< ယောဟန် 16 >
1 ၁ ``သင်တို့၏ယုံကြည်ခြင်းမပျက်ပြားစေရန် ဤအမှုအရာများကိုငါကြိုတင်ဖော်ပြ ခဲ့ပြီ။-
“I have said these things to you so that you will not fall away.
2 ၂ သင်တို့သည်တရားဇရပ်များမှနှင်ထုတ်ခြင်း ခံရလိမ့်မည်။ သင်တို့ကိုသတ်ဖြတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ခြင်း ပင်ဖြစ်သည်ဟု လူတို့ထင်မှတ်သည့်အချိန် ကာလမုချကျရောက်ပေအံ့။-
They will put you out of the synagogues; indeed, an hour is coming when anyone who kills you will think he is offering service to God.
3 ၃ သူတို့သည်လည်းခမည်းတော်ကိုမသိ၊ ငါ့ ကိုလည်းမသိကြသောကြောင့်ဤသို့သင် တို့အားပြုကြလိမ့်မည်။-
They will do these things because they have not known the Father or me.
4 ၄ သင်တို့အားငါသတိပေးခဲ့ကြောင်းကိုဤ အမှုအရာများဖြစ်ပျက်လာချိန်၌ သင်တို့ ပြန်လည်သတိရကြစေရန်ယခုပင်ငါ ပြောနှင့်ပြီ။'' ``ငါသည်သင်တို့နှင့်အတူရှိနေသေးသော ကြောင့် သင်တို့အားထိုအကြောင်းအရာများ ကို ယခင်ကငါမပြောကြားခဲ့။-
But I have said these things to you so that when the hour comes you will remember that I said them to you. I did not say these things to you from the beginning, because I was with you.
5 ၅ ယခုမှာမူငါ့ကိုစေလွှတ်တော်မူသောအရှင် ထံသို့ငါသွားတော့မည်။ သို့ရာတွင်ငါအဘယ် အရပ်သို့သွားမည်ကိုသင်တို့မည်သူမျှ မမေးကြ။-
“But now I am going to him who sent me, yet none of you asks me, ‘Where are yoʋ going?’
6 ၆ ဤအကြောင်းအရာများကိုငါပြောကြား သဖြင့် သင်တို့သည်စိတ်ညှိုးငယ်လျက်ရှိ ကြ၏။-
Rather, sorrow has filled your hearts because I have said these things to you.
7 ၇ သို့သော်သင်တို့အားငါအမှန်အကန်ပြော သည်ကား ငါသွားရခြင်းသည်သင်တို့အဖို့ ပို၍ကောင်း၏။ ငါမသွားလျှင်မစတော်မူ သောအရှင်သည်ကြွလာတော်မူမည်မဟုတ်။ ငါသွားလျှင်မူကားထိုအရှင်ကိုသင်တို့ ထံသို့ငါစေလွှတ်မည်။-
But I tell you the truth, it is to your advantage that I go away, for if I do not go away, the Helper will not come to you. But if I do go, I will send him to you.
8 ၈ ထိုအရှင်ကြွလာတော်မူသောအခါလောက သားတို့အားအပြစ်အကြောင်းကိုလည်းကောင်း၊ အမှန်တရားအကြောင်းကိုလည်းကောင်း၊ တရား စီရင်တော်မူခြင်းအကြောင်းကိုလည်းကောင်း ရှင်းလင်းစွာဖော်ပြတော်မူပေအံ့။-
And when he comes, he will convict the world concerning sin, righteousness, and judgment:
9 ၉ ထိုသူတို့သည်ငါ့ကိုမယုံကြည်ကြသော ကြောင့်အပြစ်အကြောင်းကိုဖော်ပြမည်။-
concerning sin, because they do not believe in me;
10 ၁၀ ငါသည်ခမည်းတော်ထံသို့သွားရမည်ဖြစ် ၍ သင်တို့ငါ့ကိုတွေ့မြင်ရတော့မည်မဟုတ် သောကြောင့်အမှန်တရားအကြောင်းကို ဖော်ပြမည်။-
concerning righteousness, because I am going to my Father, and you will no longer see me;
11 ၁၁ လောကကိုအစိုးရသူသည်တရားစီရင် ခြင်းကိုခံရပြီဖြစ်သောကြောင့် တရားစီရင် တော်မူခြင်းအကြောင်းကိုဖော်ပြမည်။''
and concerning judgment, because the ruler of this world has been condemned.
