< ယောဟန် 13 >

1 အ​ခါ​ကား​ပ​သ​ခါ​ပွဲ​တော်​မ​တိုင်​မီ​တစ်​ရက် ဖြစ်​၏။ သ​ခင်​ယေ​ရှု​သည်​ဤ​လော​က​မှ​ထွက် ခွာ​၍ ခ​မည်း​တော်​ထံ​သို့​ကြွ​တော်​မူ​ရ​မည့် အ​ချိန်​ကျ​ရောက်​လာ​ကြောင်း​ကို​သိ​တော်​မူ ၏။ ကိုယ်​တော်​သည်​ဤ​လော​က​ရှိ​မိ​မိ​၏​တပည့် သား​ရင်း​များ​ကို​အ​စဉ်​ပင်​ချစ်​တော်​မူ​၏။ သူ​တို့​အား​ဆုံး​ခန်း​တိုင်​အောင်​ချစ်​တော် မူ​ပေ​သည်။
Now before the feast of the Passover, Jesus, knowing that his time had come that he would depart from this world to the Father, having loved his own who were in the world, he loved them to the end.
2 သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည်​ည​စာ စား​လျက်​နေ​ကြ​၏။ မာရ်​နတ်​သည်​ရှိ​မုန်​ရှ ကာ​ရုတ်​သား​ယု​ဒ​အား ကိုယ်​တော်​ကို​ရန်​သူ့ လက်​သို့​အပ်​နှံ​စေ​ရန်​အ​ကြံ​ပေး​ထား​ပြီး ဖြစ်​ပေ​သည်။-
And during the meal, the devil had already put into the heart of Judas Iscariot, Simon's son, to betray him.
3 သ​ခင်​ယေ​ရှု​သည်​မိ​မိ​အား​ခ​မည်း​တော်​က အာ​ဏာ​ကုန်​လွှဲ​အပ်​ထား​သည်​ကို​လည်း​ကောင်း၊ မိ​မိ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ ၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ပြန်​တော့​မည်​ကို လည်း​ကောင်း​သိ​တော်​မူ​၏။-
Because he knew that the Father had given all things into his hands, and that he came forth from God, and was going to God,
4 သို့​ဖြစ်​၍​စား​ပွဲ​မှ​ထ​၍​ဝတ်​လုံ​တော်​ကို ချွတ်​တော်​မူ​ပြီး​လျှင်​ပ​ဝါ​ကို​ယူ​၍​ခါး ကို​စည်း​တော်​မူ​၏။-
arose from the meal, and removed his outer garments. He took a towel, and wrapped a towel around his waist.
5 ထို​နောက်​ဇ​လုံ​တွင်​ရေ​ထည့်​၍​တ​ပည့်​တော်​တို့ ၏​ခြေ​ကို​ဆေး​ပြီး​လျှင် ခါး​တွင်​စည်း​ထား​သော ပ​ဝါ​နှင့်​သုတ်​တော်​မူ​၏။-
Then he poured water into the basin, and began to wash the disciples' feet, and to wipe them with the towel that was wrapped around him.
6 ရှိ​မုန်​ပေ​တ​ရု​ထံ​သို့​ရောက်​တော်​မူ​လျှင် ပေ​တ​ရု​က ``သ​ခင်၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ် ၏​ခြေ​ကို​ဆေး​တော်​မူ​မည်​လော'' ဟု​မေး လျှောက်​၏။
Then he came to Simon Peter. He said to him, "Lord, do you wash my feet?"
7 သ​ခင်​ယေ​ရှု​က ``ငါ​ပြု​သော​အ​မှု​ကို​ယ​ခု သင်​မ​သိ။ နောင်​အ​ခါ​မှ​သိ​ရ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။
Jesus answered him, "You do not know what I am doing now, but you will understand later."
8 ပေ​တ​ရု​က ``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခြေ ကို​အ​ဘယ်​အ​ခါ​မျှ​မ​ဆေး​ရ'' ဟု​ဆို​၏။ သ​ခင်​ယေ​ရှု​က ``သင့်​ခြေ​ကို​ငါ​မ​ဆေး​ရ လျှင် သင်​သည်​ငါ​၏​တ​ပည့်​မ​ဟုတ်​တော့​ပြီ'' ဟု​မိန့်​တော်​မူ​၏။ (aiōn g165)
Peter said to him, "You will never wash my feet." Jesus answered him, "If I do not wash you, you have no part with me." (aiōn g165)
9 ပေ​တ​ရု​က ``သ​ခင်၊ အ​ကျွန်ုပ်​၏​ခြေ​ကို သာ​မ​က​လက်​နှင့်​ဦး​ခေါင်း​ကို​လည်း​ဆေး တော်​မူ​ပါ'' ဟု​လျှောက်​၏။
Simon Peter said to him, "Lord, not my feet only, but also my hands and my head."
