< ယေရမိ 9 >

1 ငါ​သည်​အ​သတ်​ခံ​ကြ​သော မိ​မိ​အ​မျိုး​သား​များ​အ​တွက်​နေ့​ရော​ညဥ့်​ပါ ငို​ကြွေး​နိုင်​ရန်​ငါ​၏​မျက်​စိ​များ​သည် မျက်​ရည်​စမ်း​ကဲ့​သို့​လည်း​ကောင်း၊ ငါ​၏​ဦး​ခေါင်း​သည်​လည်း​ရေ​တွင်း​ကဲ့​သို့ လည်း​ကောင်း ဖြစ်​စေ​ချင်​စမ်း​ပါ​ဘိ။
Than ôi! Ước gì đầu tôi là suối nước và mắt tôi là nguồn lệ, tôi sẽ khóc suốt ngày đêm không dứt vì dân tôi bị tàn sát.
2 ငါ​သည်​မိ​မိ​အ​မျိုး​သား​များ​အား​စွန့်​ခွာ​ပြီး လျှင် သဲ​ကန္တာ​ရ​တွင်​သွား​ရောက်​နေ​ထိုင်​စ​ရာ အ​ခန်း​တစ်​ခု​ကို​လို​ချင်​စမ်း​ပါ​ဘိ။ သူ​တို့​အား​လုံး​ပင်​လျှင်​သစ္စာ​မဲ့​၍​အခြား ဖောက်​ပြား​သူ​များ​ဖြစ်​ကြ​၏။
Ôi! Ước gì tôi tìm được một chỗ trọ trong hoang mạc để có thể xa lánh và quên hẳn dân tôi. Vì tất cả đều là bọn gian dâm, là phường phản trắc.
3 သူ​တို့​သည်​လိမ်​လည်​ပြော​ဆို​ရန်​လေး​မှ လွှတ်​သော မြား​ကဲ့​သို့​အ​ဘယ်​အခါ​၌​မျှ​နှုတ်​မ​လေး​ကြ။ တိုင်း​ပြည်​တွင်​သစ္စာ​တ​ရား​အုပ်​စိုး​မည့်​အ​စား မု​သား​စ​ကား​အုပ်​စိုး​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​လူ​မျိုး​တော်​သည်​ဒု​စ​ရိုက်​တစ်​ခု​ပြီး တစ်​ခု ကူး​လွန်​လျက် ငါ့​ကို​သူ​တို့​၏​ဘု​ရား​အ​ဖြစ်​လက်​မ​ခံ​ကြ'' ဟု​မိန့်​တော်​မူ​၏။
“Dân Ta uốn lưỡi như giương cung bắn những mũi tên dối gạt. Chúng không thèm tôn trọng sự thật giữa đất nước. Chúng càng đi sâu vào con đường tội ác. Chúng không chịu nhìn biết Ta,” Chúa Hằng Hữu phán vậy.
4 လူ​တိုင်း​ပင်​မိ​မိ​တို့​မိတ်​ဆွေ​များ​ကို သ​တိ​ထား ရ​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​မိ​မိ​၏​ညီ​အစ်​ကို​ကို​ယုံ​၍​မ​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်​ညီ​အစ်​ကို​တိုင်း​ပင်​လျှင် လှည့်​စား​တတ်​၍ လူ​တိုင်း​သည်​လည်း၊မိ​မိ​မိတ်​ဆွေ​များ​ကို အ​သ​ရေ​ဖျက်​တတ်​ကြ​သော​ကြောင့်​ဖြစ်​၏။
“Hãy đề phòng hàng xóm láng giềng! Ngay cả anh em ruột cũng không tin được! Vì anh em đều cố gắng lừa gạt anh em, và bạn bè nói xấu bạn bè.
5 သူ​တို့​သည်​မိတ်​ဆွေ​များ​ကို​လိမ်​လည်​လှည့်​စား ကြ​၏။ အ​ဘယ်​သစ္စာ​စ​ကား​ကို​မျှ​မ​ပြော​မ​ဆို​ကြ။ သူ​တို့​သည်​မု​သား​စ​ကား​ပြော​ဆို​တတ်​ရန် မိ​မိ​တို့​နှုတ်​ကို​သွန်​သင်​ထား​ကြ​၏။ အ​ပြစ်​ကို​ပြု​၍​မိ​မိ​တို့​ကိုယ်​ကို​မော​ပန်း စေ​ကြ​ပြီ။
Chúng dở thủ đoạn lừa bịp lẫn nhau; không ai nói lời thành thật. Chúng luyện tập lưỡi nói dối; chúng thi đua nhau làm ác.
