< ယေရမိ 7 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရ​မိ​အား​ဗိ​မာန် တော်​၏​ဝင်း​တံ​ခါး​သို့​စေ​လွှတ်​တော်​မူ​၍ ထို​ဝင်း​တံ​ခါး​အ​နီး​တွင်​ရပ်​လျက်​ဤ သို့​ကြေ​ညာ​စေ​၏။-
This is the Lord's message that came to Jeremiah from the Lord:
2 ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် ဤ​တံ​ခါး​မှ​ဝင်​ရောက်​လာ​ကြ​သည့်၊ အို ယု​ဒ ပြည်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​ကြ​လော့။-
Go and stand in the entrance to the Lord's Temple, and deliver this message: Listen to what Lord has to say, all of you from Judah who are coming in through these gates to worship the Lord.
3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် တည်း​ဟူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​သင်​တို့​အား ဤ​အ​ရပ်​တွင်​ဆက်​လက် နေ​ထိုင်​ခွင့်​ပြု​နိုင်​ရန်​သင်​တို့​သည် မိ​မိ​တို့​နေ ထိုင်​မှု​နှင့်​အ​ပြု​အ​မူ​တို့​ကို​ပြု​ပြင်​ပြောင်း လဲ​စေ​ကြ​လော့။-
This is what the Lord Almighty, the God of Israel says: Change your ways and do what's right, and I'll let you go on living here.
4 `ဤ​ဗိ​မာန်​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ဖြစ်​၏' ဟု ပြော​ဆို​သူ​တို့​၏​မု​သား​စ​ကား​ကို​မ​ယုံ ကြ​နှင့်။
Don't believe in those who try and deceive you by repeating, “The Temple of the Lord is here, the Temple of the Lord is here, the Temple of the Lord is here.”
5 ``သင်​တို့​နေ​ထိုင်​မှု​တို့​ကို​ပြု​ပြင်​ပြောင်း​လဲ စေ​ကြ​လော့။ ယ​ခု​ပြု​သော​အ​ကျင့်​တို့​ကို မ​ပြု​တော့​နှင့်။ သင်​တို့​အ​ချင်း​ချင်း​ဆက်​ဆံ ရာ​တွင်​တ​ရား​မျှ​တ​မှု​ရှိ​စေ​ကြ​လော့။-
If you sincerely change your ways and do what's right, if you treat each other fairly,
6 တိုင်း​တစ်​ပါး​သား​များ၊ မိ​ဘ​မဲ့​သူ​များ​နှင့် မု​ဆိုး​မ​များ​အ​ပေါ်​တွင်​အ​ခွင့်​ကောင်း​မ​ယူ ကြ​နှင့်​တော့။ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် အ​ပြစ်​မဲ့​သူ​တို့​အား​သတ်​ဖြတ်​မှု​မ​ပြု​ကြ နှင့်​တော့။ အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​မှု​သည်​သင်​တို့​အား​အ​ကျိုး​ယုတ်​စေ မည်​ဖြစ်​၍​ထို​အ​မှု​ကို​ရပ်​စဲ​လိုက်​ကြ​လော့။-
if you stop mistreating foreigners and orphans and widows, and if you stop murdering innocent people and stop hurting yourselves by worshiping,
7 ဤ​သို့​ပြု​ပြင်​ပြောင်း​လဲ​ပါ​မူ​ငါ​သည်​သင် တို့​ဘိုး​ဘေး​များ​အား အ​ပိုင်​ပေး​အပ်​ခဲ့ သည့်​ပြည်​တော်​တွင်​သင်​တို့​ကို​ဆက်​လက် ၍​ထာ​ဝ​ရ​နေ​ထိုင်​ခွင့်​ပြု​တော်​မူ​မည်။
then I'll let you go on living here in the country that I gave to your forefathers forever and ever.
8 ``ကြည့်​လော့။ သင်​တို့​သည်​လိမ်​လည်​လှည့် ဖြား​၍​တန်​ဖိုး​မ​ရှိ​သော​စ​ကား​များ​ကို ယုံ​ကြည်​အား​ကိုး​ကြ​၏။-
But look at you! You go on believing in these deceptions, these worthless words.
