး​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​လို​သ​ဖြင့်​အိမ်​တော်​ထဲ​သို့​မ​ဝင် ကြ။-
Prowadzili tedy Jezusa od Kaifasza na ratusz, a było rano. I nie weszli sami na ratusz, aby się nie zmazali, ale iżby pożywali baranka wielkanocnego.
29 ၂၉ သို့​ဖြစ်​၍​ပိ​လတ်​မင်း​သည်​ထို​သူ​တို့​နှင့်​တွေ့​ဆုံ ရန်​အ​ပြင်​သို့​ထွက်​လာ​ပြီး​လျှင် ``ဤ​သူ​အား အ​ဘယ်​ပြစ်​မှု​နှင့်​စွပ်​စွဲ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။
Tedy wyszedł do nich Piłat, i rzekł: Jakąż skargę przynosicie przeciwko człowiekowi temu?
30 ၃၀ ထို​သူ​တို့​က ``ဤ​သူ​သည်​ပြစ်​မှု​တစ်​စုံ​တစ်​ရာ ကူး​လွန်​သူ​မ​ဟုတ်​ပါ​က သူ့​အား​အ​ရှင့်​ထံ​သို့ အ​ကျွန်ုပ်​တို့​ခေါ်​ဆောင်​လာ​မည်​မ​ဟုတ်​ပါ'' ဟု လျှောက်​ကြ​၏။
Odpowiedzieli mu i rzekli: Być ten nie był złoczyńcą, tedybyśmy ci go nie podali.
31 ၃၁ ပိ​လတ်​မင်း​က​လည်း ``သင်​တို့​ကိုယ်​တိုင်​ပင်​သူ့ အား​ယူ​ဆောင်​သွား​ကြ​လော့။ သင်​တို့​၏​တ​ရား ဥ​ပ​ဒေ​အ​ရ​စစ်​ဆေး​စီ​ရင်​ကြ​လော့'' ဟု ဆို​၏။ ယု​ဒ​အ​မျိုး​သား​တို့​က ``အ​ကျွန်ုပ်​တို့​မှာ​လူ တစ်​စုံ​တစ်​ယောက်​ကို​သေ​မိန့်​ပေး​ပိုင်​ခွင့်​မ​ရှိ ပါ'' ဟု​ပြန်​၍​လျှောက်​ကြ​၏။-
I rzekł Piłat: Weźmijcież go wy, a według zakonu waszego osądźcie go. Rzekli mu Żydowie: Nam się nie godzi zabijać nikogo;
32 ၃၂ (ဤ​သို့​လျှောက်​ကြ​ခြင်း​မှာ​မိ​မိ​အ​ဘယ်​သို့ သေ​ရ​မည်​ကို​သ​ခင်​ယေ​ရှု​မိန့်​မြွက်​ဖော်​ပြ​ခဲ့ သည့်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။)
Aby się wypełniły słowa Jezusowe, które rzekł oznajmując, jaką miał śmiercią umrzeć.
33 ၃၃ ပိ​လတ်​မင်း​သည်​အိမ်​တော်​ထဲ​သို့​ပြန်​၍​ဝင် ပြီး​လျှင်​သ​ခင်​ယေ​ရှု​အား​ခေါ်​ယူ​ကာ ``သင် သည်​ယု​ဒ​ရှင်​ဘု​ရင်​ပေ​လော'' ဟု​မေး​၏။
Tedy zasię wszedł Piłat na ratusz i zawołał Jezusa i rzekł mu: Tyżeś jest król żydowski?
34 ၃၄ သ​ခင်​ယေ​ရှု​က ``ဤ​မေး​ခွန်း​ကို မင်း​ကြီး အ​လို​အ​လျောက်​မေး​ပါ​သ​လော။ သို့​မ​ဟုတ် ငါ​၏​အ​ကြောင်း​ကို သူ​တစ်​ပါး​တို့​လျှောက် ထား​ကြ​ပြီ​လော'' ဟု​မေး​တော်​မူ​၏။
Odpowiedział mu Jezus: A samże to od siebie mówisz, czylić insi powiedzieli o mnie?
