< ယောဘ 10 >
1 ၁ ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့၏။ မြည်တမ်း သောအပြစ်ကို ခံရမည်။ စိတ်အလွန်ညှိုးငယ်၍ ပြောရ မည်။
Mi sjæl er leid av livet mitt, eg gjev mi klaga lause taumar, vil tala i min såre hugverk.
2 ၂ ဘုရားသခင်ကို လျှောက်ရသောစကားဟူမူကား၊ အကျွန်ုပ်ကို အပြစ်စီရင်တော် မမူပါနှင့်။ အကျွန်ုပ်နှင့် ဆန့်ကျင်ဘက်ပြုတော်မူမည်အကြောင်းကို ပြတော်မူပါ။
Til Gud eg segjer: «Døm meg ikkje; seg kvifor du imot meg strider!
3 ၃ ကိုယ်တော်သည်ညှဉ်းဆဲတော်မူသင့်သလော။ ကိုယ်တိုင်ဖန်ဆင်းသောအရာကို ရွံရှာ၍၊ လူဆိုးတို့၏ အကြံအစည်ကို ကောင်းကြီးပေးတော်မူသင့်သလော။
Finn du det godt å gjera vald, og øyda upp ditt eige verk, men lysa yver gudlaust råd?
4 ၄ ကိုယ်တော်သည် ရူပမျက်စိရှိတော်မူသလော။ လူမြင်သည်နည်း တူမြင်တော်မူသလော။
Er auga ditt av kjøt og blod? Ser du som menneskje plar sjå?
5 ၅ ကိုယ်တော်၏နေ့ရက်တို့သည် လူနေ့ရက်ကဲ့သို့ ဖြစ်ပါသလော။ ကိုယ်တော်၏နှစ်တို့သည် လူယောက်ျား နေ့ရက်ကဲ့သို့ ဖြစ်ပါသလော။
Er dine dagar mennesk-dagar? Er dine år lik mannsens år?
6 ၆ အကျွန်ုပ်ပြုသော ဒုစရိုက်ကိုစစ်၍ အပြစ်ကို တွေ့ခြင်းငှါ အဘယ်ကြောင့် ရှာတော်မူသနည်း။
Med di mitt brot du leitar upp, og granskar etter syndi mi,
7 ၇ အကျွန်ုပ်သည် လူဆိုးမဟုတ်ကြောင်းနှင့် လက်တော်မှ အဘယ်သူမျှမကယ်မနှုတ်နိုင်ကြောင်းကို သိတော်မူ၏။
endå du veit eg er uskuldig, og ingen bergar or di hand.
8 ၈ အကျွန်ုပ်တကိုယ်လုံးကို လက်တော်နှင့်စေ့စပ်စွာ ဖန်ဆင်းတော်မူသည်ဖြစ်၍၊ ယခုဖျက်ဆီးတော်မူမည် လော။
Di hand hev skapt og dana meg fullt ut, og no vil du meg tyna?
9 ၉ သရွတ်ကိုလုပ်သကဲ့သို့ အကျွန်ုပ်ကိုလုပ်တော်မူကြောင်းကို အောက်မေ့တော်မူပါ။ တဖန်မြေမှုန့် ဖြစ်စေတော်မူမည်လော။
Hugs på, du forma meg som leir; no gjer du atter meg til mold!
10 ၁၀ အကျွန်ုပ်ကိုနို့ကဲ့သို့ သွန်းလောင်း၍၊ ဒိန်ခဲကဲ့သို့ ခဲစေတော်မူပြီ မဟုတ်လော။
Som mjølk du let meg renna ut og let meg stivna liksom ost;
11 ၁၁ အရေအသားဖြင့်ဖုံးလွှမ်း၍၊ အရိုးနှင့်အကြော တို့ဖြင့် ခိုင်ခံ့စေတော်မူပြီ။
Du klædde meg med hud og kjøt, fleitta bein og senar saman.
12 ၁၂ အသက်ရှင်ရသောအကြောင်းနှင့်တကွ ကျေးဇူးများကိုပြုတော်မူပြီ။ ကြည့်ရှုပြုစုခြင်း ကျေးဇူးတော်သည် လည်း အကျွန်ုပ်၏ဝိညာဉ်ကိုမစပါပြီ။
Du gav meg både liv og miskunn, og verna um mitt andedrag.
