< ယောဟန် 1 >
1 ၁ ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။-
初めに、ことばがあった。ことばは神とともにあった。ことばは神であった。
2 ၂ နှုတ်ကပတ်တော်သည်အစအဦး၌ ဘုရားသခင်နှင့်အတူရှိတော်မူ၏။-
この方は、初めに神とともにおられた。
3 ၃ ဘုရားသခင်သည်နှုတ်ကပတ်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့်ကင်း၍ပေါ်လာသောအရာ တစ်စုံတစ်ခုမျှမရှိ။-
すべてのものは、この方によって造られた。造られたもので、この方によらずにできたものは一つもない。
4 ၄ ဖန်ဆင်းတော်မူသမျှသောအရာတို့သည် နှုတ်ကပတ်တော်အားဖြင့် အသက်ကိုရရှိကြ၏။ ထိုအသက်သည်လူသားတို့ အတွက်အလင်းဖြစ်၏။-
この方にいのちがあった。このいのちは人の光であった。
5 ၅ ထိုအလင်းသည်အမှောင်တွင်ထွန်းလင်း၍အမှောင်သည် ထိုအလင်းကိုအဘယ်အခါမျှမဖုံးလွှမ်းနိုင်။
光はやみの中に輝いている。やみはこれに打ち勝たなかった。
6 ၆ ဘုရားသခင်သည်ယောဟန်ဆိုသူအားမိမိ ၏စေတမန်အဖြစ်ဖြင့်စေလွှတ်တော်မူ၏။-
神から遣わされたヨハネという人が現われた。
7 ၇ တရားတော်ကိုလူအပေါင်းတို့ကြား၍ ယုံကြည်လာစိမ့်သောငှာ ထိုသူသည်အလင်း တော်အကြောင်းကိုသက်သေခံရန်လာ၏။-
この人はあかしのために来た。光についてあかしするためであり、すべての人が彼によって信じるためである。
8 ၈ သူသည်အလင်းတော်မဟုတ်။ အလင်းတော် အကြောင်းကိုသက်သေခံရန်လာသူဖြစ်၏။-
彼は光ではなかった。ただ光についてあかしするために来たのである。
9 ၉ ထိုအလင်းတော်သည်လောကသို့ကြွလာ၍ လူသားအပေါင်းတို့အပေါ်တွင် ထွန်းလင်း တောက်ပသည့်စစ်မှန်သောအလင်းဖြစ်ပေ သည်။
すべての人を照らすそのまことの光が世に来ようとしていた。
10 ၁၀ နှုတ်ကပတ်တော်သည်လောက၌ရှိတော်မူ၏။ လောကကိုနှုတ်ကပတ်တော်အားဖြင့်ဖန်ဆင်း တော်မူသော်လည်း လောကသည်ကိုယ်တော်ကို မသိ။-
この方はもとから世におられ、世はこの方によって造られたのに、世はこの方を知らなかった。
11 ၁၁ ကိုယ်တော်သည်မိမိနေရင်းပြည်သို့ကြွတော်မူ သော်လည်း မိမိ၏ပြည်သားများကလက်မခံ ကြ။-
この方はご自分のくにに来られたのに、ご自分の民は受け入れなかった。
12 ၁၂ သို့ရာတွင်လူအချို့တို့သည်ကိုယ်တော်ကို ယုံကြည်လက်ခံသဖြင့် ဘုရားသခင်၏သား သမီးများဖြစ်ခွင့်ကိုရကြ၏။-
しかし、この方を受け入れた人々、すなわち、その名を信じた人々には、神の子どもとされる特権をお与えになった。
13 ၁၃ ထိုသူတို့သည်လူသားဖခင်မှပေါက်ဖွားလာ သောသားသမီးများမဟုတ်။ ဘုရားသခင် ပေါက်ဖွားစေတော်မူသောသူများဖြစ်ကြ၏။
この人々は、血によってではなく、肉の欲求や人の意欲によってでもなく、ただ、神によって生まれたのである。
14 ၁၄ နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
ことばは人となって、私たちの間に住まわれた。私たちはこの方の栄光を見た。父のみもとから来られたひとり子としての栄光である。この方は恵みとまことに満ちておられた。
