< ယေရမိ 6 >
1 ၁ ဗင်္ယာမိန်ပြည်သားတို့၊ ဘေးမဲ့လုံခြုံရာသို့ပြေး ကြလော့။ ယေရုရှလင်မြို့မှထွက်သွားကြလော့။ တေကောရွာ၌တံပိုးခရာကိုမှုတ်ကြလော့။ ဗေသက္ကရင်ရွာတွင်အချက်ပြမီးရှူးတိုင်ကို မြှောက်တင်ကြလော့။ ဘေးအန္တရာယ်နှင့်ပျက်စီး ခြင်းသည်မြောက်အရပ်မှရောက်ရှိလာတော့ မည်။-
“Kimbieni kwa usalama wenu, enyi watu wa Benyamini! Kimbieni kutoka Yerusalemu! Pigeni tarumbeta katika Tekoa! Inueni ishara juu ya Beth-Hakeremu! Kwa kuwa maafa yanaonekana yakitoka kaskazini, na uharibifu wa kutisha.
2 ၂ ဇိအုန်သမီးပျိုသည်လှပ၍သိမ်မွေ့ သော်လည်း ဖျက်ဆီးခြင်းခံရလိမ့်မည်။-
Nitamwangamiza Binti Sayuni, aliye mzuri sana na mwororo.
3 ၃ သိုးထိန်းများသည်မိမိတို့သိုးများနှင့်ထို အရပ်တွင်စခန်းချကြလိမ့်မည်။ သူတို့သည် မိမိတို့တဲရှင်များကိုသင်၏ပတ်လည်တွင် ထိုးပြီးလျှင် မိမိတို့အသီးသီးအလိုရှိ ရာတွင်စခန်းချကြလိမ့်မည်။-
Wachungaji pamoja na makundi yao watakuja dhidi yake; watapiga mahema yao kumzunguka, kila mmoja akichunga kundi lake mwenyewe.”
4 ၄ သူတို့က``ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန် အသင့်ပြင်ထားကြလော့။ မွန်းတည့်ချိန်၌ ငါတို့တိုက်ခိုက်ကြကုန်အံ့'' ဟုဆိုကြ၏။ သို့ ရာတွင်သူတို့က ``ကနေ့အချိန်ကုန်လွန် တော့မည်။ ညနေစောင်းကျချိန်ရောက်ပြီ ဖြစ်၍ယခုနောက်ကျသွားပေပြီ။-
“Jiandaeni kwa vita dhidi yake! Inukeni tumshambulie mchana! Lakini, ole wetu, mchana unaisha, na vivuli vya jioni vinazidi kuwa virefu.
5 ၅ ညဥ့်အခါငါတို့တိုက်ခိုက်ကြကုန်အံ့။ ယေရု ရှလင်မြို့ခံတပ်များကိုဖြိုဖျက်ကြကုန်အံ့'' ဟုဆိုကြ၏။
Kwa hiyo inukeni, tufanye mashambulizi usiku, na kuharibu ngome zake!”
6 ၆ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ ဘုရင်တို့အားယေရုရှလင်မြို့ကိုဝိုင်းရံ ထားနိုင်ရန်သစ်ပင်များကိုခုတ်လှဲ၍ မြေ ကတုတ်များကိုဖို့စေခြင်းငှာအမိန့်ပေး တော်မူလေပြီ။ ကိုယ်တော်က``ဤမြို့သည် ညှင်းပန်းနှိပ်စက်မှုနှင့်ပြည့်နှက်လျက်ရှိ သဖြင့်ငါသည်ဤမြို့ကိုဒဏ်ခတ်မည်။-
Hivi ndivyo asemavyo Bwana Mwenye Nguvu Zote: “Kateni miti mjenge boma kuzunguka Yerusalemu. Mji huu ni lazima uadhibiwe, umejazwa na uonevu.