12 ၁၂ ``သင်တို့အားငါပြောစရာများရှိသေး သော်လည်းယခုသင်တို့ခံယူနိုင်ကြမည် မဟုတ်။-
“I still have many things to say to you, but you cannot bear them now.
13 ၁၃ သို့ရာတွင်ဘုရားသခင်အကြောင်းနှင့်စပ် လျဉ်း၍ သမ္မာတရားကိုဖွင့်ပြသည့်ဝိညာဉ် တော်ကြွလာတော်မူသောအခါ သင်တို့အား သမ္မာတရားအကြောင်းအလုံးစုံကိုဖွင့်ပြ တော်မူလိမ့်မည်။ ထိုဝိညာဉ်တော်သည်ကိုယ့် အလိုအလျောက်မိန့်ကြားတော်မူမည်မဟုတ်။ မိမိကြားသိရသည့်အကြောင်းအရာများ ကိုသာသင်တို့အားမိန့်ကြားတော်မူလိမ့်မည်။ နောက်ဖြစ်လတ္တံ့သောအမှုအရာများ အကြောင်းကိုလည်းဖွင့်ပြတော်မူလိမ့်မည်။-
When the Spirit of truth comes, he will guide you into all truth, for he will not speak on his own authority, but whatever he hears he will speak, and he will declare to you what is to come.
14 ၁၄ ထိုအရှင်သည်ငါ့ထံမှရရှိသောစကား ကိုသင်တို့အားပြောကြားမည်ဖြစ်သဖြင့် ငါ၏ဘုန်းအသရေကိုထွန်းတောက်စေ တော်မူလိမ့်မည်။-
He will glorify me, for he will receive from me what is mine and declare it to you.
15 ၁၅ ခမည်းတော်၌ရှိသမျှသည်ငါနှင့်စပ်ဆိုင် ၏။ သို့ဖြစ်၍ဝိညာဉ်တော်သည်ငါထံမှရရှိ သည့်စကားကို သင်တို့အားပြောကြားတော် မူလိမ့်မည်ဟုငါပြောသတည်း။''
All that the Father has is mine. That is why I said that the Spirit will receive from me what is mine and declare it to you.
16 ၁၆ ``အချိန်အနည်းငယ်ကြာလျှင်သင်တို့ငါ့ ကိုတွေ့မြင်ကြတော့မည်မဟုတ်။ ထို့နောက် အချိန်အနည်းငယ်ကြာပြန်သော်ငါ့ကို ပြန်၍တွေ့မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
“In a little while you will not see me; and again after a little while, you will see me, for I am going to the Father.”
17 ၁၇ တပည့်တော်အချို့တို့က ``အချိန်အနည်း ငယ်ကြာလျှင်သင်တို့ငါ့ကိုတွေ့မြင်ကြတော့ မည်မဟုတ်။ ထိုနောက်အချိန်အနည်းငယ်ကြာ ပြန်သော်ငါ့ကိုပြန်၍တွေ့မြင်ကြလိမ့်မည်' ဟု ကိုယ်တော်မိန့်တော်မူသည်။ ထိုမှတစ်ပါးလည်း ကိုယ်တော်က`ငါသည်ခမည်းတော်ထံသို့သွား ရမည်' ဟုလည်းဆိုသည်။-
Then some of his disciples said to one another, “What does he mean by saying to us, ‘In a little while you will not see me; and again after a little while, you will see me,’ and, ‘for I am going to the Father’?”
18 ၁၈ `အချိန်အနည်းငယ်ကြာလျှင်' ဆိုသည်ကား အဘယ်သို့ဆိုလိုသနည်း။ အဘယ်အမှု အရာအကြောင်းကိုယ်တော်မိန့်မြွက်တော် မူသည်ကိုငါတို့မသိ'' ဟုအချင်းချင်း ပြောဆိုကြ၏။
So they kept saying, “What does he mean by saying, ‘a little while’? We do not know what he is talking about.”