9 သင်​တို့​သည်​ခိုး​ဝှက်​မှု၊ လူ​သတ်​မှု၊ သူ့​မ​ယား ကို​ပြစ်​မှား​မှု၊ ကျိန်​ဆို​၍​လိမ်​လည်​မှု၊ ဗာလ ဘု​ရား​ကို​ယဇ်​ပူ​ဇော်​မှု​နှင့်​မိ​မိ​တို့​မ​သိ ဘူး​သည့်​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် မှု​တို့​ကို​ပြု​ကြ​၏။-
Are you really going to continue stealing, murdering, committing adultery, and lying, burning incense to Baal, and worshiping other gods that you know nothing about,
10 ၁၀ သင်​တို့​သည်​ငါ​စက်​ဆုတ်​သည့်​အ​မှု​များ​ကို ပြု​ကျင့်​ကာ​ငါ​၏​ဗိ​မာန်​တော်​သို့​လာ​၍ ငါ့ ရှေ့​မှောက်​၌​ရပ်​ပြီး​လျှင်`ငါ​တို့​သည်​ဘေး ကင်း​ကြ​ပြီ၊ ဤ​ရွံ​ရှာ​ဖွယ်​ကောင်း​သော အ​ရာ​တို့​ကို​လုပ်​နိုင်​ကြ​ပြီ' ဟု​ဆို​ကြ​၏။-
and then come and stand before me in my own Temple and say, “We're safe, so we can continue doing all these offensive things”?
11 ၁၁ ငါ​၏​နာ​မ​ကို​ဆောင်​သော​ဗိ​မာန်​တော်​ကို ဋ္ဌား​ပြ​များ​ပုန်း​အောင်း​ရာ​အ​ရပ်​ဟု​သင် တို့​ထင်​မှတ်​သ​လော။ သင်​တို့​ပြု​သည့်​အ​မှု တို့​ကို​ငါ​မြင်​တော်​မူ​ပြီ​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-
Do you see this house, my own Temple, as a den of thieves? Well, that's what it looks like to me too, declares the Lord.
12 ၁၂ ``ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ် ဦး​စွာ​ပ​ထ​မ​ငါ​ရွေး​ချယ်​ခဲ့​သည့် ရှိ​လော​ရွာ​သို့​သွား​၍ ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကူး​လွန်​သည့် ဒု​စ​ရိုက်​ကြောင့် ထို​ရွာ​အား​အ​ဘယ်​သို့ ငါ​ပြု​ခဲ့​သည်​ကို​ကြည့်​ရှု​ကြ​လော့။-
So why don't you go to Shiloh where I first made myself a place for me to live with you, and see what I did to it because of the evil my people Israel did?
13 ၁၃ သင်​တို့​သည်​အ​ထက်​က​ငါ​ဖော်​ပြ​ခဲ့​သည့် အ​ပြစ်​အ​ပေါင်း​ကို​ကူး​လွန်​ကြ​လေ​ပြီ။ အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ငါ​ပြော​သော်​လည်း သင်​တို့​နား​မ​ထောင်​ကြ။ သင်​တို့​အား​ငါ ခေါ်​သော​အ​ခါ​၌​မ​ထူး​ကြ။-
I've warned you time and again about all these things you've done but you've refused to listen, declares the Lord. I've called out to you but you didn't want to answer me.
14 ၁၄ သို့​ဖြစ်​၍​သင်​တို့​ယုံ​ကြည်​အား​ထား​သည့် ဤ​ငါ​၏​ဗိ​မာန်၊ ငါ​၏​နာ​မ​ကို​ဆောင်​သော ဤ​အိမ်​တော်​ကို​ရှိ​လော​ရွာ​နည်း​တူ​ငါ​ပြု မည်။ သင်​တို့​ဘိုး​ဘေး​များ​နှင့်​သင်​တို့​အား ငါ​ပေး​ခဲ့​သည့်​ဤ​အ​ရပ်​ဌာ​န​ကို​ရှိ​လော ရွာ​နည်း​တူ​ငါ​ပြု​မည်။-
So now I'm going to do to my Temple, what I did to Shiloh. This is the Temple your put your faith in, the place I gave to you and your forefathers.
15 ၁၅ ငါ​သည်​သင်​တို့​၏​ဆွေ​မျိုး​ဖြစ်​သည့်​ဧ​ဖ​ရိမ် ပြည်​သား​တို့​အား ငါ့​ရှေ့​မှောက်​မှ​နှင်​ထုတ် သ​ကဲ့​သို့​သင်​တို့​အား​နှင်​ထုတ်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​၏။
I will throw you out of my presence, just as I expelled all your Israelite relatives, all the descendants of Ephraim.