10 ၁၀ သ​ခင်​ယေ​ရှု​က ``ရေ​ချိုး​ပြီး​သူ​သည်​တစ်​ကိုယ် လုံး​စင်​ကြယ်​ပြီး​ဖြစ်​၍​ခြေ​ကို​သာ​ဆေး​ရန် လို​၏။ သင်​တို့​သည်​စင်​ကြယ်​ပြီး​ဖြစ်​၏။ သို့​ရာ တွင်​လူ​တိုင်း​စင်​ကြယ်​သည်​မ​ဟုတ်'' ဟု​မိန့် တော်​မူ​၏။-
Jesus said to him, "Someone who has bathed only needs to have his feet washed, but is completely clean. You are clean, but not all of you."
11 ၁၁ (မိ​မိ​အား​ရန်​သူ့​လက်​သို့​အပ်​နှံ​မည့်​သူ​ကို​သိ တော်​မူ​သော​ကြောင့် ကိုယ်​တော်​က​လူ​တိုင်း​စင် ကြယ်​သည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​သ​တည်း။)
For he knew him who would betray him, therefore he said, "You are not all clean."
12 ၁၂ ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​၏​ခြေ​ကို​ဆေး ပြီး​နောက် ဝတ်​လုံ​တော်​ကို​ပြန်​၍​ဝတ်​ပြီး​လျှင် ထိုင်​တော်​မူ​၏။ ကိုယ်​တော်​က ``သင်​တို့​အ​တွက် ငါ​ပြု​ခဲ့​သော​အ​မှု​အ​ရာ​ကို​နား​လည်​ကြ သ​လော။-
So when he had washed their feet, put his outer garment back on, and sat down again, he said to them, "Do you know what I have done to you?
13 ၁၃ သင်​တို့​သည်​ငါ့​ကို​ဆ​ရာ​တော်​ဟူ​၍​လည်း ကောင်း၊ အ​ရှင်​ဘု​ရား​ဟူ​၍​လည်း​ကောင်း​ခေါ် တတ်​ကြ​၏။ ဤ​အ​တိုင်း​လည်း​ဟုတ်​မှန်​သ​ဖြင့် သင်​တို့​ခေါ်​သည်​မှာ​လျောက်​ပတ်​ပေ​၏။-
You call me, 'Teacher' and 'Lord.' You say so correctly, for so I am.
14 ၁၄ ငါ​သည်​သင်​တို့​၏​ဆ​ရာ​တော်​ဖြစ်​၏။ အ​ရှင် ဘု​ရား​လည်း​ဖြစ်​၏။ သို့​ဖြစ်​ပါ​လျက်​သင်​တို့ ၏​ခြေ​ကို​ငါ​ဆေး​ပေး​ခဲ့​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​လည်း​အ​ချင်း​ချင်း​တို့​၏​ခြေ​ကို​ဆေး ရ​မည်။-
If I then, the Lord and the Teacher, have washed your feet, you also ought to wash one another's feet.
15 ၁၅ သင်​တို့​အား​ငါ​ပြု​သ​ကဲ့​သို့ သင်​တို့​အ​ချင်း ချင်း​သည်​လည်း​ပြု​ကြ​စိမ့်​သော​ငှာ​စံ​န​မူ​နာ ကို​ငါ​ပြ​ခဲ့​ပြီ။-
For I have given you an example, that you also should do as I have done to you.
16 ၁၆ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ကျွန်​သည်​သ​ခင်​ထက်​ကြီး​မြတ်​သည်​မ​ဟုတ်။ စေ​လွှတ်​ခြင်း​ခံ​ရ​သူ​လည်း​စေ​လွှတ်​သော​သူ ထက်​ကြီး​မြတ်​သည်​မ​ဟုတ်။-
Truly, truly, I tell you, a servant is not greater than his master, neither one who is sent greater than he who sent him.
17 ၁၇ ဤ​သစ္စာ​စ​ကား​ကို​သင်​တို့​ယ​ခု သိ​ကြ​လေ ပြီ။ ယင်း​သို့​သိ​သည့်​အ​တိုင်း​ကျင့်​သုံး​ကြ​ပါ လျှင်​မင်္ဂ​လာ​ရှိ​ကြ​၏။
If you know these things, blessed are you if you do them.
18 ၁၈ ``သင်​တို့​အား​လုံး​ကို​ရည်​မှတ်​၍​ငါ​ပြော​သည် မ​ဟုတ်။ ငါ​ရွေး​ကောက်​ထား​သူ​များ​ကို​ငါ​သိ ၏။ သို့​သော်​ကျမ်း​စာ​တော်​တွင်`ငါ​၏​ထ​မင်း​ကို စား​သူ​သည်​ငါ့​ကို​ခြေ​နှင့်​ကျောက်​လေ​ပြီ' ဟု ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​ပျက်​ရ​မည်။-
I do not speak concerning all of you. I know whom I have chosen. But that the Scripture may be fulfilled, 'He who ate my bread has lifted up his heel against me.'