6 သူ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​မ​စွန့်​ပစ်​ကြ။ သူ​တို့​သည်​လိမ်​လည်​လှည့်​စား​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​အား​ပစ်​ပယ်​ကြောင်း​မိန့်​တော်​မူ​၏။
Chúng dựng cột dối trá ở trên dối trá và chính vì lừa bịp mà chúng không chịu nhìn biết Ta,” Chúa Hằng Hữu phán vậy.
7 ဤ​အ​ကြောင်း​ကြောင့်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သတ္တု​ကို​အရည်​ကျို​၍​ချွတ်​သ​ကဲ့​သို့၊ ငါ့​လူ​မျိုး​တော်​ကို​သန့်​စင်​အောင်​ပြု​မည်။ သူ​တို့​အား​ငါ​ဆန်း​စစ်​၍​ကြည့်​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို ကူး​လွန်​ကြ​လေ​ပြီ။ ငါ​သည်​သူ​တို့​အား​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။
Vì thế, Chúa Hằng Hữu Vạn Quân phán: “Này, Ta sẽ làm chúng tan chảy trong lò kim loại và thử nghiệm chúng như sắt. Còn có điều gì khác mà Ta làm cho dân Ta?
8 သူ​တို့​၏​လျှာ​သည်​အ​ဆိပ်​လူး​မြား​နှင့်​တူ​၏။ သူ​တို့​သည်​လိမ်​လည်​လှည့်​စား​သည့်​စကား​ကို အ​မြဲ​ပြော​ဆို​ကြ​၏။ လူ​တိုင်း​ပင်​မိ​မိ​အိမ်​နီး​ချင်း​အား​နှုတ်​ချို​စွာ ပြော​ဆို​တတ်​သော်​လည်း စင်​စစ်​အား​ဖြင့်၊သူ့​အ​တွက်​ထောင်​ချောက်​ကို ထောင်​ဖမ်း​လျက်​နေ​သည်။
Vì lưỡi chúng như mũi tên tẩm thuốc độc. Chúng nói lời thân mật với láng giềng nhưng trong lòng thì nghĩ kế giết họ.”
9 ဤ​သို့​သော​အ​မှု​တို့​ကို​ပြု​သည့်​အ​တွက်​ငါ​သည် သူ​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ​နေ​ရ​မည်​လော။ ဤ​သို့​သော​လူ​မျိုး​ကို​ငါ​သည်​လက်​စား​မ​ချေ​ဘဲ နေ​ရ​မည်​လော။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
Chúa Hằng Hữu hỏi: “Ta sẽ không đoán phạt chúng về tội ác đó sao? Thần Ta không báo trả một dân tộc gian trá như thế sao?”
10 ၁၀ ယေ​ရ​မိ​က``တောင်​ရိုး​များ​အ​တွက်​ငါ​မြည် တမ်း​မည်။ မြက်​ခင်း​များ​အ​တွက်​ငါ​ငို​ကြွေး​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​စား​ကျက်​တို့​သည် ခြောက်​သွေ့​သွား​၍ ဖြတ်​သန်း​သွား​လာ​မည့်​သူ​ကင်း​မဲ့​လျက် နေ​သော​ကြောင့်​ဖြစ်​၏။ သိုး​နွား​မြည်​သံ​ကို​မ​ကြား​ရ​ကြ​တော့​ပေ။ ငှက်​များ၊တော​တိ​ရစ္ဆာန်​များ​သည်​လည်း ထွက်​ပြေး​ကြ​လေ​ပြီ'' ဟု​ဆို​၏။
Tôi khóc lóc vì núi đồi trơ trọi và than vãn vì đồng cỏ hoang vu. Vì chúng bị tàn phá và không còn sự sống; Tiếng của gia súc cũng không còn nghe nữa; chim trời và thú rừng cũng trốn đi nơi khác.
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ယေ​ရု​ရှ​လင် မြို့​ကို တော​ခွေး​များ​ခို​အောင်း​ရာ၊ အ​ဆောက်​အ​အုံ​ပျက်​များ​စု​ဝေး​ရာ​အ​ရပ် ဖြစ်​စေ​မည်။ ယု​ဒ​မြို့​တို့​သည်​လည်း​လူ​သူ​ဆိတ်​ညံ​ရာ သဲ​ကန္တာရ ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Chúa Hằng Hữu phán: “Ta sẽ tàn phá Giê-ru-sa-lem thành đống đổ nát. Nó sẽ biến thành hang chó rừng. Các thành của Giu-đa sẽ điêu tàn, không còn ai ở nữa.”