13 ၁၃ ယခုရောက်သောအမှုတို့ကိုလည်း၊ နှလုံးတော်၌သိုထား၍ ကြံစည်တော်မူသည်နှင့်အညီ ရောက်ကြောင်း ကို အကျွန်ုပ်သိပါ၏။
Men dette du i hjarta gøymde, eg veit det var i din tanke;
14 ၁၄ အကျွန်ုပ်သည် ပြစ်မှားလျှင်၊ ကိုယ်တော် မှတ်တော်မူ၏။ အကျွန်ုပ်အပြစ်ကို လွှတ်တော်မူမည် မဟုတ်။
Du vakta på meg um eg synda; du gav meg ikkje til mitt brot;
15 ၁၅ အကျွန်ုပ်သည်ဆိုးညစ်လျှင် အမင်္ဂလာရှိပါ၏။ ဖြောင့်မတ်သော်လည်း ကိုယ်မျက်နှာကိုမပြရ။ ကိုယ်ခံရသော ဒုက္ခဆင်းရဲကို ဆင်ခြင်၍ မိန်းမောတွေဝေလျက် နေရ ပါ၏။
um eg var skuldig, usæl eg! Um skuldfri, tord’ eg ei meg briska, av skjemsla mett, med naud for augom;
16 ၁၆ အကျွန်ုပ်ထလျှင် ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်အပေါ်သို့ ခုန်၍ ကြောက်မက်ဘွယ်သော အခြင်းအရာတို့ကို ပြတော်မူ၏။
For då du jaga meg som løva og let meg atter under sjå,
17 ၁၇ အကျွန်ုပ်တဘက်၌ သက်သေခံတော်မူချက် များပြား၍၊ အမျက်တော်ကို တိုးပွါးစေခြင်းငှါ ပြုတော် မူသဖြင့်၊ အကျွန်ုပ်တဘက်၌ ရန်စစ်တို့သည် အထပ် ထပ်ထကြပါ၏။
du førde nye vitne mot meg og harmast endå meir på meg og sende mot meg her på her.
18 ၁၈ အကျွန်ုပ်ကို အမိဝမ်းထဲက အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ ထိုသို့ပြုတော်မမူလျှင် အကျွန်ုပ် သည်အသက်မရှိ၊ အဘယ်သူမျှ အကျွန်ုပ်ကိုမမြင်ရပါ။
Kvi drog du meg or morsliv fram? Kvi fekk eg ikkje usedd døy,
19 ၁၉ ထိုသို့ အကျွန်ုပ်သည် မဖြစ်သကဲ့သို့ဖြစ်၍၊ အကျွန်ုပ်ကိုအမိဝမ်းထဲမှ သင်္ချိုင်းသို့ ဆောင်ပို့ရကြ၏။
lik ein som aldri til hev vore, og vart i grav frå morsliv lagt?
20 ၂၀ အကျွန်ုပ် နေ့ရက်တို့သည် နည်းပါးသည် မဟုတ် လော။
Er ikkje mine dagar få? Haldt upp! Slepp meg, so eg litt glad kann verta,
21 ၂၁ မှောင်မိုက်နှင့်သေခြင်း အရိပ်ဖုံးလွှမ်းသောပြည်၊
fyrr eg gjeng burt, og kjem’kje att, til myrkre land med daudeskugge,
22 ၂၂ သေခြင်းအရပ်ဖြစ်စေသော ညဉ့်ကဲ့သို့တခဲနက်မိုက်သဖြင့်၊ အလင်းပင်မှောင်မိုက်သက်သက်ဖြစ်၍၊ ရှင်းလင်းခြင်းအလျှင်၊ မရှိသောပြည်၊ အကျွန်ုပ်တခါရောက်ပြီးမှ တဖန်ပြန်၍ မလာရသောပြည်သို့ အကျွန်ုပ် သား၍မရောက်မှီ၊ သက်သာခြင်း အနည်းငယ်ရှိပါမည် အကြောင်းနေတော်မူပါ။ အကျွန်ုပ်ကို တတ်တိုင်းရှိစေ တော်မူပါဟု မြွတ်ဆို၏။
eit land so myrkt som svarte natti, med daudeskugge og vanskipnad, der dagsljoset er som myrke natt!»»