7 ၇ စမ်းရေတွင်းမှရေသည်အစဉ်စီးထွက်လျက် ရှိသကဲ့သို့ယေရုရှလင်မြို့မှမကောင်းမှု များသည်အစဉ်ယိုစီးလျက်နေ၏။ မြို့ထဲ ၌အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့ ကိုငါကြားရ၍ဖျားနာမှုနှင့်ဒဏ်ရာ ဒဏ်ချက်များကိုငါမြင်ရ၏။-
Kama vile kisima kinavyomwaga maji yake, ndivyo anavyomwaga uovu wake. Ukatili na maangamizi yasikika ndani yake, ugonjwa wake na majeraha yake viko mbele yangu daima.
8 ၈ အို ယေရုရှလင်မြို့သားတို့၊ သင်တို့သည်ဤ အမှုအရာများမှသင်ခန်းစာယူကြလော့။ သို့မဟုတ်ပါမူငါသည်သင်တို့အားအစဉ် စွန့်ပစ်မည်။ သင်တို့မြို့ကိုလူသူကင်းမဲ့ရာ သွေ့ခြောက်သောဒေသအဖြစ်သို့ငါပြောင်း လဲစေမည်'' ဟုမိန့်တော်မူ၏။
Pokea onyo, ee Yerusalemu, la sivyo nitageukia mbali nawe na kuifanya nchi yako kuwa ukiwa, asiweze mtu kuishi ndani yake.”
9 ၉ အနန္တတန်ခိုးရှင်ထာဝရဘုရားက ငါ့ အား``စပျစ်ဥယျာဉ်မှစပျစ်သီးရှိသမျှ ကိုအကြွင်းအကျန်မရှိအောင်ဆွတ်ခူးသကဲ့ သို့၊ ဣသရေလပြည်မှလူအကြွင်းအကျန် မရှိစေရ။ သို့ဖြစ်၍သင်သည်အချိန်ရှိခိုက် ကယ်ဆယ်၍ရနိုင်သမျှဣသရေလအမျိုး သားတို့အားကယ်ဆယ်ရမည်ဟုမိန့်တော် မူ၏။
Hivi ndivyo asemavyo Bwana Mwenye Nguvu Zote: “Wao na wayakusanye mabaki ya Israeli kwa uangalifu kama kwenye mzabibu; pitisha mkono wako kwenye matawi tena, kama yeye avunaye zabibu.”
10 ၁၀ ငါကလည်း``အကယ်၍ကျွန်တော်မျိုးပြော ဆိုသတိပေးသော် အဘယ်သူသည်ကျွန်တော် မျိုး၏စကားကိုနားထောင်ပါမည်နည်း။ သူ တို့သည်နားများကိုပိတ်၍ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်ကိုနာခံရန်ငြင်းဆိုလျက် ကိုယ် တော်ရှင်၏နှုတ်ကပတ်တော်ကိုပြက်ရယ်ပြု ကြပါ၏။-
Niseme na nani na kumpa onyo? Ni nani atakayenisikiliza mimi? Masikio yao yameziba, kwa hiyo hawawezi kusikia. Neno la Bwana ni chukizo kwao, hawalifurahii.
11 ၁၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ် တော်ရှင်၏အမျက်တော်နှင့်ပြည့်လျက်ရှိ သဖြင့် မျိုသိပ်၍ပင်မထားနိုင်တော့ပါ'' ဟုပြန်လည်လျှောက်ထား၏။ ထိုအခါ ထာဝရဘုရားက``ငါ၏အမျက် တော်ကိုလမ်းများပေါ်ရှိကလေးသူငယ်တို့ အပေါ်သို့လည်းကောင်း၊ လူငယ်လူရွယ်အစု အဝေးများပေါ်သို့လည်းကောင်းသွန်းလောင်း လော့။ ဇနီးမောင်နှံများနှင့်အလွန်အိုမင်းသူ များသည်ချမ်းသာရာရကြလိမ့်မည်မဟုတ်။ သူတို့၏အိမ်များ၊ လယ်ယာများနှင့်အမျိုး သမီးများသည်သူတစ်ပါးလက်သို့ရောက်ရှိ ရကြလိမ့်မည်။ ငါသည်ဤပြည်မှလူတို့ကို လက်တော်ကိုဆန့်လျက်အပြစ်ဒဏ်ပေးတော် မူမည်။-
Lakini nimejaa ghadhabu ya Bwana, nami siwezi kuizuia. “Wamwagie watoto walioko barabarani, na juu ya vijana waume waliokusanyika; mume na mke watakumbwa pamoja ndani yake, hata nao wazee waliolemewa na miaka.