35 ၃၅ ပိ​လတ်​မင်း​က ``သင်​သည်​ငါ့​ကို​ယု​ဒ​အ​မျိုး သား​တစ်​ယောက်​ဟု​ထင်​မှတ်​ပါ​သ​လော။ သင့် ကို​ငါ့​ထံ​သို့​ပို့​အပ်​လာ​သူ​များ​ကား​သင်​၏ အ​မျိုး​သား​များ​နှင့်​သူ​တို့​၏​ယဇ်​ပု​ရော​ဟိတ် ကြီး​များ​ပင်​ဖြစ်​၏။ သင်​သည်​အ​ဘယ်​အ​မှု ကို​ပြု​မိ​ပါ​သ​နည်း'' ဟု​မေး​၏။
Odpowiedział Piłat: Azażem ja Żyd? Naród twój i przedniejsi kapłani podali mi cię; cóżeś wżdy uczynił?
36 ၃၆ သ​ခင်​ယေ​ရှု​က ``ငါ့​နိုင်​ငံ​သည်​ဤ​လော​က​နှင့် မ​သက်​ဆိုင်။ အ​ကယ်​၍​ငါ့​နိုင်​ငံ​သည်​ဤ​လော​က နှင့်​သက်​ဆိုင်​ပါ​မူ ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့ လက်​သို့​မ​ရောက်​ရ​အောင်​ငါ​၏​တ​ပည့်​တို့​သည် တိုက်​ခိုက်​ကြ​မည်။ အ​မှန်​စင်​စစ်​ငါ​၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​သက်​ဆိုင်'' ဟု​မိန့်​တော်​မူ​၏။
Odpowiedział Jezus: Królestwo moje nie jest z tego świata; gdyby królestwo moje z tego świata było, wżdyć by mię słudzy moi bronili, abym nie był wydany Żydom; lecz teraz królestwo moje nie jest stąd.
37 ၃၇ ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​သင်​သည်​ရှင် ဘု​ရင်​လော'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​ဆို​သည့်​အ​တိုင်း ရှင်​ဘု​ရင်​ဖြစ်​၏။ ငါ​သည်​သမ္မာ​တ​ရား​ကို​ဟော ပြော​ခြင်း​ငှာ​မွေး​ဖွား​ခြင်း​ကို​ခံ​၍​ဤ​လော​က သို့​ကြွ​လာ​၏။ သမ္မာ​တ​ရား​နှင့်​သက်​ဆိုင်​သူ​မှန် သ​မျှ​သည် ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​သည်'' ဟု​မိန့်​တော်​မူ​၏။-
Tedy mu rzekł Piłat: Toś ty przecię jest królem? Odpowiedział mu Jezus: Ty powiadasz, żem jest królem. Jam się na to narodził i na tom przyszedł na świat, abym świadectwo wydał prawdzie; wszelki, który jest z prawdy, słucha głosu mego.
38 ၃၈ ပိ​လတ်​မင်း​က ``သမ္မာ​တ​ရား​ကား​အ​ဘယ် နည်း'' ဟု​မေး​၏။ ထို​နောက်​ပိ​လတ်​မင်း​သည်​လူ​တို့​ထံ​ထွက်​လာ​ပြီး လျှင် ``ထို​သူ​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရန်​အ​ကြောင်း တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့။-
Rzekł mu Piłat: Cóż jest prawda? A to rzekłszy, wyszedł zasię do Żydów i rzekł im: Ja w nim żadnej winy nie znajduję.
39 ၃၉ သင်​တို့​ဋ္ဌလေ့​ထုံး​စံ​အ​ရ​ပ​သ​ခါ​ပွဲ​အ​တွင်း​၌ အ​ကျဉ်း​သ​မား​တစ်​ဦး​ကို​ငါ​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​မြဲ​ဖြစ်​၏။ သင်​တို့​အ​တွက်​ယု​ဒ​ရှင်​ဘု​ရင် ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​စေ​လို​သ​လော'' ဟု​မေး​၏။
A też u was jest ten zwyczaj, abym wam jednego wypuścił na wielkanoc; chcecież tedy, abym wam wypuścił tego króla Żydowskiego?
40 ၄၀ ထို​သူ​တို့​က ``သူ့​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​မ​ပေး ပါ​နှင့်။ ဗာ​ရဗ္ဗ​ကို​ပေး​ပါ'' ဟု​ဟစ်​အော်​ကြ​၏။ (ဗာ​ရဗ္ဗ​ကား​ဋ္ဌား​ပြ​ဖြစ်​သ​တည်း။)
Tedy zasię wszyscy zawołali, mówiąc: Nie tego, ale Barabbasza! A ten Barabbasz był zbójca.

< ယောဟန် 18 >