< ယောလ 2 >
1 ၁ ဘုရားသခင်၏တောင်တော်မြတ်တည်းဟူသော ဇိအုန်တောင်ပေါ်တွင်တံပိုးခရာမှုတ်ကြလော့။ နှိုးဆော်သံပေးကြလော့။ ယုဒပြည်သူတို့တုန်လှုပ်ကြလော့။ ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက် ကာလသည်မကြာမီကျရောက်လာလိမ့်မည်။
Lizani lipenga mu Ziyoni. Chenjezani pa phiri langa loyera. Onse okhala mʼdziko anjenjemere, pakuti tsiku la Yehova likubwera, layandikira;
2 ၂ ထိုနေ့သည်မှောင်မိုက်အုံ့ဆိုင်းသောနေ့၊မည်း နက်လျက် မိုးတိမ်ထူထပ်သောနေ့ဖြစ်လိမ့်မည်။ တောင်ရိုးများကိုလွှမ်းခြုံလိုက်သည့် မှောင်ရိပ်ကဲ့သို့၊ကျိုင်းကောင်အုပ်ကြီးသည်ရှေ့သို့ ချီတက်လာလေသည်။ ဤသို့အဘယ်အခါကမျှဖြစ်ပျက်ခဲ့ဘူးသည်မရှိ။ နောင်အဘယ်အခါ၌မျှလည်းဖြစ်ပျက်လိမ့်မည် မဟုတ်။
tsiku la mdima ndi chisoni, tsiku la mitambo ndi la mdima wandiweyani. Ngati mʼbandakucha umene wakuta mapiri, gulu lalikulu ndi la ankhondo amphamvu likubwera, gulu limene nʼkale lomwe silinaonekepo ngakhale kutsogolo kuno silidzaonekanso.
3 ၃ ကျိုင်းကောင်တို့၏ရှေ့နှင့်နောက်တွင်သီးနှံပင်များကို မီးကဲ့သို့ကိုက်စားကြ၏။ မြေကြီးသည်သူတို့၏ရှေ့၌ဧဒင်ဥယျာဉ်နှင့် တူ၍ သူတို့၏နောက်တွင်မူကား၊သီးနှံပင်ကင်းမဲ့သည့် သဲကန္တာရနှင့်တူ၏။ သူတို့၏ဘေးအန္တရာယ်မှလွတ်မြောက်သည့် အသီးအနှံဟူ၍မရှိ။
Patsogolo pawo moto ukupsereza, kumbuyo kwawo malawi amoto akutentha zinthu. Patsogolo pawo dziko lili ngati munda wa Edeni, kumbuyo kwawo kuli ngati chipululu, kulibe kanthu kotsalapo.
4 ၄ ကျိုင်းကောင်တို့သည်မြင်းများနှင့်သဏ္ဌာန်တူ၍၊ စစ်မြင်းကဲ့သို့ပြေးကြ၏။
Maonekedwe awo ali ngati akavalo; akuthamanga ngati akavalo ankhondo.
5 ၅ သူတို့သည်တောင်ရိုးများပေါ်တွင်ခုန်လွှားကာ စစ်မြင်းရထားမြည်သံကဲ့သို့လည်းကောင်း၊ မြက်ခြောက်မီးလောင်သကဲ့သို့လည်းကောင်း အော်မြည်ကြ၏။ သူတို့သည်တိုက်ပွဲဝင်ရန်အသင့်ပြင်လျက် ရှိသည့် တပ်မတော်ကြီးကဲ့သို့စီတန်းလျက်နေကြ၏။
Akulumpha pamwamba pa mapiri ndi phokoso ngati la magaleta, ngati moto wothetheka wonyeketsa ziputu, ngati gulu lalikulu la ankhondo lokonzekera nkhondo.
