< ယောဟန် 11 >
1 ၁ ဗေသနိရွာသားလာဇရုဆိုသူသည်ဖျားနာ လျက်ရှိ၏။ ဗေသနိရွာတွင်ညီအစ်မဖြစ်ကြ သောမာရိနှင့်မာသတို့နေထိုင်ကြ၏။-
Kwakulendoda eyayithiwa nguLazaro eyayigula. YayingeyaseBhethani, umuzi okwakuhlala khona uMariya lodadewabo uMatha.
2 ၂ (ဤမာရိကားသခင်ယေရှု၏ခြေတော်ထက် မှာဆီမွှေးသွန်းလောင်း၍ မိမိဆံပင်ဖြင့်သုတ် ပေးသူဖြစ်၏။ ဖျားနာနေသူလာဇရုသည် ဤမာရိ၏မောင်တည်း။)-
(UMariya lo olomnewabo uLazaro owayephethwe ngumkhuhlane nguye owathela amakha ezinyaweni zeNkosi wazesula ngenwele zakhe.)
3 ၃ ညီအစ်မနှစ်ယောက်တို့က ``အရှင်၊ အရှင် ချစ်တော်မူသောသူသည်ဖျားနာလျက်နေ ပါ၏'' ဟုသခင်ယေရှုထံသို့သတင်းပေး ပို့လိုက်ကြ၏။
Ngakho odadewabo laba bathumela ilizwi kuJesu bathi, “Nkosi, lowo omthandayo uyagula.”
4 ၄ ကိုယ်တော်က ``ဤရောဂါသည်သေစေမည့် ရောဂါမဟုတ်။ ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုထွန်းတောက်စေမည့်ရောဂါဖြစ်၏။ ထိုရောဂါအားဖြင့်ဘုရားသခင်၏သား တော်သည်လည်းဘုန်းအသရေထွန်းတောက် အံ့'' ဟုမိန့်တော်မူ၏။
UJesu esekuzwile lokhu wathi, “Ukugula lokhu kakuzukucina ngokufa. Kodwa kungokodumo lukaNkulunkulu ukuze iNdodana kaNkulunkulu idunyiswe ngakho.”
5 ၅ သခင်ယေရှုသည်မာသနှင့်ညီမမာရိကို လည်းကောင်း၊ လာဇရုကိုလည်းကောင်းချစ် တော်မူ၏။-
UJesu wayemthanda uMatha lodadewabo kanye loLazaro.
6 ၆ လာဇရုဖျားနာနေကြောင်းကိုကြားတော်မူ လျှင် ကိုယ်တော်သည်မိမိရောက်ရှိရာအရပ် တွင်နှစ်ရက်တိုင်တိုင်ဆက်၍နေတော်မူ၏။-
Kodwa loba esezwile ukuthi uLazaro wayegula wazihlalela khona lapho ayekhona okwezinye insuku ezimbili.
7 ၇ ထိုနောက်ကိုယ်တော်က ``ယုဒပြည်သို့ငါတို့ တစ်ဖန်သွားကြကုန်အံ့'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
Wasesithi kubafundi bakhe, “Kasibuyeleni eJudiya.”
8 ၈ တပည့်တော်တို့က ``အရှင်ဘုရား၊ လူတို့သည် ကိုယ်တော်အားမကြာမီကပင်ခဲနှင့်ပေါက် ရန်ကြိုးစားကြပါ၏။ ထိုအရပ်သို့တစ်ဖန် ကြွတော်မူဦးမည်လော'' ဟုမေးလျှောက်ကြ၏။
Bathi, “Oh, Rabi, muvana nje amaJuda ake azama ukukukhanda ngamatshe kodwa wena usubuyela khona futhi?”
