< ယောဘ 37 >

1 ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိ နေရာမှ ရွေ့သွား၏။
Hakika, moyo wangu hutetemeka kwa hili; umeondolewa kutoka katika sehemu yake.
2 မြွက်တော်မူသောအသံနှင့် နှုတ်တော်မှထွက် သောအသံကို စေ့စေ့နားထောင်ကြလော့။
Sikia, Ee, Sikia kelele za sauti yake, sauti inayotoka katika mdomo wake.
3 မိုဃ်းကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။
Huiagiza sauti chini ya mbingu yote, na huutuma mwanga wake katika mipaka ya dunia.
4 လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့်မိုဃ်းချုန်းတော်မူ၏။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မမူ။
Sauti huunguruma baada yake; yeye huunguruma kwa sauti ya ukuu wake; hauzuii mshindo wa mwanga wakati sauti yake inaposikika.
5 အံ့ဩဘွယ်သော အခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံတော်နှင့်မိုဃ်းချုန်းတော်မူ၏။ ကြီး သောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။
Mungu huunguruma kwa sauti yake kwa namna ya ajabu; yeye hufanya mambo makubwa ambayo sisi hatuwezi kuyafahamu.
6 မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေ ကို၎င်း မိန့်တော်မူ၏။
Kwa kuwa huiambia theluji, 'Angukeni juu ya dunia'; hali kadhalika kwa manyunyu ya mvua, 'Iweni manyunyu makubwa ya mvua.'
7 ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သော အလုပ်ကို ဆီးတားတော်မူ၏။
Huuzuia mkono wa kila mtu usifanye kazi, ili kwamba watu wote aliowaumba wataona matendo yake.
8 ထိုအခါသားရဲတို့သည် မြေတွင်းထဲသို့ဝင်၍၊ သူတို့နေရာ၌ နေတတ်ကြ၏။
Kisha hayawani huenda na kujificha na kukaa katika mapango yake.
9 လေဘွေသည် တောင်မျက်နှာမှ၎င်း၊ အချမ်း သည် မြောက်မျက်နှာမှ၎င်း ထွက်လာတတ်၏။
Dhoruba hutoka katika chumba chake upande wa kusini na baridi kutoka katika pepo zilizotawanyika katika upande wa Kaskazini.
10 ၁၀ ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ရေခဲဖြစ်၍ ရေမျက်နှာသည် ခဲလျက်ရှိ၏။
Barafu imetolewa kwa pumzi ya Mungu; upana wa maji umeganda kama chuma.
11 ၁၁ မိုဃ်းတိမ်မှမိုဃ်းရေကို သက်ရောက်စေ၍၊ ရောင်ခြည်တော်အားဖြင့် မိုဃ်းတိမ်ကို ပျောက်လွင့် စေတော်မူ၏။
Hakika, huyapima mawingu manene yenye unyevu; yeye huusambaza mwanga wake katika mawingu.
12 ၁၂ လောကဓာတ်မြေကြီးတရှောက်လုံးကို မှာထား တော်မူသမျှအတိုင်း ပြုစေခြင်းငှါ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ၏။
Yeye huyazungusha mawingu kwa uongozi wake, ili yafanye chochote anayoyaagiza juu ya uso wote wa ulimwengu.
13 ၁၃ ဒဏ်ခတ်သော်၎င်း၊ မြေတော် ကိုပြုစုသော်၎င်း၊ ချမ်းသာပေးသော်၎င်း လာစေတော် မူ၏။
Huyafanya haya yote yatokee; wakati mwingine hutokea kwa ajili ya kusahihisha, wakati mwingine kwa ajili ya nchi yake, na wakati mwingine ni kwa matendo ya agano la uaminifu.
14 ၁၄ အိုယောဘ၊ ဤစကားကိုနားထောင်လော့။ ဘုရားသခင်၏ အံ့ဘွယ်သောအမှုတော်တို့ကို ငြိမ်သက် စွာနေ၍ ဆင်ခြင်လော့။
Yasikilize haya, Ayubu; acha na ufikiri juu matendo ya ajabu ya Mungu.
15 ၁၅ ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုဃ်းတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။
Je unajua ni kwa namna gani Mungu hushurutisha mawingu na kuufanya mwanga wa radi ung'ae ndani yake?
16 ၁၆ ပညာစုံလင်သောဘုရား၏ အံ့ဘွယ်သောအမှုတော်တည်းဟူသော မိုဃ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊
Je unafahamu kuelea kwa mawingu, matendo ya ajabu ya Mungu, Je ni nani aliyemkamilifu katika maarifa?
17 ၁၇ မြေပေါ်မှာ တောင်လေဖြင့်အချမ်းပျောက်စေ တော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သော အားဖြင့် နွေးသည်ကို၎င်း နားလည်သလော။
Je unafahamu ni kwa jinsi gani mavazi yako huwa ya moto wakati nchi ikiwa imetulia kwasababu ya upepo unaotoka upande wa kusini?
18 ၁၈ သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။
Je unaweza kulitandaza anga kama anavyofanya - anga ambalo lina nguvu kama kioo cha chuma kigumu?
19 ၁၉ ငါတို့သည် အဘယ်သို့လျှောက်ရမည်ကို သွန်သင်ပါ။ ငါတို့သည် မိုက်သောကြောင့်၊ အလိုအလျောက် မလျှောက်တတ်ကြ။
Tufundishe sisi kile tunachopaswa kumwambia yeye, kwa kuwa hatuwezi kutoa hoja zetu katika mpangilio kwasababu ya kiza katika akili zetu.
20 ၂၀ ငါပြောသော စကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော။ အကယ်၍ လူသည် ဘုရားသခင်ကို လျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။
Je anapaswa kuambiwa kwamba ninapenda kuongea naye? Je mtu angependa kumezwa?
21 ၂၁ လေသည် လာ၍မိုဃ်းကောင်းကင်ကို ရှင်းလင်းစေသောအခါ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင်။
Sasa, watu hawawezi kulitazama jua wakati linang'aa katika anga baada ya upepo kupita katikati yake na umelisafisha kwa mawingu yake.
22 ၂၂ မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဘွယ်သော ဘုန်းအာနု ဘော်နှင့် ပြည့်စုံတော်မူ၏။
Kutoka upande wa kaskazini hutokea fahari ya dhahabu - juu ya Mungu kuna ukuu wa kutisha.
23 ၂၃ အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။
Na kuhusu Mwenye nguvu, hatuwezi kumpata; yeye ni mkuu katika nguvu na haki. Yeye hatesi watu.
24 ၂၄ သို့ဖြစ်၍လူတို့သည် ကြောက်ရွံ့စရာအကြောင်းရှိကြ၏။ ဥာဏ်ကောင်းသောသူ တစုံတယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို၏။
Hivyo basi, watu humwogopa. Yeye huwa hawajali wale ambao ni wenye hekima katika akili zao wenyewe.”

< ယောဘ 37 >