< ယောဟန် 18 >
1 ၁ ဤသို့ဆုတောင်းတော်မူပြီးနောက်ကိုယ်တော် သည်တပည့်တော်တို့နှင့်အတူကြွတော်မူ၍ ကေဒြုန်ချောင်းကိုကူးတော်မူ၏။ ထိုအရပ် တွင်ဥယျာဉ်တစ်ခုရှိ၏။ သခင်ယေရှုနှင့် တပည့်တော်တို့သည် ထိုဥယျာဉ်ထဲသို့ဝင် ကြ၏။-
kambo Yeesu tokum kero weni, ceri kange nob bwangka cebo cin yaken cu'nga cunnukur kidiron, fiye fotewiyeu cindo kenwi ci kange nob bwangka cebo.
2 ၂ ထိုနေရာသို့သခင်ယေရှုနှင့်တပည့်တော်တို့ သည်မကြာခဏသွားလေ့ရှိသဖြင့် သစ္စာဖောက် ယုဒသည်ထိုဥယျာဉ်ကိုသိ၏။-
naweu Yafuda niwo a nekoncotiyeu, nyumom fiyeco, wori Yeesu ki bow nyowi kange nob bwangke cebo.
3 ၃ သို့ဖြစ်၍သူသည်ရောမစစ်တပ်ခွဲတစ်တပ်ကို လည်းကောင်း၊ ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲ များ၏အစောင့်တပ်သားများကိုလည်းကောင်း ခေါ်လာခဲ့၏။ သူတို့သည်မီးအိမ်များ၊ မီးတုတ် များနှင့်လက်နက်များကိုကိုင်ဆောင်လာကြ၏။-
la Yafuda, tinobda keboni kaba kange durem cimbo kanye fiye liya wabe ni kange farisawa, cin ki kira wenka kange kulen kiyaned.
4 ၄ သခင်ယေရှုသည်မိမိကြုံတွေ့ရမည့်အမှု အရာအလုံးစုံတို့ကိုသိတော်မူပြီးဖြစ်သည် အလျောက် ထိုသူတို့၏ထံသို့ကြွတော်မူလျက် ``သင်တို့မည်သူ့ကိုရှာကြသနည်း'' ဟုမေး တော်မူ၏။
kambo Yeesu nyimom digero yaken dorcereuri, ciro kab meci, “we ko dotiye?”
5 ၅ ထိုသူတို့က ``နာဇရက်မြို့သားယေရှုကိုရှာ ပါသည်'' ဟုဆိုကြ၏။ ကိုယ်တော်က ``ငါသည်ထိုသူပင်ဖြစ်၏'' ဟုမိန့် တော်မူ၏။ ကိုယ်တော်အားရန်သူ့လက်သို့အပ်မည့်သူယုဒ သည်လည်းထိုသူတို့နှင့်အတူရပ်လျက်နေ၏။-
cin ciya co “Yeesu bwe najanret.” Yeesu yicii, Inmo.” Yafuda niwo neken cen tim kange no dakebo.
6 ၆ ``ငါသည်ထိုသူပင်ဖြစ်၏'' ဟုသခင်ယေရှု မိန့်တော်မူသောအခါသူတို့သည်နောက်သို့ ဆုတ်ကာမြေပေါ်တွင်လဲကြ၏။-
kambo ciyi cii ki” inmo,” ciin yilanken bwii ciin yarken bitine,
7 ၇ သို့ဖြစ်၍သခင်ယေရှုက ``သင်တို့မည်သူ့ ကိုရှာသနည်း'' ဟုတစ်ဖန်မေးတော်မူပြန်၏။ သူတို့ကလည်း ``နာဇရက်မြို့သားယေရှု ကိုရှာပါသည်'' ဟုဆိုကြပြန်၏။
yilam meten ci tak, “we kom dotiye?” cin ciyaco Yeesu bwe najaret?”
8 ၈ သခင်ယေရှုက ``ထိုသူသည်ငါပင်ဖြစ်သည် ဟုသင်တို့အားငါပြောခဲ့ပြီ။ ငါသည်သင်တို့ ရှာသောသူဖြစ်လျှင်ဤသူတို့သွားပါလေ စေ'' ဟုမိန့်တော်မူ၏။-
Yeesu ciya ci, min yikom inmo. non mo citiyeri, kom dob birombo a yakenti.”