19 ၁၉ သခင်ယေရှုသည်မိမိအားထိုသူတို့လျှောက် ထားမေးမြန်းလိုကြောင်းသိတော်မူသဖြင့် ``သင် တို့အချင်းချင်းအဘယ်အကြောင်းကိုမေးမြန်း ပြောဆိုလျက်နေကြသနည်း။ `အချိန်အနည်း ငယ်ကြာလျှင်သင်တို့ငါ့ကိုတွေ့မြင်ကြတော့ မည်မဟုတ်' ဟူ၍လည်းကောင်း၊ ထိုနောက် `အချိန် အနည်းငယ်ကြာပြန်သော်ငါ့ကိုပြန်၍တွေ့ မြင်ကြလိမ့်မည်' ဟူ၍လည်းကောင်းငါပြော သောစကားများနှင့်ပတ်သက်၍လော။-
Jesus knew that they wanted to ask him about this, so he said to them, “Are you asking one another what I meant when I said, ‘In a little while, you will not see me; and again after a little while, you will see me’?
20 ၂၀ ဧကန်အမှန်သင်တို့အားငါဆိုသည်ကား သင်တို့သည်ငိုကြွေးမြည်တမ်းကြလိမ့်မည်။ လောကသားတို့မူကားဝမ်းမြောက်ကြလိမ့် မည်။ သင်တို့သည်ဝမ်းနည်းကြသော်လည်းထို ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ် သို့ပြောင်းလဲသွားလိမ့်မည်။-
Truly, truly, I say to you, you will weep and lament, but the world will rejoice. You will be sorrowful, but your sorrow will turn to joy.
21 ၂၁ အမျိုးသမီးတစ်ဦးသည်မီးဖွားချိန်ရောက် သောအခါဝေဒနာပြင်းစွာခံစားရ၏။ မီး ဖွားပြီးသောအခါ၌မူကားလောကသို့လူ တစ်ယောက်ဖွားမြင်လာသဖြင့် မိမိခံစား ခဲ့ရသောဝေဒနာကိုသတိမရတော့ပေ။-
When a woman is giving birth, she has pain because her hour has come. But when her baby is born, she no longer remembers the anguish because of her joy that a child has been born into the world.
22 ၂၂ သင်တို့သည်လည်းယခုအခါဝမ်းနည်းလျက် ရှိကြ၏။ သို့သော်လည်းသင်တို့နှင့်တစ်ဖန်ငါ ပြန်၍တွေ့ဦးမည်ဖြစ်သဖြင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့၏ဝမ်းမြောက် ခြင်းကိုအဘယ်သူမျှမနုတ်မယူနိုင်။''
So you also have sorrow now, but I will see you again, and your hearts will rejoice, and no one will take your joy away from you.
23 ၂၃ ``ထိုနေ့၌သင်တို့သည်ငါ့အားအဘယ်အရာ ကိုမျှတောင်းလျှောက်ကြလိမ့်မည်မဟုတ်။ အမှန် အကန်သင်တို့အားငါဆိုသည်ကားသင်တို့ သည် ငါ၏နာမကိုအမှီပြု၍တောင်းလျှောက် သမျှသောအရာတို့ကိုခမည်းတော်သည်သင် တို့အားချပေးတော်မူလိမ့်မည်။-
In that day you will ask nothing of me. Truly, truly, I say to you, whatever you ask of the Father in my name he will give you.
24 ၂၄ ယခုအချိန်တိုင်အောင်သင်တို့သည်ငါ၏ နာမကိုအမှီပြု၍အဘယ်အရာကိုမျှ မတောင်းမလျှောက်ကြရသေး။ ဝမ်းမြောက်ခြင်း အပြည့်အဝရရှိနိုင်ရန်တောင်းလျှောက်ကြ လော့။ သင်တို့တောင်းလျှောက်သည့်အတိုင်းရရှိ ကြလိမ့်မည်။''
Until now you have not asked for anything in my name. Ask, and you will receive, so that your joy may be full.