9 ၉ ကိုယ်တော်က ``တစ်နေ့တွင်တစ်ဆယ့်နှစ်နာရီရှိ သည်မဟုတ်လော။ နေ့အချိန်၌သွားလာသူ သည်နေ၏အလင်းရောင်ကိုမြင်ရသဖြင့် ခလုတ်မထိဘဲကောင်းစွာသွားလာနိုင်၏။-
UJesu waphendula wathi, “Kakusikho yini ukuthi kulamahola alitshumi lambili okukhanyisa kwelanga na? Umuntu ohamba emini kayikukhubeka ngoba ebona ngokukhanya kwalapha emhlabeni.
10 ၁၀ ညအချိန်၌သွားလာသူမူကားအလင်း ရောင်ကိုမရသဖြင့် ခလုတ်ထိ၍လဲတတ်၏'' ဟုမိန့်တော်မူ၏။-
Ukhubeka nxa ehamba ebusuku ngoba kalakho ukukhanya.”
11 ၁၁ ကိုယ်တော်သည်ဤသို့မိန့်တော်မူပြီးနောက် ``ငါ တို့၏အဆွေလာဇရုသည်အိပ်ပျော်လျက်နေ ၏။ သူ့ကိုနှိုးရန်ငါသွားမည်'' ဟုမိန့်တော်မူ၏။
Esekutshilo lokhu wasebatshela wathi, “Umngane wethu uLazaro uselele kodwa ngiya khonale ukuyamvusa.”
12 ၁၂ တပည့်တော်တို့က ``အရှင်၊ သူသည်အိပ်ပျော် လျက်နေပါမူကျန်းမာလာပါလိမ့်မည်'' ဟု လျှောက်ကြ၏။
Abafundi bakhe baphendula bathi, “Nkosi, nxa kuvuma ukuthi alale, uzabangcono.”
13 ၁၃ သခင်ယေရှုကလာဇရုသေကြောင်းကို ရည်မှတ်၍ထိုသို့မိန့်တော်မူသော်လည်း သာ မန်အိပ်ပျော်ကြောင်းကိုဆိုလိုတော်မူသည် ဟုတပည့်တော်တို့ထင်မှတ်ကြ၏။-
UJesu wayekhuluma ngokufa kwakhe kodwa abafundi bakhe babesithi kumbe utsho ukulala okujayelekileyo.
14 ၁၄ သို့ဖြစ်၍သခင်ယေရှုက ``လာဇရုသည် သေပြီ။-
Wasebatshela ephumela egcekeni wathi, “ULazaro usefile,
15 ၁၅ ထိုအရပ်၌ငါမရှိခဲ့သည်မှာသင်တို့ယုံ ကြည်လာကြစေရန်ပင်ဖြစ်၍ သင်တို့အတွက် ငါဝမ်းမြောက်၏။ သူ့ထံသို့သွားကြကုန်အံ့'' ဟု ပွင့်လင်းစွာမိန့်တော်မူ၏။
kodwa ukuze lina likholwe, ngiyathaba ukuthi bengingekho lapho. Kodwa kasiyeni khona.”
16 ၁၆ (အမြွှာပူးဟုနာမည်တွင်သည့်) သောမက ``ငါ တို့သည်လည်းသခင်နှင့်အတူအသေခံရန် လိုက်သွားကြကုန်အံ့'' ဟုမိမိ၏အဖော် တပည့်တော်တို့အားပြောဆို၏။
UThomasi (othiwa nguDidimasi) wathi kwabanye abafundi, “Lathi kasihambeni ukuze siyekufa laye.”
17 ၁၇ သခင်ယေရှုရောက်တော်မူသောအခါလာဇရု အားသင်္ဂြိုဟ်ခဲ့သည်မှာလေးရက်မျှရှိပြီဖြစ် ကြောင်းတွေ့ရှိတော်မူ၏။-
Ekufikeni kwakhe uJesu uLazaro wayesehlale ethuneni okwensuku ezine.
