< ယောဟန် 14 >
1 ၁ သခင်ယေရှုက ``သင်တို့စိတ်မပူပန်ကြ နှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ ကိုလည်းယုံကြည်လော့။-
Yesu kawagambira, “Namuligaziya mumyoyu mwenu. Mumjimiri Mlungu na munjimiri neni viraa.
2 ၂ ငါ့ခမည်းတော်၏အိမ်တော်တွင်အခန်းများစွာ ရှိ၏။ သို့မရှိပါမူငါသည်သင်တို့အတွက် နေရာကိုသွား၍ပြင်ဆင်မည်ဟုပြောဆို ပါမည်လော။-
Ukaya mwa Tati gwangu kwana mbakati zivuwa, nuwagambiriti kala na vinu nankugenda kuwanyawirani pahali penu.
3 ၃ ယင်းသို့သွား၍ပြင်ဆင်ပြီးမှသင်တို့ထံသို့ ငါပြန်လာ၍ ငါရှိရာအရပ်တွင်သင်တို့ရှိ နိုင်ကြစေရန် သင်တို့ကိုငါ့ထံသို့ခေါ်ဆောင် မည်။-
Na pang'enda na kuwanyawilireni pahala penu, hambuyi na kuwatola, su mwenga hamuweri pamuhera naneni.
4 ၄ ငါသွားရာအရပ်သို့ရောက်စေမည့်ခရီး လမ်းကိုသင်တို့သိကြ၏'' ဟုမိန့်တော်မူ၏။
Muyimana njira ya kugenda aku kwang'enda.”
5 ၅ သောမက ``သခင်၊ အရှင်အဘယ်အရပ်သို့ သွားမည်ကိုအကျွန်ုပ်တို့မသိပါ။ အဘယ် သို့လျှင်ခရီးလမ်းကိုအကျွန်ုပ်တို့သိနိုင် ကြပါမည်နည်း'' ဟုလျှောက်၏။
Tomasi kamkosiya, “Mtuwa, tuvimana ndiri kwagugenda, su twankuyimana hashi njira ayi?”
6 ၆ သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
Yesu kamwankula, “Neni ndo njira na unakaka na ukomu. Kwahera yakaweza kugenda kwa Tati ira kwa kupitira kwaneni.
7 ၇ ယခုသင်တို့သည်ငါ့ကိုသိကြပြီဖြစ်၍ ငါ့ခမည်းတော်ကိုလည်းသိကြလိမ့်မည်။ ယခု မှစ၍ခမည်းတော်ကိုသင်တို့သိကျွမ်း၍ဖူး မြင်ရကြလေပြီ'' ဟုမိန့်တော်မူ၏။
Kawagambira, vinu mumana neni, mumana na Tati gwangu viraa. Na kwanjira vinu mumana na mumwona kala.”
8 ၈ ဖိလိပ္ပုက ``အရှင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ သို့ပြတော် မူလျှင်အကျွန်ုပ်တို့အလိုပြည့်ပါပြီ'' ဟု လျှောက်၏။
Filipu kamgambira, “Mtuwa, tumlanguziyi Tati, natwenga hatwikuti.”
9 ၉ သခင်ယေရှုက ``ဖိလိပ္ပု၊ ငါသည်သင်တို့နှင့် အတူဤမျှကြာအောင်နေခဲ့ပြီးဖြစ်ပါ လျက်ငါ့ကိုသင်မသိပါသလော။ ငါ့ကို တွေ့မြင်ရသူသည်ခမည်းတော်ကိုဖူးမြင် ရ၏။ ခမည်းတော်အားအကျွန်ုပ်တို့ကိုပြ တော်မူပါဟုအဘယ်ကြောင့်ဆိုသနည်း။-
Yesu kamwankula, “Filipu, nulikala namwenga kwa shipindi shoseri, nagwenga gumana ndiri? Yakamoniti kala neni kamwona Tati. Guweza hashi kutakula, Tumlanguziyi Tati?