Nyumba zao zitapewa watu wengine, pamoja na mashamba yao na wake zao, nitakapounyoosha mkono wangu dhidi ya wale waishio katika nchi,” asema Bwana.
13 ၁၃ ကြီးငယ်မဟူလူအပေါင်းတို့သည်မတရား စီးပွားရှာကြ၏။ ပရောဖက်များနှင့်ယဇ်ပု ရောဟိတ်များပင်လျှင်လူတို့ကိုလှည့်ဖြား ကြ၏။-
“Kuanzia aliye mdogo kabisa hadi aliye mkubwa kabisa, wote wana tamaa ya kupata faida zaidi; manabii na makuhani wanafanana, wote wanafanya udanganyifu.
14 ၁၄ ထိုသူတို့သည်ငါ့လူမျိုးတော်၏အနာများ ကိုပေါ့ပေါ့တန်တန်သဘောထား၍ကုသ ကြ၏။ `အစစအရာရာအဆင်မပြေချိန် ၌အစစအရာရာအဆင်ပြေပါသည်' ဟုဆိုကြ၏။-
Wanafunga majeraha ya watu wangu bila uangalifu. Wanasema, ‘Amani, amani,’ wakati hakuna amani.
15 ၁၅ သူတို့သည်စက်ဆုတ်သည့်အမှုတို့ကိုပြုကျင့် သည့်အတွက်ရှက်ကြပါသလော။ အလျှင်း မရှက်ကြ။ ရှက်သွေးရောင်ပင်မသန်းကြ။ သို့ ဖြစ်၍သူတို့သည်အခြားသူများနည်းတူ ပြိုလဲရကြလိမ့်မည်။ ငါအပြစ်ဒဏ်ခတ်သော အခါသူတို့သည်ဆုံးခန်းသို့ရောက်ကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Je, wanaona aibu kwa ajili ya tabia yao inayochukiza mno? Hapana, hawana aibu hata kidogo; hawajui hata kuona haya. Kwa hiyo wataanguka miongoni mwa hao walioanguka, watashushwa chini nitakapowaadhibu,” asema Bwana.
16 ၁၆ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား``လမ်းဆုံလမ်းခွတို့တွင်ရပ်၍ကြည့် ကြလော့။ ရှေးလမ်းဟောင်းတို့ကိုစုံစမ်း ရှာဖွေကြလော့။ အကောင်းဆုံးသောလမ်း အဘယ်မှာနည်းဟုမေးမြန်း၍ ထိုလမ်းသို့ လိုက်လျှင်သင်တို့၏ဝိညာဉ်သည်ငြိမ်းချမ်း သာယာမှုရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်သူတို့က``ထိုလမ်းကို အကျွန်ုပ် တို့မလိုက်လိုပါ'' ဟုပြန်ပြောကြ၏။
Hivi ndivyo asemavyo Bwana: “Simama kwenye njia panda utazame, ulizia mapito ya zamani, ulizia wapi ilipo njia nzuri, uifuate hiyo, nanyi mtapata raha nafsini mwenu. Lakini ninyi mlisema, ‘Hatutaipita hiyo.’
17 ၁၇ တံပိုးခရာမှုတ်၍သတိပေးသံကိုနား ထောင်ရန် ထာဝရဘုရားသည် ကင်းစောင့်များ ကိုခန့်ထားတော်မူ၏။ သို့ရာတွင်ထိုသူတို့ က``အကျွန်ုပ်တို့နားမထောင်လိုပါ'' ဟု ဆိုကြ၏။
Niliweka walinzi juu yenu na kusema, ‘Sikieni sauti ya tarumbeta!’ Lakini mkasema, ‘Hatutasikiliza.’