9 ၉ (ဤသို့မိန့်တော်မူခြင်းမှာ ``ကိုယ်တော်ပေးအပ် တော်မူသောသူတစ်စုံတစ်ယောက်မျှဆုံးပါး ပျက်စီးမှုမရှိပါ'' ဟုယခင်ကကိုယ်တော် မြွက်ဆိုခဲ့သည့်အတိုင်းဖြစ်ပျက်လာစေရန် ပင်တည်း။)
wonadim kero citokeu. “mor nubo mwa neyereu, winwo lebo.”
10 ၁၀ ရှိမုန်ပေတရုမှာဋ္ဌားတစ်လက်ပါလာ၏။ သူ သည်ဋ္ဌားကိုဆွဲထုတ်၍ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကိုခုတ်လိုက်ရာထိုကျွန်လက် ယာနားရွက်ပြတ်လေ၏။ ထိုကျွန်၏နာမည် ကားမာလခုဖြစ်သတည်း။-
Simon Bitrus niwo ki kulenneu, coku kwalum tuwo cacci yere wo bibwetomange nii wabe. den bwetomange co markus.
11 ၁၁ သခင်ယေရှုက ``ဋ္ဌားကိုဋ္ဌားအိမ်တွင်ပြန်သွင်း ထားလော့။ ခမည်းတော်ငါ့အားခံစေတော်မူ သည့်ဒုက္ခဝေဒနာကိုငါမခံသင့်သလော'' ဟု ပေတရုအားမိန့်တော်မူ၏။
Yeesu inyi Bitrus, dokken kulendo morloco. mani ma no kweelmunge tee neyeretiya?”
12 ၁၂ ထိုနောက်ရောမတပ်သားများနှင့်ယုဒအမျိုး သားအစောင့်တပ်သားများသည်ကိုယ်တော်ကို ဖမ်းဆီးချည်နှောင်ပြီးလျှင်အန္နတ်မင်းထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။-
dila nob dakebo kange duciro kange nob dirlor Yafudawa ko tam Yeesu, ciin bwamco.
13 ၁၃ အန္နတ်မင်းကားထိုနှစ်တွင်ယဇ်ပုရောဟိတ် မင်းဖြစ်သောကယာဖ၏ယောက္ခမဖြစ်၏။-
ciin yakico kikaba Annas nen tee kon Kayafas nii wabe durko choroceu.
14 ၁၄ ကယာဖကား ``လူအပေါင်းတို့အတွက်လူ တစ်ဦးတစ်ယောက်သေရသည်ကပို၍ကောင်း ၏'' ဟုယုဒအာဏာပိုင်တို့အားအကြံပေး ခဲ့သူဖြစ်သတည်း။
Kayafas coni ne Yafudawa yuiande ki ladiker nii win abuyam kange nubo kilanyeu.
15 ၁၅ ရှိမုန်ပေတရုနှင့်အခြားတပည့်တော်တစ်ဦး သည်သခင်ယေရှု၏နောက်တော်ကလိုက်သွား ကြ၏။ အခြားတပည့်တော်သည်ယဇ်ပုရော ဟိတ်မင်း၏အသိဖြစ်၍ သခင်ယေရှုနှင့် အတူယဇ်ပုရောဟိတ်မင်း၏အိမ်တော်ဝင်း အတွင်းသို့လိုက်သွားခွင့်ရပေသည်။-
Simon Bitrus bwangtang Yeesu, nyo kange nii bwangka mane. nii bwangka kowa nyumom dur webebo, doken kange co mor luwece.
16 ၁၆ ပေတရုကားဝင်းတံခါးအပြင်တွင်နေရစ်၏။ ယဇ်ပုရောဟိတ်မင်းသိသူတပည့်တော်သည် ဝင်းပြင်သို့ထွက်လာပြီးနောက် တံခါးစောင့် သူမအားအခွင့်တောင်းကာပေတရုကို ဝင်းထဲသို့သွင်းလေ၏။-
dila Bitrus tim nyilo kalek. dila nii bwangka ko nyimom liya wabe durken coru'u kale tokker kange nawiye to nyilok tiyen la dubom Bitrus dom mor.
17 ၁၇ တံခါးစောင့်သူငယ်မက ``သင်သည်ထိုသူ၏ တပည့်တစ်ဦးမဟုတ်ပါလော'' ဟုမေးလျှင်၊ ပေတရုက ``ငါမဟုတ်'' ဟုဆို၏။
dila nawiye to yilok kotiyeu yi Bitrus, mumani mor nob bwangka niwo ka?” yiki, kebo mo.”
