< ယောဟန် 14 >
1 ၁ သခင်ယေရှုက ``သင်တို့စိတ်မပူပန်ကြ နှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ ကိုလည်းယုံကြည်လော့။-
NO se turbe vuestro corazón: creéis en Dios, creed también en mí.
2 ၂ ငါ့ခမည်းတော်၏အိမ်တော်တွင်အခန်းများစွာ ရှိ၏။ သို့မရှိပါမူငါသည်သင်တို့အတွက် နေရာကိုသွား၍ပြင်ဆင်မည်ဟုပြောဆို ပါမည်လော။-
En la casa de mi Padre muchas moradas hay: de otra manera os [lo] hubiera dicho: voy, pues, á preparar lugar para vosotros.
3 ၃ ယင်းသို့သွား၍ပြင်ဆင်ပြီးမှသင်တို့ထံသို့ ငါပြန်လာ၍ ငါရှိရာအရပ်တွင်သင်တို့ရှိ နိုင်ကြစေရန် သင်တို့ကိုငါ့ထံသို့ခေါ်ဆောင် မည်။-
Y si me fuere, y os aparejare lugar, vendré otra vez, y os tomaré á mí mismo: para que donde yo estoy, vosotros también estéis.
4 ၄ ငါသွားရာအရပ်သို့ရောက်စေမည့်ခရီး လမ်းကိုသင်တို့သိကြ၏'' ဟုမိန့်တော်မူ၏။
Y sabéis á dónde yo voy; y sabéis el camino.
5 ၅ သောမက ``သခင်၊ အရှင်အဘယ်အရပ်သို့ သွားမည်ကိုအကျွန်ုပ်တို့မသိပါ။ အဘယ် သို့လျှင်ခရီးလမ်းကိုအကျွန်ုပ်တို့သိနိုင် ကြပါမည်နည်း'' ဟုလျှောက်၏။
Dícele Tomás: Señor, no sabemos á dónde vas: ¿cómo, pues, podemos saber el camino?
6 ၆ သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
Jesús le dice: Yo soy el camino, y la verdad, y la vida: nadie viene al Padre, sino por mí.
7 ၇ ယခုသင်တို့သည်ငါ့ကိုသိကြပြီဖြစ်၍ ငါ့ခမည်းတော်ကိုလည်းသိကြလိမ့်မည်။ ယခု မှစ၍ခမည်းတော်ကိုသင်တို့သိကျွမ်း၍ဖူး မြင်ရကြလေပြီ'' ဟုမိန့်တော်မူ၏။
Si me conocieseis, también á mi Padre conocierais: y desde ahora le conocéis, y le habéis visto.
8 ၈ ဖိလိပ္ပုက ``အရှင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ သို့ပြတော် မူလျှင်အကျွန်ုပ်တို့အလိုပြည့်ပါပြီ'' ဟု လျှောက်၏။
Dícele Felipe: Señor, muéstranos el Padre, y nos basta.
9 ၉ သခင်ယေရှုက ``ဖိလိပ္ပု၊ ငါသည်သင်တို့နှင့် အတူဤမျှကြာအောင်နေခဲ့ပြီးဖြစ်ပါ လျက်ငါ့ကိုသင်မသိပါသလော။ ငါ့ကို တွေ့မြင်ရသူသည်ခမည်းတော်ကိုဖူးမြင် ရ၏။ ခမည်းတော်အားအကျွန်ုပ်တို့ကိုပြ တော်မူပါဟုအဘယ်ကြောင့်ဆိုသနည်း။-
Jesús le dice: ¿Tanto tiempo ha que estoy con vosotros, y no me has conocido, Felipe? El que me ha visto, ha visto al Padre; ¿cómo, pues, dices tú: Muéstranos el Padre?
10 ၁၀ ငါသည်ခမည်းတော်၌တည်ရှိနေ၍ခမည်း တော်သည်လည်း ငါ၌တည်ရှိနေတော်မူသည် ကိုသင်မယုံသလော။ သင်တို့အားငါပြော သောစကားသည်ငါ့ကိုယ်ပိုင်စကားမဟုတ်။ ငါပြုသောအမှုတို့သည်ခမည်းတော်ပြု တော်မူသောအမှုများပင်ဖြစ်၏။-
¿No crees que yo soy en el Padre, y el Padre en mí? Las palabras que yo os hablo, no [las] hablo de mí mismo: mas el Padre que está en mí, él hace las obras.
11 ၁၁ ငါသည်ခမည်းတော်၌တည်နေ၍ခမည်း တော်သည်လည်း ငါ၌တည်နေတော်မူသည် ဟုငါပြောသည်ကိုယုံကြလော့။ မယုံလျှင် ငါပြုသောအမှုများကိုထောက်၍ယုံကြ လော့။-
Creedme que yo soy en el Padre, y el Padre en mí: de otra manera, creedme por las mismas obras.
