< ယောလ 2 >

1 ဘု​ရား​သ​ခင်​၏​တောင်​တော်​မြတ်​တည်း​ဟူ​သော ဇိ​အုန်​တောင်​ပေါ်​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ​လော့။ နှိုး​ဆော်​သံ​ပေး​ကြ​လော့။ ယု​ဒ​ပြည်​သူ​တို့​တုန်​လှုပ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက် ကာ​လ​သည်​မ​ကြာ​မီ​ကျ​ရောက်​လာ​လိမ့်​မည်။
Trąbcie w trąbę na Syonie, a krzyczcie na świętej górze mojej! niechaj zadrżą wszyscy obywatele ziemi; bo przychodzi dzień Pański, bo już bliski jest;
2 ထို​နေ့​သည်​မှောင်​မိုက်​အုံ့​ဆိုင်း​သော​နေ့၊မည်း နက်​လျက် မိုး​တိမ်​ထူ​ထပ်​သော​နေ့​ဖြစ်​လိမ့်​မည်။ တောင်​ရိုး​များ​ကို​လွှမ်း​ခြုံ​လိုက်​သည့် မှောင်​ရိပ်​ကဲ့​သို့၊ကျိုင်း​ကောင်​အုပ်​ကြီး​သည်​ရှေ့​သို့ ချီ​တက်​လာ​လေ​သည်။ ဤ​သို့​အ​ဘယ်​အ​ခါ​က​မျှ​ဖြစ်​ပျက်​ခဲ့​ဘူး​သည်​မ​ရှိ။ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​လည်း​ဖြစ်​ပျက်​လိမ့်​မည် မ​ဟုတ်။
Dzień ciemności i mroku, dzień obłoku i chmury, jako ranna zorza rozciągniona po górach; lud wielki a mocny, któremu równego nie było od wieku, i nie będzie po nim nigdy aż do lat rodzaju i rodzaju.
3 ကျိုင်း​ကောင်​တို့​၏​ရှေ့​နှင့်​နောက်​တွင်​သီး​နှံ​ပင်​များ​ကို မီး​ကဲ့​သို့​ကိုက်​စား​ကြ​၏။ မြေ​ကြီး​သည်​သူ​တို့​၏​ရှေ့​၌​ဧ​ဒင်​ဥ​ယျာဉ်​နှင့် တူ​၍ သူ​တို့​၏​နောက်​တွင်​မူ​ကား၊သီး​နှံ​ပင်​ကင်း​မဲ့​သည့် သဲ​ကန္တာ​ရ​နှင့်​တူ​၏။ သူ​တို့​၏​ဘေး​အန္တ​ရာယ်​မှ​လွတ်​မြောက်​သည့် အ​သီး​အ​နှံ​ဟူ​၍​မ​ရှိ။
Przed obliczem jako ogień pożerający, a za nim płomień pałający; ta ziemia jest przed nim jako ogród Eden, ale po nim będzie pustynią pustą i nie ujdzie nikt przed nim.
4 ကျိုင်း​ကောင်​တို့​သည်​မြင်း​များ​နှင့်​သဏ္ဌာန်​တူ​၍၊ စစ်​မြင်း​ကဲ့​သို့​ပြေး​ကြ​၏။
Kształt ich jest jako kształt koni, a tak pobieżą jako jezdni.
5 သူ​တို့​သည်​တောင်​ရိုး​များ​ပေါ်​တွင်​ခုန်​လွှား​ကာ စစ်​မြင်း​ရ​ထား​မြည်​သံ​ကဲ့​သို့​လည်း​ကောင်း၊ မြက်​ခြောက်​မီး​လောင်​သ​ကဲ့​သို့​လည်း​ကောင်း အော်​မြည်​ကြ​၏။ သူ​တို့​သည်​တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​လျက် ရှိ​သည့် တပ်​မ​တော်​ကြီး​ကဲ့​သို့​စီ​တန်း​လျက်​နေ​ကြ​၏။
Po wierzchu gór skakać będą jako grzmot wozów, a jako szum płomienia ognistego pożerającego ściernisko, jako lud możny uszykowany do bitwy.