6 ၆ သူတို့ချဉ်းကပ်လာသောအခါ၊လူအပေါင်း တို့သည် ကြောက်လန့်တုန်လှုပ်ကြကုန်၏။ လူတိုင်း၏မျက်နှာတွင်သွေးမရှိတော့ပေ။
Akangowaona, anthu a mitundu ina amazunzika mu mtima; nkhope iliyonse imagwa.
7 ၇ ကျိုင်းကောင်တို့သည်စစ်သူရဲများသဖွယ် တိုက်ခိုက်ကြ၏။ စစ်သည်တပ်သားများသဖွယ်မြို့ရိုးများကို တက်ကြ၏။ သူတို့အားလုံးပင်ရှေ့သို့တည့်မတ်စွာ ချီတက်လျက်နေကြ၏။ မိမိတို့၏လမ်းကိုမပြောင်းမလွှဲကြ။
Amathamanga ngati ankhondo; amakwera makoma ngati asilikali. Onse amayenda pa mizere, osaphonya njira yawo.
8 ၈ အချင်းချင်းတစ်ကောင်နှင့်တစ်ကောင် အနှောင့်အယှက်လည်းမဖြစ်စေကြ။ သူတို့ခံတပ်များကိုဖြတ်၍ပျံသန်း ကြသော်လည်း၊ သူတို့အားအဘယ်သူမျှမဆီးမတားနိုင် ကြ။
Iwo sakankhanakankhana, aliyense amayenda molunjika. Amadutsa malo otchingidwa popanda kumwazikana.
9 ၉ သူတို့သည်မြို့ရှိရာသို့ပြေးကြ၏။ မြို့ရိုးများကိုကျော်၍အိမ်များပေါ်သို့တက် ပြီးလျှင် သူခိုးသဖွယ်ပြူတင်းပေါက်များမှဝင်ကြ၏။
Amakhamukira mu mzinda, amathamanga mʼmbali mwa khoma. Amakwera nyumba ndi kulowamo; amalowera pa zenera ngati mbala.
10 ၁၀ သူတို့ချဉ်းကပ်လာချိန်၌မြေငလျင်လှုပ် လေ၏။ မိုးကောင်းကင်သည်လည်းတသိမ့်သိမ့်တုန်၍ သွားလေ၏။ နေနှင့်လသည်မှောင်မိုက်လျက်နေကာကြယ် တာရာ များသည်လည်းမထွန်းမလင်းကြတော့ချေ။
Patsogolo pawo dziko limagwedezeka, thambo limanjenjemera, dzuwa ndi mwezi zimachita mdima, ndipo nyenyezi zimaleka kuwala.
11 ၁၁ ထာဝရဘုရားသည်မိမိတပ်မတော်ကို မိုးကြိုးသံနှင့် တူသည့်အသံဖြင့်အမိန့်ပေးတော်မူ၏။ ကိုယ်တော်၏အမိန့်တော်ကိုနာယူကြသူ စစ်သည်တပ်သားများသည်၊ အရေအတွက်အားဖြင့်များ၏။ တန်ခိုး ကြီးကြ၏။ ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ရက်ကာလသည် အဘယ်မျှကြောက်မက်ဖွယ်ကောင်းပါသနည်း။ ထိုနေ့ရက်ကာလကိုအဘယ်သူ လွန်မြောက်နိုင်ပါမည်နည်း။
Yehova amabangula patsogolo pawo, gulu lake lankhondo ndi losawerengeka, ndipo amphamvu ndi amene amamvera kulamula kwake. Tsiku la Yehova ndi lalikulu; ndi loopsa. Ndani adzapirira pa tsikulo?
12 ၁၂ ထာဝရဘုရားက``သို့ရာတွင်သင်တို့သည် ယခုအခါ၌ပင်အမှန်တကယ်နောင်တရ ကြလော့။ အစာရှောင်လျက်ငိုကြွေးမြည်တမ်းလျက် ငါ့ထံသို့ပြန်လာကြလော့။
“Ngakhale tsopano, bwererani kwa Ine ndi mtima wanu wonse posala zakudya ndi kukhetsa misozi,” akutero Yehova.