18 ၁၈ ဗေသနိရွာသည်ယေရုရှလင်မြို့နှင့်နှစ် မိုင်ပင်မဝေးချေ။
EBhethani kwakungaphansi kwamakhilomitha amathathu usuka eJerusalema,
19 ၁၉ ယုဒအမျိုးသားအမြောက်အမြားပင် မာရိနှင့်မာသတို့၏မောင်သေဆုံးသော ကြောင့်သူတို့ကိုနှစ်သိမ့်ရန်လာရောက်ကြ ၏။
yikho amaJuda amanengi ayebuyile ukuzakhalela uMatha loMariya ngokulahlekelwa kwabo ngumnewabo.
20 ၂၀ မာသသည်သခင်ယေရှုကြွလာတော်မူ ကြောင်းကိုကြားလျှင် ခရီးဦးကြိုပြုရန် ထွက်သွား၏။ မာရိမူကားအိမ်တွင်ထိုင် လျက်နေရစ်၏။-
Kwathi uMatha esizwa ukuthi uJesu wayesiza, waphuma wamhlangabeza kodwa uMariya wasala ngekhaya.
21 ၂၁ မာသက ``အရှင်ဘုရား၊ အရှင်သာဤ အရပ်တွင်ရှိခဲ့ပါမူကျွန်မ၏မောင်သေ မည်မဟုတ်ပါ။-
UMatha wathi kuJesu, “Nkosi, aluba ubukhonapha ngabe umnewethu kafanga.
22 ၂၂ ယခုပင်လျှင်အရှင်တောင်းခံသမျှသော အရာတို့ကိုဘုရားသခင်ချပေးတော် မူမည်ကိုကျွန်မသိပါ၏'' ဟုသခင် ယေရှုအားလျှောက်၏။
Kodwa ngiyazi ukuthi lamanje uNkulunkulu uzakunika loba yini oyicelayo.”
23 ၂၃ သခင်ယေရှုက ``သင်၏မောင်သည်အသက် ပြန်၍ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
UJesu wathi kuye, “Umfowenu uzavuka njalo.”
24 ၂၄ မာသက ``နောက်ဆုံးသောနေ့၌သူသေတို့ ထမြောက်ကြသောအခါ သူသည်အသက် ပြန်၍ရှင်မည်ကိုကျွန်မသိပါ၏'' ဟု လျှောက်၏။-
UMatha waphendula wathi, “Ngiyazi ukuthi uzavuka futhi ekuvukeni kwabafileyo ngosuku lokucina.”
25 ၂၅ သခင်ယေရှုက ``ငါသည်အသက်ရှင်ခြင်း၊ ရှင် ပြန်ထမြောက်ခြင်းအရှင်ဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည်သေသော်လည်းရှင်လိမ့် မည်။-
UJesu wathi kuye, “Mina ngiyikuvuka kwabafileyo lokuphila. Lowo okholwa kimi uzaphila loba engafa;
26 ၂၆ ငါ့ကိုယုံကြည်၍ယခုအသက်ရှင်လျက်ရှိ သောသူသည်လည်း အဘယ်အခါမျှသေရ လိမ့်မည်မဟုတ်။ ငါ့စကားကိုသင်ယုံပါ သလော'' ဟုမေးတော်မူ၏။ (aiōn )
njalo lowo ophilayo ekholwa kimi kasoze afa lanini. Uyakukholwa lokhu na?” (aiōn )
27 ၂၇ မာသက ``ယုံပါ၏သခင်။ အရှင်သည်ဤ လောကသို့ကြွလာမည့်ဘုရားသခင်၏ သားတော်မေရှိယဖြစ်တော်မူသည်ကို ကျွန်မယုံပါ၏'' ဟုလျှောက်၏။
Waphendula wathi, “Yebo Nkosi, ngiyakholwa ukuthi unguye uKhristu, iNdodana kaNkulunkulu, ozabuya emhlabeni.”