15 ၁၅ ကိုယ်တော်၏အကြောင်းကိုယောဟန်ဟောပြော၏။ ယောဟန်က ``ငါ၏နောက်ကြွလာသူသည်ငါ မမွေးမီကပင်ရှိနေနှင့်သဖြင့်ငါ့ထက်ကြီး မြတ်သူဖြစ်သည်ဟုငါသက်သေခံခဲ့သူကား ဤအရှင်ပင်တည်း'' ဟုကြွေးကြော်လေသည်။
ヨハネはこの方について証言し、叫んで言った。「『私のあとから来る方は、私にまさる方である。私より先におられたからである。』と私が言ったのは、この方のことです。」
16 ၁၆ ကိုယ်တော်သည်ကျေးဇူးတော်ပြည့်စုံကြွယ်ဝတော် မူသည်နှင့်အညီ ငါတို့အားကောင်းချီးမင်္ဂလာ တစ်ပါးပြီးတစ်ပါးချပေးတော်မူ၏။-
私たちはみな、この方の満ち満ちた豊かさの中から、恵みの上にさらに恵みを受けたのである。
17 ၁၇ ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။-
というのは、律法はモーセによって与えられ、恵みとまことはイエス・キリストによって実現したからである。
18 ၁၈ လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
いまだかつて神を見た者はいない。父のふところにおられるひとり子の神が、神を説き明かされたのである。
19 ၁၉ ယေရုရှလင်မြို့ရှိယုဒအမျိုးသားတို့သည် ယဇ်ပုရောဟိတ်နှင့် လေဝိအနွယ်ဝင်အချို့ တို့ကိုယောဟန်ထံသို့စေလွှတ်၍ ``သင်သည် အဘယ်သူနည်း'' ဟုမေးမြန်းစေကြ၏။
ヨハネの証言は、こうである。ユダヤ人たちが祭司とレビ人をエルサレムからヨハネのもとに遣わして、「あなたはどなたですか。」と尋ねさせた。
20 ၂၀ ထိုအခါယောဟန်က ``ငါသည်မေရှိယ မဟုတ်'' ဟုထိန်ဝှက်ခြင်းမရှိဘဲအတိ အလင်းပြောဆို၏။
彼は告白して否まず、「私はキリストではありません。」と言明した。
21 ၂၁ ထိုသူတို့က ``သင်သည်မေရှိယမဟုတ်လျှင် အဘယ်သူနည်း။ ဧလိယပေလော'' ဟုတစ်ဖန် မေးပြန်ကြ၏။ ယောဟန်က ``ငါသည်ဧလိယမဟုတ်'' ဟုဆို၏။ သူတို့က ``ပရောဖက်ပေလော'' ဟုမေးကြလျှင်၊ ``ငါသည်ပရောဖက်လည်းမဟုတ်'' ဟုဆိုပြန်၏။
また、彼らは聞いた。「では、いったい何ですか。あなたはエリヤですか。」彼は言った。「そうではありません。」「あなたはあの預言者ですか。」彼は答えた。「違います。」
22 ၂၂ ထိုသူတို့က ``သင်သည်အဘယ်သူနည်း။ ငါ တို့ကိုစေလွှတ်လိုက်သူများအားပြန်၍ ပြောရပါမည်။ သင်ကိုယ်တိုင်ကမည်သို့ ဆိုပါသနည်း'' ဟုမေးမြန်းကြ၏။
そこで、彼らは言った。「あなたはだれですか。私たちを遣わした人々に返事をしたいのですが、あなたは自分を何だと言われるのですか。」
23 ၂၃ ယောဟန်က ``ငါသည်ပရောဖက်ဟေရှာယ ဖော်ပြခဲ့သည်အတိုင်း၊ `ထာဝရဘုရားသခင်၏လမ်းခရီးတော်ကို ဖြောင့်တန်းအောင်ပြုကြလော့' ဟု တောကန္တာရ၌ကြွေးကြော်နေသောအသံဖြစ်၏'' ဟုဆို၏။
彼は言った。「私は、預言者イザヤが言ったように『主の道をまっすぐにせよ。』と荒野で叫んでいる者の声です。」
24 ၂၄ ယောဟန်ထံသို့ရောက်လာကြသောစေတမန် များတွင်ဖာရိရှဲအချို့ပါ၏။-
彼らは、パリサイ人の中から遣わされたのであった。
25 ၂၅ ထိုသူတို့က ``သင်သည်မေရှိယမဟုတ်၊ ဧလိယ လည်းမဟုတ်၊ ပရောဖက်လည်းမဟုတ်ပါမူအဘယ် ကြောင့်ဗတ္တိဇံမင်္ဂလာကိုပေးပါသနည်း'' ဟု မေးကြ၏။