12 ၁၂ အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ကိုယုံကြည်သူသည်ငါပြုသောအမှု တို့ကိုပြုလိမ့်မည်။ ထိုထက်ကြီးမြတ်သည့် အမှုများကိုပင်ပြုလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ငါသည်ခမည်းတော်ထံတော်သို့ သွားမည်ဖြစ်သောကြောင့်တည်း။-
De cierto, de cierto os digo: El que en mí cree, las obras que yo hago también él [las] hará; y mayores que éstas hará; porque yo voy al Padre.
13 ၁၃ သားတော်အားဖြင့်ခမည်းတော်ဘုန်းအသရေ ထွန်းတောက်စေအံ့သောငှာငါ့နာမကိုအမှီ ပြု၍ သင်တို့တောင်းလျှောက်သမျှအတိုင်း ငါပြုမည်။-
Y todo lo que pidiereis al Padre en mi nombre, esto haré, para que el Padre sea glorificado en el Hijo.
14 ၁၄ ငါ့နာမကိုအမှီပြု၍သင်တို့မည်သည့် ဆုကိုမဆိုငါ့ကိုတောင်းလျှင် တောင်းသည့် အတိုင်းငါပြုမည်။
Si algo pidiereis en mi nombre, yo lo haré.
15 ၁၅ ``သင်တို့သည်ငါ့ကိုချစ်လျှင်ငါ့ပညတ် တို့ကိုစောင့်ထိန်းလိမ့်မည်။-
Si me amáis, guardad mis mandamientos;
16 ၁၆ ငါသည်ခမည်းတော်အားတောင်းလျှောက် သဖြင့်သင်တို့နှင့်အတူအစဉ်အမြဲရှိ၍ သင်တို့အားမစတော်မူသောအခြား အရှင်တစ်ပါးကိုပေးတော်မူလိမ့်မည်။- (aiōn )
Y yo rogaré al Padre, y os dará otro Consolador, para que esté con vosotros para siempre: (aiōn )
17 ၁၇ ထိုအရှင်သည်ဘုရားသခင်အကြောင်းဆိုင် ရာသမ္မာတရားကိုဖော်ပြသောဝိညာဉ်တော် ဖြစ်၏။ လောကသားတို့သည်ထိုဝိညာဉ်တော် ကိုမြင်လည်းမမြင်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ ထိုဝိညာဉ်တော်သည်သင်တို့ နှင့်အတူတည်နေတော်မူ၍ သင်တို့စိတ်နှလုံး တွင်ကျိန်းဝပ်တော်မူသဖြင့်ထိုအရှင်ကို သင်တို့သိကြ၏။
Al Espíritu de verdad, al cual el mundo no puede recibir, porque no le ve, ni le conoce: mas vosotros le conocéis; porque está con vosotros, y será en vosotros.
18 ၁၈ ``ငါသည်သင်တို့အားခိုကိုးရာမဲ့ဖြစ်စေ မည်မဟုတ်။ သင်တို့ထံသို့ငါလာဦးမည်။-
No os dejaré huérfanos: vendré á vosotros.
19 ၁၉ ကာလအနည်းငယ်ကြာလျှင်ဤလောက သားတို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ် သော်လည်း သင်တို့မူကားမြင်ကြရလိမ့်မည်။ ငါ သည်အသက်ရှင်သောကြောင့်သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။-
Aun un poquito, y el mundo no me verá más; empero vosotros me veréis; porque yo vivo, y vosotros también viviréis.
20 ၂၀ ငါသည်ခမည်းတော်၌တည်နေသည်ကိုလည်း ကောင်း၊ သင်တို့သည်ငါ၌တည်နေ၍ငါသည် လည်းသင်တို့၌တည်နေသည်ကိုလည်းကောင်း ထိုနေ့ရက်၌သင်တို့သိကြလိမ့်မည်။''
En aquel día vosotros conoceréis que yo estoy en mi Padre, y vosotros en mí, y yo en vosotros.
21 ၂၁ ``ငါ့ပညတ်များကိုခံယူ၍စောင့်ထိန်းသော သူသည်ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ် သောသူကို ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်းသူ့ကိုချစ်၍ မိမိကိုယ်ကိုသူ့ အားပေါ်လွင်ထင်ရှားစေမည်'' ဟုမိန့်တော်မူ၏။
El que tiene mis mandamientos, y los guarda, aquél es el que me ama; y el que me ama, será amado de mi Padre, y yo le amaré, y me manifestaré á él.
22 ၂၂ (ရှကာရုတ်မဟုတ်သူ) အခြားယုဒက``သခင်၊ လောကသားတို့အားမိမိကိုယ်ကိုပေါ်လွင် ထင်ရှားစေတော်မမူဘဲ အကျွန်ုပ်တို့အား အဘယ်သို့ပေါ်လွင်ထင်ရှားစေတော်မူမည် နည်း'' ဟုမေးလျှောက်၏။
Dícele Judas, no el Iscariote: Señor, ¿qué hay porque te hayas de manifestar á nosotros, y no al mundo?