18 ၁၈ ထိုအခါယဇ်ပုရောဟိတ်ကြီးများ၏အစောင့် တပ်သားများနှင့်အစေခံများသည်ချမ်းသဖြင့် မီးသွေးမီးလင်းဖိုပတ်လည်တွင်ရပ်၍မီးလှုံ လျက်နေကြ၏။ ပေတရုသည်လည်းထိုသူ တို့နှင့်အတူရပ်၍မီးလှုံနေ၏။
naweu can nyabo kange nubo to lowabe tiyeu tirannyumwi, ci cukirati, wari cweto wi Bitrus tim wari kangeci cukirati.
19 ၁၉ ယဇ်ပုရောဟိတ်မင်းသည်ကိုယ်တော်အားတပည့် တော်တို့၏အကြောင်းကိုလည်းကောင်း၊ ကိုယ်တော် ဟောပြောတော်မူသောတရားတော်အကြောင်း ကိုလည်းကောင်းစစ်ဆေးမေးမြန်း၏။-
dur lowabero me Yeesu nob bwangka cebo kange merangka ceko
20 ၂၀ သခင်ယေရှုက ``ငါသည်လူအပေါင်းတို့ရှေ့ တွင်အစဉ်ပင်ပွင့်လင်းစွာဟောပြောသွန်သင် ခဲ့၏။ ယုဒအမျိုးသားအပေါင်းတို့စုဝေးရာ ဖြစ်သောတရားဇရပ်များနှင့်ဗိမာန်တော်တွင် ငါဟောပြောသွန်သင်ခဲ့၏။ အဘယ်အခါ၌ မျှလျှို့ဝှက်စွာမဟောပြောခဲ့။-
Yeesu ciyaco minyi dorbitinero kero nyanglang. kwati bak mi ma merangketi mor bikur kwamar fiye Yafudawa mwerumti gwammeu matokbo diger yurangum yurange. ye bwi mu meryere? ye bwi mu merere? me birombo nuwa dige mi tokeu. nubo nubo wuro nyumom dige mitokeu.”
21 ၂၁ သို့ဖြစ်၍အဘယ်ကြောင့်ငါ့ကိုစစ်ဆေးမေး မြန်းသနည်း။ ငါဟောပြောသွန်သင်သည်ကို ကြားနာကြရသူတို့အားမေးမြန်းလော့။ သူတို့အားငါမည်သို့ဟောပြောသည်ကို မေးမြန်းလော့။ ငါဟောပြောသည့်အရာတို့ ကိုသူတို့သိကြ၏'' ဟုမိန့်တော်မူ၏။
22 ၂၂ ဤသို့မိန့်တော်မူလျှင်အစောင့်တပ်သားတစ် ယောက်သည် ``ယဇ်ပုရောဟိတ်မင်းအားသင်သည် ဤသို့မဖွယ်မရာပြောဆိုသင့်သလော'' ဟု ဆို၍ကိုယ်တော်၏ပါးကိုရိုက်လေ၏။
kambo Yeesu tok weri, kange mor nobdirlob tim wi cwuwa Yeesu in yiki, mu ciya durwebero ninti nyo.”
23 ၂၃ သခင်ယေရှုက ``ငါ၏စကားမမှန်လျှင်မမှန် ကြောင်းကိုထောက်ပြပါ။ မှန်လျှင်မူကားအဘယ် ကြောင့်ငါ့ကိုရိုက်ပုတ်သနည်း'' ဟုမိန့်တော်မူ၏။
Yeesu in ciyaco toki, “nomatok kero bwirdi yiye tano kebo naki yanecer, yebwe mwa cuwatiye?
24 ၂၄ ထို့နောက်အန္နတ်မင်းသည်ကိုယ်တော်ကိုချည်နှောင် လျက်ယဇ်ပုရောဟိတ်မင်းကယာဖ၏ထံသို့ ပို့စေ၏။
la Hananiya tungen Yeesu Kayafa nin niwabe dur.
25 ၂၅ ရှိမုန်ပေတရုသည်ရပ်လျက်မီးလှုံနေ၏။ လူ အချို့က ``သင်သည်လည်းထိုသူ၏တပည့် မဟုတ်ပါလော'' ဟုမေးကြ၏။ ပေတရုက ``ငါမဟုတ်'' ဟုငြင်းဆို၏။
Simon Bitrus tim we cukirati. nubo meco, “mu mani mor nob kwangka ceba? wengkangum ki, kebo mo.”
