< ယောလ 3 >

1 ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ခါ​ငါ​သည်​ယု​ဒ ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ကောင်း​စား​လာ​စေ​မည်။
For, behold, in those days, and in that time, when I shall bring again the captivity of Judah and Jerusalem,
2 လူ​မျိုး​တ​ကာ​တို့​အား​ပြန်​လည်​စု​ရုံး​၍ တ​ရား​စီ​ရင်​ရာ​ချိုင့်​ဝှမ်း​သို့ ခေါ်​ဆောင်​လာ​မည်။ ငါ့​လူ​မျိုး​တော်​တို့​ကို​ထို​သူ​တို့​ပြု​ကျင့်​ခဲ့​သည့် အ​မှု​များ​အ​တွက်၊ ထို​အ​ရပ်​တွင်​သူ​တို့​အား​ငါ​တ​ရား​စီ​ရင်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​နိုင်​ငံ​ရပ်​ခြား​သို့​ကွဲ​လွင့်​စေ​ကာ၊ ငါ​၏​ပြည်​တော်​ဣ​သ​ရေ​လ​ကို​ကွဲ​ပြား​စေ ခဲ့​ကြ​၏။
I will also gather all nations, and will bring them down into the valley of Jehoshaphat, and will plead with them there for my people and for my heritage Israel, whom they have scattered among the nations, and parted my land.
3 သူ​တို့​သည်​သုံ့​ပန်း​များ​ကို​အ​ဘယ်​သူ​သို့ ပေး​အပ် ရ​မည်​ကို​မဲ​ချ​၍​ဆုံး​ဖြတ်​ခဲ့​ကြ​၏။ ပြည့်​တန်​ဆာ​မ​များ​အ​တွက်​အ​ခ​ကြေး​ငွေ​နှင့် စ​ပျစ်​ရည်​ဖိုး​ရ​ရှိ​ရန် သူ​တို့​သည်​သူ​ငယ်​သူ​ငယ်​မ​များ​ကို ရောင်း​စား​ခဲ့​ကြ​သည်။
And they have cast lots for my people; and have given a boy for an harlot, and sold a girl for wine, that they might drink.
4 ``တု​ရု​မြို့၊ ဇိ​အုန်​မြို့​နှင့်​ဖိ​လိတ္တိ​ပြည်​အ​ရပ် ရပ်​မှ​လူ​အ​ပေါင်း​တို့ သင်​တို့​သည်​ငါ့​အား အ​ဘယ်​သို့​ပြု​ရန်​ကြိုး​ပမ်း​နေ​ကြ​ပါ​သ​နည်း။ ငါ့​အား​လက်​စား​ချေ​ရန်​ကြိုး​ပမ်း​နေ​ကြ​ပါ သ​လော။ ယင်း​သို့​ကြိုး​ပမ်း​နေ​ကြ​ပါ​မူ၊ ငါ သည်​အ​လျင်​အ​မြန်​ဦး​စွာ​သင်​တို့​အား လက်​စား​ချေ​မည်။-
Yes, and what have you to do with me, O Tyre, and Zidon, and all the coasts of Palestine? will you render me a recompense? and if you recompense me, swiftly and speedily will I return your recompense on your own head;
5 သင်​တို့​သည်​ငါ​၏​ရွှေ​ငွေ​ဥစ္စာ​ဘဏ္ဍာ​များ​ကို မိ​မိ​တို့​၏​ဘုံ​ဗိ​မာန်​များ​သို့​ယူ​ဆောင် သွား​ခဲ့​ကြ​၏။-
Because you have taken my silver and my gold, and have carried into your temples my goodly pleasant things:
6 ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​တို့​အား မိ​မိ​တို့​တိုင်း​ပြည်​မှ ရပ်​ဝေး​သို့​ခေါ်​ဆောင်​ကာ၊ ဂ​ရိ​အ​မျိုး သား​တို့​ထံ​တွင်​ရောင်း​စား​ခဲ့​ကြ​၏။-
The children also of Judah and the children of Jerusalem have you sold to the Grecians, that you might remove them far from their border.