12 ၁၂ ငါ​က``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့် ဤ​ပြည်​သည်​ဖြတ်​သန်း​သွား​လာ​၍​မ​ရ၊ ယို ယွင်း​ပျက်​စီး​လျက်​သဲ​ကန္တာ​ရ​သ​ဖွယ်​ဖြစ် ၍​နေ​ပါ​သ​နည်း။ ဤ​အ​မှု​အ​ရာ​အ​ကြောင်း ကို​သိ​ရှိ​နိုင်​စွမ်း​ရှိ​သည့်​ပ​ညာ​ရှိ​ကား​အ​ဘယ် သူ​ဖြစ်​ပါ​သ​နည်း။ သူ​တစ်​ပါး​တို့​အား​ထပ် ဆင့်​ပြော​ပြ​နိုင်​ရန်​အ​ဘယ်​သူ​အား ဤ​အ​မှု အ​ရာ​အ​ကြောင်း​ကို​ကိုယ်​တော်​ရှင်​ဖော်​ပြ ထား​ပါ​သ​နည်း'' ဟု​လျှောက်​၏။
Ai có đủ trí khôn để hiểu các biến cố này? Ai được sự chỉ dẫn của Chúa Hằng Hữu và có thể giải thích việc này? Tại sao cả xứ biến thành đồng hoang, không còn một bóng người qua lại?
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​မှု​အ​ရာ​ဖြစ်​ပျက် လာ​သည်​မှာ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့ အား​ငါ​ပေး​အပ်​ခဲ့​သည့်​သြ​ဝါ​ဒ​ကို​စွန့်​ပယ် ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ငါ​၏ စ​ကား​ကို​နား​မ​ထောင်။ ငါ​ပြော​ဆို​သည့် အ​တိုင်း​လည်း​မ​ပြု​မ​လုပ်​ကြ။-
Chúa Hằng Hữu đáp: “Việc này xảy ra vì dân Ta khước từ sự chỉ dẫn của Ta; chúng không vâng theo những gì Ta phán.
14 ၁၄ သူ​တို့​သည်​ခေါင်း​မာ​လျက်​မိ​မိ​ဘိုး​ဘေး များ​သွန်​သင်​ထား​ခဲ့​သည့်​အ​တိုင်း ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။-
Thay vào đó, chúng đi theo lòng ngoan cố của chúng, thờ lạy các thần Ba-anh mà tổ phụ chúng dạy cho.
15 ၁၅ သို့​ဖြစ်​၍​သူ​တို့​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘုရား​သည် အ​ဘယ်​သို့​ပြု​တော် မူ​မည်​ကို​နား​ထောင်​လော့။ ငါ​သည်​မိ​မိ​၏ လူ​မျိုး​တော်​အား​ခါး​သော​ဒေါ​န​ပင်​ကို ကျွေး​၍ အ​ဆိပ်​ပါ​သော​ရေ​ကို​သောက်​စေ​မည်။-
Vậy nên, đây là điều Chúa Hằng Hữu Vạn Quân, Đức Chúa Trời của Ít-ra-ên, phán: Này! Ta sẽ nuôi chúng bằng ngải cứu và cho uống nước độc.
16 ၁၆ ငါ​သည်​သူ​တို့​နှင့်​သူ​တို့​ဘိုး​ဘေး​များ​ပင် မ​ကြား​ဘူး​သည့်​လူ​မျိုး​များ​အ​ထဲ​တွင် သူ တို့​အား​ပျံ့​လွင့်​သွား​စေ​မည်။ ထို​နောက်​သူ​တို့ အား​လုံး​ဝ​ပျက်​စီး​သည့်​တိုင်​အောင် တိုက်​ခိုက် ရန်​စစ်​တပ်​များ​ကို​ငါ​စေ​လွှတ်​မည်'' ဟု​မိန့် တော်​မူ​၏။
Ta sẽ làm cho chúng lưu tán trong các nước mà chúng và tổ phụ chúng chưa hề biết, dù vậy Ta sẽ cho gươm đuổi theo cho đến khi Ta tiêu diệt chúng hoàn toàn.”
