< ယောဟန် 12 >
1 ၁ ပသခါပွဲတော်ကျရောက်ရန်ခြောက်ရက်မျှ အလို၌ သေလွန်ပြီးမှပြန်၍အသက်ရှင် စေတော်မူခဲ့သူ လာဇရုနေထိုင်ရာဗေသနိ ရွာသို့သခင်ယေရှုကြွတော်မူ၏။-
Iesus ergo ante sex dies paschae venit Bethaniam ubi fuerat Lazarus mortuus quem suscitavit Iesus
2 ၂ ကိုယ်တော်အားညစာဖြင့်ဧည့်ခံရာ၌မာသက ဧည့်ဝတ်ကိုပြု၏။ ကိုယ်တော်နှင့်အတူစားပွဲတွင် ထိုင်ကြသူများအထဲတွင်လာဇရုလည်းပါ၏။-
fecerunt autem ei cenam ibi et Martha ministrabat Lazarus vero unus erat ex discumbentibus cum eo
3 ၃ ထိုအခါမာရိသည်အလွန်အဖိုးထိုက်သော နာဒုဆီမွှေးအစစ်သုံးဆယ်သားကိုယူ၍ သခင်ယေရှု၏ခြေတော်ကိုလိမ်းပြီးနောက် မိမိ၏ဆံပင်နှင့်သုတ်လေ၏။ ဤဆီမွှေး၏ ရနံ့သည်တစ်အိမ်လုံးမွှေးကြိုင်လျက်ရှိ၏။-
Maria ergo accepit libram unguenti nardi pistici pretiosi unxit pedes Iesu et extersit capillis suis pedes eius et domus impleta est ex odore unguenti
4 ၄ တပည့်တော်တစ်ဦးဖြစ်သူယုဒရှကာရုတ် က ``ဤဆီမွှေးကိုအဘယ်ကြောင့်ဒေနာရိ သုံးရာဖြင့်ရောင်း၍ ဆင်းရဲသူတို့အားမစွန့် မကြဲပါသနည်း'' ဟုဆို၏။ သူသည်နောင် အခါကိုယ်တော်အားရန်သူ့လက်သို့အပ်နှံ မည့်သူဖြစ်သတည်း။-
dicit ergo unus ex discipulis eius Iudas Scariotis qui erat eum traditurus
quare hoc unguentum non veniit trecentis denariis et datum est egenis
6 ၆ ဤသို့ပြောဆိုရာ၌သူသည်ဆင်းရဲသူတို့ အားကြင်နာထောက်ထား၍မဟုတ်၊ ခိုးဝှက် တတ်သူဖြစ်၍သာလျှင်ပြောဆိုခြင်းဖြစ်၏။ သူသည်ငွေအိတ်ကိုလွယ်ရသူဖြစ်၍ငွေများ ကိုခိုးယူသုံးစွဲလေ့ရှိသတည်း။
dixit autem hoc non quia de egenis pertinebat ad eum sed quia fur erat et loculos habens ea quae mittebantur portabat
7 ၇ သခင်ယေရှုက ``ထိုအမျိုးသမီးကို မနှောင့်ယှက်နှင့်။ သူသည်ငါ့အလောင်းကို သင်္ဂြိုဟ်မည့်အချိန်အတွက်ဤဆီမွှေးကို သိမ်းထားပါလေစေ။-
dixit ergo Iesus sine illam ut in die sepulturae meae servet illud
8 ၈ ဆင်းရဲသူတို့သည်သင်တို့နှင့်အမြဲပင် ရှိကြ၏။ ငါမူကားသင်တို့နှင့်အမြဲရှိ မည်မဟုတ်'' ဟုမိန့်တော်မူ၏။
pauperes enim semper habetis vobiscum me autem non semper habetis
9 ၉ ဗေသနိရွာသို့ကိုယ်တော်ရောက်ရှိနေကြောင်း ကြားရသောအခါ လူပရိသတ်ကြီးသည် ထိုရွာသို့လာရောက်ကြ၏။ သူတို့သည်သခင် ယေရှုကြောင့်သာလျှင်လာကြသည်မဟုတ်။ ကိုယ်တော်အသက်ပြန်၍ရှင်စေတော်မူခဲ့ သူ လာဇရုကိုတွေ့မြင်လိုကြသောကြောင့် လည်းဖြစ်၏။-