28 ၂၈ ဤသို့လျှောက်ထားပြီးလျှင်မာသသည်အိမ် သို့ပြန်၍ညီမမာရိကိုတိတ်တဆိတ်ခေါ် ပြီးနောက် ``ဆရာတော်ကြွလာတော်မူပြီ။ သင့်အားမေးလျက်နေသည်'' ဟုပြောကြား၏။-
Esekutshilo lokho wabuyela ngekhaya wabizela udadewabo uMariya eceleni wathi, “UMfundisi usekhona, uyakucela.”
29 ၂၉ ထိုစကားကိုကြားလျှင်မာရိသည်အလျင် အမြန်ထ၍အထံတော်သို့သွားလေ၏။-
UMariya wathi ekuzwa lokhu wasuka masinyane waya kuJesu.
30 ၃၀ သခင်ယေရှုသည်ကားရွာထဲသို့မဝင်ရသေး။ မာသသွားရောက်ကြိုဆိုရာအရပ်မှာပင်ရှိ တော်မူ၏။-
UJesu wayelokhu engakangeni phakathi komuzi elokhu elapho ayehlangane khona loMatha.
31 ၃၁ မာရိအားနှစ်သိမ့်စကားပြောကြားရန်အိမ် တွင်ရှိနေကြသောလူတို့သည်မာရိအလျင် အမြန်ထ၍ထွက်သွားသည်ကိုမြင်လျှင် ငို ကြွေးရန်သင်္ချိုင်းသို့သွားသည်ဟုထင်မှတ် ကြ၏။ သို့ဖြစ်၍သူတို့သည်မာရိ၏နောက် သို့လိုက်သွားကြ၏။
Kwathi amaJuda ayeloMariya endlini emduduza esebonile ukuthi wasukuma masinyane njani ephuma, amlandela ecabanga ukuthi mhlawumbe wayesiya ethuneni ukuyakhalela khona.
32 ၃၂ မာရိသည်သခင်ယေရှုရှိရာအရပ်သို့ရောက် သောအခါ ကိုယ်တော်ကိုမြင်သဖြင့်ခြေတော် ရင်းမှာပျပ်ဝပ်လျက် ``အရှင်ဘုရား၊ အရှင် သာဤအရပ်မှာရှိတော်မူခဲ့ပါလျှင်ကျွန်မ မောင်သည်သေမည်မဟုတ်ပါ'' ဟုလျှောက် ထား၏။
UMariya wonela ukufika lapho uJesu ayekhona, wambona, wazilahla phansi ezinyaweni zakhe wathi, “Nkosi, kube ubukhona lapha, umnewethu ngabe kafanga.”
33 ၃၃ သခင်ယေရှုသည်မာရိငိုယိုနေသည်ကို လည်းကောင်း၊ သူနှင့်အတူပါလာကြသော လူတို့သည်လည်းငိုယိုနေကြသည်ကိုလည်း ကောင်းမြင်တော်မူသဖြင့် စိတ်တော်အလွန် လှုပ်ရှားလျက်စိတ်မချမ်းမသာဖြစ်တော်မူ၏။-
UJesu embona ekhala kanye lamaJuda ayemlandele wadabuka kakhulu emoyeni, wakhathazeka.
34 ၃၄ ကိုယ်တော်က ``သူ့အလောင်းကိုအဘယ်မှာ သင်္ဂြိုဟ်ကြသနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``သခင်ကြွ၍ကြည့်တော်မူ ပါ'' ဟုလျှောက်ထားကြ၏။-
Wabuza wathi, “Limbeke ngaphi na?” Baphendula bathi, “Woza uzobona Nkosi.”
35 ၃၅ သခင်ယေရှုသည်မျက်ရည်ကျတော်မူ၏။
UJesu wakhala.
36 ၃၆ ထိုအခါလူတို့က ``ကြည့်ပါ၊ သူသည် လာဇရုကိုအလွန်ချစ်ပါသည်တကား'' ဟုဆိုကြ၏။-
AmaJuda asesithi, “Liyabona ukuthi wayemthanda njani!”
