< ယောလ 1 >
1 ၁ ဤဗျာဒိတ်တော်သည်ပေသွေလ၏သားယောလအား ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်ဖြစ်၏။
Awurade asɛm a ɛbaa Petuel babarima Yoel so ni.
2 ၂ အချင်းအသက်ကြီးသူတို့ငါပြောသည်ကိုအာရုံစိုက်ကြလော့။ ယုဒပြည်သူအပေါင်းတို့နားထောင်ကြလော့။ သင်တို့ခေတ်၌သော်လည်းကောင်းသင်တို့ဘိုးဘေးများ၏ခေတ်၌သော်လည်းကောင်း၊ ဤအမှုအရာမျိုးဖြစ်ပျက်ဖူးသလော။
Muntie saa asɛm yi, mo mpanyimfo; muntie, mo a mote asase no so nyinaa. Asɛm bi a ɛte sɛɛ asi mo mmere so anaa mo mpanyimfo mmere so pɛn?
3 ၃ ဤအချင်းအရာကိုသင်တို့၏သားသမီးများအား ပြောကြားကြလော့။ သူတို့သည်မိမိတို့သားသမီးများအားပြောကြားလျက်၊ ထိုသားသမီးများကလည်းနောင်တစ်ခေတ်မှလူတို့အားပြောကြားကြလိမ့်မည်။
Monka nkyerɛ mo mma, na mo mma nso nka nkyerɛ wɔn mma na wɔn mma nso nka nkyerɛ awo ntoatoaso a edi so no.
4 ၄ ကျိုင်းကောင်များသည်တစ်အုပ်ပြီးတစ်အုပ် ကောက်ပဲသီးနှံများအပေါ်သို့သက်ဆင်းကြ၏။ ကျိုင်းကောင်တစ်အုပ်စား၍ကြွင်းသောအရာကိုအခြားတစ်အုပ်ကစားကြလေသည်။
Nea mmoadabikuw no gyawee no, mmoadabi akɛse no awe; nea mmoadabi akɛse no gyawee no, mmoadabi nkumaa no awe; nea mmoadabi nkumaa no gyawee no, mmoadabi afoforo awe.
5 ၅ အချင်းသေသောက်ကြူးတို့နိုးထ၍ငိုကြွေးကြလော့။ အချင်းစပျစ်ရည်သမားတို့ငိုကြွေးမြည်တမ်းကြလော့။ စပျစ်ရည်သစ်ပြုလုပ်ရန်စပျစ်သီးများပျက်စီးကုန်ပြီ။
Mo asabowfo, munnyan, na munsu! Mo a monom bobesa nyinaa, muntwa adwo; muntwa adwo, nsa foforo no nti, efisɛ wɔahuam afi mo ano.
6 ၆ ကျိုင်းကောင်အုပ်ကြီးသည်ငါတို့ပြည်ကိုတိုက်ခိုက်လှလေပြီ။ သူတို့သည်အားအင်ကြီး၍မရေမတွက်နိုင်အောင်များပြားကြ၏။ သူတို့၏သွားများသည်ခြင်္သေ့သွားကဲ့သို့ထက်မြက်၏။
Ɔman bi atu mʼasase so sa; dɔm a wɔyɛ den na wontumi nkan wɔn; wɔn se te sɛ gyata se na wɔwɔ gyatabere sebɔmmɔfo.
7 ၇ သူတို့သည်ငါတို့၏စပျစ်နွယ်များကိုဖျက်ဆီးကာ၊ ငါတို့သဖန်းပင်များကိုကိုက်ဖြတ်ပစ်ကြ၏။ သူတို့သည်၊အကိုင်းအခက်များဖြူသွားသည်တိုင်အောင်၊ သစ်ခေါက်များကိုအကုန်အစင်သုတ်သင်ပယ်ရှင်းကြလေပြီ။
Wasɛe me bobe ne me borɔdɔma nnua. Wawaawae nnua no ho bona, atow agu agyaw ne mman ho fitaa.
8 ၈ အချင်းလူတို့သင်တို့သည်ကြင်ယာလောင်းသေသဖြင့်၊ ငိုကြွေးမြည်တမ်းသည့်အမျိုးသမီးကလေးကဲ့သို့ငိုကြွေးမြည်တမ်းကြလော့။
Di awerɛhow sɛ ababaa a ofura atweaatam na ɔresu ne kunu a ɔwaree no ne mmabaabere mu.
9 ၉ ဗိမာန်တော်တွင်ပူဇော်ဆက်သရန်ဂျုံဆန်သော်လည်းကောင်း စပျစ်ရည်သော်လည်းကောင်းမရှိတော့ပေ။ မိမိတို့ထံတွင်ထာဝရဘုရားအတွက် ပူဇော်သကာများမရှိသဖြင့်ယဇ်ပုရောဟိတ်တို့သည်ငိုကြွေးမြည်တမ်းကြကုန်၏။
Aduan ne ahwiesa afɔrebɔde, wɔayi afi Awurade fi. Asɔfo no retwa adwo, wɔn a wɔsom wɔ Awurade anim no.
10 ၁၀ လယ်ယာများသည်ကောက်ပင်ကင်းလျက်နေ၏။ ဂျုံဆန်များသည်ပျက်စီး၍စပျစ်သီးများမှာခြောက်သွေ့ကုန်လျက်၊ သံလွင်ပင်များသည်ညှိုးနွမ်းသွားကြ၏။ ထို့ကြောင့်မြေကြီးသည်ငိုကြွေးမြည်တမ်းလေတော့၏။
Mfuw asɛe, asase no so awo wosee aduan no asɛe nsa foforo no ayow ngo nyinaa asa.