13 ၁၃ သင်တို့သည်မိမိတို့အဝတ်များကို ဆုတ်ဖြဲခြင်းအားဖြင့်သာမဟုတ်ဘဲ၊ ကျိုးပဲ့သောစိတ်နှလုံးအားဖြင့်သင်တို့ ဝမ်းနည်းမှုကိုဖော်ပြရာ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ကိုယ်တော်သည်သနားခြင်းမေတ္တာကရုဏာ တော်နှင့် ပြည့်စုံတော်မူ၏။ စိတ်ရှည်၍မိမိကတိတော်အတိုင်း ပြုတော်မူတတ်၏။ ကိုယ်တော်သည်အပြစ်များကိုဖြေလွှတ်ရန် အစဉ်ပင်အသင့်ရှိတော်မူသဖြင့်အပြစ် ဒဏ် ခတ်တော်မူလိမ့်မည်မဟုတ်။
Ngʼambani mtima wanu osati zovala zanu. Bwererani kwa Yehova Mulungu wanu, pakuti Iye ndi wokoma mtima ndi wachifundo, wosakwiya msanga ndi wachikondi chochuluka, ndipo amaleka kubweretsa mavuto.
14 ၁၄ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်စိတ်တော်ကို ပြောင်းလဲကောင်းပြောင်းလဲတော်မူ၍ သင်တို့အားမြောက်မြားစွာသောအသီး အနှံများဖြင့် ကောင်းချီးပေးတော်မူပါလိမ့်မည်။ ထိုအခါသင်တို့သည်ကိုယ်တော်အား ဂျုံဆန်နှင့် စပျစ်ရည်ပူဇော်သကာများကိုဆက်သနိုင် ပါ၏။
Akudziwa ndani? Mwina adzasintha maganizo nʼkutimvera chisoni, nʼkutisiyira madalitso, a chopereka cha chakudya ndi cha chakumwa kwa Yehova Mulungu wanu.
15 ၁၅ ဇိအုန်တောင်ပေါ်တွင်တံပိုးခရာမှုတ်ကြလော့။ အစာရှောင်ကြရန်အမိန့်များကိုထုတ်ပြန်ကာ လူထုစည်းဝေးပွဲတစ်ရပ်ကိုခေါ်ယူကြလော့။
Lizani lipenga mu Ziyoni, lengezani tsiku losala zakudya, itanitsani msonkhano wopatulika.
16 ၁၆ လူတို့ကိုခေါ်ယူစုဝေး၍မြင့်မြတ်သော စည်းဝေးပွဲ တစ်ရပ်ကိုပြင်ဆင်ကြလော့။ အသက်ကြီးသူများကိုခေါ်ဖိတ်၍ ကလေးသူငယ်များနှင့်၊နို့စို့ရွယ်များကိုပါ စုဝေးစေကြလော့။ ထိမ်းမြားမင်္ဂလာပြုပြီးခါစ ဇနီးမောင်နှံများပင်လျှင်မိမိတို့၏အခန်း များကို စွန့်ခွာလာရကြပေမည်။
Sonkhanitsani anthu pamodzi, muwawuze kuti adziyeretse; sonkhanitsani akuluakulu, sonkhanitsani ana, sonkhanitsani ndi oyamwa omwe. Mkwati atuluke mʼchipinda chake, mkwatibwi atuluke mokhala mwake.