cognovit ergo turba multa ex Iudaeis quia illic est et venerunt non propter Iesum tantum sed ut Lazarum viderent quem suscitavit a mortuis
10 ၁၀ လာဇရုကိုအကြောင်းပြု၍ယုဒအမျိုး သားအများပင်ယဇ်ပုရောဟိတ်ကြီးများကို မဆည်းကပ်ကြတော့ဘဲ သခင်ယေရှုကိုယုံ ကြည်ဆည်းကပ်လာကြ၏။ သို့ဖြစ်၍ယဇ်ပု ရောဟိတ်ကြီးတို့သည်လာဇရုကိုလည်း သတ်ရန်ကြံစည်ကြ၏။
cogitaverunt autem principes sacerdotum ut et Lazarum interficerent
quia multi propter illum abibant ex Iudaeis et credebant in Iesum
12 ၁၂ နောက်တစ်နေ့၌ပသခါပွဲတော်သို့လာ ကြကုန်သောလူပရိသတ်အပေါင်းတို့သည် ယေရုရှလင်မြို့သို့သခင်ယေရှုကြွလာ တော်မည်ဟုကြားသဖြင့်၊-
in crastinum autem turba multa quae venerat ad diem festum cum audissent quia venit Iesus Hierosolyma
13 ၁၃ စွန်ပလွံခက်များကိုကိုင်ဆောင်ကာထွက်သွား ပြီးလျှင် ``ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြလော့။ ထာဝရဘုရား၏နာမတော်နှင့်ကြွ လာသောအရှင်သည်မင်္ဂလာရှိတော်မူစေသတည်း။ ဣသရေလဘုရင်သည်မင်္ဂလာရှိတော်မူစေ သတည်း'' ဟုကြွေးကြော်လျက်ကိုယ်တော်အား ကြိုဆိုကြ၏။
acceperunt ramos palmarum et processerunt obviam ei et clamabant osanna benedictus qui venit in nomine Domini rex Israhel
14 ၁၄ ကျမ်းစာတော်တွင်၊ ``အို ဇိအုန်မြို့၊မကြောက်နှင့်၊ကြည့်လော့၊ သင်၏ရှင်ဘုရင်သည်မြည်းကလေးကိုစီးလျက် ကြွလာလေပြီ'' ဟုပါရှိသည်နှင့်အညီသခင်ယေရှုသည် မြည်းတစ်ကောင်ကိုတွေ့၍ထိုမြည်းကိုစီး တော်မူ၏။
et invenit Iesus asellum et sedit super eum sicut scriptum est
noli timere filia Sion ecce rex tuus venit sedens super pullum asinae
16 ၁၆ တပည့်တော်တို့သည်ထိုစဉ်အခါကဤ ကျမ်းချက်ကိုနားမလည်ကြ။ သခင်ယေရှု ဘုန်းအသရေပွင့်တော်မူသောအခါကျမှ ဤကျမ်းချက်ကားကိုယ်တော်၏အကြောင်း ဖော်ပြသည်ကိုလည်းကောင်း၊ ကိုယ်တော်၏ အတွက်ထိုသို့ပြုခဲ့ကြသည်ကိုလည်းကောင်း ပြန်လည်သတိရကြ၏။
haec non cognoverunt discipuli eius primum sed quando glorificatus est Iesus tunc recordati sunt quia haec erant scripta de eo et haec fecerunt ei
17 ၁၇ လာဇရုအားသင်္ချိုင်းဂူမှခေါ်ထုတ်၍ရှင်ပြန် စေတော်မူစဉ်အခါကနောက်တော်ပါပရိသတ် သည် အံ့ဖွယ်သောနိမိတ်လက္ခဏာအကြောင်းကို ပြန်ကြားကြသဖြင့် ကြားရသောလူအပေါင်း တို့သည်ကိုယ်တော်ကိုကြိုဆိုရန်လာကြ၏။
