< ယောဘ 40 >
1 ၁ တဖန်ထာဝရဘုရားက၊ အနန္တတန်ခိုးရှင်ကို ဆုံးမသော သူသည် ဆန့်ကျင်ဘက်ပြုဦးမလော။
L'Eternel prit encore la parole, et dit:
2 ၂ ဘုရားသခင်ကို အပြစ်တင်သော သူသည် ပြန်ပြောစေတော့ဟု ယောဘအား မိန့်တော်မူလျှင်၊
Celui qui conteste avec le Tout-puissant, lui apprendra-t-il quelque chose? Que celui qui dispute avec Dieu, réponde à ceci.
3 ၃ ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ၏။
Alors Job répondit à l'Eternel, et dit:
4 ၄ ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။
Voici, je suis un homme vil; que te répondrais-je? Je mettrai ma main sur ma bouche.
5 ၅ တကြိမ်ပြောမိပါပြီ။ တဖန်မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍ လျှောက်လေ၏။
J'ai parlé une fois, mais je ne répondrai plus; j'ai même parlé deux fois, mais je n'y retournerai plus.
6 ၆ တဖန်ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်း ထဲက ယောဘအား မိန့်တော်မူသည်ကား၊
Et l'Eternel parla encore à Job du milieu d'un tourbillon, et lui dit:
7 ၇ လူယောက်ျားကဲ့သို့ သင်၏ခါးကိုစည်းလော့။ ငါမေးမြန်း သောပြဿနာတို့ကို ဖြေလော့။
Ceins maintenant tes reins comme un vaillant homme; je t'interrogerai, et tu m'enseigneras.
8 ၈ သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ၊ ငါကိုအပြစ်ရှိသည်ဟု စီရင်မည်လော။
Anéantiras-tu mon jugement? me condamneras-tu pour te justifier?
9 ၉ သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
Et as-tu un bras comme le [Dieu] Fort? tonnes-tu de la voix comme lui?
10 ၁၀ ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သော ဂုဏ်အသရေနှင့် တန်ဆာဆင်လော့။
Pare-toi maintenant de magnificence et de grandeur, et revêts-toi de majesté et de gloire.
11 ၁၁ သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချ လော့။
Répands les ardeurs de ta colère, regarde tout orgueilleux, et l'abats.
12 ၁၂ မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကို နှိပ်နင်း၍၊
Regarde tout orgueilleux, abaisse-le, et froisse les méchants sur la place.
13 ၁၃ သူတို့ကိုမြေမှုန့်၌ တစုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။
Cache-les tous ensemble dans la poudre, et bande leur visage dans un lieu caché.
14 ၁၄ သို့ပြုလျှင် သင်၏လက်ျာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။
Alors je te donnerai moi-même cette louange, que ta droite t'aura sauvé.
15 ၁၅ သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်ခြင်း ကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကို စားတတ်၏။
Or voilà le Béhémoth que j'ai fait avec toi; il mange le foin comme le bœuf.
16 ၁၆ သူ၏တန်ခိုးသည် ခါး၌၎င်း၊ သူ၏ခွန်အားသည် ဝမ်းကြော၌၎င်း တည်လျက်ရှိ၏။
Voilà maintenant, sa force est en ses flancs, et sa vertu est dans le nombril de son ventre.
17 ၁၇ သူ့အမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ်၏။ ပေါင်ကြောတို့သည် အထပ်ထပ်ရှိကြ၏။
Il remue sa queue, qui est comme un cèdre; les nerfs de ses épouvantements sont entrelacés.
18 ၁၈ အရိုးငယ်တို့သည် ကြေးဝါချောင်း၊ အရိုးကြီး တို့သည် သံတုံးကဲ့သို့ဖြစ်ကြ၏။
Ses os sont des barres d'airain, [et] ses menus os sont comme des barreaux de fer.
19 ၁၉ ဘုရားသခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ကိုဖန်ဆင်းသော ဘုရားသာလျှင် သူ၏တံစဉ်ကို ပေးပြီ။
C'est le chef-d'œuvre du [Dieu] Fort; celui qui l'a fait lui a donné son épée.
20 ၂၀ မြေတိရစ္ဆာန်အပေါင်းတို့ ကစားရာတောင်ရိုး သည် သူ၏ကျက်စားရာအရပ်ဖြစ်၏။
Et les montagnes lui rapportent leur revenu, et c'est là que se jouent toutes les bêtes des champs.
21 ၂၁ အရိပ်ကောင်းသော အပင်အောက်၊ ကျူပင် ချုံဖုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏။
Il se couche dans les lieux où il y a de l'ombre, au milieu des roseaux et des marécages.
22 ၂၂ ထိုအပင်တို့သည် အရိပ်နှင့်လွှမ်းမိုး၍ ချောင်း နားမိုဃ်းမခပင်တို့သည် ဝိုင်းကြ၏။
Les arbres touffus le couvrent de leur ombre, et les saules des torrents l'environnent.
23 ၂၃ မြစ်ရေထသော်လည်း သူသည်မပြေးတတ်။ သူ၏ခံတွင်းကို ယော်ဒန်မြစ်ရေ ဝှေ့တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ်၏။
Voilà, il engloutit une rivière [en buvant], et il ne s'en retire pas vite; et il ne s'étonnerait pas quand le Jourdain se dégorgerait dans sa gueule.
24 ၂၄ ထိုမြင်းကို ထင်ရှားစွာ ဘမ်းယူမည်လော။ သူ၏နှာခေါင်းကို သံချိတ်နှင့် ဖောက်မည်လော။
Il l'engloutit en le voyant, et son nez passe au travers des empêchements qu'il rencontre.