17 ၁၇ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ``စဉ်း​စား​ဆင်​ခြင်​ကြ​လော့။ ငို​ချင်း​သည်​များ၊မ​သာ​သီ​ချင်း​ကို​ကျွမ်း ကျင်​စွာ သီ​ဆို​တတ်​သူ အ​မျိုး​သ​မီး​များ​အား​ခေါ်​ယူ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
Đây là điều Chúa Hằng Hữu Vạn Quân phán: “Hãy cân nhắc tất cả việc này, và gọi những người than khóc. Hãy kéo bọn phụ nữ khóc mướn nơi tang chế.
18 ၁၈ လူ​တို့​က​လည်း``ငါ​တို့​မျက်​စိ​များ​သည် မျက်​ရည်​နှင့်​ပြည့်​လျက် ငါ​တို့​မျက်​ခွံ​များ​သည်​ငို​ရ​လွန်း​သ​ဖြင့်​မျက် ရည်​နှင့် စို​စွတ်​လျက်​နေ​သည်​တိုင်​အောင် မ​သာ​သီ​ချင်း​ကို​သီ​ဆို​ပေး​နိုင်​ရန်​ငို​ချင်း​သည် တို့​အား အ​မြန်​ခေါ်​ယူ​ကြ​လော့'' ဟု​ဆို​ကြ​၏။
Nhanh lên! Hãy bắt đầu than khóc! Hãy để mắt chúng ta trào lụy đầm đìa.
19 ၁၉ ``ငါ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​လျက်၊လုံး​ဝ အ​သ​ရေ​ပျက် ရ​ကြ​လေ​ပြီ​တ​ကား။ ငါ​တို့​၏​အိမ်​ရာ​များ​သည်​ပြို​ပျက်​သွား​ပြီ​ဖြစ်​၍ ငါ​တို့​သည်​မိ​မိ​တို့​ပြည်​ကို​စွန့်​ခွာ​ရ​ကြ​ပေ​တော့​မည်'' ဟူ​၍​ဇိ​အုန်​မြို့​သား​တို့​ငို​ကြွေး​မြည်​တမ်း​သံ​ကို နား​ထောင်​ကြ​လော့​ဟု​ဆို​ကြ​၏။
Hãy nghe dân cư của Giê-ru-sa-lem khóc than trong tuyệt vong: ‘Than ôi! Chúng ta đã bị tàn phá! Chúng ta tủi nhục vô cùng! Chúng ta phải lìa bỏ xứ của mình, vì nhà cửa của chúng ta đã bị kéo đổ!’”
20 ၂၀ ငါ​က၊ ``အ​မျိုး​သ​မီး​တို့၊ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည်​ကို နား​ထောင်​ကြ​လော့။ ကိုယ်​တော်​ရှင်​၏​စ​ကား​တော်​တို့​ကို အာ​ရုံ​စိုက်​၍​နာ​ယူ​ကြ​လော့။ သင်​တို့​၏​သ​မီး​များ​အား​ငို​ကြွေး​တတ်​ရန် လည်း​ကောင်း၊ သင်​တို့​၏​မိတ်​ဆွေ​များ​အား​မ​သာ​သီ​ချင်း​ကို သီ​ဆို​တတ်​ရန်​လည်း​ကောင်း​သင်​ကြား​ပေး ကြ​လော့။
Các phụ nữ, hãy nghe lời Chúa Hằng Hữu; hãy lắng tai nghe lời Ngài phán. Hãy dạy con gái các ngươi than vãn; dạy láng giềng bài ai ca.
21 ၂၁ သေ​မင်း​သည်​ငါ​တို့​၏​ပြူ​တင်း​ပေါက်​အား​ဖြင့် ငါ​တို့​ဘုံ​ဗိ​မာန်​များ​သို့​ဝင်​ရောက်​လာ​လေ​ပြီ။ သူ​သည်​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ် တို့​နှင့်၊ စျေး​ရပ်​ကွက်​များ​ရှိ​လူ​ငယ်​လူ​ရွယ်​တို့​ကို သတ်​ဖြတ်​လေ​ပြီ။
Vì sự chết đã bò qua các cửa sổ của chúng ta và len lỏi vào các lâu đài. Nó giết hại lớp thanh xuân của chúng ta: Không còn trẻ con chơi trên đường phố, và không còn thanh niên tụ tập giữa quảng trường.