25 ၂၅ ``ဤအကြောင်းအရာများကို ဥပမာတင်စား ၍ငါပြောခဲ့၏။ ဤသို့ဥပမာမတင်စားဘဲ ခမည်းတော်၏အကြောင်းကိုပွင့်လင်းစွာ ငါ ဖော်ပြမည့်အချိန်ရောက်ရှိလာလိမ့်မည်။-
“I have told you these things in figures of speech, but an hour is coming when I will no longer use figures of speech but will tell you plainly about the Father.
26 ၂၆ ထိုကာလ၌သင်တို့သည် ငါ၏နာမကိုအမှီ ပြု၍ဆုတောင်းပတ္ထနာပြုကြလိမ့်မည်။ သို့ သော်ငါသည်သင်တို့အတွက် ခမည်းတော်ထံ တွင်တောင်းလျှောက်ပေးမည်ဟုငါမဆို။-
In that day you will ask in my name, and I do not say to you that I will ask the Father on your behalf,
27 ၂၇ အဘယ်ကြောင့်ဆိုသော်ခမည်းတော်ကိုယ်တိုင် ပင် သင်တို့အားချစ်တော်မူသောကြောင့်ဖြစ်၏။ သင်တို့သည်ငါ့ကိုချစ်၍ ငါသည်ဘုရားသခင် ထံတော်မှလာကြောင်းကိုလည်းယုံကြည်သဖြင့် ခမည်းတော်သည်သင်တို့အားချစ်တော်မူ၏။-
for the Father himself loves you, because you have loved me and have come to believe that I came from God.
28 ၂၈ ငါသည်ခမည်းတော်ထံမှထွက်ခွာ၍ ဤ လောကသို့ကြွလာခဲ့၏။ ယခုဤလောက မှထွက်ခွာ၍ ခမည်းတော်၏ထံသို့ငါသွား တော့မည်'' ဟုမိန့်တော်မူ၏။
I came from the Father and have come into the world, and now I am leaving the world and going to the Father.”
29 ၂၉ တပည့်တော်တို့က ``ကိုယ်တော်သည် ယခုအခါ ၌ပုံပမာမဆောင်ဘဲပွင့်လင်းစွာမိန့်တော်မူ ပါ၏။-
His disciples said to him, “Behold, now yoʋ are speaking plainly and not using any figure of speech.
30 ၃၀ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိ တော်မူကြောင်း ယခုအကျွန်ုပ်တို့သိကြပါပြီ။ ကိုယ်တော်အားအဘယ်သူမျှမေးလျှောက်ရန် မလိုတော့ပါ။ သို့ဖြစ်၍ကိုယ်တော်သည်ဘုရား သခင်ထံတော်မှကြွလာတော်မူသောအရှင် ဖြစ်သည် ကိုအကျွန်ုပ်တို့ယုံကြည်ပါ၏'' ဟု လျှောက်ထားကြ၏။
Now we know that yoʋ know all things and have no need for anyone to question yoʋ; because of this we believe that yoʋ came from God.”
31 ၃၁ သခင်ယေရှုက ``သင်တို့ယခုယုံကြပြီလော။-
Jesus answered them, “Now do you believe?
32 ၃၂ သင်တို့သည်မိမိတို့အိမ်သို့အသီးသီးထွက် ပြေးသွားကြမည့်အချိန်ကျရောက်လာလိမ့် မည်။ ငါသည်လည်းအထီးတည်းကျန်ရစ်လိမ့် မည်။ ထိုအချိန်သည်ယခုပင်ကျရောက်လျက် ရှိပေပြီ။ သို့ရာတွင်ခမည်းတော်သည်ငါနှင့် အတူရှိတော်မူသဖြင့် ငါသည်အကယ်ပင် အထီးတည်းနေသည်မဟုတ်။-
Behold, an hour is coming, and has now come, when you will be scattered, each to yoʋr own home, and will leave me all alone. Yet I am not alone, for the Father is with me.
33 ၃၃ သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။
I have said these things to you so that in me you may have peace. In the world you will have tribulation, but take heart; I have overcome the world.”