19 ၁၉ ထို​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ `ငါ​သည်​ငါ ဖြစ်​သည်​အ​တိုင်း​ငါ​ဖြစ်​သည်​ကို' သင်​တို့ ယုံ​ကြည်​လာ​ကြ​စေ​ရန်​ယ​ခု​က​ပင်​ကြို တင်​၍​သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။-
I am telling you this now before it happens, so that when it does happen you may believe that I am he.
20 ၂၀ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​စေ​လွှတ်​သော​သူ​ကို​လက်​ခံ​သူ​သည်​ငါ့ ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် လည်း​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။
Truly, truly, I tell you, he who receives whomever I send, receives me; and he who receives me, receives him who sent me."
21 ၂၁ ဤ​သို့​မိန့်​တော်​မူ​ပြီး​သော​အ​ခါ​သ​ခင်​ယေ​ရှု သည်​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​တော်​မူ​၍ ``အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သင်​တို့ အ​နက်​တစ်​ယောက်​သော​သူ​သည်​ငါ့​ကို​ရန်​သူ့ လက်​သို့​အပ်​နှံ​လိမ့်​မည်'' ဟု​ပွင့်​လင်း​စွာ​မိန့် တော်​မူ​၏။
When Jesus had said this, he was troubled in spirit, and testified, "Truly, truly, I tell you that one of you will betray me."
22 ၂၂ အ​ဘယ်​သူ​ကို​ရည်​ဆောင်​၍​မိန့်​တော်​မူ​သည် ကို​တ​ပည့်​တော်​တို့​တွေး​၍​မ​ရ​နိုင်​ကြ​သ​ဖြင့် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​ကြည့် ကြ​၏။-
The disciples looked at one another, perplexed about whom he spoke.
23 ၂၃ ထို​အ​ခါ​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ကိုယ်​တော်​၏​လက်​ယာ​တော် ဘက်​တွင်​ထိုင်​လျက်​နေ​၏။-
One of his disciples, whom Jesus loved, was reclining against Jesus' chest.
24 ၂၄ ရှိ​မုန်​ပေ​တ​ရု​က ``ကိုယ်​တော်​သည်​မည်​သူ့​ကို ဆို​လို​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​လျှောက် ရန်​ထို​တ​ပည့်​အား​မျက်​ရိပ်​ပြ​၍​ခိုင်း​၏။
Simon Peter therefore motioned to him to inquire who it was he was talking about.
25 ၂၅ ထို​တ​ပည့်​တော်​သည် သ​ခင်​ယေ​ရှု​၏​အ​နီး သို့​ကပ်​ပြီး​လျှင် ``သ​ခင်၊ ထို​သူ​သည်​မည်​သူ ဖြစ်​ပါ​သ​နည်း'' ဟု​လျှောက်​၏။
He, leaning back, as he was, on Jesus' chest, asked him, "Lord, who is it?"
26 ၂၆ သ​ခင်​ယေ​ရှု​က ``ဤ​မုန့်​တစ်​ဖဲ့​ကို​ဟင်း​ပန်း ကန်​တွင်​နှစ်​၍​ငါ​ပေး​သူ​သည်​ထို​သူ​ပင်​ဖြစ် ၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​မုန့်​တစ်​ဖဲ့​ကို ဟင်း​ပန်း​ကန်​တွင်​နှစ်​ပြီး​လျှင် ရှိ​မုန်​ရှ​ကာ​ရုတ် ၏​သား​ယု​ဒ​အား​ပေး​တော်​မူ​၏။-
Jesus therefore answered, "It is he to whom I will give this piece of bread when I have dipped it." So when he had dipped the piece of bread, he gave it to Judas, the son of Simon Iscariot.
27 ၂၇ ထို​မုန့်​ကို​ယု​ဒ​စား​လိုက်​သည်​နှင့်​တစ်​ပြိုင် နက်​စာ​တန်​သည်​သူ​၏​အ​ထဲ​သို့​ဝင်​လေ​၏။ သ​ခင်​ယေ​ရှု​က ``သင်​ပြု​ရ​မည့်​အ​မှု​ကို အ​လျင်​အ​မြန်​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။-
After the piece of bread, then Satan entered into him. Then Jesus said to him, "What you do, do quickly."
28 ၂၈ ယု​ဒ​အား​အ​ဘယ်​ကြောင့်​ထို​သို့​မိန့်​တော်​မူ သည်​ကို စား​ပွဲ​တွင်​ထိုင်​နေ​သူ​တစ်​ယောက်​မျှ မ​သိ။-
Now none of those reclining knew why he said this to him.
