< ယေရမိ 8 >
1 ၁ ``ထိုအချိန်ကာလ၌လူတို့သည် ယုဒ ဘုရင်များနှင့်မှူးမတ်များ၊ ယဇ်ပုရောဟိတ် များ၊ ပရောဖက်များနှင့်အခြားယေရုရှလင် မြို့သားများ၏အရိုးတို့ကို သက်ဆိုင်ရာ သင်္ချိုင်းတွင်းများမှတူးဖော်ကြလိမ့်မည်။-
At that time, sayeth the Lord, they shall bring out the bones of the Kings of Iudah, and the bones of their princes, and the bones of the Priests and the bones of the Prophets, and the bones of the inhabitants of Ierusalem out of their graues.
2 ၂ သူတို့သည်မိမိတို့နှစ်သက်ကြည်ညို၊ ဝတ် ပြုရှိခိုး၊ နှီးနှောတိုင်ပင်ခဲ့ကြသည့်နေ၊ လ၊ ကြယ်များအောက်တွင်ထိုအရိုးတို့ကိုဖြန့် ကြဲထားလိမ့်မည်။ ယင်းတို့ကိုစုသိမ်းသင်္ဂြိုဟ် မည့်အစားမြေသြဇာသဖွယ်မြေပေါ်မှာ ခင်းကြလိမ့်မည်။-
And they shall spread them before the sunne and the moone, and all the host of heauen, whom they haue loued, and whome they haue serued, and whome they haue followed, and whome they haue sought, and whome they haue worshipped: they shall not be gathered nor be buried, but shall be as doung vpon the earth.
3 ၃ ငါကွဲလွင့်စေရာအရပ်များတွင်အသက် မသေဘဲကျန်ရှိသူ၊ ဤဆိုးညစ်သည့်ခေတ် မှလူတို့သည် မိမိတို့ဆက်လက်အသက်ရှင် ရန်ထက်သေရန်ပိုမိုလိုလားတောင့်တကြ လိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူ၏။
And death shall bee desired rather then life of all the residue that remaineth of this wicked familie, which remaine in all the places where I haue scattered them, sayeth the Lord of hostes.
4 ၄ လူတို့အားဆင့်ဆိုရန် ထာဝရဘုရားမိန့် တော်မူသည်မှာ``အဘယ်သူသည်လဲကျပြီး နောက်ပြန်မထဘဲနေသနည်း။ အဘယ်သူ သည်လမ်းမှားသွားပြီးနောက်ပြန်မလှည့် ဘဲနေသနည်း။-
Thou shalt say vnto them also, Thus sayeth the Lord, Shall they fall and not arise? shall he turne away and not turne againe?
5 ၅ ယေရုရှလင်မြို့၊ သင်တို့သည်အဘယ်ကြောင့် ငါ့ထံမှထွက်ခွာသွား၍ အဘယ်ကြောင့်ပြန် လှည့်မလာကြသနည်း။ သင်တို့သည်လှည့် ဖြားမှုများကိုစွဲလန်းလျက်နေသဖြင့် ငါ့ ထံသို့ပြန်လာရန်ငြင်းဆန်ကြသည်။-
Wherefore is this people of Ierusalem turned backe by a perpetuall rebellion? they gaue themselues to deceit, and would not returne.
6 ၆ ငါသည်စေ့စေ့နားထောင်သော်လည်းသင်တို့ သည်သစ္စာစကားကိုမပြောကြ။ သင်တို့တွင် အဘယ်သူမျှမိမိတို့ယုတ်မာမှုများအတွက် ဝမ်းမနည်းကြ။ `ငါသည်အဘယ်မကောင်းမှု ကိုပြုမိပါသနည်း' ဟုအဘယ်သူမျှမမေး ကြ။ တိုက်ပွဲသို့အပြင်းပြေးသည့်မြင်းကဲ့ သို့လူတိုင်းမိမိတို့ပြုလိုရာကို ပြုလျက် နေကြ၏။-
I hearkened and heard, but none spake aright: no man repented him of his wickednesse, saying, What haue I done? euery one turned to their race, as the horse rusheth into the battell.
7 ၇ မိုးကောင်းကင်၌ပျံဝဲလျက်ရှိသောငှက် ကျားပင်လျှင် မိမိပြန်ရမည့်အချိန်သိ၏။ ချိုး၊ ပျံလွှားနှင့်ကြိုးကြာတို့သည်လည်း မိမိ တို့ကျက်စားရာအရပ်၊ ပြောင်းရွှေ့ချိန်ကိုသိ ကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်၊ သင် တို့သည်မိမိတို့အတွက်ထာဝရဘုရား ပြဋ္ဌာန်းထားသည့်တရားတော်ကိုမသိ ကြ။-
Euen the storke in the aire knoweth her appointed times, and the turtle and the crane and the swallowe obserue the time of their comming, but my people knoweth not the iudgement of the Lord.
