< ယောဘ 32 >
1 ၁ ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့်၊ ထိုသူသုံးယောက်တို့သည် ပြန်၍ မပြောဘဲနေကြ၏။
Astfel acești trei bărbați au încetat să îi răspundă lui Iov, pentru că el era drept în proprii ochi.
2 ၂ ထိုအခါ ဗုဇအမျိုးအာရအနွှယ်ဖြစ်သော ဗာရ ခေလသားဧလိဟု သည်အမျက်ထွက်၏။ ယောဘသည် ဘုရားသခင်ထက်မိမိဖြောင့်မတ်ကြောင်းကို ပြသော ကြောင့်၊ ယောဘကို အမျက်ထွက်၏။
Atunci s-a aprins furia lui Elihu, fiul lui Barachel buzitul, din rudenia lui Ram, împotriva lui Iov s-a aprins furia lui, fiindcă el s-a declarat drept pe sine însuși mai degrabă decât pe Dumnezeu.
3 ၃ ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။
De asemenea furia lui s-a aprins împotriva celor trei prieteni ai lui, pentru că nu au găsit răspuns și totuși l-au condamnat pe Iov.
4 ၄ ဧလိဟုသည် သူတို့ထက်အသက်ငယ်သော ကြောင့်၊ ယောဘပြောသော စကားမကုန်မှီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။
Și Elihu a așteptat până ce Iov a vorbit, pentru că ei erau mai bătrâni decât el.
5 ၅ ထိုသူသုံးယောက်တို့သည် ပြန်၍ ပြောစရာ စကားမရှိကြောင်းကို သိမြင်သောအခါ အမျက်ထွက်လေ ၏။
Când Elihu a văzut că nu mai era răspuns în gura acestor trei bărbați, atunci furia lui s-a aprins.
6 ၆ ထိုအခါ ဗုဇအမျိုးဗာရခေလသားဧလိဟု မြွက် ဆိုသည်ကား၊ ငါသည်အသက်ငယ်ပါ၏။ သင်တို့သည် အလွန်အသက်ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက်၍ ကိုယ်သဘောကို မပြဝံ့ဘဲ နေပါပြီ။
Și Elihu, fiul lui Barachel buzitul, a răspuns și a zis: Eu sunt tânăr și voi sunteți foarte bătrâni, de aceea m-am temut și nu am cutezat să vă arăt opinia mea.
7 ၇ နေ့ရက်ကာလတာရှည်သောသူသည် စကား ပြောအပ်၏။ နှစ်ပေါင်းများစွာလွန်သောသူသည် ပညာကို သွန်သင်အပ်၏။
Am spus: Zilele să vorbească și mulțimea de ani să învețe înțelepciune.
8 ၈ သို့ရာတွင် လူထဲ၌ဝိညာဉ်ရှိ၏။ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဥာဏ်ရှိ၏။
Dar este un duh în om și insuflarea celui Atotputernic le dă înțelegere.
9 ၉ လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။
Marii bărbați nu sunt întotdeauna înțelepți, nici cei bătrâni nu înțeleg judecata.
10 ၁၀ သို့ဖြစ်၍ ငါ့စကားကို နားထောင်ကြလော့။ ငါသည် ကိုယ်သဘောကို ပြပါမည်။
De aceea am spus: Dați-mi ascultare; și voi arăta opinia mea.
11 ၁၁ သင်တို့စကားကို ကြားရအံ့သောငှါ ငါဆိုင်း လင့်ပြီ။ သင်တို့သည် ပြောစရာကို ရှာဖွေ၍ ဆွေးနွေး သောစကားကို ငါနားထောင်ပြီ။
Iată, am așteptat după cuvintele voastre; am deschis urechea la argumentele voastre, în timp ce ați cercetat ce să spuneți.
12 ၁၂ စေ့စေ့နားထောင်စဉ်တွင်၊ ယောဘကို အဘယ် သူမျှမနိုင်။ သူ၏စကားကို အဘယ်သူမျှမချေ။
Da, v-am dat atenție și, iată, nu a fost niciunul dintre voi care să îl fi convins pe Iov, sau care să fi răspuns cuvintelor sale;
13 ၁၃ သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍ တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။
Ca nu cumva să spuneți: Noi am găsit înțelepciune; Dumnezeu îl trântește, nu omul.
14 ၁၄ ယောဘသည် ငါ့ကိုရည်ဆောင်၍ ပြောပြီ မဟုတ်။ သင်တို့ပြန်ပြောသည်အတိုင်း ငါပြန်ပြောမည် မဟုတ်။
Acum el nu a îndreptat cuvintele sale împotriva mea, nici nu îi voi răspunde cu vorbirile voastre.
15 ၁၅ ဤသူတို့သည် မိန်းမောတွေဝေလျက်ပြန်၍ မပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။
Ei au fost uimiți, nu au mai răspuns, au părăsit vorbirea.
16 ၁၆ ငါဆိုင်းလင့်သည်တွင်သူတို့သည် နှုတ်မမြွက်၊ ပြန်၍မပြောဘဲ ငြိမ်ငြိမ်နေကြ၏။
Când am așteptat (căci nu vorbeau, ci stăteau liniștiți și nu mai răspundeau);
17 ၁၇ သို့ဖြစ်၍ငါသည်ကိုယ်အတွက်ပြန်ပြောမည်။ ကိုယ်သဘောကို ပြမည်။
Am spus: Voi răspunde și partea mea, de asemenea voi arăta opinia mea.
18 ၁၈ ငါသည် ပြောစရာစကားနှင့် ပြည့်ဝ၏။ အတွင်း ဝိညာဉ်နှိုးဆော်ခြင်းကို ခံရ၏။
Căci sunt plin de cuvinte, duhul dinăuntrul meu mă constrânge.
19 ၁၉ ငါ့ဝမ်းသည် ပိတ်ဆို့သောစပျစ်ရည်နှင့်တူ၏။ အသစ်သော သားရေဘူးကွဲလုသကဲ့သို့ဖြစ်၏။
Iată, pântecul meu este ca vinul care nu are ieșire; este gata să pleznească precum burdufurile noi.
20 ၂၀ ငါသည် သက်သာခြင်းငှါ မြွက်ဆိုရမည်။ နှုတ်ကို ဖွင့်၍ ပြန်ပြောရမည်။
Voi vorbi ca să mă înviorez; îmi voi deschide buzele și voi răspunde.
21 ၂၁ အဘယ်သူ၏မျက်နှာကိုမျှမထောက်၊ အဘယ် သူကိုမျှ ချီးမွမ်းသော စကားနှင့်မချော့မော့။
Nu mă lăsați, vă rog, să părtinesc fața vreunui om, nici nu mă lăsați să dau titluri lingușitoare omului.
22 ၂၂ သူတပါးကို ချီးမွမ်းသောစကားနှင့် မချော့မော့ တတ်။ ထိုသို့ပြုလျှင်၊ ငါ့ကိုဖန်ဆင်းတော်မူသော ဘုရား သည် ငါ့ကို ချက်ခြင်းပယ်ရှားတော်မူမည်။
Căci nu știu să dau titluri lingușitoare; făcând astfel, făcătorul meu m-ar lua curând.