6 သူ​တို့​ချဉ်း​ကပ်​လာ​သော​အ​ခါ၊လူ​အ​ပေါင်း တို့​သည် ကြောက်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။ လူ​တိုင်း​၏​မျက်​နှာ​တွင်​သွေး​မ​ရှိ​တော့​ပေ။
Ulękną się narody przed obliczem jego, wszystkie twarze ich jako garniec poczernieją.
7 ကျိုင်း​ကောင်​တို့​သည်​စစ်​သူ​ရဲ​များ​သ​ဖွယ် တိုက်​ခိုက်​ကြ​၏။ စစ်​သည်​တပ်​သား​များ​သ​ဖွယ်​မြို့​ရိုး​များ​ကို တက်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ရှေ့​သို့​တည့်​မတ်​စွာ ချီ​တက်​လျက်​နေ​ကြ​၏။ မိ​မိ​တို့​၏​လမ်း​ကို​မ​ပြောင်း​မ​လွှဲ​ကြ။
Pobieżą jako mocarze, a wbieżą na mury jako mężowie waleczni; każdy z nich drogą swoją pójdzie, a nie ustąpią z ścieżek swoich.
8 အ​ချင်း​ချင်း​တစ်​ကောင်​နှင့်​တစ်​ကောင် အ​နှောင့်​အ​ယှက်​လည်း​မ​ဖြစ်​စေ​ကြ။ သူ​တို့​ခံ​တပ်​များ​ကို​ဖြတ်​၍​ပျံ​သန်း ကြ​သော်​လည်း၊ သူ​တို့​အား​အ​ဘယ်​သူ​မျှ​မ​ဆီး​မ​တား​နိုင် ကြ။
Jeden drugiego nie ściśnie, każdy drogą swoją pójdzie; a choć i na miecz upadną, nie będą zranieni.
9 သူ​တို့​သည်​မြို့​ရှိ​ရာ​သို့​ပြေး​ကြ​၏။ မြို့​ရိုး​များ​ကို​ကျော်​၍​အိမ်​များ​ပေါ်​သို့​တက် ပြီး​လျှင် သူ​ခိုး​သ​ဖွယ်​ပြူ​တင်း​ပေါက်​များ​မှ​ဝင်​ကြ​၏။
Po mieście chodzić będą, po murze biegać, na domy wstąpią, a oknami wlezą jako złodziej.
10 ၁၀ သူ​တို့​ချဉ်း​ကပ်​လာ​ချိန်​၌​မြေ​င​လျင်​လှုပ် လေ​၏။ မိုး​ကောင်း​ကင်​သည်​လည်း​တ​သိမ့်​သိမ့်​တုန်​၍ သွား​လေ​၏။ နေ​နှင့်​လ​သည်​မှောင်​မိုက်​လျက်​နေ​ကာ​ကြယ် တာ​ရာ များ​သည်​လည်း​မ​ထွန်း​မ​လင်း​ကြ​တော့​ချေ။
Przed obliczem jego ziemia zadrży, niebiosa się poruszą, słońce i miesiąc się zaćmi, a gwiazdy zawściągną jasność swoję.
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တပ်​မ​တော်​ကို မိုး​ကြိုး​သံ​နှင့် တူ​သည့်​အ​သံ​ဖြင့်​အ​မိန့်​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​နာ​ယူ​ကြ​သူ စစ်​သည်​တပ်​သား​များ​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့်​များ​၏။ တန်​ခိုး ကြီး​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​ကာ​လ​သည် အ​ဘယ်​မျှ​ကြောက်​မက်​ဖွယ်​ကောင်း​ပါ​သ​နည်း။ ထို​နေ့​ရက်​ကာ​လ​ကို​အ​ဘယ်​သူ လွန်​မြောက်​နိုင်​ပါ​မည်​နည်း။
A Pan wyda głos swój przed wojskiem swojem, przeto, że bardzo wielki będzie obóz jego, przeto, że mocny ten, co wykona słowo jego; wielki bowiem dzień Pański będzie i straszliwy bardzo, i któż go zniesie?