17 ၁၇ ယဇ်ပလ္လင်နှင့်ဗိမာန်တော်အဝင်ဝစပ်ကြား၌ ထာဝရဘုရား၏ အမှုတော်ကိုထမ်းဆောင်ရသူ ယဇ်ပုရောဟိတ်များသည်ငိုကြွေးလျက်၊ ``အို ထာဝရဘုရား ကိုယ်တော်ရှင်၏လူမျိုးတော်ကိုသနားတော်မူပါ။ `သူတို့၏ဘုရားသခင်သည်အဘယ်မှာနည်း' ဟုဆိုကာလူမျိုးခြားများသည် ကျွန်တော်မျိုးတို့အားကဲ့ရဲ့ပြောင်လှောင် စေတော်မမူပါနှင့်'' ဟု ဆုတောင်းပတ္ထနာပြုကြရပေမည်။
Ansembe amene amatumikira pamaso pa Yehova, alire pakati pa guwa lansembe ndi khonde la Nyumba ya Yehova. Azinena kuti, “Inu Yehova, achitireni chifundo anthu anu. Musalole kuti cholowa chanu chikhale chinthu chonyozeka, kuti anthu a mitundu ina awalamulire. Kodi nʼchifukwa chiyani anthu a mitundu ina amanena kuti, ‘Ali kuti Mulungu wawo?’”
18 ၁၈ ထိုနောက်ထာဝရဘုရားသည်မိမိ၏ပြည် တော်အတွက် စိုးရိမ်ပူပန်မှုကိုပြတော်မူ၍၊ မိမိ၏လူမျိုးတော်အားကရုဏာထား တော်မူ၏။
Pamenepo Yehova adzachitira nsanje dziko lake ndi kuchitira chisoni anthu ake.
19 ၁၉ ကိုယ်တော်သည်သူတို့အား``ယခုငါသည် သင်တို့အား ဂျုံဆန်၊စပျစ်ရည်နှင့်သံလွင်ဆီကို ပေးတော်မူမည်ဖြစ်၍၊ သင်တို့သည်ရောင့်ရဲလျက်နေကြလိမ့်မည်။ အခြားအမျိုးသားများသည်လည်းသင်တို့ အား ကဲ့ရဲ့ကြတော့မည်မဟုတ်။
Yehova adzawayankha kuti, “Ine ndikukutumizirani tirigu, vinyo watsopano ndi mafuta ndipo mudzakhuta ndithu; sindidzakuperekaninso kuti mukhale chitonzo kwa anthu a mitundu ina.
20 ၂၀ ငါသည်မြောက်အရပ်မှလာသည့်ကျိုင်း ကောင်အုပ်ကို ပယ်ရှင်းမည်။ ကျိုင်းကောင်အချို့ကိုသဲကန္တာရထဲသို့ နှင်ထုတ်မည်။ သူတို့တပ်ဦးပိုင်းကိုပင်လယ်သေထဲသို့ လည်းကောင်း၊ တပ်နောက်ပိုင်းကိုမြေထဲပင်လယ် ထဲသို့လည်းကောင်းကျစေမည်။ သူတို့၏ကိုယ်ခန္ဓာများသည်ပုပ်စပ်နံစော် လျက် နေလိမ့်မည်။ သင်တို့အားသူတို့ပြုခဲ့သည့်အမှုများ အတွက် ငါသည်သူတို့ကိုသုတ်သင်ဖျက်ဆီးမည်။
“Ine ndidzachotsa ankhondo akumpoto kuti apite kutali ndi inu, kuwapirikitsira ku dziko lowuma ndi lachipululu, gulu lawo lakutsogolo ndidzalipirikitsira ku nyanja ya kummawa ndi gulu lawo lakumbuyo, ku nyanja ya kumadzulo. Ndipo mitembo yawo idzawola, fungo lake lidzamveka.” Zoonadi Yehova wachita zinthu zazikulu.
21 ၂၁ ``အို လယ်ပြင်တို့မစိုးရိမ်ကြနှင့်။ သင်တို့အဖို့ထာဝရဘုရားပြုတော်မူသော အမှုများအတွက်၊ ရွှင်လန်း ဝမ်းမြောက်ကြလော့။
Iwe dziko usachite mantha; sangalala ndipo kondwera. Zoonadi Yehova wachita zinthu zazikulu.