16 ၁၆ ``အ​ချင်း​ယေ​ရ​မိ၊ ဤ​လူ​တို့​အ​ဖို့​ဆု​တောင်း ပတ္ထ​နာ​မ​ပြု​နှင့်။ သူ​တို့​အ​တွက်​တောင်း​ပန်​မှု ကို​သော်​လည်း​ကောင်း၊ အ​သ​နား​ခံ​မှု​ကို သော်​လည်း​ကောင်း​မ​ပြု​နှင့်။ ငါ​သည်​သင် ၏​စ​ကား​ကို​နား​ထောင်​လိမ့်​မည်​မ​ဟုတ် သ​ဖြင့်​ငါ့​အား​မ​လျှောက်​မ​လဲ​နှင့်။-
You, Jeremiah, are not to pray for these people. Don't cry out to me in prayer for them, don't plead with me on their behalf, because I won't listen to you.
17 ၁၇ ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ​၌ သူ​တို့​ပြု​ကျင့်​လျက်​ရှိ​သော​အ​မှု​တို့​ကို သင်​မ​မြင်​သ​လော။-
Can't you see how they're behaving in the towns of Judah and in the streets of Jerusalem?
18 ၁၈ က​လေး​သူ​ငယ်​များ​သည်​ထင်း​ခွေ​၍​အ​မျိုး သား​ကြီး​များ​က​မီး​မွေး​ကာ​အ​မျိုး​သ​မီး ကြီး​များ​က ကောင်း​ကင်​မိ​ဖု​ရား​အ​မည်​တွင် သော​နတ်​သ​မီး​အား​ပူ​ဇော်​ရန်​မုန့်​ညက်​ကို နယ်​၍​မုန့်​ဖုတ်​ကြ​၏။ သူ​တို့​သည်​ငါ့​စိတ်​တော် မ​သာ​မ​ယာ​စေ​ရန်​အ​ခြား​ဘု​ရား​များ အ​တွက် စ​ပျစ်​ရည်​ပူ​ဇော်​သကာ​ကို​လည်း သွန်း​လောင်း​ဆက်​သ​ကြ​၏။-
The children collect the firewood, the fathers light the fire, and the women knead the dough to make cakes for the Queen of Heaven, and they pour out drink offerings to other gods to make me angry and hurt.
19 ၁၉ သို့​ရာ​တွင်​အ​ကယ်​ပင်​စိတ်​မ​သာ​မ​ယာ​ဖြစ်​သူ မှာ​ငါ​ပေ​လော'' မ​ဟုတ်​ပေ။ ``သူ​တို့​သည်​သာ လျှင်​မိ​မိ​တို့​စိတ်​ကို​မ​သာ​မ​ယာ​စေ​လျက် အ​ရှက်​ကွဲ​ရ​ကြ​ပေ​သည်။-
But is it really me they're hurting? declares the Lord. Aren't they really hurting themselves and bringing shame on themselves?
20 ၂၀ သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပြင်း​ထန်​သော​အ​မျက်​တော်​ကို ဤ ဗိ​မာန်​ပေါ်​သို့​သွန်း​လောင်း​မည်။ လူ​များ​နှင့် တိ​ရစ္ဆာန်​များ​အ​ပေါ်​သို့​လည်း​ကောင်း၊ သစ်​ပင် များ​နှင့်​အ​သီး​အ​နှံ​များ​အ​ပေါ်​သို့​လည်း ကောင်း​ငါ​သွန်း​လောင်း​မည်။ ငါ​၏​အ​မျက် တော်​သည်​အ​ဘယ်​သူ​မျှ​မ​ငြိမ်း​မ​သတ် နိုင်​သည့်​မီး​နှင့်​တူ​၏။
So this is what the Lord God says: Watch! My furious anger and will be poured out on this country, on people and animals, on the orchards and the crops in the field. It will burn and nobody will be able to put it out.
21 ၂၁ ဤ​သို့​လျှင်​အ​နန္တ​တန်​ခိုး​ရှင်​ဣ​သ​ရေ​လ လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ ``ငါ​၏​လူ​မျိုး​တော်၊ သင်​တို့ သည်​မိ​မိ​တို့​စား​ခွင့်​ရှိ​သည့်​ယဇ်​များ​ရှိ သ​လို​ယဇ်​ပလ္လင်​ပေါ်​တွင်​တင်​၍ တစ်​ကောင် လုံး​မီး​ရှို့​ပူ​ဇော်​သည့်​ယဇ်​များ​လည်း​ရှိ သည်။ ထို​ယဇ်​နှစ်​မျိုး​စ​လုံး​ကို​ပင်​စား ကြ​လော့။-
This is what the Lord Almighty, the God of Israel, says: You can add your burnt offerings to your other sacrifices and eat all the meat yourselves!