testimonium ergo perhibebat turba quae erat cum eo quando Lazarum vocavit de monumento et suscitavit eum a mortuis
propterea et obviam venit ei turba quia audierunt eum fecisse hoc signum
19 ၁၉ ဖာရိရှဲတို့က ``ငါတို့မှာလုံးဝအောင်မြင်မှု မရှိ။ လောကတစ်ခုလုံးပင်ထိုသူ့နောက်သို့ လိုက်ပါသွားပါပြီတကား'' ဟုအချင်း ချင်းပြောဆိုကြ၏။
Pharisaei ergo dixerunt ad semet ipsos videtis quia nihil proficimus ecce mundus totus post eum abiit
20 ၂၀ ပွဲတော်အတွင်းကိုးကွယ်ဝတ်ပြုရန်ယေရု ရှလင်မြို့သို့သွားကြသောလူတို့အထဲတွင် ဂရိအမျိုးသားအချို့ပါ၏။-
erant autem gentiles quidam ex his qui ascenderant ut adorarent in die festo
21 ၂၁ သူတို့သည် (ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ် သူ) ဖိလိပ္ပုထံသို့သွားကြ၍ ``ဆရာ၊ အကျွန်ုပ် တို့သည်သခင်ယေရှုကိုမြင်လိုပါသည်'' ဟု ပြောကြားကြ၏။
hii ergo accesserunt ad Philippum qui erat a Bethsaida Galilaeae et rogabant eum dicentes domine volumus Iesum videre
22 ၂၂ ဖိလိပ္ပုသည်အန္ဒြေထံသို့သွား၍ထိုအကြောင်းကို ပြောပြ၏။ ထိုနောက်ထိုသူနှစ်ဦးတို့သည်သခင် ယေရှုထံတော်သို့သွား၍ထိုအကြောင်းကိုလျှောက် ထားကြ၏။-
venit Philippus et dicit Andreae Andreas rursum et Philippus dixerunt Iesu
23 ၂၃ သခင်ယေရှုက ``လူသားဘုန်းအသရေပွင့် မည့်အချိန်ကျရောက်လာလေပြီ။-
Iesus autem respondit eis dicens venit hora ut clarificetur Filius hominis
24 ၂၄ အမှန်အကန်သင်တို့အားငါဆိုသည်ကား ဂျုံစေ့သည်မြေသို့မကျ၊ မကျေမပျက်ဘဲ ရှိပါမူအစေ့တစ်စေ့ထက်ပိုမိုပွားများ လာလိမ့်မည်မဟုတ်။ ကျေပျက်၍သွားလျှင် မူကားများစွာသောသီးနှံတို့ကိုဖြစ်ထွန်း စေတတ်၏။-
amen amen dico vobis nisi granum frumenti cadens in terram mortuum fuerit ipsum solum manet si autem mortuum fuerit multum fructum adfert
25 ၂၅ မိမိအသက်ကိုချစ်သောသူသည်အသက် ဆုံးရှုံးလိမ့်မည်။ ဤလောကတွင်မိမိအသက် ကိုမုန်းသောသူသည် မိမိအသက်ကိုအစဉ် ထာဝရစောင့်ရှောက်ထိန်းသိမ်းလိမ့်မည်။- (aiōnios )
qui amat animam suam perdet eam et qui odit animam suam in hoc mundo in vitam aeternam custodit eam (aiōnios )
26 ၂၆ ငါ၏အမှုတော်ကိုထမ်းဆောင်သောသူသည် ငါ့နောက်သို့လိုက်ရမည်။ သို့မှသာငါရှိရာ အရပ်၌သူသည်လည်းရှိလိမ့်မည်။ ငါ၏အမှု တော်ကိုထမ်းဆောင်သောသူကိုခမည်းတော် သည်ချီးမြှောက်တော်မူလိမ့်မည်။