26 ၂၆ ယဇ်ပုရောဟိတ်မင်း၏ကျွန်တစ်ယောက်က ``သင့် အားထိုသူနှင့်အတူဥယျာဉ်ထဲတွင်ငါတွေ့ မြင်ခဲ့သည်မဟုတ်ပါလော'' ဟုဆို၏။ ထိုကျွန် ကားပေတရုဋ္ဌားနှင့်ခုတ်၍နားရွက်ပြတ်သွား သူနှင့်ဆွေမျိုးတော်စပ်သူတည်း။
win mor canga ni wabe, inke wiwo ci cwalum tuwo, yiki, mi to nenbo kange co mor foti?
27 ၂၇ ပေတရုက ``ငါမဟုတ်'' ဟုတစ်ဖန်ငြင်း ဆို၏။ ထိုခဏချင်းတွင်ကြက်တွန်လေ၏။
Bitrus wengkangum tak, dangjang bicakeu mob. kiyyangeu.
28 ၂၈ လူတို့သည်သခင်ယေရှုအားကယာဖထံမှ ဘုရင်ခံမင်း၏အိမ်တော်သို့ခေါ်ဆောင်သွားကြ ၏။ အချိန်ကားနံနက်စောစောဖြစ်၏။ ယုဒ အမျိုးသားတို့သည်ပသခါညစာစားနိုင်ရန် မိမိတို့ကိုယ်ကိုဘာသာရေးကျင့်ထုံးအရ သန့်စင်စေလိုသဖြင့်အိမ်တော်ထဲသို့မဝင် ကြ။-
la cin yaken ki Yeesu karak lirya ko durko. kin kwomce, ciki dorcer cidobe karak lirya ko durkonin, wori ci cwibo ci fwe ki caka kwaka ciko.
29 ၂၉ သို့ဖြစ်၍ပိလတ်မင်းသည်ထိုသူတို့နှင့်တွေ့ဆုံ ရန်အပြင်သို့ထွက်လာပြီးလျှင် ``ဤသူအား အဘယ်ပြစ်မှုနှင့်စွပ်စွဲကြပါသနည်း'' ဟုမေး၏။
la Bilatu ceru'u bom meci kom bou ciko dor niwore?”
30 ၃၀ ထိုသူတို့က ``ဤသူသည်ပြစ်မှုတစ်စုံတစ်ရာ ကူးလွန်သူမဟုတ်ပါက သူ့အားအရှင့်ထံသို့ အကျွန်ုပ်တို့ခေါ်ဆောင်လာမည်မဟုတ်ပါ'' ဟု လျှောက်ကြ၏။
“cin ciya ciki,” cano nii wo mani ma dige bwira bwiratiri, diger mani a dok yoti nya bouti ki kiyange ce munene.”
31 ၃၁ ပိလတ်မင်းကလည်း ``သင်တို့ကိုယ်တိုင်ပင်သူ့ အားယူဆောင်သွားကြလော့။ သင်တို့၏တရား ဥပဒေအရစစ်ဆေးစီရင်ကြလော့'' ဟု ဆို၏။ ယုဒအမျိုးသားတို့က ``အကျွန်ုပ်တို့မှာလူ တစ်စုံတစ်ယောက်ကိုသေမိန့်ပေးပိုင်ခွင့်မရှိ ပါ'' ဟုပြန်၍လျှောက်ကြ၏။-
Bilatu yicii, kom yanken kico kibwikom ko warco nawo. warka kume tokeu.” dila Yafudawa yico, nyi man ki bikwan nyin warni nin bolang.”
32 ၃၂ (ဤသို့လျှောက်ကြခြင်းမှာမိမိအဘယ်သို့ သေရမည်ကိုသခင်ယေရှုမိန့်မြွက်ဖော်ပြခဲ့ သည့်အတိုင်းဖြစ်ပျက်လာစေရန်ပင်ဖြစ်၏။)
citok wuro nadim kero Yeesu tokeu, wuro dang dorabuwa wo ca matinyeu.
33 ၃၃ ပိလတ်မင်းသည်အိမ်တော်ထဲသို့ပြန်၍ဝင် ပြီးလျှင်သခင်ယေရှုအားခေါ်ယူကာ ``သင် သည်ယုဒရှင်ဘုရင်ပေလော'' ဟုမေး၏။
la Bilatus yilam doken karak cou Yeesu yico ki, liya Yafudawa?”