18 ၁၈ ထို့ကြောင့်ထာဝရဘုရားက``အချင်းလူမျိုး တကာတို့၊ နားထောင်ကြလော့။ အချင်းသက်သေ အပေါင်းတို့၊ ငါ၏လူမျိုးတော်ကြုံတွေ့ရမည့် ကံကြမ္မာကိုလေ့လာကြလော့။-
Kwa hiyo sikilizeni, enyi mataifa, angalieni, enyi mashahidi, lile litakalowatokea.
19 ၁၉ ကမ္ဘာမြေကြီးသားတို့၊ နားထောင်ကြလော့။ ဤ လူတို့သည်ငါ့စကားကိုမနာယူ၊ ငါ၏သြ ဝါဒကိုလည်းပစ်ပယ်ကြ၏။ သို့ဖြစ်၍ငါ သည်သူတို့ခံယူထိုက်သည့်ဘေးအန္တရာယ် ဆိုးကိုသူတို့အပေါ်သို့သက်ရောက်စေမည်။-
Sikia, ee nchi: Ninaleta maafa juu ya watu hawa, matunda ya mipango yao, kwa sababu hawakusikiliza maneno yangu na wameikataa sheria yangu.
20 ၂၀ ရှေဘပြည်မှသူတို့ယူဆောင်လာသောလော်ဗန် ကိုသော်လည်းကောင်း၊ ဝေးလံရပ်ခြားမှယူဆောင် လာသည့်နံ့သာပေါင်းကိုသော်လည်းကောင်းငါ အလိုမရှိ။ သူတို့၏ပူဇော်သကာများကိုငါ လက်မခံ၊ သူတို့ယဇ်ပူဇော်ခြင်းများကိုငါ မနှစ်သက်'' ဟုမိန့်တော်မူ၏။-
Unanifaa nini uvumba kutoka Sheba, au udi wa harufu nzuri kutoka nchi ya mbali? Sadaka zako za kuteketezwa hazikubaliki, dhabihu zako hazinifurahishi mimi.”
21 ၂၁ သို့ဖြစ်၍ငါသည်ဤလူတို့ရှေ့တွင်ခလုတ် များချထားသဖြင့် ခြေချော်၍လဲစေမည်။ ဖခင်များနှင့်သားများသည်လည်းကောင်း မိတ်ဆွေများနှင့်အိမ်နီးချင်းများသည် လည်းကောင်းသေရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
Kwa hiyo hivi ndivyo asemavyo Bwana: “Nitaweka vikwazo mbele ya watu hawa. Baba na wana wao watajikwaa juu yake, majirani na marafiki wataangamia.”
22 ၂၂ ထာဝရဘုရားက``မြောက်အရပ်ရှိနိုင်ငံတစ် ခုမှ လူတို့သည် ချီတက်လာကြလိမ့်မည်။ ရပ် ဝေးမှအင်အားကြီးမားသည့်လူမျိုးသည် စစ်တိုက်ရန်ပြင်ဆင်လျက်နေ၏။-
Hivi ndivyo asemavyo Bwana: “Tazama, jeshi linakuja kutoka nchi ya kaskazini, taifa kubwa linaamshwa kutoka miisho ya dunia.
23 ၂၃ သူတို့သည်လေးများ၊ လှံများကိုစွဲကိုင်ကြ လေပြီ။ သူတို့သည်ရက်စက်ကြမ်းကြုတ်၍ သနားကရုဏာကင်းမဲ့သူများဖြစ်ကြ၏။ မြင်းများကိုစီး၍လာချိန်၌သူတို့၏အသံ သည်ပင်လယ်မြည်ဟည်းသံနှင့်တူ၏။ သူတို့ သည်ဇိအုန်မြို့ကိုတိုက်ခိုက်ရန်အသင့်ရှိ လေပြီ။''
Wamejifunga pinde na mkuki, ni wakatili na hawana huruma. Wanatoa sauti kama bahari inayonguruma wanapoendesha farasi zao. Wanakuja kama watu waliojipanga tayari kwa vita ili kukushambulia, ee Binti Sayuni.”
