< ယောဘ 38 >
1 ၁ ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန်၍၊ မိုဃ်းသက်မုန်တိုင်းထဲက မိန့်တော်မူသည် ကား၊
Домнул а рэспунс луй Йов дин мижлокул фуртуний ши а зис:
2 ၂ ပညာမရှိဘဲစကားပြောကာမျှနှင့် ငါ့အကြံကို မိုက်စေသော ဤ သူကား အဘယ်သူနည်း။
„Чине есте чел че Ымь ынтунекэ плануриле прин кувынтэрь фэрэ причепере?
3 ၃ လူယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။
Ынчинӂе-ць мижлокул ка ун витяз, ка Еу сэ те ынтреб, ши ту сэ Мэ ынвець.
4 ၄ မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဘော်ပြလော့။
Унде ерай ту кынд ам ынтемеят пэмынтул? Спуне, дакэ ай причепере.
5 ၅ မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင်သနည်း။ နားလည်လျှင်ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ချသနည်း။
Чине й-а хотэрыт мэсуриле, штий? Сау чине а ынтинс фрынгия де мэсурат песте ел?
6 ၆ မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေ သနည်း။
Пе че сунт сприжините темелииле луй? Сау чине й-а пус пятра дин капул унгюлуй
7 ၇ နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူတင်ထားသနည်း။
атунч кынд стелеле диминеций избукняу ын кынтэрь де букурие ши кынд тоць фиий луй Думнезеу скотяу стригэте де веселие?
8 ၈ သမုဒ္ဒရာသည်အမိဝမ်းထဲက ဘွား၍ ထွက်လာ သောအခါ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထား သနည်း။
Чине а ынкис маря ку порць кынд с-а арункат дин пынтечеле мамей ей,
9 ၉ သမုဒ္ဒရာကို မိုဃ်းတိမ်နှင့် ငါခြုံ၍ ထူထပ်သော မှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ၌၎င်း၊
кынд й-ам фэкут хайнэ дин норь ши скутече дин ынтунерик,
10 ၁၀ သင်သည်ဤအရပ်တိုင်အောင်လာရ၏။
кынд й-ам пус хотар ши кынд й-ам пус зэвоаре ши порць,
11 ၁၁ တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။
кынд ам зис: ‘Пынэ аич сэ вий, сэ ну тречь май департе; аич сэ ци се опряскэ мындрия валурилор тале’?
12 ၁၂ သင်သည်တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော။ မိုဃ်းသောက်လင်းကို နေရာချဘူး သလော။
Де кынд ешть, ай порунчит ту диминеций? Ай арэтат зорилор локул лор,
13 ၁၃ နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော။
ка сэ апуче капетеле пэмынтулуй ши сэ скутуре пе чей рэй де пе ел?
14 ၁၄ မြေကြီးသည် တံဆိပ်ခတ်သကဲ့သို့ပုံပေါ်၍ အဝတ်တန်ဆာဆင်သကဲ့သို့ ရှိ၏။
Ка пэмынтул сэ се скимбе ка лутул пе каре се пуне о печете ши тоате лукруриле сэ се арате ымбрэкате ка ын хайна лор адевэратэ?
15 ၁၅ လူဆိုးတို့၏ အလင်းသည်ကွယ်၍ ချီကြွသော လက်လည်း ကျိုးတတ်၏။
Пентру ка чей рэй сэ фие липсиць де лумина лор ши брацул каре се ридикэ сэ фие здробит?
16 ၁၆ သင်သည်သမုဒ္ဒရာ စမ်းရေပေါက်ထဲသို့ ဝင်ဘူးသလော။ နက်နဲသော အောက်ဆုံးအရပ်၌ လှည့်လည်ဘူး သလော။
Ай пэтрунс ту пынэ ла извоареле мэрий? Сау те-ай плимбат ту прин фундуриле адынкулуй?
17 ၁၇ သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဘူး သလော။
Ци с-ау дескис порциле морций? Сау ай вэзут ту порциле умбрей морций?
18 ၁၈ မြေကြီးမျက်နှာတပြင်လုံးကို ကြည့်ရှုဘူး သလော။ အလုံးစုံကို သိမြင်လျှင်ဘော်ပြလော့။
Ай купринс ту ку привиря ынтиндеря пэмынтулуй? Ворбеште, дакэ штий тоате ачесте лукрурь.
19 ၁၉ အလင်းနေရာသို့ အဘယ်မည်သော လမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာ ရှိသနည်း။
Унде есте друмул каре дуче ла локашул луминий? Ши ынтунерикул унде ышь аре локуинца?
20 ၂၀ အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည်။
Поць сэ ле урмэрешть пынэ ла хотарул лор ши сэ куношть кэрэриле локуинцей лор?
21 ၂၁ သင်သည်ရှေးကာလ၌ ဘွားမြင်၍ အလွန် အသက်ကြီးသောကြောင့် သိလိမ့်မည်။
Штий, кэч атунч ерай нэскут ши нумэрул зилелор тале есте маре!