12 ၁၂ ထာ​ဝ​ရ​ဘု​ရား​က``သို့​ရာ​တွင်​သင်​တို့​သည် ယ​ခု​အ​ခါ​၌​ပင်​အ​မှန်​တ​ကယ်​နောင်​တ​ရ ကြ​လော့။ အ​စာ​ရှောင်​လျက်​ငို​ကြွေး​မြည်​တမ်း​လျက် ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။
A przetoż jeszcze i teraz mówi Pan: Nawróćcie się do mnie samego całem sercem swojem, i w poście i w płaczu i w kwileniu.
13 ၁၃ သင်​တို့​သည်​မိ​မိ​တို့​အ​ဝတ်​များ​ကို ဆုတ်​ဖြဲ​ခြင်း​အား​ဖြင့်​သာ​မ​ဟုတ်​ဘဲ၊ ကျိုး​ပဲ့​သော​စိတ်​နှ​လုံး​အား​ဖြင့်​သင်​တို့ ဝမ်း​နည်း​မှု​ကို​ဖော်​ပြ​ရာ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ ကိုယ်​တော်​သည်​သ​နား​ခြင်း​မေတ္တာ​က​ရု​ဏာ တော်​နှင့် ပြည့်​စုံ​တော်​မူ​၏။ စိတ်​ရှည်​၍​မိ​မိ​က​တိ​တော်​အ​တိုင်း ပြု​တော်​မူ​တတ်​၏။ ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ရန် အ​စဉ်​ပင်​အ​သင့်​ရှိ​တော်​မူ​သ​ဖြင့်​အ​ပြစ် ဒဏ် ခတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
Rozedrzyjcie serce wasze a nie szaty wasze, i nawróćcie się do Pana, Boga waszego; boć on jest łaskawy i miłosierny, nierychły ku gniewu, a hojny w miłosierdziu, i żałujący złego.
14 ၁၄ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​စိတ်​တော်​ကို ပြောင်း​လဲ​ကောင်း​ပြောင်း​လဲ​တော်​မူ​၍ သင်​တို့​အား​မြောက်​မြား​စွာ​သော​အ​သီး အ​နှံ​များ​ဖြင့် ကောင်း​ချီး​ပေး​တော်​မူ​ပါ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​သည်​ကိုယ်​တော်​အား ဂျုံ​ဆန်​နှင့် စ​ပျစ်​ရည်​ပူ​ဇော်​သကာ​များ​ကို​ဆက်​သ​နိုင် ပါ​၏။
Któż wie, nie obrócili się, a nie będzieli mu żal, i nie zostawili po sobie błogosławieństwa na śniedną i mokrą ofiarę Panu, Bogu waszemu.
15 ၁၅ ဇိ​အုန်​တောင်​ပေါ်​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ​လော့။ အ​စာ​ရှောင်​ကြ​ရန်​အ​မိန့်​များ​ကို​ထုတ်​ပြန်​ကာ လူ​ထု​စည်း​ဝေး​ပွဲ​တစ်​ရပ်​ကို​ခေါ်​ယူ​ကြ​လော့။
Trąbcie w trąbę na Syonie, poświęćcie post, zwołajcie zgromadzenie.
16 ၁၆ လူ​တို့​ကို​ခေါ်​ယူ​စု​ဝေး​၍​မြင့်​မြတ်​သော စည်း​ဝေး​ပွဲ တစ်​ရပ်​ကို​ပြင်​ဆင်​ကြ​လော့။ အ​သက်​ကြီး​သူ​များ​ကို​ခေါ်​ဖိတ်​၍ က​လေး​သူ​ငယ်​များ​နှင့်၊နို့​စို့​ရွယ်​များ​ကို​ပါ စု​ဝေး​စေ​ကြ​လော့။ ထိမ်း​မြား​မင်္ဂ​လာ​ပြု​ပြီး​ခါ​စ ဇ​နီး​မောင်​နှံ​များ​ပင်​လျှင်​မိ​မိ​တို့​၏​အ​ခန်း များ​ကို စွန့်​ခွာ​လာ​ရ​ကြ​ပေ​မည်။
Zgromadźcie lud, poświęćcie zgromadzenie, zbierzcie starców, znieście maluczkie i ssące piersi; niech wynijdzie oblubieniec z łożnicy swojej, a oblubienica z pokoju swego.