si quis mihi ministrat me sequatur et ubi sum ego illic et minister meus erit si quis mihi ministraverit honorificabit eum Pater meus
27 ၂၇ ``ငါသည်စိတ်ဒုက္ခရောက်လျက်ရှိ၏။ ငါအဘယ် သို့မြွက်ဆိုရအံ့နည်း။ `အို ခမည်းတော်၊ အကျွန်ုပ် အားဤဒုက္ခဝေဒနာရောက်ချိန်နှင့်ကင်းလွတ် စေတော်မူပါ' ဟုမြွက်ဆိုရမည်လော။ သို့ရာ တွင်ငါသည်ဤဒုက္ခဝေဒနာခံဖို့ရန်ရောက်ရှိ လာခြင်းဖြစ်၏။-
nunc anima mea turbata est et quid dicam Pater salvifica me ex hora hac sed propterea veni in horam hanc
28 ၂၈ အို ခမည်းတော်၊ ကိုယ်တော်ရှင်၏နာမတော် အားဘုန်းအသရေထွန်းတောက်စေတော်မူ ပါ'' ဟုမြွက်ဆိုတော်မူ၏။ ထိုအခါကောင်းကင်မှ ``ငါသည်နာမတော် ကိုဘုန်းအသရေထွန်းတောက်စေပြီ။ နောက် တစ်ဖန်လည်းထွန်းတောက်စေဦးမည်'' ဟုအသံ တော်ပေါ်ထွက်လာ၏။
Pater clarifica tuum nomen venit ergo vox de caelo et clarificavi et iterum clarificabo
29 ၂၉ ထိုနေရာတွင်ရပ်လျက်နေကြသောလူပရိသတ် သည်ထိုအသံကိုကြား၍အချို့က ``မိုးချုန်း သည်'' ဟုဆိုကြ၏။ အချို့ကမူ ``ကိုယ်တော်အား ကောင်းကင်တမန်စကားပြောသည်'' ဟုဆိုကြ၏။
turba ergo quae stabat et audierat dicebant tonitruum factum esse alii dicebant angelus ei locutus est
30 ၃၀ သခင်ယေရှုက ``ဤအသံတော်ပေါ်ထွက်လာ ခြင်းသည်ငါ၏အတွက်မဟုတ်။ သင်တို့၏အတွက် ဖြစ်၏။-
respondit Iesus et dixit non propter me vox haec venit sed propter vos
31 ၃၁ ဤလောကသည်ယခုပင်လျှင်တရားစီရင် ခြင်းခံရလေပြီ။ လောကကိုအစိုးရသူ သည်လည်းယခုပင်နှိမ်နင်းခြင်းခံရပေ တော့မည်။-
nunc iudicium est mundi nunc princeps huius mundi eicietur foras
32 ၃၂ ငါသည်မြေမှမြှောက်ထားခြင်းခံရသောအခါ လူခပ်သိမ်းတို့ကိုငါထံသို့ဆွဲဆောင်မည်'' ဟု မိန့်တော်မူ၏။-
et ego si exaltatus fuero a terra omnia traham ad me ipsum
33 ၃၃ (ဤသို့မိန့်တော်မူရာတွင်မိမိသည်အဘယ် သို့အသေခံရမည်ကိုအရိပ်အမြွက်အား ဖြင့်ဖော်ပြတော်မူခြင်းဖြစ်၏။)
hoc autem dicebat significans qua morte esset moriturus
34 ၃၄ လူတို့က ``မေရှိယသည်ထာဝစဉ်အသက်ရှင် တော်မူ၏ဟုပညတ်ကျမ်းကဆိုပါသည်။ သို့ ဖြစ်၍`လူသားသည်မြေမှမြှောက်ထားခြင်းကို ခံရမည်' ဟုအဘယ်ကြောင့်သင်ဆိုပါသနည်း။ လူသားကားအဘယ်သူနည်း'' ဟုမေးမြန်းကြ ၏။ (aiōn )
respondit ei turba nos audivimus ex lege quia Christus manet in aeternum et quomodo tu dicis oportet exaltari Filium hominis quis est iste Filius hominis (aiōn )