23 ၂၃ သခင်ယေရှုက ``ငါ့ကိုချစ်သောသူသည် ငါ့သွန်သင်ချက်ကိုခံယူလိမ့်မည်။ သို့ဖြစ်၍ ငါ့ခမည်းတော်သည်ထိုသူကိုချစ်တော်မူ လိမ့်မည်။ ငါ့ခမည်းတော်နှင့်ငါသည်လည်းသူ့ ထံသို့လာ၍သူနှင့်အတူကျိန်းဝပ်မည်။-
Respondió Jesús, y díjole: El que me ama, mi palabra guardará; y mi Padre le amará, y vendremos á él, y haremos con él morada.
24 ၂၄ ငါ့ကိုမချစ်သောသူသည်ငါ့သွန်သင်ချက် ကိုမခံမယူတတ်။ သင်တို့ကြားရသောသွန် သင်ချက်သည်ငါ့သွန်သင်ချက်မဟုတ်။ ငါ့ ကိုစေလွှတ်တော်မူသောခမည်းတော်၏သွန် သင်ချက်ဖြစ်၏။
El que no me ama, no guarda mis palabras: y la palabra que habéis oído, no es mía, sino del Padre que me envió.
25 ၂၅ ``သင်တို့နှင့်အတူရှိစဉ်အခါဤအရာ များကိုငါဖော်ပြပြီ။-
Estas cosas os he hablado estando con vosotros.
26 ၂၆ သို့ရာတွင်ခမည်းတော်သည်ငါ့နာမကြောင့် စေလွှတ်တော်မူမည့်မစတော်မူသောအရှင် တည်းဟူသောသန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အားခပ်သိမ်းသောအရာတို့ကိုသွန်သင် ပေးတော်မူ၍ ငါပြောခဲ့သမျှသောအရာတို့ ကိုသင်တို့အားပြန်လည်သတိရစေတော် မူလိမ့်မည်။
Mas el Consolador, el Espíritu Santo, al cual el Padre enviará en mi nombre, él os enseñará todas las cosas, y os recordará todas las cosas que os he dicho.
27 ၂၇ ``ငြိမ်သက်ခြင်းကိုသင်တို့အားငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏။ လောကသားတို့ပေးသကဲ့သို့မဟုတ်။ သင်တို့ စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။-
La paz os dejo, mi paz os doy: no como el mundo [la] da, yo os [la] doy. No se turbe vuestro corazón, ni tenga miedo.
28 ၂၈ `ငါယခုသွားသော်လည်းသင်တို့ထံကို ပြန်လာဦးမည်' ဟုပြောသည်ကိုသင်တို့ ကြားခဲ့ကြပြီ။ ခမည်းတော်သည်ငါ့ထက် ကြီးမြတ်တော်မူ၏။ သို့ဖြစ်၍သင်တို့ငါ့ ကိုချစ်လျှင်ခမည်းတော်ထံသို့ငါသွား သည်ကိုဝမ်းမြောက်ကြလိမ့်မည်။-
Habéis oído cómo yo os he dicho: Voy, y vengo á vosotros. Si me amaseis, ciertamente os gozaríais, porque he dicho que voy al Padre: porque el Padre mayor es que yo.
29 ၂၉ ထိုအမှုအရာဖြစ်ပျက်သောအခါ၌သင် တို့ယုံကြည်ကြစေရန် ယခုကပင်ကြိုတင် ၍သင်တို့အားငါပြောနှင့်ပြီ။-
Y ahora os lo he dicho antes que se haga; para que cuando se hiciere, creáis.
30 ၃၀ လောကကိုအစိုးရသူသည်ရောက်ရှိလာ တော့မည်။ သို့ဖြစ်၍ငါသည်သင်တို့နှင့်စကား ကြာကြာပြောနိုင်တော့မည်မဟုတ်။ သူသည် ငါ့ကိုမည်သို့မျှမပြုနိုင်။-
Ya no hablaré mucho con vosotros: porque viene el príncipe de este mundo; mas no tiene nada en mí.
31 ၃၁ သို့ရာတွင်ငါသည်ခမည်းတော်ကိုချစ်ကြောင်း ကမ္ဘာကသိရန်လိုပေသည်။ သို့ဖြစ်၍ငါသည် ခမည်းတော်ငါ့အားမိန့်မှာတော်မူသမျှကို ငါလိုက်နာဆောင်ရွက်၏။ ထ၍ဤနေရာမှသွားကြကုန်အံ့'' ဟု မိန့်တော်မူ၏။
Empero para que conozca el mundo que amo al Padre, y como el Padre me dió el mandamiento, así hago. Levantaos, vamos de aquí.