37 ၃၇ အချို့သောသူတို့ကမူ ``မျက်မမြင်ကို မျက်စိမြင်စေသောသူသည်လာဇရုကို မသေရအောင်မတတ်နိုင်ပါသလော'' ဟု ဆိုကြ၏။
Kodwa amanye awo athi, “Kanti yena lo owavula amehlo endoda eyayiyisiphofu wehlulekile ukwenza ukuthi umuntu lo angafi na?”
38 ၃၈ သခင်ယေရှုသည်တစ်ဖန်စိတ်တော်အလွန် လှုပ်ရှားလျက်သင်္ချိုင်းဂူသို့ကြွတော်မူ၏။ ထို ဂူ၏အဝင်ဝကိုကျောက်တုံးဖြင့်ပိတ်ထား၏။-
UJesu waphinda njalo wadabuka, wasondela ethuneni. Ithuna lalilubhalu, kulelitshe elalivale intuba.
39 ၃၉ သခင်ယေရှုက ``ကျောက်တုံးကိုရွှေ့လိုက်ကြ လော့'' ဟုမိန့်တော်မူ၏။ သေလွန်သူ၏အစ်မ၊ မာသက ``အရှင် ဘုရား၊ ယခုအခါဆိုလျှင်အနံ့ထွက် နေပါလိမ့်မည်။ သူသေသည်မှာလေးရက် ရှိပါပြီ'' ဟုလျှောက်၏။
Wathi, “Lisuseni ilitshe.” UMatha, udadewabo wendoda efileyo wathi, “Nkosi, khathesi sekulephunga elibi ngoba selensuku ezine simbekile.”
40 ၄၀ သခင်ယေရှုက ``သင်ယုံကြည်လျှင်ဘုရား သခင်၏ဘုန်းအသရေတော်ကိုမြင်ရလိမ့် မည်ဟူ၍ငါပြောသည်မဟုတ်လော'' ဟု မိန့်တော်မူ၏။-
UJesu wasesithi, “Kangikutshelanga ukuthi nxa ukholwa uzabona inkazimulo kaNkulunkulu na?”
41 ၄၁ သို့ဖြစ်၍လူတို့သည်ကျောက်တုံးကိုရွှေ့လိုက် ကြ၏။ ထိုအခါသခင်ယေရှုသည်အထက် သို့မျှော်ကြည့်လျက် ``ခမည်းတော်၊ ကိုယ်တော် ရှင်သည်အကျွန်ုပ်၏ပတ္ထနာကိုနားညောင်း တော်မူသဖြင့်ကျေးဇူးတော်ကြီးပါ၏။-
Ngakho balisusa ilitshe. UJesu wasekhangela phezulu wathi, “Baba ngiyakubonga ukuthi ungizwile.
42 ၄၂ ကိုယ်တော်ရှင်သည်အစဉ်အမြဲအကျွန်ုပ် ၏ပတ္ထနာကိုနားညောင်းတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ရာတွင်အကျွန်ုပ်အား ကိုယ်တော်ရှင်စေလွှတ်တော်မူကြောင်းကို ဤ လူအပေါင်းတို့ယုံကြည်ကြစေရန် သူတို့၏ အကျိုးကိုထောက်၍အကျွန်ုပ်ဤသို့လျှောက် ပါ၏'' ဟုမြွက်ဆိုတော်မူ၏။-
Mina bengisazi ukuthi uhlala ungizwa, kodwa ngikutshela lokhu ngisenzela abantu abemi lapha ukuze bakholwe ukuthi ungithumile.”
43 ၄၃ ထိုနောက် ``လာဇရု၊ ထွက်ခဲ့လော့'' ဟုကျယ်စွာ အမိန့်ပေးတော်မူ၏။-
Esekutshilo lokhu uJesu wamemeza ngelizwi elikhulu wathi, “Lazaro, phuma!”