11 ၁၁ အချင်းလယ်သမားတို့ဝမ်းနည်းပူဆွေးကြလော့။ ဂျုံစပါးမုယောစပါးမှစ၍အသီးအနှံရှိသမျှတို့သည်ပျက်စီးသွားလေပြီ။ ထို့ကြောင့်အချင်းစပျစ်ဥယျာဉ်မှူးတို့ငိုကြွေးကြလော့။
Mo ani nwu, mo akuafo, muntwa adwo, mo a mudua bobe; Munsi apini mma awi ne atoko, efisɛ otwabere no asɛe.
12 ၁၂ စပျစ်နွယ်ပင်များနှင့်သဖန်းပင်တို့သည်ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။ သီးပင်မှန်သမျှတို့သည်ညှိုးနွမ်း၍သေကြလေကုန်ပြီ။ လူတို့မှာလည်းပျော်ရွှင်မှုမရှိတော့ပေ။
Bobe no akisa na borɔdɔma nnua no awuwu. Atoaa nnua, mmedua, aprɛ ne nnua a ɛwɔ mfuw no so nyinaa ahyew. Nokware, anigye a nnipa wɔ no atu ayera.
13 ၁၃ ယဇ်ပလ္လင်အမှုတော်ဆောင် အချင်းယဇ်ပုရောဟိတ်တို့၊လျှော်တေကိုဝတ်၍ငိုကြွေးကြလော့။ ငါ၏ဘုရားသခင်ရှေ့အမှုတော်ဆောင်တို့ဗိမာန်တော်သို့ဝင်၍ ညဥ့်လုံးပေါက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ဘုရားသခင်အားပူဇော်ရန်ဂျုံဆန်နှင့်စပျစ်ရည်များမရှိတော့ပြီ။
Mumfura atweaatam na munni awerɛhow, asɔfo; mo a mosom wɔ afɔremuka anim, muntwa adwo. Mumfura atweaatam mmesi pɛ, mo a mosom wɔ Onyankopɔn anim; efisɛ aduan ne ahwiesa afɔrebɔde no to atwa wɔ Onyankopɔn fi.
14 ၁၄ အစာရှောင်ကြရန်အမိန့်များကိုထုတ်ပြန်ကာလူထုစည်းဝေးပွဲတစ်ရပ်ကိုကျင်းပကြလော့။ သင်တို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်တွင် ခေါင်းဆောင်များနှင့်၊ယုဒပြည်သားအပေါင်းကိုစုဝေးစေပြီးလျှင်၊ ကိုယ်တော်၏ထံတော်သို့ဟစ်အော်ကြလော့။
Mommɔ mmuadadi kronkron ho dawuru; momfrɛ nhyiamu kronkron. Momfrɛ mpanyimfo ne wɔn a wɔte asase no so nyinaa mmra Awurade mo Nyankopɔn fi na wommesu mfrɛ Awurade.
15 ၁၅ ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက်ကာလသည်နီးကပ်လာလေပြီ။ ထိုကာလတွင်အနန္တတန်ခိုးရှင်သည် ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော်မူလိမ့်မည်။ ထိုနေ့ရက်သည်အဘယ်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။
A, da no de! Awurade da no abɛn; Ɛbɛba sɛ ɔsɛe a efi Otumfo hɔ.
16 ၁၆ ငါတို့သည်မိမိတို့၏ကောက်ပဲသီးနှံများ အဖျက်အဆီးခံရချိန်၌ပင်မည်သို့မျှမတတ်နိုင်၊ငေး၍ကြည့်နေရကြ၏။ ဘုရားသခင်၏ဗိမာန်တော်တွင်လည်းပျော်ရွှင်မှုမရှိတော့ပေ။
So aduan ho nkɔɔ wɛn, a yɛani tua, anigye ne ahosɛpɛw to atwa wɔ yɛn Nyankopɔn fi ana?
17 ၁၇ မျိုးစေ့တို့သည်မြေခြောက်အောက်တွင်ပုပ်ပျက်၍သွားကြ၏။ သိုလှောင်ရန်ဂျုံဆန်မရှိတော့သဖြင့် ဟာလာဟင်းလင်းဖြစ်လျက်နေသောစပါးကျီများသည်ယိုယွင်းပျက်စီး၍နေကြ၏။
Aba no wu wɔ asase wosee mu, adekoradan abubu, aburowpata nso so nni mfaso, efisɛ nnuan no ahyew.
18 ၁၈ ကျွဲနွားတို့သည်စားကျက်များမရှိသဖြင့်ဒုက္ခရောက်ကာမြည်တွန်နေကြ၏။ သိုးအုပ်များသည်လည်းဒုက္ခရောက်ရကြလေသည်။
Sɛnea anantwi su! na anantwikuw kyinkyin kwa. Nguankuw mpo rebrɛ efisɛ wonni didibea.
19 ၁၉ စားကျက်များနှင့်သစ်ပင်များသည် မီးသင့်လောင်သည့်အလားခြောက်သွေ့၍သွားကုန်၏။ သို့ဖြစ်၍ အို ထာဝရဘုရားကျွန်တော်မျိုးတို့သည်အထံတော်သို့ဟစ်အော်ကြပါ၏။
Awurade, wo na misu frɛ wo, efisɛ ogya ahyew sare so adidibea, na ogyatannaa ahyew mfuw no so nnua nyinaa.
20 ၂၀ စားကျက်များမီးသင့်လောင်ထားသကဲ့သို့ စမ်းချောင်းများသည်လည်းခန်းခြောက်၍သွားလေပြီ။ ထို့ကြောင့်တောတိရစ္ဆာန်များပင်လျှင်အထံတော်သို့ဟစ်အော်ကြပါ၏။
Wuram mmoa mpo pere hwehwɛ wo. Nsuwansuwa ayoyow, na ogya ahyew sare so adidibea.