7 သူ​တို့​အား​သင်​တို့​ရောင်း​စား​ခဲ့​သော​နေ​ရာ မှ​ငါ​ပြန်​လည်​ခေါ်​ဆောင်​မည်။ သူ​တို့​အား သင်​တို့​ပြု​ခဲ့​ကြ​သည့်​အ​တိုင်း​သင်​တို့ အား​ယ​ခု​ငါ​ပြု​မည်။-
Behold, I will raise them out of the place where you have sold them, and will return your recompense on your own head:
8 ငါ​သည်​သင်​တို့​၏​သား​သ​မီး​များ​အား ယု​ဒ​ပြည်​သား​တို့​၏​ငွေ​ဝယ်​ကျွန်​ဖြစ်​စေ မည်။ ယု​ဒ​ပြည်​သား​တို့​သည်​လည်း​သူ​တို့ အား​ဝေး​လံ​သော​ရှေ​ဘ​ပြည်​သို့​ရောင်း​စား ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား ၏​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
And I will sell your sons and your daughters into the hand of the children of Judah, and they shall sell them to the Sabeans, to a people far off: for the LORD has spoken it.
9 ``လူ​မျိုး​တ​ကာ​တို့​အား`စစ်​တိုက်​ရန်​အ​သင့် ပြင်​ကြ​လော့။ စစ်​သူ​ရဲ​တို့​ကို​ခေါ်​ယူ​ကြ​လော့။ စစ်​သည်​တပ်​သား​များ​ကို​စု​ရုံး​၍​ချီ​တက် ကြ​လော့' ဟု​ပြော​ကြား​ကြေ​ညာ​ကြ​လော့။
Proclaim you this among the Gentiles; Prepare war, wake up the mighty men, let all the men of war draw near; let them come up:
10 ၁၀ `သင်​တို့​သည်​ထွန်​သွား​များ​ကို​ဋ္ဌား အ​ဖြစ်​သို့​လည်း​ကောင်း၊ တံ​စဉ်​များ​ကို​လှံ​အ​ဖြစ်​သို့​လည်း​ကောင်း ထု​လုပ်​ကြ​လော့။ အား​အင်​ချည့်​နဲ့​သော​သူ​များ​ပင်​လျှင် စစ်​ပွဲ​ဝင်​ကြ​ရ​ပေ​မည်။
Beat your plowshares into swords and your pruning hooks into spears: let the weak say, I am strong.
11 ၁၁ အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့ အ​လျင်​အ​မြန်​လာ​၍၊ ချိုင့်​ဝှမ်း​၌​စု​ရုံး ကြ လော့' ဟု​မိန့်​တော်​မူ​၏။'' အို ထာ​ဝ​ရ​ဘု​ရား​ထို​သူ​တို့​အား​တိုက်​ခိုက်​ရန် ကိုယ်​တော်​ရှင်​၏​တပ်​မ​တော်​ကို​စေ​လွှတ်​တော် မူ​ပါ။
Assemble yourselves, and come, all you heathen, and gather yourselves together round about: thither cause your mighty ones to come down, O LORD.
12 ၁၂ ထာ​ဝ​ရ​ဘု​ရား​က``လူ​မျိုး​တ​ကာ​တို့​သည် အ​သင့်​ပြင်​ဆင်​လျက်၊ တ​ရား​စီ​ရင်​တော် မူ​ရာ ချိုင့်​ဝှမ်း​သို့​လာ​ရောက်​ရ​ကြ​မည်။ အနီး​အနား​ဝန်း​ကျင်​မှ​လူ​မျိုး​တ​ကာ တို့​အား တ​ရား​စီ​ရင်​ရန်​ထို​အ​ရပ်​တွင်​ငါ​ထာ​ဝ​ရ ဘု​ရား ထိုင်​တော်​မူ​မည်။
Let the heathen be wakened, and come up to the valley of Jehoshaphat: for there will I sit to judge all the heathen round about.
13 ၁၃ ထို​သူ​တို့​သည်​အ​လွန်​ယုတ်​မာ​ကြ​၏။ ကောက်​ရိတ်​ချိန်​၌​ဂျုံ​နှံ​ကို​ဖြတ်​သ​ကဲ့​သို့ သူ​တို့​ကို​ခုတ်​ဖြတ်​ကြ​လော့။ စ​ပျစ်​သီး​များ​နှင့်​ပြည့်​လျက်​နေ​သော အ​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​ရည်​များ လျှံ​တက်​လာ​သည်​တိုင်​အောင်၊ စ​ပျစ်​သီး​များ​ကို​နင်း​ချေ​သ​ကဲ့​သို့ ထို​သူ​တို့​ကို နင်း​ချေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
Put you in the sickle, for the harvest is ripe: come, get you down; for the press is full, the fats overflow; for their wickedness is great.