彼らはまた尋ねて言った。「キリストでもなく、エリヤでもなく、またあの預言者でもないなら、なぜ、あなたはバプテスマを授けているのですか。」
26 ၂၆ ယောဟန်က ``ငါသည်ရေဖြင့်ဗတ္တိဇံမင်္ဂလာ ကိုပေး၏။ သင်တို့တွင်သင်တို့မသိသော အရှင်ရှိ၏။-
ヨハネは答えて言った。「私は水でバプテスマを授けているが、あなたがたの中に、あなたがたの知らない方が立っておられます。
27 ၂၇ ထိုအရှင်သည်ငါ့နောက်ကြွလာသော်လည်း ငါ သည်သူ၏ဖိနပ်ကြိုးကိုမျှမဖြည်ထိုက်'' ဟု ဆို၏။
その方は私のあとから来られる方で、私はその方のくつのひもを解く値うちもありません。」
28 ၂၈ ယောဟန်ဗတ္တိဇံမင်္ဂလာပေးရာယော်ဒန်မြစ် အရှေ့ဘက်ကမ်းရှိဗေသနိရွာတွင်ဤအမှု အရာဖြစ်ပျက်သတည်း။
この事があったのは、ヨルダンの向こう岸のベタニヤであって、ヨハネはそこでバプテスマを授けていた。
29 ၂၉ နောက်တစ်နေ့၌မိမိ၏ထံသို့သခင်ယေရှု ကြွလာသည်ကိုမြင်လျှင် ယောဟန်က ``လောက သားတို့၏အပြစ်ကိုယူဆောင်သွားတော်မူ သောဘုရားသခင်၏သိုးသူငယ်တော်ကို ကြည့်ကြလော့။-
その翌日、ヨハネは自分のほうにイエスが来られるのを見て言った。「見よ、世の罪を取り除く神の小羊。
30 ၃၀ `ငါမမွေးမီကပင်ရှိနေနှင့်သဖြင့် ငါ့ထက် ကြီးမြတ်သောသူသည်ငါ၏နောက်တွင်ကြွ လာလိမ့်မည်' ဟုယခင်အခါကငါဖော်ပြ ခဲ့သူကားထိုသူပင်တည်း။-
私が『私のあとから来る人がある。その方は私にまさる方である。私より先におられたからだ。』と言ったのは、この方のことです。
31 ၃၁ ကိုယ်တော်သည်မည်သူဖြစ်သည်ကိုယခင် အခါကငါမသိ။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သူ့ကိုသိရှိနိုင်ကြစေရန် ငါ သည်ရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေးခြင်းဖြစ်၏'' ဟုဆို၏။
私もこの方を知りませんでした。しかし、この方がイスラエルに明らかにされるために、私は来て、水でバプテスマを授けているのです。」
32 ၃၂ ထိုနောက်ယောဟန်က ``ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်အသွင်ဖြင့်ဆင်းသက်၍ ကိုယ်တော်၏အပေါ်မှာနားသည်ကိုငါမြင် ရ၏။-
またヨハネは証言して言った。「御霊が鳩のように天から下って、この方の上にとどまられるのを私は見ました。
33 ၃၃ ကိုယ်တော်သည်မည်သူဖြစ်သည်ကို ယခင်က ငါမသိ။ သို့သော်ရေဖြင့်ဗတ္တိဇံမင်္ဂလာပေးရန် ငါ့ကိုစေလွှတ်တော်မူသောဘုရားသခင် က `ဝိညာဉ်တော်သည်ဆင်းသက်၍တစ်စုံ တစ်ယောက်သောသူ၏အပေါ်မှာနားတော်မူ သည်ကိုသင်မြင်ရလိမ့်မည်' ဟုငါ့အား မိန့်တော်မူခဲ့၏။-
私もこの方を知りませんでした。しかし、水でバプテスマを授けさせるために私を遣わされた方が、私に言われました。『聖霊がある方の上に下って、その上にとどまられるのがあなたに見えたなら、その方こそ、聖霊によってバプテスマを授ける方である。』
34 ၃၄ ဤသို့မိန့်တော်မူသည်အတိုင်းငါတွေ့မြင်ရပြီ ဖြစ်၍ ဤသူသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကိုငါသက်သေခံ၏'' ဟုဆို၏။