22 ၂၂ အို သားရဲတိရစ္ဆာန်တို့မစိုးရိမ်ကြနှင့်။ စားကျက်များသည် စိမ်းလန်းလျက်ရှိ၏။ သစ်ပင်များသည်အသီးသီးလျက်နေ၏။ သဖန်းသီးစပျစ်သီးတို့သည်လည်း အမြောက်အမြားရှိပါ၏။
Inu nyama zakuthengo, musachite mantha, pakuti msipu wa ku chipululu ukuphukira. Mitengo ikubala zipatso zake; mitengo ya mkuyu ndi mpesa ikubereka kwambiri.
23 ၂၃ ``အို ဇိအုန်မြို့သားတို့ဝမ်းမြောက်ကြလော့။ သင်တို့အားဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုများအတွက်အားရ ရွှင်မြူးကြလော့။ ကိုယ်တော်သည်သင်တို့အားဆောင်းဦးမိုး အလုံအလောက်ချပေးတော်မူလေပြီ။ ဆောင်းနှောင်းမိုးကိုလည်းကောင်းယခင် အခါများမှာကဲ့သို့ နွေဦးမိုးကိုလည်းကောင်း၊သင်တို့အပေါ်သို့ ရွာသွန်းစေတော်မူလေပြီ။
Inu anthu a ku Ziyoni sangalalani, kondwerani mwa Yehova Mulungu wanu, pakuti wakupatsani mvula yoyambirira mwachilungamo chake. Iye wakutumizirani mivumbi yochuluka, mvula yoyambirira ndi mvula ya nthawi ya mphukira, monga poyamba paja.
24 ၂၄ ကောက်နယ်တလင်းတို့သည်ဂျုံဆန်များနှင့် ပြည့်နှက်နေလိမ့်မည်။ အသီးနယ်ရာကျင်းတို့သည်လည်းစပျစ် ရည်နှင့် သံလွင်ဆီတို့ဖြင့်လျှံလျက်နေလိမ့်မည်။
Pa malo opunthira padzaza tirigu; mʼmitsuko mudzasefukira vinyo watsopano ndi mafuta.
25 ၂၅ သင်တို့၏သီးနှံများကိုကျိုင်းကောင်အုပ်တို့ ကိုက်စားလိုက်သည့်နှစ်များက၊ သင်တို့ဆုံးရှုံးမှုကိုငါပြန်လည်ပေး လျော်မည်။ သင်တို့ထံသို့ထိုကျိုင်းကောင်အုပ်များကို စေလွှတ်သူမှာငါပင်ဖြစ်၏။
“Ine ndidzakubwezerani zonse zimene zinawonongedwa ndi dzombe, dzombe lalikulu ndi dzombe lalingʼono, dzombe lopanda mapiko ndi dzombe lowuluka; gulu langa lalikulu la nkhondo limene ndinalitumiza pakati panu.
26 ၂၆ ယခုအခါသင်တို့သည်အစာရေစာ အလုံအလောက် ရရှိကြမည်ဖြစ်၍၊ရောင့်ရဲလျက်နေလိမ့်မည်။ သင်တို့သည်မိမိတို့အတွက်အံ့သြဖွယ် အမှုများကိုပြုတော်မူသော၊ ဘုရားသခင်ထာဝရဘုရားအားထောမနာ ပြုကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်နောင်ဘယ်အခါ၌မျှ ကဲ့ရဲ့ခြင်းကိုခံရကြတော့မည်မဟုတ်။
Mudzakhala ndi chakudya chambiri, mpaka mudzakhuta, ndipo mudzatamanda dzina la Yehova Mulungu wanu, amene wakuchitirani zodabwitsa; ndipo anthu anga sadzachitanso manyazi.