35 ၃၅ သခင်ယေရှုကလည်း ``အလင်းသည်သင်တို့ တွင်ခဏသာရှိပေတော့မည်။ သင်တို့အား အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခါ သွားလာကြလော့။ အမှောင်တွင်သွားလာသူ သည်မိမိအဘယ်အရပ်သို့သွားလာသည် ကိုမသိ။-
dixit ergo eis Iesus adhuc modicum lumen in vobis est ambulate dum lucem habetis ut non tenebrae vos conprehendant et qui ambulat in tenebris nescit quo vadat
36 ၃၆ သို့ဖြစ်၍အလင်းရှိနေခိုက်ထိုအလင်းကို ယုံကြည်ကြလော့။ သို့မှသာသင်တို့သည် အလင်း၏သားများဖြစ်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။ ဤသို့မိန့်တော်မူပြီးနောက်သခင်ယေရှု သည်ထွက်ကြွ၍ ထိုသူတို့ကိုတိမ်းရှောင် လျက်နေတော်မူ၏။-
dum lucem habetis credite in lucem ut filii lucis sitis haec locutus est Iesus et abiit et abscondit se ab eis
37 ၃၇ သူတို့၏မျက်မှောက်တွင်များစွာသောနိမိတ် လက္ခဏာတို့ကိုပြတော်မူခဲ့သော်လည်း သူတို့သည်ကိုယ်တော်ကိုမယုံကြည်ကြ။-
cum autem tanta signa fecisset coram eis non credebant in eum
38 ၃၈ ဤသို့ဖြစ်ရသည်မှာ၊ ``အို ထာဝရဘုရား၊အဘယ်သူသည် အကျွန်ုပ်တို့၏ ဟောပြောချက်ကိုယုံပါသနည်း။ ထာဝရဘုရားသည်တန်ခိုးတော်ကိုအဘယ် သူအား ထင်ရှားပါသနည်း။ ဟုဟေရှာယမြွက်ဆိုခဲ့သည့်အတိုင်းဖြစ် ပျက်ခြင်းပင်ဖြစ်၏။-
ut sermo Esaiae prophetae impleretur quem dixit Domine quis credidit auditui nostro et brachium Domini cui revelatum est
39 ၃၉ ထိုမှတစ်ပါးလည်းဟေရှာယက၊ ``သူတို့၏မျက်စိများသည်မြင်နိုင်၍ သူတို့၏ စိတ်နှလုံးသည်သိနားလည်နိုင်ပါမူ၊ ထိုသူတို့သည်မိမိတို့၏အနာရောဂါပျောက်ကင်း စိမ့်သောငှာစိတ်ပြောင်းလဲကြလိမ့်မည်။ သို့ဖြစ်၍သူတို့မျက်စိအလင်းကိုငါကွယ်စေ လျက် သူတို့စိတ်နှလုံးကိုလည်း၊လေးလံထိုင်းမှိုင်း စေတော်မူ၏ဟုဘုရားသခင်မိန့်တော်မူ၏'' ဟူ၍မြွက်ဆိုပြန်သည့်အတိုင်းထိုသူတို့ မှာယုံကြည်နိုင်စွမ်းမရှိကြ။
propterea non poterant credere quia iterum dixit Esaias
excaecavit oculos eorum et induravit eorum cor ut non videant oculis et intellegant corde et convertantur et sanem eos
41 ၄၁ ဟေရှာယသည်သခင်ယေရှု၏ဘုန်းအသရေ ကိုဖူးမြင်ရသဖြင့် ကိုယ်တော်၏အကြောင်းကို ဤသို့မြွက်ဆိုခြင်းဖြစ်၏။
haec dixit Esaias quando vidit gloriam eius et locutus est de eo