8 ၈ ငါ၏တရားတော်ကိုသိရှိ၍သင်တို့သည် ပညာရှိကြ၏ဟုအဘယ်သို့လျှင်သင် တို့ဆိုနိုင်ကြမည်နည်း။ ကြည့်ရှုကြလော့၊ မရိုးမဖြောင့်သည့်ကျမ်းကူးဆရာတို့က တရားတော်ကိုပြောင်းလဲစေကြလေပြီ။-
Howe doe yee say, Wee are wise, and the Lawe of the Lord is with vs? Loe, certeinly in vaine made hee it, the penne of the scribes is in vaine.
9 ၉ သင်တို့၏ပညာရှိများသည်အရှက်ကွဲ ကြ၏။ သူတို့သည်စိတ်ရှုပ်ထွေးလျက်ထောင် ချောက်တွင်မိကြလေပြီ။ သူတို့သည်ငါ၏ နှုတ်ကပတ်တော်ကိုပစ်ပယ်လိုက်ကြပြီ ဖြစ်၍ယခုအခါ၌သူတို့တွင်အဘယ် သို့သောပညာဉာဏ်ရှိတော့မည်နည်း။-
The wise men are ashamed: they are afraid and taken. loe, they haue reiected the word of the Lord, and what wisdome is in them?
10 ၁၀ သို့ဖြစ်၍သူတို့လယ်ယာများကိုပိုင်ရှင် သစ်များသို့လည်းကောင်း၊ သူတို့ဇနီးများ ကိုအခြားသူတို့ထံသို့လည်းကောင်းငါ ပေးအပ်မည်။ ကြီးငယ်မဟူလူအပေါင်း တို့သည်မတရားစီးပွားရှာကြ၏။ ပရော ဖက်များနှင့်ယဇ်ပုရောဟိတ်များပင်လျှင် လူတို့ကိုလိမ်လည်ကြ၏။-
Therefore will I giue their wiues vnto others, and their fieldes to them that shall possesse them: for euery one from the least euen vnto the greatest is giuen to couetousnesse, and from the Prophet euen vnto the Priest, euery one dealeth falsely.
11 ၁၁ သူတို့သည်ငါ့လူမျိုးတော်၏အနာများ ကိုပေါ့ပေါ့တန်တန်သဘောထား၍ကုသ ကြ၏။ `အစစအရာရာအဆင်မပြေ ချိန်၌အစစအရာရာအဆင်ပြေပါ သည်' ဟုဆိုကြ၏။-
For they haue healed the hurt of the daughter of my people with sweete woordes, saying, Peace, peace, when there is no peace.
12 ၁၂ ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
Were they ashamed when they had committed abomination? nay, they were not ashamed, neither coulde they haue any shame: therefore shall they fall among the slaine: when I shall visite them, they shall be cast downe, sayeth the Lord.
13 ၁၃ ``လူသည်မိမိသီးနှံကိုရိတ်သိမ်းသကဲ့သို့ ငါထာဝရဘုရားသည်မိမိလူမျိုးတော် အားရိတ်သိမ်းလိုသည်။ သို့သော်သူတို့သည် အရွက်များပင်ညှိုးနွမ်းလျက် အသီးမရှိ သည့်စပျစ်ပင်များ၊ အသီးမသီးသောသင်္ဘော သဖန်းပင်များနှင့်တူကြ၏။ ထိုကြောင့်ငါ ပေးသောပြည်တော်ကိုတစ်ပါးသူတို့၏ လက်ထဲသို့ရောက်စေတော်မူလေပြီ။
I wil surely consume them, sayth the Lord: there shalbe no grapes on the vine, nor figges on the figtree, and the leafe shall fade, and the things that I haue giuen them, shall depart from them.
14 ၁၄ ဘုရားသခင်၏လူမျိုးတော်က``ငါတို့သည် အဘယ်ကြောင့်မလှုပ်မယှက်ထိုင်နေကြပါ သနည်း။ လာကြ၊ ခံတပ်မြို့များသို့ပြေး၍ ငါတို့သေကြကုန်အံ့။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့အားသေဒဏ် စီရင်တော်မူပြီ။ ငါတို့သည်ကိုယ်တော်ကို ပြစ်မှားသည်ဖြစ်၍ ကိုယ်တော်သည်ငါတို့ သောက်ရန်အဆိပ်ပါသောရေကိုတိုက်တော် မူပြီ။-
Why doe we stay? assemble your selues, and let vs enter into the strong cities, and let vs be quiet there: for the Lord our God hath put vs to silence and giuen vs water with gall to drinke, because we haue sinned against the Lord.