29 ၂၉ ယုဒ​သည်​ငွေ​အိတ်​ကို​ကိုင်​ဆောင်​ရ​သူ​ဖြစ်​၍ ပွဲ​တော်​အ​တွက်​လို​အပ်​သည်​များ​ကို​ဝယ်​ယူ ရန်​ဖြစ်​စေ၊ ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​ရန် ဖြစ်​စေ​သ​ခင်​ယေ​ရှု​မှာ​ကြား​တော်​မူ​သည် ဟု အ​ချို့​သော​တ​ပည့်​တော်​တို့​က​ထင်​မှတ် ကြ​၏။
For some thought, because Judas had the money box, that Jesus said to him, "Buy what things we need for the feast," or that he should give something to the poor.
30 ၃၀ ယု​ဒ​ရှ​ကာ​ရုတ်​သည်​မုန့်​တစ်​ဖဲ့​ကို​ခံ​ယူ ပြီး​လျှင်​ချက်​ချင်း​ထွက်​ခွာ​သွား​လေ​သည်။ ထို​အ​ချိန်​ကား​ည​အ​ချိန်​ဖြစ်​သ​တည်း။
Therefore, having received the piece of bread, he went out immediately; and it was night.
31 ၃၁ ယု​ဒ​ထွက်​သွား​ပြီး​နောက်​သ​ခင်​ယေ​ရှု​က ``ယ​ခု လူ​သား​သည်​ဘုန်း​အ​သ​ရေ​ထွန်း​တော်​မူ​လေ ပြီ၊ ဘု​ရား​သ​ခင်​သည်​လည်း​လူ​သား​အား​ဖြင့် ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပြီ။-
When he had gone out, Jesus said, "Now the Son of Man has been glorified, and God has been glorified in him.
32 ၃၂ ဘု​ရား​သ​ခင်​သည်​လူ​သား​အား​ဖြင့်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​လျှင် ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​အား​ဖြင့် လူ​သား​အား ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ​လိမ့် မည်။-
If God has been glorified in him, God will also glorify him in himself, and he will glorify him at once.
33 ၃၃ ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ခ​ဏ​မျှ သာ​နေ​ရ​ပေ​တော့​အံ့။ သင်​တို့​သည်​ငါ့​ကို​ရှာ ကြ​လိမ့်​မည်။ `ငါ​သွား​ရာ​သို့​သင်​တို့​မ​လိုက် နိုင်​ကြ' ဟု​ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​ပြော​ခဲ့ သည်​အ​တိုင်း​သင်​တို့​အား​လည်း​ယ​ခု​ငါ ပြော​၏။-
Little children, I will be with you a little while longer. You will seek me, and as I said to the Jewish leaders, 'Where I am going, you cannot come,' so now I tell you.
34 ၃၄ အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟူ​သော​ပ​ညတ်​သစ် ကို​သင်​တို့​အား​ငါ​ပေး​၏။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ​သင်​တို့​သည်​လည်း​အ​ချင်း ချင်း​ချစ်​ကြ​ရ​မည်။-
A new commandment I give to you, that you love one another. Just as I have loved you, you also must love one another.
35 ၃၅ သင်​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လျှင်​လူ​အ​ပေါင်း တို့​သည် ထို​မေတ္တာ​ကို​ထောက်​၍​သင်​တို့​သည်​ငါ ၏​တ​ပည့်​များ​ဖြစ်​ကြောင်း​ကို​သိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
By this everyone will know that you are my disciples, if you have love for one another."
36 ၃၆ ရှိ​မုန်​ပေ​တ​ရု​က ``သ​ခင်၊ အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သွား​ရာ​ကို​သင်​ယ​ခု မ​လိုက်​နိုင်။ နောင်​အ​ခါ​မှ​လိုက်​ရ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။
Simon Peter said to him, "Lord, where are you going?" Jesus answered, "Where I am going, you cannot follow now, but you will follow afterwards."
37 ၃၇ ပေ​တ​ရု​က ``သ​ခင်၊ အ​ဘယ်​ကြောင့်​ယ​ခု အ​ကျွန်ုပ်​မ​လိုက်​နိုင်​ပါ​သ​နည်း။ ကိုယ်​တော် ၏​အ​တွက်​အ​ကျွန်ုပ်​သည်​အ​သက်​ကို​ပင်​စွန့် ပါ​မည်'' ဟု​လျှောက်​၏။
Peter said to him, "Lord, why can I not follow you now? I will lay down my life for you."
38 ၃၈ သ​ခင်​ယေ​ရှု​က ``သင်​သည်​ငါ့​အ​တွက်​အ​သက် စွန့်​မည်​လော။ အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည် ကား ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​တိုင်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
Jesus answered him, "Will you lay down your life for me? Truly, truly, I tell you, the rooster won't crow until you have denied me three times.

< ယောဟန် 13 >