私はそれを見たのです。それで、この方が神の子であると証言しているのです。」
35 ၃၅ နောက်တစ်နေ့၌ယောဟန်သည် တပည့် နှစ်ယောက်နှင့်အတူရပ်လျက်နေစဉ်၊-
その翌日、またヨハネは、ふたりの弟子とともに立っていたが、
36 ၃၆ သခင်ယေရှုကြွတော်မူသည်ကိုမြင် သဖြင့် ``ဘုရားသခင်၏သိုးသူငယ်တော်ကို ကြည့်လော့'' ဟုဆို၏။
イエスが歩いて行かれるのを見て、「見よ、神の小羊。」と言った。
37 ၃၇ သူ၏တပည့်နှစ်ယောက်တို့သည်ထိုစကားကို ကြားလျှင် သခင်ယေရှု၏နောက်တော်သို့ လိုက်သွားကြ၏။-
ふたりの弟子は、彼がそう言うのを聞いて、イエスについて行った。
38 ၃၈ သခင်ယေရှုသည်နောက်သို့လှည့်၍ကြည့်တော် မူရာ ထိုသူတို့လိုက်လာသည်ကိုမြင်တော်မူ လျှင် ``သင်တို့အဘယ်အရာကိုအလိုရှိကြ သနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``ရဗ္ဗိ၊ ကိုယ်တော်သည်အဘယ်မှာ နေတော်မူပါသနည်း'' ဟုမေးလျှောက်ကြ၏။ (ရဗ္ဗိ၏အနက်ကားအရှင်ဘုရားဟုဆိုလို၏)
イエスは振り向いて、彼らがついて来るのを見て、言われた。「あなたがたは何を求めているのですか。」彼らは言った。「ラビ(訳して言えば、先生)。今どこにお泊まりですか。」
39 ၃၉ ကိုယ်တော်က ``လာ၍ကြည့်ကြလော့'' ဟုမိန့်တော် မူ၏။ ထိုအချိန်သည်ညနေလေးနာရီအချိန် ဖြစ်သည်။ သူတို့သည်လိုက်၍ကိုယ်တော်နေတော် မူရာအရပ်ကိုမြင်ပြီးလျှင် ကိုယ်တော်နှင့်အတူ မိုးချုပ်သည်တိုင်အောင်နေကြ၏။
イエスは彼らに言われた。「来なさい。そうすればわかります。」そこで、彼らはついて行って、イエスの泊まっておられる所を知った。そして、その日彼らはイエスといっしょにいた。時は十時ごろであった。
40 ၄၀ ယောဟန်၏စကားကိုကြား၍ ကိုယ်တော်၏ နောက်တော်သို့လိုက်သွားသူနှစ်ယောက်အနက် တစ်ယောက်မှာရှိမုန်ပေတရု၏ညီအန္ဒြေ ဖြစ်၏။-
ヨハネから聞いて、イエスについて行ったふたりのうちのひとりは、シモン・ペテロの兄弟アンデレであった。
41 ၄၁ သူသည်အစ်ကိုဖြစ်သူရှိမုန်ကိုချက်ချင်းရှာ ၍ ``မေရှိယအရှင်ကိုငါတို့တွေ့ပြီ'' ဟုဆို၏။ (မေရှိယအနက်မှာ ခရစ်တော်ဖြစ်သတည်း။)-
彼はまず自分の兄弟シモンを見つけて、「私たちはメシヤ(訳して言えば、キリスト)に会った。」と言った。
42 ၄၂ ထိုနောက်သူသည်ရှိမုန်အားသခင်ယေရှု ထံတော်သို့ခေါ်ဆောင်သွားလေသည်။ သခင်ယေရှုသည်ရှိမုန်ကိုကြည့်၍ ``သင်သည် ယောဟန်၏သားရှိမုန်ဖြစ်၏။ ကေဖနာမည် သစ်ကိုရလိမ့်မည်'' ဟုမိန့်တော်မူ၏။ (ကေဖ ကားပေတရုဟူသောအမည်နှင့်ထပ်တူ ဖြစ်၍ ကျောက်ဟုအနက်ရှိ၏။)
彼はシモンをイエスのもとに連れて来た。イエスはシモンに目を留めて言われた。「あなたはヨハネの子シモンです。あなたをケパ(訳すとペテロ)と呼ぶことにします。」
43 ၄၃ နောက်တစ်နေ့၌ကိုယ်တော်သည်ဂါလိလဲပြည် သို့ကြွတော်မူရန် စိတ်ပိုင်းဖြတ်တော်မူ၏။ ဖိလိပ္ပု ကိုတွေ့လျှင် ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော် မူ၏။-