17 ၁၇ ယဇ်​ပလ္လင်​နှင့်​ဗိ​မာန်​တော်​အ​ဝင်​ဝ​စပ်​ကြား​၌ ထာ​ဝ​ရ​ဘု​ရား​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​သူ ယဇ်​ပု​ရော​ဟိတ်​များ​သည်​ငို​ကြွေး​လျက်၊ ``အို ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​ကို​သ​နား​တော်​မူ​ပါ။ `သူ​တို့​၏​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မှာ​နည်း' ဟု​ဆို​ကာ​လူ​မျိုး​ခြား​များ​သည် ကျွန်​တော်​မျိုး​တို့​အား​ကဲ့​ရဲ့​ပြောင်​လှောင် စေ​တော်​မ​မူ​ပါ​နှင့်'' ဟု ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​ရ​ပေ​မည်။
Kapłani, słudzy Pańscy, między przysionkiem a ołtarzem niech płaczą i mówią: Przepuść, Panie! ludowi twemu, a nie daj dziedzictwa swego na pohańbienie, aby nad nimi poganie panować mieli. Przeczżeby mówiono między narodami: Gdzież jest Bóg ich?
18 ၁၈ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ပြည် တော်​အ​တွက် စိုး​ရိမ်​ပူ​ပန်​မှု​ကို​ပြ​တော်​မူ​၍၊ မိ​မိ​၏​လူ​မျိုး​တော်​အား​က​ရု​ဏာ​ထား တော်​မူ​၏။
I zapali się Pan miłością ku ziemi swojej, a zmiłuje się nad ludem swoim.
19 ၁၉ ကိုယ်​တော်​သည်​သူ​တို့​အား``ယ​ခု​ငါ​သည် သင်​တို့​အား ဂျုံ​ဆန်၊စ​ပျစ်​ရည်​နှင့်​သံ​လွင်​ဆီ​ကို ပေး​တော်​မူ​မည်​ဖြစ်​၍၊ သင်​တို့​သည်​ရောင့်​ရဲ​လျက်​နေ​ကြ​လိမ့်​မည်။ အ​ခြား​အ​မျိုး​သား​များ​သည်​လည်း​သင်​တို့ အား ကဲ့​ရဲ့​ကြ​တော့​မည်​မ​ဟုတ်။
I ozwie się Pan, a rzecze do ludu swego: Oto Ja poślę wam zboże, i moszcz, i oliwę, a będziecie niemi nasyceni, i nie podam was więcej na pohańbienie między pogan.
20 ၂၀ ငါ​သည်​မြောက်​အ​ရပ်​မှ​လာ​သည့်​ကျိုင်း ကောင်​အုပ်​ကို ပယ်​ရှင်း​မည်။ ကျိုင်း​ကောင်​အ​ချို့​ကို​သဲ​ကန္တာ​ရ​ထဲ​သို့ နှင်​ထုတ်​မည်။ သူ​တို့​တပ်​ဦး​ပိုင်း​ကို​ပင်​လယ်​သေ​ထဲ​သို့ လည်း​ကောင်း၊ တပ်​နောက်​ပိုင်း​ကို​မြေ​ထဲ​ပင်​လယ် ထဲ​သို့​လည်း​ကောင်း​ကျ​စေ​မည်။ သူ​တို့​၏​ကိုယ်​ခန္ဓာ​များ​သည်​ပုပ်​စပ်​နံ​စော် လျက် နေ​လိမ့်​မည်။ သင်​တို့​အား​သူ​တို့​ပြု​ခဲ့​သည့်​အ​မှု​များ အ​တွက် ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။
Bo północne wojsko oddalę od was, a zapędzę je do ziemi suchej i spustoszonej; przedni huf jego obróci się ku morzu wschodniemu, a koniec jego ku morzu ostatecznemu, i wynijdzie z niego smród i zgniłość, choć sobie hardzie poczyna.