22 ၂၂ လူ​သေ​ကောင်​တို့​သည်​လယ်​ပြင်​ရှိ​နောက်​ချေး ပုံ​များ ကဲ့​သို့​လည်း​ကောင်း၊ ရိတ်​သိမ်း​သူ​စွန့်​ပစ်​ထား​ခဲ့​သည့်​ကောက်​လှိုင်း များ၊ အ​ဘယ်​သူ​မျှ​မ​စု​မ​သိမ်း​သည့်​ကောက်​လှိုင်း များ ကဲ့​သို့​လည်း​ကောင်း​ပြန့်​ကျဲ​လျက်​နေ​လိမ့်​မည်။ ဤ​ကား​ငါ​ပြန်​ကြား​ပြော​ဆို​ရန်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သော​စ​ကား ဖြစ်​၏'' ဟု​ဆို​၏။
Đây là điều Chúa Hằng Hữu phán: “Thây người sẽ bỏ ngập đồng ruộng như phân bón, như các cọng rạ bị con gặt chà đạp dưới chân. Không ai lượm xác mà mai táng cả.”
23 ၂၃ ထာ​ဝ​ရ​ဘု​ရား​က၊ ``ပ​ညာ​ရှိ​သည်​မိ​မိ​ဉာဏ်​ပ​ညာ​ရှိ​မှု၊ ခွန်​အား​ကြီး​မား​သူ​သည်​မိ​မိ​ခွန်​အား​ကြီး မား​မှု၊ ချမ်း​သာ​ကြွယ်​ဝ​သူ​သည်​မိ​မိ​ချမ်း​သာ ကြွယ်​ဝ​မှု​၌ မ​ဝါ​မ​ကြွား​အပ်။
Đây là điều Chúa Hằng Hữu phán: “Người khôn đừng tự hào là khôn sáng, người mạnh đừng khoe về sức mạnh, người giàu cũng đừng kiêu hãnh.
24 ၂၄ အ​ကယ်​၍​ဝါ​ကြွား​လို​သူ​လူ​တစ်​စုံ​တစ်​ယောက် ရှိ​ပါ​မူ ထို​သူ​သည်​ငါ​၏​အ​ကြောင်း​ကို​သိ​ရှိ​နား​လည်​မှု ၌​သာ​လျှင်​ဝါ​ကြွား​ရာ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​မေတ္တာ​သည်​ခိုင်​မြဲ​၍ ငါ​ပြု​သော​အ​မှု​သည်​တ​ရား​မျှ​တ​မှု၊ ဖြောင့်​မတ်​မှန်​ကန်​မှု​ရှိ​သော​ကြောင့်​ဖြစ်​၏။ ဤ​အ​မှု​တို့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။
Nhưng những ai có lòng tự hào hãy tự hào trong đơn độc: Rằng họ nhận biết Ta và thấu hiểu Ta là Chúa Hằng Hữu, Đấng bày tỏ lòng nhân ái, Đấng mang công bình và công chính đến trên đất, và Ta ưa thích những việc ấy, Ta, Chúa Hằng Hữu, đã phán vậy!”
25 ၂၅ ထာ​ဝ​ရ​ဘု​ရား​က``အီ​ဂျစ်​ပြည်​သား​များ၊ ယု​ဒ ပြည်​သား​များ၊ ဧ​ဒုံ​ပြည်​သား​များ၊ အမ္မုန်​ပြည် သား​များ၊ မော​ဘ​ပြည်​သား​များ​နှင့်​သဲ​ကန္တာ​ရ တွင်​နေ​ထိုင်​ကာ ဆံ​ပင်​တို​ထား​သော​လူ​မျိုး အား​ငါ​အ​ပြစ်​ဒဏ်​ခတ်​မည့်​နေ့​ရက်​ကာ​လ ကျ​ရောက်​လာ​တော့​မည်။ ထို​သူ​အ​ပေါင်း​တို့ သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​သင်္ကေ​တ​ဖြစ် သည့်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​သော်​လည်း ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို​မ​စောင့်​ထိန်း​ကြ။ ထို သူ​အ​ပေါင်း​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့ သည်​ငါ​၏​ပ​ဋိ​ညာဉ်​ကို​မ​စောင့်​ထိန်း​ကြ'' ဟု​မိန့်​တော်​မူ​၏။
Chúa Hằng Hữu phán: “Sẽ đến ngày Ta đoán phạt mọi người chịu cắt bì thân thể mà không đổi mới tâm linh—
26 ၂၆
tức người Ai Cập, Ê-đôm, Am-môn, Mô-áp, và những người cạo tóc nơi màng tang và sống trong hoang mạc, phải, ngay cả người Giu-đa. Vì tất cả các dân tộc đều không chịu cắt bì, còn dân tộc Ít-ra-ên không chịu cắt bì tâm linh.”

< ယေရမိ 9 >