その翌日、イエスはガリラヤに行こうとされた。そして、ピリポを見つけて「わたしに従って来なさい。」と言われた。
44 ၄၄ (ဖိလိပ္ပုသည်ဗက်ဇဲဒမြို့သားဖြစ်၏။ ဗက်ဇဲဒ မြို့ကားအန္ဒြေနှင့်ပေတရုတို့နေထိုင်ရာမြို့ တည်း။)-
ピリポは、ベツサイダの人で、アンデレやペテロと同じ町の出身であった。
45 ၄၅ ဖိလိပ္ပုသည်နာသနေလကိုတွေ့သဖြင့် ``မောရှေ ၏ပညတ်ကျမ်းတွင်လည်းကောင်း၊ ပရောဖက်ကျမ်း များတွင်လည်းကောင်းရေးသားဖော်ပြထားသူ ကိုငါတို့တွေ့ပြီ။ ထိုသူသည်ယောသပ်၏သား၊ နာဇရက်မြို့သားယေရှုဖြစ်၏'' ဟုဆို၏။
彼はナタナエルを見つけて言った。「私たちは、モーセが律法の中に書き、預言者たちも書いている方に会いました。ナザレの人で、ヨセフの子イエスです。」
46 ၄၆ နာသနေလက ``နာဇရက်မြို့မှကောင်းသည့် အရာတစ်စုံတစ်ခုထွက်ပေါ်နိုင်ပါသလော'' ဟုပြန်၍မေး၏။ ဖိလိပ္ပုက ``လာ၍ကြည့်ပါ'' ဟုဆို၏။
ナタナエルは彼に言った。「ナザレから何の良いものが出るだろう。」ピリポは言った。「来て、そして、見なさい。」
47 ၄၇ နာသနေလလာနေသည်ကိုသခင်ယေရှုမြင် တော်မူလျှင် ``ပရိယာယ်ကင်းသူဣသရေလ အမျိုးသားစစ်ကိုကြည့်ကြလော့'' ဟု မိန့်တော်မူ၏။
イエスはナタナエルが自分のほうに来るのを見て、彼について言われた。「これこそ、ほんとうのイスラエル人だ。彼のうちには偽りがない。」
48 ၄၈ နာသနေလက ``ကိုယ်တော်ရှင်သည်အဘယ်သို့ အကျွန်ုပ်ကိုသိရှိပါသနည်း'' ဟုမေးလျှောက် ၏။ သခင်ယေရှုက ``သင့်အားဖိလိပ္ပုမခေါ်မီ သဖန်းပင်အောက်တွင်ရှိနေစဉ်အခါကပင် လျှင် သင့်ကိုငါမြင်၏'' ဟုမိန့်တော်မူ၏။
ナタナエルはイエスに言った。「どうして私をご存じなのですか。」イエスは言われた。「わたしは、ピリポがあなたを呼ぶ前に、あなたがいちじくの木の下にいるのを見たのです。」
49 ၄၉ ထိုအခါနာသနေလက ``အရှင်ဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားသခင်၏သားတော် ဖြစ်ပါ၏။ ဣသရေလအမျိုးသားတို့၏ ဘုရင်ဖြစ်တော်မူပါ၏'' ဟုလျှောက်လေ၏။
ナタナエルは答えた。「先生。あなたは神の子です。あなたはイスラエルの王です。」
50 ၅၀ သခင်ယေရှုက ``သဖန်းပင်အောက်တွင်သင့် ကိုငါမြင်ကြောင်းပြောပြသည့်အတွက်သင် ယုံသလော။ ဤထက်ပို၍အံ့သြဖွယ်သော အမှုအရာတို့ကိုသင်မြင်ရလိမ့်မည်။-
イエスは答えて言われた。「あなたがいちじくの木の下にいるのを見た、とわたしが言ったので、あなたは信じるのですか。あなたは、それよりもさらに大きなことを見ることになります。」
51 ၅၁ အမှန်အကန်သင်တို့အားငါဆိုသည်ကား ကောင်းကင်ပွင့်လျက် လူသားအပေါ်တွင်ဘုရား သခင်၏ကောင်းကင်တမန်များဆင်းလျက် တက်လျက်နေကြသည်ကိုသင်တို့မြင်ရ ကြလတ္တံ့' ဟုမိန့်တော်မူ၏။
そして言われた。「まことに、まことに、あなたがたに告げます。天が開けて、神の御使いたちが人の子の上を上り下りするのを、あなたがたはいまに見ます。」