< ယေရမိ 6 >
1 ၁ ဗင်္ယာမိန်ပြည်သားတို့၊ ဘေးမဲ့လုံခြုံရာသို့ပြေး ကြလော့။ ယေရုရှလင်မြို့မှထွက်သွားကြလော့။ တေကောရွာ၌တံပိုးခရာကိုမှုတ်ကြလော့။ ဗေသက္ကရင်ရွာတွင်အချက်ပြမီးရှူးတိုင်ကို မြှောက်တင်ကြလော့။ ဘေးအန္တရာယ်နှင့်ပျက်စီး ခြင်းသည်မြောက်အရပ်မှရောက်ရှိလာတော့ မည်။-
Fly, de Benjamins-søner, ut or Jerusalem, og blås i herlur i Tekoa, og reis upp eit merke yver Bet-Hakkerem! for ei ulukka trugar nordantil med stor øydeleggjing.
2 ၂ ဇိအုန်သမီးပျိုသည်လှပ၍သိမ်မွေ့ သော်လည်း ဖျက်ဆီးခြင်းခံရလိမ့်မည်။-
Den fagre og kjælne, Sions dotter, henne tyner eg.
3 ၃ သိုးထိန်းများသည်မိမိတို့သိုးများနှင့်ထို အရပ်တွင်စခန်းချကြလိမ့်မည်။ သူတို့သည် မိမိတို့တဲရှင်များကိုသင်၏ပတ်လည်တွင် ထိုးပြီးလျှင် မိမိတို့အသီးသီးအလိုရှိ ရာတွင်စခန်းချကြလိမ့်မည်။-
Til henne skal hyrdingar koma med hjorderne sine; dei slær upp tjeld rundt kringum henne, dei beiter av kvar sitt stykke.
4 ၄ သူတို့က``ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန် အသင့်ပြင်ထားကြလော့။ မွန်းတည့်ချိန်၌ ငါတို့တိုက်ခိုက်ကြကုန်အံ့'' ဟုဆိုကြ၏။ သို့ ရာတွင်သူတို့က ``ကနေ့အချိန်ကုန်လွန် တော့မည်။ ညနေစောင်းကျချိန်ရောက်ပြီ ဖြစ်၍ယခုနောက်ကျသွားပေပြီ။-
Vigsla dykk til strid mot henne! Statt upp og lat oss draga upp høgst å dag! Usæle me! For det lid på dagen, og kveldskuggarne lengjest.
5 ၅ ညဥ့်အခါငါတို့တိုက်ခိုက်ကြကုန်အံ့။ ယေရု ရှလင်မြို့ခံတပ်များကိုဖြိုဖျက်ကြကုန်အံ့'' ဟုဆိုကြ၏။
Statt upp og lat oss draga upp um natti, og lat oss leggja hennar borghaller øyde!
6 ၆ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ ဘုရင်တို့အားယေရုရှလင်မြို့ကိုဝိုင်းရံ ထားနိုင်ရန်သစ်ပင်များကိုခုတ်လှဲ၍ မြေ ကတုတ်များကိုဖို့စေခြင်းငှာအမိန့်ပေး တော်မူလေပြီ။ ကိုယ်တော်က``ဤမြို့သည် ညှင်းပန်းနှိပ်စက်မှုနှင့်ပြည့်နှက်လျက်ရှိ သဖြင့်ငါသည်ဤမြို့ကိုဒဏ်ခတ်မည်။-
For so segjer Herren, allhers drott: Hogg tre og kasta upp ein voll mot Jerusalem! Det er byen som skal verta heimsøkt; han er fullsett med vondskap all igjenom.
7 ၇ စမ်းရေတွင်းမှရေသည်အစဉ်စီးထွက်လျက် ရှိသကဲ့သို့ယေရုရှလင်မြို့မှမကောင်းမှု များသည်အစဉ်ယိုစီးလျက်နေ၏။ မြို့ထဲ ၌အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့ ကိုငါကြားရ၍ဖျားနာမှုနှင့်ဒဏ်ရာ ဒဏ်ချက်များကိုငါမြင်ရ၏။-
Likeins som brunnen let vatn vella fram, soleis let han sin vondskap vella fram. Valdsverk og tjon høyrest der, sår og slag er stødt framfor mi åsyn.
8 ၈ အို ယေရုရှလင်မြို့သားတို့၊ သင်တို့သည်ဤ အမှုအရာများမှသင်ခန်းစာယူကြလော့။ သို့မဟုတ်ပါမူငါသည်သင်တို့အားအစဉ် စွန့်ပစ်မည်။ သင်တို့မြို့ကိုလူသူကင်းမဲ့ရာ သွေ့ခြောက်သောဒေသအဖြစ်သို့ငါပြောင်း လဲစေမည်'' ဟုမိန့်တော်မူ၏။
Lat deg segja, Jerusalem, so mi sjæl ikkje skal venda seg frå deg, so eg ikkje skal gjera deg til ei audn, til eit ubygt land.
9 ၉ အနန္တတန်ခိုးရှင်ထာဝရဘုရားက ငါ့ အား``စပျစ်ဥယျာဉ်မှစပျစ်သီးရှိသမျှ ကိုအကြွင်းအကျန်မရှိအောင်ဆွတ်ခူးသကဲ့ သို့၊ ဣသရေလပြည်မှလူအကြွင်းအကျန် မရှိစေရ။ သို့ဖြစ်၍သင်သည်အချိန်ရှိခိုက် ကယ်ဆယ်၍ရနိုင်သမျှဣသရေလအမျိုး သားတို့အားကယ်ဆယ်ရမည်ဟုမိန့်တော် မူ၏။
So segjer Herren, allhers drott: Ei attpå-sanking, liksom på eit vintre, skal dei gjera på leivningen av Israel.