21 ၂၁ ``အို လယ်​ပြင်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​အ​ဖို့​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​များ​အ​တွက်၊ ရွှင်​လန်း ဝမ်း​မြောက်​ကြ​လော့။
Nie bój się, ziemio! wesel się a raduj się; bo Pan wielkie rzeczy uczyni.
22 ၂၂ အို သား​ရဲ​တိ​ရစ္ဆာန်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ စား​ကျက်​များ​သည် စိမ်း​လန်း​လျက်​ရှိ​၏။ သစ်​ပင်​များ​သည်​အ​သီး​သီး​လျက်​နေ​၏။ သ​ဖန်း​သီး​စ​ပျစ်​သီး​တို့​သည်​လည်း အ​မြောက်​အ​မြား​ရှိ​ပါ​၏။
Nie bójcie się zwierzęta pól moich; boć wzrosło pastwisko na pustyni, a drzewa przyniosą owoce swoje, figowe drzewo i macica winna wydadzą moc swoję.
23 ၂၃ ``အို ဇိ​အုန်​မြို့​သား​တို့​ဝမ်း​မြောက်​ကြ​လော့။ သင်​တို့​အား​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု​များ​အ​တွက်​အား​ရ ရွှင်​မြူး​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​အား​ဆောင်း​ဦး​မိုး အ​လုံ​အ​လောက်​ချ​ပေး​တော်​မူ​လေ​ပြီ။ ဆောင်း​နှောင်း​မိုး​ကို​လည်း​ကောင်း​ယ​ခင် အ​ခါ​များ​မှာ​ကဲ့​သို့ နွေ​ဦး​မိုး​ကို​လည်းကောင်း၊သင်​တို့​အ​ပေါ်​သို့ ရွာ​သွန်း​စေ​တော်​မူ​လေ​ပြီ။
I wy, synowie Syońscy! weselcie się i radujcie się w Panu, Bogu waszym; bo wam da deszcz wczesny, a ześle wam deszcz obfity w jesieni i na wiosnę.
24 ၂၄ ကောက်​နယ်​တ​လင်း​တို့​သည်​ဂျုံ​ဆန်​များ​နှင့် ပြည့်​နှက်​နေ​လိမ့်​မည်။ အ​သီး​နယ်​ရာ​ကျင်း​တို့​သည်​လည်း​စ​ပျစ် ရည်​နှင့် သံ​လွင်​ဆီ​တို့​ဖြင့်​လျှံ​လျက်​နေ​လိမ့်​မည်။
I będą gumna zbożem napełnione, a prasy opływać będą moszczem i oliwą.
25 ၂၅ သင်​တို့​၏​သီး​နှံ​များ​ကို​ကျိုင်း​ကောင်​အုပ်​တို့ ကိုက်​စား​လိုက်​သည့်​နှစ်​များ​က၊ သင်​တို့​ဆုံး​ရှုံး​မှု​ကို​ငါ​ပြန်​လည်​ပေး လျော်​မည်။ သင်​တို့​ထံ​သို့​ထို​ကျိုင်း​ကောင်​အုပ်​များ​ကို စေ​လွှတ်​သူ​မှာ​ငါ​ပင်​ဖြစ်​၏။
A tak nagrodzę wam lata, które zjadła szarańcza, czerw, chrząszcze i gąsienice, wojsko moje wielkie, którem posyłał na was.
26 ၂၆ ယ​ခု​အ​ခါ​သင်​တို့​သည်​အ​စာ​ရေ​စာ အ​လုံ​အ​လောက် ရ​ရှိ​ကြ​မည်​ဖြစ်​၍၊ရောင့်​ရဲ​လျက်​နေ​လိမ့်​မည်။ သင်​တို့​သည်​မိ​မိ​တို့​အ​တွက်​အံ့​သြ​ဖွယ် အ​မှု​များ​ကို​ပြု​တော်​မူ​သော၊ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​နောင်​ဘယ်​အ​ခါ​၌​မျှ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။
Tedy jedząc jeść będziecie, a nasyceni będąc chwalić będziecie imię Pana, Boga swego, który uczynił z wami dziwne rzeczy, i nie będzie pohańbiony lud mój na wieki.