27 ၂၇ အို ဣသရေလအမျိုးသားတို့ငါသည် သင်တို့အလယ်၌ ရှိနေတော်မူကြောင်းကိုလည်းကောင်း၊ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၍၊ ငါမှတစ်ပါးအခြားဘုရားမရှိကြောင်းကို လည်းကောင်း၊ ထိုအခါသင်တို့သိရှိကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်နောင်ဘယ်အခါမျှ ကဲ့ရဲ့ခြင်းကိုခံရကြတော့မည်မဟုတ်။
Pamenepo inu mudzadziwa kuti Ine ndili mu Israeli, kuti Ine ndine Yehova Mulungu wanu, ndi kuti palibenso wina; ndipo anthu anga sadzachitanso manyazi.
28 ၂၈ ``ထိုနောက်ငါသည်မိမိ၏ဝိညာဉ်တော်ကို လူအပေါင်းတို့အပေါ်သို့သွန်းလောင်းမည်။ သင်တို့သားသမီးများသည်ငါ၏ဗျာဒိတ် တော်ကို ပြန်ကြားကြလိမ့်မည်။ အသက်ကြီးသူများသည်အိပ်မက်များကို မြင်မက်ကြလျက်၊ လူငယ်လူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို တွေ့မြင်ကြလိမ့်မည်။
“Ndipo patapita nthawi, ndidzakhuthulira Mzimu wanga pa anthu onse. Ana anu aamuna ndi ana anu aakazi adzanenera, nkhalamba zanu zidzalota maloto, anyamata anu adzaona masomphenya.
29 ၂၉ ထိုကာလ၌ငါသည်မိမိ၏ဝိညာဉ်တော်ကို ယောကျာ်းအစေခံများနှင့်၊မိန်းမအစေခံများ အပေါ်သို့ပင်သက်ရောက်စေတော်မူမည်။
Ngakhalenso pa antchito anga aamuna ndi aakazi ndidzakhuthulira Mzimu wanga masiku amenewo.
30 ၃၀ ``ငါသည်ထိုနေ့ရက်ကာလနှင့်ပတ်သက်၍ မိုးကောင်းကင်၌သော်လည်းကောင်း၊မြေကြီး ပေါ်၌ သော်လည်းကောင်းပုဗ္ဗနိမိတ်များကိုပြမည်။ သွေးထွက်သံယိုဖြစ်မှုမီးလျှံမီးခိုးများ ထမှုတို့ ဖြစ်ပေါ်လာလိမ့်မည်။
Ndidzaonetsa zodabwitsa mlengalenga ndi pa dziko lapansi, ndizo magazi, moto ndi utsi watolotolo.
31 ၃၁ ထာဝရဘုရားတရားစီရင်တော်မူရာ ကြောက်မက်ဖွယ်ကောင်းသည့်နေ့ကြီး မကျမရောက်မီ၊ နေသည်မှောင်မိုက်၍သွားလိမ့်မည်။ လသည် လည်း သွေးကဲ့သို့နီမြန်း၍လာလိမ့်မည်။
Dzuwa lidzadetsedwa ndipo mwezi udzaoneka ngati magazi lisanafike tsiku lalikulu ndi loopsa la Ambuye.
32 ၃၂ သို့ရာတွင်ထာဝရဘုရားထံကူမတော် မူရန် လျှောက်ထားကြသူလူအပေါင်းတို့မူကား၊ ကယ်တင်ခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း `ယေရုရှလင်မြို့သူ၊ မြို့သား အချို့တို့သည်အသက်ဘေးနှင့် ကင်းလွတ်ကြလိမ့်မည်။ ငါရွေးချယ်သူတို့သည်အသက်မသေဘဲ ကျန်ရှိကြလိမ့်မည်' ဟုမိန့်တော်မူ၏။''
Ndipo aliyense amene adzayitana pa dzina la Ambuye adzapulumuka; pakuti chipulumutso chidzakhala pa Phiri la Ziyoni ndi mu Yerusalemu, monga Yehova wanenera, pakati pa otsala amene Yehova wawayitana.