44 ၄၄ ထိုအခါသေလွန်သောသူသည်ခြေလက်၌ အဝတ်ဖြင့်ပတ်လျက်၊ မျက်နှာ၌ပဝါဖြင့် စည်းလျက်ထွက်လာလေသည်။ သခင်ယေရှု က ``သူ့အားပတ်ထားသည့်အဝတ်များကို ဖြေပေးကြလော့'' ဟုမိန့်တော်မူ၏။
Umuyi waphuma, izandla lenyawo zakhe zithandelwe ngamaqhele elineni, kulelinye ilembu elalembese ubuso bakhe. UJesu wathi kubo, “Khuphani izivunulo zokungcwaba limyekele ahambe.”
45 ၄၅ ထိုအခါမာရိထံသို့လာကြသည့်လူ အမြောက်အမြားပင်သခင်ယေရှုပြုတော် မူသောအမှုကိုတွေ့မြင်ကြသဖြင့်ကိုယ် တော်ကိုယုံကြည်လာကြ၏။-
Ngakho amaJuda amanengi ayeze ukuzakhalela uMariya esekubonile uJesu akwenzayo, amkholwa.
46 ၄၆ သို့ရာတွင်အချို့တို့သည်ဖာရိရှဲများ၏ ထံသို့သွား၍ သခင်ယေရှုပြုတော်မူသော အမှုကိုပြောကြားကြ၏။-
Kodwa amanye aya kubaFarisi bayabatshela lokho okwakwenziwe nguJesu.
47 ၄၇ သို့ဖြစ်၍ယဇ်ပုရောဟိတ်ကြီးများနှင့် ဖာရိရှဲများသည်ယုဒတရားလွှတ်တော်ဆိုင် ရာအစည်းအဝေးကိုခေါ်ဖိတ်၍ ``ဤသူသည် များစွာသောအံ့သြဖွယ်နိမိတ်လက္ခဏာတို့ ကိုပြလျက်နေ၏။ ငါတို့အဘယ်ကြောင့်မည် သို့မျှမပြုဘဲနေကြသနည်း။-
Abaphristi abakhulu labaFarisi basebebiza umhlangano weSanihedrini. Babuzana bathi, “Kanti sivele senzani? Nangu phela umuntu lo esenza imimangaliso eminengi.
48 ၄၈ သူ့ကိုဤသို့ခွင့်ပြုထားပါမူလူတိုင်းပင် သူ့အားယုံကြည်လာကြပါလိမ့်မည်။ ထို အခါရောမအာဏာပိုင်တို့သည်လာ၍ငါ တို့၏ဗိမာန်တော်ကိုလည်းကောင်း၊ ငါတို့ အမျိုးသားတစ်ရပ်လုံးကိုလည်းကောင်း ဖျက်ဆီးပစ်ကြပါလိမ့်မည်'' ဟုဆိုကြ၏။
Singamyekela aqhubeke ngalindlela, wonke umuntu uzakholwa kuye njalo amaRoma azakuza athathe indawo yethu lesizwe sethu.”
49 ၄၉ ထိုသူတို့တွင်ထိုနှစ်အတွက် ယဇ်ပုရောဟိတ် မင်းဖြစ်သောကယာဖဆိုသူက ``သင်တို့ သည်ပညာမဲ့ကြပါသည်တကား။-
Kwasekusithi omunye wabo owayethiwa nguKhayifasi, owayengumphristi omkhulu ngalowomnyaka, wakhuluma wathi, “Kalazi lutho!
50 ၅၀ ယုဒအမျိုးသားတစ်ရပ်လုံးသေကျေပျက် စီးသည်ထက် တစ်မျိုးသားလုံးအတွက်လူ တစ်ယောက်သေရသည်က သင်တို့အဖို့ပို၍ ကောင်းသည်ကိုသင်တို့မသိကြသလော'' ဟုဆို၏။-
Kalikuboni lina ukuthi kungcono ukuba umuntu oyedwa afele abantu kulokuthi kubhubhe isizwe sonke.”