24 ၂၄ ယေရုရှလင်မြို့သားတို့က``ဤသတင်းကို ငါတို့ကြားသောအခါ ငါတို့၏လက်များ သည်ပျော့ခွေ၍သွားပါ၏။ ငါတို့သည်သား ဖွားသောအမျိုးသမီးကဲ့သို့ပြင်းစွာ ဝေဒနာခံရကြပါ၏။-
Tumesikia taarifa zao, nayo mikono yetu imelegea. Uchungu umetushika, maumivu kama ya mwanamke katika utungu wa kuzaa.
25 ၂၅ ရန်သူတို့သည်လက်နက်များကိုစွဲကိုင်လျက် ငါတို့အားဘေးအန္တရာယ်ဝိုင်း၍နေသဖြင့် ငါ တို့သည်ကျေးလက်များသို့မထွက်ဝံ့။ လမ်း များပေါ်တွင်လည်းမလျှောက်ဝံ့'' ဟုဆိုကြ၏။
Usitoke kwenda mashambani au kutembea barabarani, kwa kuwa adui ana upanga, na kuna vitisho kila upande.
26 ၂၆ ထာဝရဘုရားက မိမိလူမျိုးတော်အား``သင် တို့သည်လျှော်တေကိုဝတ်၍ပြာထဲ၌လူးလှိမ့် ကြလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေး မြည်တမ်းသကဲ့သို့ဝမ်းနည်းပက်လက်ငိုကြွေး ကြလော့။ အဘယ်ကြောင့်ဆိုသော်သင်တို့အား သုတ်သင်ဖျက်ဆီးရန်လာသူသည် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သောကြောင့်တည်း။-
Enyi watu wangu, vaeni magunia mjivingirishe kwenye majivu, ombolezeni kwa kilio cha uchungu kama amliliaye mwana pekee, kwa maana ghafula mharabu atatujia.
27 ၂၇ အချင်းယေရမိ၊ ငါ့လူမျိုးတော်ကိုသတ္တု အားဆန်းစစ်သကဲ့သို့သူတို့၏အကျင့် အကြံများကိုသိစေရန်ဆန်းစစ်၍ကြည့် လော့။-
“Nimekufanya wewe kuwa kitu cha kujaribu chuma, nao watu wangu kama mawe yenye madini, ili upate kuzijua na kuzijaribu njia zao.
28 ၂၈ သူတို့အားလုံးပင်ခေါင်းမာသည့်သူပုန် များဖြစ်ကြ၏။ သူတို့သည်ကြေးဝါကဲ့ သို့လည်းကောင်း၊ သံကဲ့သို့လည်းကောင်းမာ ကြောကြ၏။ သူတို့သည်လှည့်လည်သွားလာ ၍ကုန်းချောတတ်ကြ၏။ အကျင့်ပျက်သူ များဖြစ်ကြ၏။-
Wote ni waasi sugu, wakienda huku na huko kusengenya. Wao ni shaba na chuma, wote wanatenda upotovu.
29 ၂၉ သတ္တုကျိုရာမီးဖိုကြီးသည်အပူရှိန်ပြင်း ၍လာသော်လည်း သတ္တုချေးများသည်အရည် မပျော်၊ စီးမထွက်ဘဲနေသဖြင့်ငါ၏လူမျိုး တော်အားချေးညှော်ကိုဆက်လက်၍ချွတ် နေပါသော်လည်းအကျိုးမရှိ။ အဘယ် ကြောင့်ဆိုသော်ဆိုးညစ်သူတို့ကိုထုတ် ပစ်၍မရသောကြောင့်ဖြစ်၏။-
Mivuo inavuma kwa nguvu, kinachoungua kwa huo moto ni risasi, lakini pamoja na kusafisha kote huku ni bure; waovu hawaondolewi.
30 ၃၀ ငါထာဝရဘုရားသည်သူတို့အားပစ်ပယ် လိုက်လေပြီ။ ထို့ကြောင့်သူတို့ကိုအပယ်ခံ ငွေချော်မြှုပ်ဟူ၍ခေါ်ရမည်'' ဟုမိန့်တော် မူ၏။
Wanaitwa fedha iliyokataliwa, kwa sababu Bwana amewakataa.”