27 ၂၇ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငါ​သည် သင်​တို့​အ​လယ်​၌ ရှိ​နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၍၊ ငါ​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကို လည်း​ကောင်း၊ ထို​အ​ခါ​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​နောင်​ဘယ်​အ​ခါ​မျှ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။
I dowiecie się, żem Ja jest w pośród Izraela, a żem Ja Panem, Bogiem waszym, a że niemasz inszego; boć nie będzie pohańbiony lud mój na wieki.
28 ၂၈ ``ထို​နောက်​ငါ​သည်​မိ​မိ​၏​ဝိ​ညာဉ်​တော်​ကို လူ​အပေါင်း​တို့​အ​ပေါ်​သို့​သွန်း​လောင်း​မည်။ သင်​တို့​သား​သ​မီး​များ​သည်​ငါ​၏​ဗျာ​ဒိတ် တော်​ကို ပြန်​ကြား​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သူ​များ​သည်​အိပ်​မက်​များ​ကို မြင်​မက်​ကြ​လျက်၊ လူ​ငယ်​လူ​ရွယ်​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို တွေ့​မြင်​ကြ​လိမ့်​မည်။
A potem wyleję Ducha mego na wszelkie ciało, a prorokować będą synowie wasi i córki wasze; starcom waszym sny się śnić będą, a młodzieńcy wasi widzenia widzieć będą.
29 ၂၉ ထို​ကာ​လ​၌​ငါ​သည်​မိ​မိ​၏​ဝိ​ညာဉ်​တော်​ကို ယောကျာ်း​အ​စေ​ခံ​များ​နှင့်၊မိန်း​မ​အ​စေ​ခံ​များ အ​ပေါ်​သို့​ပင်​သက်​ရောက်​စေ​တော်​မူ​မည်။
Nawet i na sługi i na służebnice wyleję w one dni Ducha mego.
30 ၃၀ ``ငါ​သည်​ထို​နေ့​ရက်​ကာ​လ​နှင့်​ပတ်​သက်​၍ မိုး​ကောင်း​ကင်​၌​သော်​လည်း​ကောင်း၊မြေ​ကြီး ပေါ်​၌ သော်​လည်း​ကောင်း​ပုဗ္ဗ​နိ​မိတ်​များ​ကို​ပြ​မည်။ သွေး​ထွက်​သံ​ယို​ဖြစ်​မှု​မီး​လျှံ​မီး​ခိုး​များ ထ​မှု​တို့ ဖြစ်​ပေါ်​လာ​လိမ့်​မည်။
I dam cuda na niebie i na ziemi, krew i ogień i słupy dymowe.
31 ၃၁ ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​နေ့​ကြီး မ​ကျ​မ​ရောက်​မီ၊ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် လည်း သွေး​ကဲ့​သို့​နီ​မြန်း​၍​လာ​လိမ့်​မည်။
Słońce obróci się w ciemność, a miesiąc w krew, pierwej niż dzień Pański wielki a straszny przyjdzie.
32 ၃၂ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကူ​မ​တော် မူ​ရန် လျှောက်​ထား​ကြ​သူ​လူ​အ​ပေါင်း​တို့​မူ​ကား၊ ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း `ယေ​ရု​ရှ​လင်​မြို့​သူ၊ မြို့​သား အ​ချို့​တို့​သည်​အ​သက်​ဘေး​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ ငါ​ရွေး​ချယ်​သူ​တို့​သည်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ကြ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။''
Wszakże stanie się, że ktobykolwiek wzywał imienia Pańskiego, wybawiony będzie; bo na górze Syon i w Jeruzalemie będzie wybawienie, jako rzekł Pan, to jest w ostatkach, które Pan powoła.

< ယောလ 2 >