22 ၂၂ သင်​တို့​၏​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က ငါ​သည်​မီး ရှို့​ရာ​ပူ​ဇော်​သကာ​များ​နှင့်​ပတ်​သက်​၍​လည်း ကောင်း၊ အ​ခြား​ပူ​ဇော်​ရာ​ယဇ်​များ​နှင့်​ပတ် သက်​၍​လည်း​ကောင်း​အ​ဘယ်​ပညတ်​ကို မျှ​မ​ပေး​မ​အပ်​ခဲ့။-
When I led your forefathers out of Egypt I didn't just give them instructions about burnt offerings and sacrifices,
23 ၂၃ သို့​ရာ​တွင်​ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​၍​သူ​တို့​သည်​လည်း ငါ​၏​လူ​မျိုး​တော် ဖြစ်​စိမ့်​သော​ငှာ​ငါ့​စ​ကား​ကို​နား​ထောင်​ကြ ရန်​ကို​မူ​ငါ​ပ​ညတ်​ခဲ့​၏။ အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​ရေး​အ​တွက် ငါ​ချ​ပေး​သည့် လမ်း​စဉ်​အ​တိုင်း​လိုက်​လျှောက်​ပြု​ကျင့် ကြ​ရန်​ငါ​မှာ​ကြား​ခဲ့​၏။-
This is the commandment I gave them: Obey me, and I will be your God, and you will be my people. Follow everything I have commanded you to do, so that all will go well for you.
24 ၂၄ သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်၊ အ​လေး​ဂ​ရု​လည်း​မ​ပြု​ကြ။ သူ​တို့ သည်​မိ​မိ​တို့​၏​ခိုင်​မာ​ဆိုး​ညစ်​သည့်​စိတ်​နှ လုံး​မှ​ပေါ်​ထွက်​လာ​သည့်​အ​ကြံ​အ​စည်​များ အ​တိုင်း​ပြု​မူ​ကြ​ကုန်​သည်။ သူ​တို့​သည်​ပို​မို ကောင်း​မွန်​လာ​မည့်​အ​စား​ဆိုး​ယုတ်​၍​လာ ကြ​၏။-
But they refused to listen or pay attention. Instead they followed the desires of their own stubborn and evil thinking, so they ended up going backward and not forward.
25 ၂၅ အီ​ဂျစ်​ပြည်​က​သင်​တို့​၏​ဘိုး​ဘေး​များ​ထွက် လာ​သော​နေ့​မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင် ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ ကို​အ​မြဲ​တ​စေ စေ​လွှတ်​ခဲ့​၏။-
From the time your forefathers left Egypt until now, I have sent you time after time my servants the prophets.
26 ၂၆ သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​စ​ကား​ကို​နား မ​ထောင်။ အ​လေး​ဂ​ရု​လည်း​မ​ပြု​ကြ။ သင် တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး​များ​ထက်​ပင် ပို​မို​၍​ခေါင်း​မာ​ပုန်​ကန်​သူ​များ​ဖြစ်​လာ ကြ​လေ​သည်။
But you refused to listen or pay them attention. Instead, you became more stubborn and rebellious than your forefathers!
27 ၂၇ ``သို့​ဖြစ်​၍​အ​ချင်း​ယေ​ရ​မိ၊ သင်​သည်​ဤ စ​ကား​များ​ကို​သူ​တို့​အား​ပြော​ကြား​သော် လည်း သူ​တို့​နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်။ သင်​သည်​သူ​တို့​အား​ခေါ်​သော်​လည်း သူ​တို့ ထူး​ကြ​လိမ့်​မည်​မ​ဟုတ်။-
When you tell them all this, they won't listen to you. When you call out to them, they won't answer.
28 ၂၈ သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ကာ အ​ပြစ် ဒဏ်​ခံ​ရ​မှု​မှ​သင်​ခန်း​စာ​ကို​ခံ​ယူ​မည့်​လူ မျိုး​မ​ဟုတ်​ကြောင်း​ကို​သူ​တို့​အား​ပြော ကြား​လော့။ သစ္စာ​စ​ကား​သည်​ကွယ်​ပျောက် သွား​ပြီ။ ဟုတ်​မှန်​ရာ​ကို​မ​ပြော​ကြ​တော့​ပြီ။
So you have to tell them, “This is the nation that refused to listen to what the Lord their God said, and would not accept the Lord's discipline. Truth has died out; people don't even talk about it.