10 ၁၀ ငါသည်ခမည်းတော်၌တည်ရှိနေ၍ခမည်း တော်သည်လည်း ငါ၌တည်ရှိနေတော်မူသည် ကိုသင်မယုံသလော။ သင်တို့အားငါပြော သောစကားသည်ငါ့ကိုယ်ပိုင်စကားမဟုတ်။ ငါပြုသောအမှုတို့သည်ခမည်းတော်ပြု တော်မူသောအမှုများပင်ဖြစ်၏။-
Hashi, mjimira ndiri handa neni namngati mwa Tati, nayomberi Tati ka mngati mwaneni? Visoweru nyanuwagambirani ntakula ndiri kwa utuwa waneni, Tati yakawera mngati mwaneni kankutenda lihengu lyakuwi.
11 ၁၁ ငါသည်ခမည်းတော်၌တည်နေ၍ခမည်း တော်သည်လည်း ငါ၌တည်နေတော်မူသည် ဟုငါပြောသည်ကိုယုံကြလော့။ မယုံလျှင် ငါပြုသောအမှုများကိုထောက်၍ယုံကြ လော့။-
Munjimiri neni pantakula handa neni namngati mwa Tati naTati ka mngati mwaneni. Handa hangu ndiri, mjimiri toziya ya vintu vyantenda.
12 ၁၂ အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ကိုယုံကြည်သူသည်ငါပြုသောအမှု တို့ကိုပြုလိမ့်မည်။ ထိုထက်ကြီးမြတ်သည့် အမှုများကိုပင်ပြုလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ငါသည်ခမည်းတော်ထံတော်သို့ သွားမည်ဖြစ်သောကြောင့်တည်း။-
Nakaka nuwagambirani, yakanjimira neni hakatendi vitwatira vyantenda neni, yina, hakatendi vintu vikulu nentu, toziya nankugenda kwa Tati.
13 ၁၃ သားတော်အားဖြင့်ခမည်းတော်ဘုန်းအသရေ ထွန်းတောက်စေအံ့သောငှာငါ့နာမကိုအမှီ ပြု၍ သင်တို့တောင်းလျှောက်သမျှအတိုင်း ငါပြုမည်။-
Na shoseri shamluwa mulitawu lyaneni hantendi, su Tati kakwiswi mnumba ya mwana.
14 ၁၄ ငါ့နာမကိုအမှီပြု၍သင်တို့မည်သည့် ဆုကိုမဆိုငါ့ကိုတောင်းလျှင် တောင်းသည့် အတိုင်းငါပြုမည်။
Pamunduwa shoseri mulitawu lyangu, hanuwatendereni.
15 ၁၅ ``သင်တို့သည်ငါ့ကိုချစ်လျှင်ငါ့ပညတ် တို့ကိုစောင့်ထိန်းလိမ့်မည်။-
“Pamunfira neni, hamulijimili lilagaliru lyaneni.
16 ၁၆ ငါသည်ခမည်းတော်အားတောင်းလျှောက် သဖြင့်သင်တို့နှင့်အတူအစဉ်အမြဲရှိ၍ သင်တို့အားမစတော်မူသောအခြား အရှင်တစ်ပါးကိုပေးတော်မူလိမ့်မည်။- (aiōn )
Naneni hanumluwi Tati nayomberi hakawapanani mtanga yumonga, hakalikali namwenga kwa mashaka goseri. (aiōn )
17 ၁၇ ထိုအရှင်သည်ဘုရားသခင်အကြောင်းဆိုင် ရာသမ္မာတရားကိုဖော်ပြသောဝိညာဉ်တော် ဖြစ်၏။ လောကသားတို့သည်ထိုဝိညာဉ်တော် ကိုမြင်လည်းမမြင်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ ထိုဝိညာဉ်တော်သည်သင်တို့ နှင့်အတူတည်နေတော်မူ၍ သင်တို့စိတ်နှလုံး တွင်ကျိန်းဝပ်တော်မူသဖြင့်ထိုအရှင်ကို သင်တို့သိကြ၏။
Yomberi ndo Rohu yakalanguziya unakaka kuusu Mlungu. Wantu wa pasipanu waweza ndiri kumuwanka toziya waweza ndiri kumwona wala kummana. Kumbiti mwenga mumana toziya kalikala namwenga na ka mngati mwenu.