15 ၁၅ ငါတို့သည်ငြိမ်းချမ်းမှုကိုမျှော်လင့်ကြ သော်လည်းအချည်းနှီးပင်ဖြစ်၏။ ကျန်းမာ မှုကိုမျှော်လင့်သော်လည်းကြောက်လန့်မှု သာလျှင်ရရှိကြ၏။-
We looked for peace, but no good came, and for a time of health, and behold troubles.
16 ၁၆ ရန်သူများသည်မြောက်ဘက်ရှိဒန်မြို့သို့ တိုင်အောင်ရောက်ရှိလာကြရာ သူတို့၏မြင်း များနှာမှုတ်သံကိုငါတို့ကြားရကြ၏။ သူတို့၏မြင်းများဟီလိုက်သောအခါ၌ တစ်တိုင်းတစ်ပြည်လုံးတုန်လှုပ်၍သွား၏။ သူတို့သည်ငါတို့ပြည်နှင့်တကွ ငါတို့ ပြည်တွင်ရှိသမျှသောအရာများ၊ ငါတို့ မြို့နှင့်မြို့သူမြို့သားများအားသုတ်သင် ဖျက်ဆီးရန်လာရောက်ကြလေပြီ'' ဟုဆို ကြ၏။
The neying of his horses was heard from Dan, the whole lande trembled at the noyse of the neying of his strong horses: for they are come, and haue deuoured the land with all that is in it, the citie, and those that dwell therein.
17 ၁၇ ထာဝရဘုရားက``သတိဝိရိယနှင့်နေ ကြလော့။ ငါသည်သင်တို့အထဲသို့မြွေများ၊ အလမ္ပာယ်ဆရာမနိုင်သည့်မြွေဆိုးများကို စေလွှတ်မည်။ ထိုမြွေတို့သည်သင်တို့ကို ကိုက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
For beholde, I will sende serpents, and cockatrices among you, which will not be charmed, and they shall sting you, sayth the Lord.
18 ၁၈ ငါ၏ဝမ်းနည်းမှုကိုကုစား၍မရနိုင်။ ငါ၏စိတ်နှလုံးသည်ပူဆွေးလျက်ရှိ၏။
I would haue comforted my selfe against sorowe, but mine heart is heauie in me.
19 ၁၉ နားထောင်ကြလော့။ အလွန်ဝေးသော တစ်တိုင်းတစ်ပြည်တွင်ငါ၏အမျိုးသား များ ဟစ်အော်နေသံကိုငါကြားရ၏။ ``ထာဝရဘုရားသည်ဇိအုန်မြို့တွင် ရှိတော်မမူတော့ပြီလော။ ဇိအုန်မြို့၏ဘုရင်သည်ထိုမြို့တွင်မရှိတော့ ပြီလော'' သူတို့၏ဘုရင်ထာဝရဘုရားက``သင်တို့သည် အဘယ်ကြောင့်ရုပ်တုများနှင့်၊ ငါ၏အမျက်တော်ကိုလှုံ့ဆော်ပေးကြသနည်း'' ဟုမိန့်တော်မူ၏။
Behold, the voice of the cry of the daughter of my people for feare of them of a farre countrey, Is not the Lord in Zion? is not her king in her? Why haue they prouoked mee to anger with their grauen images, and with the vanities of a strange god?
20 ၂၀ လူတို့ကလည်း``နွေရာသီကုန်ဆုံး၍အသီး အနှံ ရိတ်သိမ်းချိန်ကုန်လွန်ပြီဖြစ်သော်လည်း၊ ငါတို့သည်ကယ်တင်ခြင်းမခံရကြသေးပါ'' ဟုဟစ်အော်ကြ၏။
The haruest is past, the sommer is ended, and we are not holpen.
21 ၂၁ ငါ၏အမျိုးသားတို့သည်အချေမှုန်းခံရ ကြသဖြင့် ငါ၏စိတ်နှလုံးသည်ကြေမွလျက်ရှိ၏။ ငါသည်ငိုကြွေးမြည်တမ်းလျက်၊အလွန့်အလွန် တုန်လှုပ်ချောက်ချားလျက်ရှိ၏။
I am sore vexed for the hurt of ye daughter of my people: I am heauie, and astonishment hath taken me.
22 ၂၂ ဂိလဒ်ပြည် ၌ဆေးဝါးမရှိတော့ပြီလော။ ဆေးသမားလည်းမရှိတော့ပြီလော။ အဘယ်ကြောင့်ငါ့အမျိုးသားများ၏ အနာရောဂါကို ပျောက်ကင်းအောင်မကုသကြပါသနည်း။
Is there no balme at Gilead? is there no Physition there? Why then is not the health of the daughter of my people recouered.