29 ၂၉ ``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ငို​ကြွေး​မြည်​တမ်း ကြ​လော့။ သင်​တို့​၏​ဆံ​ပင်​ကို​ဖြတ်​၍​ပစ်​ထုတ်​လိုက် ကြ​လော့။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​မျက်​တော် ရှ​သည့် လူ​မျိုး​တော်​အား​ပစ်​ပယ်​စွန့်​လွှတ်​လိုက်​ပြီ ဖြစ်​၍ သင်​တို့​သည်​တောင်​ထိပ်​များ​ပေါ်​တွင်​အ​သု​ဘ သီ​ချင်း​ကို​ဆို​ကြ​လော့။
Cut off your hair and throw it away. Sing a song of mourning on the bare hills, for the Lord has rejected and abandoned the generation who made him angry.”
30 ၃၀ ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သူ​တို့​သည် ဒု​စ​ရိုက်​ကို​ပြု​ကျင့်​ကြ​လေ​ပြီ။ သူ​တို့​သည် ငါ​စက်​ဆုတ်​သည့်​ရုပ်​တု​များ​ဖြင့် ငါ့​နာ​မ တော်​ကို​ဆောင်​သော​အိမ်​တော်​ထဲ​သို့​ယူ​ဆောင် လာ​၍​ညစ်​ညမ်း​စေ​လေ​ပြီ။-
For the people of Judah have done what is evil in my sight, declares the Lord. They have placed their offensive idols in my own Temple, making it unclean.
31 ၃၁ သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​အား မီး​ရှို့​ပူ​ဇော်​နိုင်​ရန် ဟိန္နုံ​ချိုင့်​ဝှမ်း​တွင်​တော​ဖက် နာ​မည်​တွင်​သော​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ကြ လေ​ပြီ။ ထို​အ​မှု​ကို​ပြု​ရန်​သူ​တို့​အား​ငါ မ​စေ​ခိုင်း​ခဲ့၊ စိတ်​ပင်​မ​ကူး​ခဲ့။-
They have built pagan shrines at Topheth in the Valley of Hinnom so they could sacrifice their sons and daughters by burning them in the fire. This is something I never commanded. I never even thought of such a thing!
32 ၃၂ သို့​ဖြစ်​၍​ထို​ချိုင့်​ဝှမ်း​သည်​တော​ဖက်​ဟူ​၍ သော်​လည်း​ကောင်း၊ ဟိန္နုံ​ဟူ​၍​သော်​လည်း​ကောင်း နာ​မည်​မ​တွင်​တော့​မည့်​နေ့​ရက်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ လူ​သေ​တို့​ကို​သင်္ဂြိုဟ်​ရန် နေ​ရာ​မ​ရှိ​တော့​သည့်​တိုင်​အောင် ထို​ချိုင့်​ဝှမ်း တွင်​သင်္ဂြိုဟ်​ရ​သော​ကြောင့် ထို​ချိုင့်​ဝှမ်း​ကို​ကွပ် မျက်​ရာ​ချိုင့်​ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့် မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
So watch out! The time is coming, declares the Lord, when instead of Topheth and the Valley of Hinnom this place will be called the Valley of Killing. People will bury their dead in Topheth until it's full.
33 ၃၃ လူ​သေ​အလောင်း​တို့​သည်​ငှက်​များ​နှင့်​တော သား​ရဲ​တို့​၏​အ​စာ​ဖြစ်​ကြ​လိမ့်​မည်။ ထို တိ​ရစ္ဆာန်​များ​အား​ခြောက်​လှန့်​နှင်​ထုတ်​မည့် သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။-
The dead bodies of these people will be food for birds of prey and wild animals, and there won't be anyone to scare them away.
34 ၃၄ ငါ​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း များ​တွင်​မ​င်္ဂ​လာ​ဆောင်​ခဲ့​၏။ ရွှင်​လန်း​ဝမ်း မြောက်​သံ​များ​ကို​ဆိတ်​သုဉ်း​စေ​မည်။ ထို ဒေ​သ​သည်​လူ​သူ​ကင်း​မဲ့​လိမ့်​မည်။
I will put a stop to the cheerful sounds of celebration and the happy voices of the bride and bridegroom from the cities of Judah and the streets of Jerusalem, for the country will be turned into a wasteland.

< ယေရမိ 7 >