42 ၄၂ သို့ဖြစ်စေကာမူယုဒအာဏာပိုင်အမြောက် အမြားပင်ကိုယ်တော်ကိုယုံကြည်လာကြ၏။ သို့ရာတွင်ဖာရိရှဲများကြောင့်တရားဇရပ် မှထုတ်ပယ်ခံရမည်ကိုကြောက်၍မိမိတို့ ယုံကြည်ကြောင်းကိုပွင့်လင်းစွာဝန်မခံကြ။-
verumtamen et ex principibus multi crediderunt in eum sed propter Pharisaeos non confitebantur ut de synagoga non eicerentur
43 ၄၃ သူတို့သည်ကားလူတို့၏အချီးအမွမ်းကို ပို၍နှစ်သက်ကြသူများဖြစ်သတည်း။
dilexerunt enim gloriam hominum magis quam gloriam Dei
44 ၄၄ သခင်ယေရှုကဤသို့ကြွေးကြော်တော်မူသည်။ ``ငါ့ကိုယုံကြည်သူသည်ငါ့ကိုသာမဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလည်း ယုံကြည်၏။-
Iesus autem clamavit et dixit qui credit in me non credit in me sed in eum qui misit me
45 ၄၅ ငါ့ကိုတွေ့မြင်သူသည်ငါ့ကိုသာတွေ့မြင် သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသော အရှင်ကိုလည်းတွေ့မြင်၏။-
et qui videt me videt eum qui misit me
46 ၄၆ ငါ့ကိုယုံကြည်သူမှန်သမျှသည်အမှောင် တွင်မနေရစေခြင်းငှာ ငါသည်အလင်း အဖြစ်လောကသို့ကြွလာပြီ။-
ego lux in mundum veni ut omnis qui credit in me in tenebris non maneat
47 ၄၇ ငါဟောပြောသောစကားကိုကြား၍မခံမယူ သူကိုငါသည်တရားမစီရင်။ လောကသားတို့ ကိုတရားစီရင်ရန်ငါလာသည်မဟုတ်။ လောက သားတို့ကိုကယ်တင်ရန်ငါလာသတည်း။-
et si quis audierit verba mea et non custodierit ego non iudico eum non enim veni ut iudicem mundum sed ut salvificem mundum
48 ၄၈ ငါ့ကိုပစ်ပယ်၍ငါဟောပြောသောစကားကို မခံမယူသောသူကိုတရားစီရင်မည့်သူ ရှိ၏။ ငါဟောပြောသောစကားသည်ပင်လျှင် ထိုသူကိုနောက်ဆုံးသောနေ့၌ တရားသူ ကြီးအဖြစ်ဖြင့်တရားစီရင်လိမ့်မည်။-
qui spernit me et non accipit verba mea habet qui iudicet eum sermo quem locutus sum ille iudicabit eum in novissimo die
49 ၄၉ အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်ပိုင်အခွင့် အာဏာအရဟောပြောခြင်းမဟုတ်။ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်၏အမိန့် တော်အရဟောပြောခြင်းဖြစ်၏။-
quia ego ex me ipso non sum locutus sed qui misit me Pater ipse mihi mandatum dedit quid dicam et quid loquar
50 ၅၀ ခမည်းတော်၏အမိန့်တော်သည်ထာဝရအသက် ရစေသည်ကိုငါသိ၏။ သို့ဖြစ်၍ခမည်းတော်ပြော စေလိုသည်အတိုင်းငါဟောပြောသတည်း။'' (aiōnios )
et scio quia mandatum eius vita aeterna est quae ergo ego loquor sicut dixit mihi Pater sic loquor (aiōnios )