18 ၁၈ ``ငါသည်သင်တို့အားခိုကိုးရာမဲ့ဖြစ်စေ မည်မဟုတ်။ သင်တို့ထံသို့ငါလာဦးမည်။-
“Pang'enda hanuwaleki ndiri mwawashiwa, hanizi kayi kwamwenga.
19 ၁၉ ကာလအနည်းငယ်ကြာလျှင်ဤလောက သားတို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ် သော်လည်း သင်တို့မူကားမြင်ကြရလိမ့်မည်။ ငါ သည်အသက်ရှင်သောကြောင့်သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။-
Katepu hera wantu wa pasipanu hawamoni kayi ndiri, kumbiti mwenga hamumoni. Toziya nana ukomu, viraa mwenga hamuweri na ukomu.
20 ၂၀ ငါသည်ခမည်းတော်၌တည်နေသည်ကိုလည်း ကောင်း၊ သင်တို့သည်ငါ၌တည်နေ၍ငါသည် လည်းသင်တို့၌တည်နေသည်ကိုလည်းကောင်း ထိုနေ့ရက်၌သင်တို့သိကြလိမ့်မည်။''
Lishaka lilii palisokiti hamuvimani handa neni na mngati mwa Tati, naneni mngati mwamwenga.
21 ၂၁ ``ငါ့ပညတ်များကိုခံယူ၍စောင့်ထိန်းသော သူသည်ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ် သောသူကို ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်းသူ့ကိုချစ်၍ မိမိကိုယ်ကိုသူ့ အားပေါ်လွင်ထင်ရှားစေမည်'' ဟုမိန့်တော်မူ၏။
“Yakagayanka malagaliru ganeni na kugajimira, ndoweni walii yawanfira neni. Tati gwangu hakawafiri woseri yawanfira neni, naneni vulaa hanuwafiri womberi na hanulilanguziyi kwawomberi.”
22 ၂၂ (ရှကာရုတ်မဟုတ်သူ) အခြားယုဒက``သခင်၊ လောကသားတို့အားမိမိကိုယ်ကိုပေါ်လွင် ထင်ရှားစေတော်မမူဘဲ အကျွန်ုပ်တို့အား အဘယ်သို့ပေါ်လွင်ထင်ရှားစေတော်မူမည် နည်း'' ဟုမေးလျှောက်၏။
Yuda, Yuda Isikariyoti ndiri, kamgambira, “Mtuwa, hashi iwezekana gwenga kulilanguziya kwatwenga na gulilanguziya ndiri kwa wantu wa pasipanu?”
23 ၂၃ သခင်ယေရှုက ``ငါ့ကိုချစ်သောသူသည် ငါ့သွန်သင်ချက်ကိုခံယူလိမ့်မည်။ သို့ဖြစ်၍ ငါ့ခမည်းတော်သည်ထိုသူကိုချစ်တော်မူ လိမ့်မည်။ ငါ့ခမည်းတော်နှင့်ငါသည်လည်းသူ့ ထံသို့လာ၍သူနှင့်အတူကျိန်းဝပ်မည်။-
Yesu kamwankula, “Muntu pakanfira neni hakagajimili mafundu gangu na Tati gwangu hakamfiri, neni pamuhera na Tati gwangu hatwizi kulikala nayomberi.
24 ၂၄ ငါ့ကိုမချစ်သောသူသည်ငါ့သွန်သင်ချက် ကိုမခံမယူတတ်။ သင်တို့ကြားရသောသွန် သင်ချက်သည်ငါ့သွန်သင်ချက်မဟုတ်။ ငါ့ ကိုစေလွှတ်တော်မူသောခမည်းတော်၏သွန် သင်ချက်ဖြစ်၏။
Yakanfira ndiri hapeni kagajimili mafundu gangu. Na mafundu gampikaniriti gangu ndiri, galawa kwa Tati yakantumiti.