34 ၃၄ သခင်ယေရှုက ``ဤမေးခွန်းကို မင်းကြီး အလိုအလျောက်မေးပါသလော။ သို့မဟုတ် ငါ၏အကြောင်းကို သူတစ်ပါးတို့လျှောက် ထားကြပြီလော'' ဟုမေးတော်မူ၏။
wontok mwek kaka'a kannyemnob yinen ker miro?
35 ၃၅ ပိလတ်မင်းက ``သင်သည်ငါ့ကိုယုဒအမျိုး သားတစ်ယောက်ဟုထင်မှတ်ပါသလော။ သင့် ကိုငါ့ထံသို့ပို့အပ်လာသူများကားသင်၏ အမျိုးသားများနှင့်သူတို့၏ယဇ်ပုရောဟိတ် ကြီးများပင်ဖြစ်၏။ သင်သည်အဘယ်အမှု ကိုပြုမိပါသနည်း'' ဟုမေး၏။
Bilatus ciya coki mi kebo “Bayafudeka?” innubo lomwe kange liya wabe cibou ki nen, “ye mu mane?”
36 ၃၆ သခင်ယေရှုက ``ငါ့နိုင်ငံသည်ဤလောကနှင့် မသက်ဆိုင်။ အကယ်၍ငါ့နိုင်ငံသည်ဤလောက နှင့်သက်ဆိုင်ပါမူ ငါသည်ယုဒအမျိုးသားတို့ လက်သို့မရောက်ရအောင်ငါ၏တပည့်တို့သည် တိုက်ခိုက်ကြမည်။ အမှန်စင်စစ်ငါ၏နိုင်ငံသည် ဤလောကနှင့်မသက်ဆိုင်'' ဟုမိန့်တော်မူ၏။
Yeesu yico, “liyar miro kebo na dorbitineroce. liyar miro na dorbitineroceri, nob bwangka miko kin tekwen katiyolo cinekenye kang Yafudawa liyar miro kebo fo”
37 ၃၇ ပိလတ်မင်းက ``သို့ဖြစ်လျှင်သင်သည်ရှင် ဘုရင်လော'' ဟုမေး၏။ သခင်ယေရှုက ``ငါသည်သင်ဆိုသည့်အတိုင်း ရှင်ဘုရင်ဖြစ်၏။ ငါသည်သမ္မာတရားကိုဟော ပြောခြင်းငှာမွေးဖွားခြင်းကိုခံ၍ဤလောက သို့ကြွလာ၏။ သမ္မာတရားနှင့်သက်ဆိုင်သူမှန် သမျှသည် ငါ၏စကားကိုနားထောင်ကြသည်'' ဟုမိန့်တော်မူ၏။-
Bilatus yico ki “wendi mun liya ka?” Yeesu ciya, nawo mutokeu min liya. wonco dige bwi cii boyere, wonco dige bwi midou dorbitinereu, ci cuwa tuti ker miro nin.
38 ၃၈ ပိလတ်မင်းက ``သမ္မာတရားကားအဘယ် နည်း'' ဟုမေး၏။ ထိုနောက်ပိလတ်မင်းသည်လူတို့ထံထွက်လာပြီး လျှင် ``ထိုသူအားအပြစ်ဒဏ်စီရင်ရန်အကြောင်း တစ်စုံတစ်ရာကိုမျှငါမတွေ့။-
kambo cito kweri, Bilatus meco, “kerbilengkeryer?” yilam cerin ya Yafudawa nin yici, mifeyabo niwo ki bwirangke.
39 ၃၉ သင်တို့ဋ္ဌလေ့ထုံးစံအရပသခါပွဲအတွင်း၌ အကျဉ်းသမားတစ်ဦးကိုငါလွတ်ငြိမ်းချမ်းသာ ခွင့်ပေးမြဲဖြစ်၏။ သင်တို့အတွက်ယုဒရှင်ဘုရင် ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသလော'' ဟုမေး၏။
kom wiki fulendo wo yiki, a womkan nii win nin ki kwama wo kom can kwaka yabkakotiyeu, wekom cwiti nyamka cinene liya Yafudawa ka?”
40 ၄၀ ထိုသူတို့က ``သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့်မပေး ပါနှင့်။ ဗာရဗ္ဗကိုပေးပါ'' ဟုဟစ်အော်ကြ၏။ (ဗာရဗ္ဗကားဋ္ဌားပြဖြစ်သတည်း။)
ciin kundiro kibikwan cin toki, “kebo niwo, Barnabas” in ni kuye.