22 ၂၂ သင်သည် မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူး သလော။
Ай ажунс ту пынэ ла кэмэриле зэпезий? Ай вэзут ту кэмэриле гриндиней,
23 ၂၃ ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော။
пе каре ле пэстрез пентру времуриле де стрымтораре, пентру зилеле де рэзбой ши де бэтэлие?
24 ၂၄ အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည်မြေကြီးပေါ်မှာ အဘယ်ကြောင့် လွင့်သနည်း။
Пе че кале се ымпарте лумина? Ши пе че кале се ымпрэштие вынтул де рэсэрит пе пэмынт?
25 ၂၅ လူမရှိသောမြေနှင့် လူမနေသောတော၌ မိုဃ်း ရွာစေခြင်းငှါ၎င်း၊
Чине а дескис ун лок де скурӂере плоий ши а ынсемнат друмул фулӂерулуй ши ал тунетулуй,
26 ၂၆ လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ၍၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှါ၎င်း၊
пентру ка сэ кадэ плоая пе ун пэмынт фэрэ локуиторь, пе ун пустиу унде ну сунт оамень;
27 ၂၇ လျှံသောမိုဃ်းရေစီးရာလမ်း၊ မိုဃ်းကြိုးနှင့် ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူဖွင့်သနည်း။
пентру ка сэ адапе локуриле пустий ши ускате ши ка сэ факэ сэ ынколцяскэ ши сэ рэсарэ ярба?
28 ၂၈ မိုဃ်းရေ၏အဘကား အဘယ်သူနည်း။ နှင်း ပေါက်တို့ကို အဘယ်သူဖြစ်ဘွားစေသနည်း။
Аре плоая татэ? Чине дэ наштере пикэтурилор де роуэ?
29 ၂၉ ရေခဲသည်အဘယ်သူ၏ ဝမ်းထဲက ထွက်လာ သနည်း။ မိုဃ်းကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။
Дин ал куй сын есе гяца ши чине наште промороака черулуй,
30 ၃၀ ရေသည် ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ် မျက်နှာတင်းမာလျက် ရှိ၏။
ка апеле сэ се ынгроаше ка о пятрэ ши фаца адынкулуй сэ се ынтэряскэ?
31 ၃၁ သင်သည် ခိမကြယ်စု၏သာယာစွာ ပြုပြင်ခြင်း ကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင် ခြင်းကို ဖြည်နိုင်သလော။
Поць сэ ыннозь ту легэтуриле Гэинушей сау сэ дезлеӂь фрынгииле Орионулуй?
32 ၃၂ မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ် ဘော်နိုင်သလော။ အာရှကြယ်နှင့်သူ၏သားတို့ကို ပဲ့ပြင် နိုင်သလော။
Ту фачь сэ ясэ ла время лор семнеле зодиакулуй ши ту кырмуешть Урса-Маре ку пуий ей?
33 ၃၃ မိုဃ်းကောင်းကင်တရားတို့ကို နားလည် သလော။ ထိုတရားတို့သည် မြေကြီးကို အုပ်စိုးမည် အကြောင်း အခွင့်ပေးနိုင်သလော။
Куношть ту леӂиле черулуй? Сау ту ый орындуешть стэпыниря пе пэмынт?
34 ၃၄ များစွာသော မိုဃ်းရေသည် သင့်ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ်တို့ကို အသံလွှင့်နိုင်သလော။
Ыць ыналць ту гласул пынэ ла норь, ка сэ кемь сэ те акопере рыурь де апе?
35 ၃၅ လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြ လိမ့်မည်လော။
Поць ту сэ арунчь фулӂереле ка сэ плече? Ыць зик еле: ‘Ятэ-не’?
36 ၃၆ ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူသွင်း သနည်း။ နားလည်နိုင်သောဥာဏ်ကို အဘယ်သူပေး သနည်း။ ပညာရှိ၍ မိုဃ်းတိမ်တို့ကို အဘယ်သူရေတွက် နိုင်သနည်း။
Чине а пус ынцелепчуня ын негура норилор сау чине а дат причепере ынтокмирий вэздухулуй?
37 ၃၇ မြေမှုန့်သည် လုံးထွေး၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ၊
Чине поате сэ нумере норий ку ынцелепчуне ши сэ версе бурдуфуриле черурилор,
38 ၃၈ မိုဃ်းကောင်းကင်၏ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း။
пентру ка сэ ынчапэ пулберя сэ факэ норой ши булгэрий де пэмынт сэ се липяскэ ымпреунэ?
39 ၃၉ သင်သည်ခြင်္သေ့မအဘို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။
Ту изгонешть прада пентру леоайкэ ши ту потолешть фоамя пуилор де лей
40 ၄၀ ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ၌ဝပ်၍၊ ချုံဖုတ် အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝစွာကျွေးနိုင်သလော။
кынд стау гемуиць ын визуина лор, кынд стау ла пындэ ын кулкушул лор?
41 ၄၁ ကျီးအသငယ်တို့သည် စားစရာမရှိကြောင့်လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။
Чине прегэтеште корбулуй храна, кынд пуий луй стригэ спре Думнезеу, кынд умблэ рэтэчиць ши флэмынзь?