25 ၂၅ ``သင်တို့နှင့်အတူရှိစဉ်အခါဤအရာ များကိုငါဖော်ပြပြီ။-
“Nuwagambiriti vitwatira avi pamweriti nakali na mwenga.
26 ၂၆ သို့ရာတွင်ခမည်းတော်သည်ငါ့နာမကြောင့် စေလွှတ်တော်မူမည့်မစတော်မူသောအရှင် တည်းဟူသောသန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အားခပ်သိမ်းသောအရာတို့ကိုသွန်သင် ပေးတော်မူ၍ ငါပြောခဲ့သမျှသောအရာတို့ ကိုသင်တို့အားပြန်လည်သတိရစေတော် မူလိမ့်မည်။
Kumbiti mtanga, Rohu Mnanagala, ndomweni Tati hakamtumi mulitawu lyaneni, hakawafundeni kila shintu na kuwakumbusiyani goseri ganuwagambirani.
27 ၂၇ ``ငြိမ်သက်ခြင်းကိုသင်တို့အားငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏။ လောကသားတို့ပေးသကဲ့သို့မဟုတ်။ သင်တို့ စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။-
“Nuwalekera ponga, nuwapanani ponga yangu. Nuwapanani ndiri mwenga gambira wantu wa pasipanu ntambu yawatenda. Namuwera na lyoga ama namuhinginyika.
28 ၂၈ `ငါယခုသွားသော်လည်းသင်တို့ထံကို ပြန်လာဦးမည်' ဟုပြောသည်ကိုသင်တို့ ကြားခဲ့ကြပြီ။ ခမည်းတော်သည်ငါ့ထက် ကြီးမြတ်တော်မူ၏။ သို့ဖြစ်၍သင်တို့ငါ့ ကိုချစ်လျှင်ခမည်းတော်ထံသို့ငါသွား သည်ကိုဝမ်းမြောက်ကြလိမ့်မည်။-
Mpikaniriti kala panuwagambira, Nankugenda zyangu, shakapanu hambuyi kayi kwamwenga. Handa munganfiriti, munganemeli toziya nankugenda kwa Tati, yomberi ndo mkulu nentu kuliku neni.
29 ၂၉ ထိုအမှုအရာဖြစ်ပျက်သောအခါ၌သင် တို့ယုံကြည်ကြစေရန် ယခုကပင်ကြိုတင် ၍သင်တို့အားငါပြောနှင့်ပြီ။-
Nuwagambireni aga vinu pamberi ganalawira, su pagalawila mpati kujimira.
30 ၃၀ လောကကိုအစိုးရသူသည်ရောက်ရှိလာ တော့မည်။ သို့ဖြစ်၍ငါသည်သင်တို့နှင့်စကား ကြာကြာပြောနိုင်တော့မည်မဟုတ်။ သူသည် ငါ့ကိုမည်သို့မျှမပြုနိုင်။-
Ntakula ndiri namwenga kayi vitwatira avi vivuwa, mana mtuwa gwa pasipanu kankwiza. Hapeni kawezi shintu kwaneni,
31 ၃၁ သို့ရာတွင်ငါသည်ခမည်းတော်ကိုချစ်ကြောင်း ကမ္ဘာကသိရန်လိုပေသည်။ သို့ဖြစ်၍ငါသည် ခမည်းတော်ငါ့အားမိန့်မှာတော်မူသမျှကို ငါလိုက်နာဆောင်ရွက်၏။ ထ၍ဤနေရာမှသွားကြကုန်အံ့'' ဟု မိန့်တော်မူ၏။
kumbiti wantu wa pasi panu mpaka wavimani handa numufira Tati, ndo mana ntenda kila shintu gambira Tati ntambu yakanamuwiti. “Mgoloki, tuwuki panu!”