51 ၅၁ ယင်းသို့ဆိုရာ၌သူသည် မိမိကိုယ်ပိုင်ဉာဏ် ဖြင့်ဆိုသည်မဟုတ်။ ထိုနှစ်အတွက်ယဇ်ပု ရောဟိတ်မင်းဖြစ်လျက် ယုဒအမျိုးသား တစ်ရပ်လုံးအတွက်လည်းကောင်း၊ ထိုမျှမက အရပ်ရပ်တွင် ကွဲလွင့်နေသောဘုရားသခင် ၏လူစုတော်ဝင်များကိုတစ်စုတစ်ရုံးတည်း ဖြစ်စေရန်လည်းကောင်း ကိုယ်တော်အသေခံ တော်မူမည့်အကြောင်းကြိုတင်ဟောကြား ခြင်းဖြစ်သတည်း။
Lokhu kazikhulumelanga yena ngokwakhe, kodwa njengomphristi omkhulu kwabanye ngalowomnyaka waphrofitha ukuthi uJesu wayezafela isizwe samaJuda,
kungasisizwe leso sodwa, kodwa labantwana bakaNkulunkulu abahlakazekileyo ukuze balethwe ndawonye, benziwe babemunye.
53 ၅၃ ထိုနေ့မှစ၍ယုဒအာဏာပိုင်တို့သည် သခင်ယေရှုကိုသတ်ရန်တိုင်ပင်ကြံစည် ကြ၏။-
Kusukela ngalesosikhathi bakha amacebo okumbulala.
54 ၅၄ သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တွင် အထင်အရှားမသွားမလာတော့ချေ။ ထို အရပ်မှထွက်ခွာတော်မူ၍တောကန္တာရ အနီး၊ ဧဖရိမ်နာမည်ရှိသောမြို့သို့ကြွ တော်မူပြီးလျှင်တပည့်တော်တို့နှင့်အတူ နေတော်မူ၏။
Ngakho uJesu wayengasahambahambi obala phakathi kwamaJuda. Wasuka lapho waya emangweni owawuseduze kwenkangala, emzini owawuthiwa yi-Efrayimu, lapho ahlala khona labafundi bakhe.
55 ၅၅ ယုဒအမျိုးသားတို့၏ပသခါပွဲတော်အခါ နီးကပ်လာပြီဖြစ်၍ ကျေးလက်တောရွာများ မှလူအများပင်သန့်စင်ခြင်းဝတ်ကိုပြုရန် ပွဲတော်မစမီယေရုရှလင်မြို့သို့တက်လာ ကြ၏။-
Kwathi sekuzakuba yisikhathi sePhasika lamaJuda, abanengi baqubuka elizweni baya eJerusalema ukuyahlanjululwa ngokomkhuba kungakabi yiPhasika.
56 ၅၆ ထိုသူတို့သည်သခင်ယေရှုကိုရှာလျက်နေ ကြ၏။ သူတို့သည်ဗိမာန်တော်တွင်စုရုံးမိ ကြသောအခါ ``သူသည်ဤပွဲတော်သို့လာ ပါမည်လော။ မလာမည်မှာသေချာ၏။ သင် တို့အဘယ်သို့ထင်ကြသနည်း'' ဟုအချင်း ချင်းမေးမြန်းပြောဆိုကြ၏။-
Babelokhu bethalaza befuna uJesu, kwathi bemi egumeni lethempeli babuzana bathi, “Licabangani? Ukuthi angaphutha yini emkhosini?”
57 ၅၇ ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲများ ကမည်သူမဆိုသခင်ယေရှုရှိရာအရပ် ကိုသိလျှင် သူ့ကိုဖမ်းဆီးနိုင်ရန်အကြောင်း ကြားရမည်ဟုအမိန့်ထုတ်ပြန်ထားပြီး ဖြစ်သတည်း။
Kodwa abaphristi abakhulu labaFarisi basebelayele ukuthi nxa ekhona owayekwazi ukuthi uJesu wayengaphi, ahle abike ukuze bambophe.