14 ၁၄ ထောင်​ပေါင်း​များ​စွာ​သော​သူ​တို့​သည် တ​ရား​စီ​ရင်​တော်​မူ​ရာ​ချိုင့်​ဝှမ်း​တွင် ရှိ​နေ​ကြ​၏။ ထို​ချိုင့်​ဝှမ်း​သို့​ထာ​ဝ​ရ​ဘု​ရား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ သည် များ​မ​ကြာ​မီ​သက်​ရောက်​လာ​လိမ့်​မည်။
Multitudes, multitudes in the valley of decision: for the day of the LORD is near in the valley of decision.
15 ၁၅ နေ​နှင့်​လ​သည်​မှောင်​မိုက်​လျက် ကြယ်​တာ​ရာ​များ​သည်​လည်း​မ​ထွန်း မ​လင်း​ကြ​တော့​ချေ။
The sun and the moon shall be darkened, and the stars shall withdraw their shining.
16 ၁၆ ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​တောင်​ပေါ်​မှာ ကြွေး​ကြော်​တော်​မူ​၏။ ယေ​ရု​ရှ​လင်​မြို့​မှ​ဟစ်​အော်​တော်​မူ​၏။ မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​သည်​လည်း​တုန်​လှုပ် ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကာ​ကွယ်​တော်​မူ​လိမ့်​မည်။
The LORD also shall roar out of Zion, and utter his voice from Jerusalem; and the heavens and the earth shall shake: but the LORD will be the hope of his people, and the strength of the children of Israel.
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထို​အ​ခါ​ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​ပေါ်​တွင်​ကျိန်း​ဝပ်​တော်​မူ​ပေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သည်​သန့်​ရှင်း​မြင့်​မြတ်​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည်​ထို​မြို့​ကို​နောက်​တစ်​ဖန် အ​ဘယ်​အ​ခါ​၌​မျှ​နိုင်​နင်း​ရ​ကြ​လိမ့်​မည် မ​ဟုတ်။
So shall you know that I am the LORD your God dwelling in Zion, my holy mountain: then shall Jerusalem be holy, and there shall no strangers pass through her any more.
18 ၁၈ ထို​ကာ​လ​၌​တောင်​တို့​သည်​စ​ပျစ်​ဥ​ယျာဉ် များ​နှင့် ဖုံး​လွှမ်း​လျက်​ရှိ​လိမ့်​မည်။ တောင်​ကုန်း​မှန်​သ​မျှ​တို့​တွင်​လည်း​ကျွဲ​နွား​များ ကို​မြင်​ရ​လိမ့်​မည်။ ယု​ဒ​ပြည်​တစ်​ခု​လုံး​၌​ရေ​အ​လုံ​အ​လောက် ရ​ရှိ​ကြ​လိမ့်​မည်။ စမ်း​ရေ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​မှ စီး​ဆင်း​လာ​လျက်​ရှိတ္တိမ်​ချိုင့်​ဝှမ်း​ကို​စို​ပြေ​စေ လိမ့်​မည်။
And it shall come to pass in that day, that the mountains shall drop down new wine, and the hills shall flow with milk, and all the rivers of Judah shall flow with waters, and a fountain shall come forth out of the house of the LORD, and shall water the valley of Shittim.
19 ၁၉ ``အီ​ဂျစ်​ပြည်​သည်​သဲ​က​န္တာ​ရ​ဖြစ်​၍​ဧ​ဒုံ ပြည်​သည် ပျက်​စီး​ယို​ယွင်း​၍​လူ​သူ​ကင်း​မဲ့​သည့် နေ​ရာ​ဖြစ်​နေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​ပြည်​တို့​သည် ယု​ဒ​ပြည်​ကို​တိုက်​ခိုက်​၍၊ အ​ပြစ်​မဲ့​သူ​တို့​အား​သတ်​ဖြတ်​ခဲ့​ကြ​သော ကြောင့်​ဖြစ်​၏။
Egypt shall be a desolation, and Edom shall be a desolate wilderness, for the violence against the children of Judah, because they have shed innocent blood in their land.
20 ၂၀ ငါ​သည်​အ​သတ်​ခံ​ခဲ့​ရ​ကြ​သူ​များ​အ​တွက် လက်​စား​ချေ​မည်။ အ​ပြစ်​ရှိ​သူ​တို့​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​ကို​မူ​ကား၊ ထာ​ဝ​စဉ်​လူ​တို့​နေ​ထိုင်​ရာ​ဖြစ်​စေ​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း​ဇိ​အုန်​တောင်​ပေါ် တွင် ကျိန်း​ဝပ်​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​ယော​လ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
But Judah shall dwell for ever, and Jerusalem from generation to generation.
21 ၂၁
For I will cleanse their blood that I have not cleansed: for the LORD dwells in Zion.

< ယောလ 3 >