10 ၁၀ ငါကလည်း``အကယ်၍ကျွန်တော်မျိုးပြော ဆိုသတိပေးသော် အဘယ်သူသည်ကျွန်တော် မျိုး၏စကားကိုနားထောင်ပါမည်နည်း။ သူ တို့သည်နားများကိုပိတ်၍ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်ကိုနာခံရန်ငြင်းဆိုလျက် ကိုယ် တော်ရှင်၏နှုတ်ကပတ်တော်ကိုပြက်ရယ်ပြု ကြပါ၏။-
Kven skal eg tala til og vitna for, so dei høyrer? Sjå, øyra deira er u-umskore so dei ikkje kann gjeva gaum; sjå, Herrens ord er vorte til spott bland deim, dei likar det ikkje,
11 ၁၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ် တော်ရှင်၏အမျက်တော်နှင့်ပြည့်လျက်ရှိ သဖြင့် မျိုသိပ်၍ပင်မထားနိုင်တော့ပါ'' ဟုပြန်လည်လျှောက်ထား၏။ ထိုအခါ ထာဝရဘုရားက``ငါ၏အမျက် တော်ကိုလမ်းများပေါ်ရှိကလေးသူငယ်တို့ အပေါ်သို့လည်းကောင်း၊ လူငယ်လူရွယ်အစု အဝေးများပေါ်သို့လည်းကောင်းသွန်းလောင်း လော့။ ဇနီးမောင်နှံများနှင့်အလွန်အိုမင်းသူ များသည်ချမ်းသာရာရကြလိမ့်မည်မဟုတ်။ သူတို့၏အိမ်များ၊ လယ်ယာများနှင့်အမျိုး သမီးများသည်သူတစ်ပါးလက်သို့ရောက်ရှိ ရကြလိမ့်မည်။ ငါသည်ဤပြည်မှလူတို့ကို လက်တော်ကိုဆန့်လျက်အပြစ်ဒဏ်ပေးတော် မူမည်။-
Men eg er full av Herrens harm, eg er utmødd av å halda honom inne.
Og husi deira skal koma i annan manns eige, deira jorder og konor like eins. For eg vil retta ut mi hand mot deim som bur i landet, segjer Herren.
13 ၁၃ ကြီးငယ်မဟူလူအပေါင်းတို့သည်မတရား စီးပွားရှာကြ၏။ ပရောဖက်များနှင့်ယဇ်ပု ရောဟိတ်များပင်လျှင်လူတို့ကိုလှည့်ဖြား ကြ၏။-
For både små og store, alle saman søkjer dei låk vinning; både profet og prest, kvar ein fer med svik.
14 ၁၄ ထိုသူတို့သည်ငါ့လူမျိုးတော်၏အနာများ ကိုပေါ့ပေါ့တန်တန်သဘောထား၍ကုသ ကြ၏။ `အစစအရာရာအဆင်မပြေချိန် ၌အစစအရာရာအဆင်ပြေပါသည်' ဟုဆိုကြ၏။-
Og dei fer lettvint åt med å lækja mitt folks skade, med di dei segjer: «Fred, fred!» endå det ingen fred er.
15 ၁၅ သူတို့သည်စက်ဆုတ်သည့်အမှုတို့ကိုပြုကျင့် သည့်အတွက်ရှက်ကြပါသလော။ အလျှင်း မရှက်ကြ။ ရှက်သွေးရောင်ပင်မသန်းကြ။ သို့ ဖြစ်၍သူတို့သည်အခြားသူများနည်းတူ ပြိုလဲရကြလိမ့်မည်။ ငါအပြစ်ဒဏ်ခတ်သော အခါသူတို့သည်ဆုံးခန်းသို့ရောက်ကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Dei skal standa til skammar; for dei hev gjort skjemdarverk. Men dei korkje skjemmest eller veit kva det er å blygjast. Difor skal dei falla med deim som fell, den tid eg heimsøkjer deim, skal dei snåva, segjer Herren.
16 ၁၆ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား``လမ်းဆုံလမ်းခွတို့တွင်ရပ်၍ကြည့် ကြလော့။ ရှေးလမ်းဟောင်းတို့ကိုစုံစမ်း ရှာဖွေကြလော့။ အကောင်းဆုံးသောလမ်း အဘယ်မှာနည်းဟုမေးမြန်း၍ ထိုလမ်းသို့ လိုက်လျှင်သင်တို့၏ဝိညာဉ်သည်ငြိမ်းချမ်း သာယာမှုရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်သူတို့က``ထိုလမ်းကို အကျွန်ုပ် တို့မလိုက်လိုပါ'' ဟုပြန်ပြောကြ၏။
So sagde Herren: Statt på vegarne og sjå etter og spør etter dei gamle stigarne, kvar vegen til det gode er, og ferdast so på den, so skal de finna kvild for sjælerne dykkar. Men dei sagde: «Me vil ikkje ferdast på honom.»
17 ၁၇ တံပိုးခရာမှုတ်၍သတိပေးသံကိုနား ထောင်ရန် ထာဝရဘုရားသည် ကင်းစောင့်များ ကိုခန့်ထားတော်မူ၏။ သို့ရာတွင်ထိုသူတို့ က``အကျွန်ုပ်တို့နားမထောင်လိုပါ'' ဟု ဆိုကြ၏။
Og eg sette vaktmenner yver dykk og sagde: «Lyd vel etter lurljomen!» Men dei sagde: «Me vil ikkje lyda etter.»
18 ၁၈ ထို့ကြောင့်ထာဝရဘုရားက``အချင်းလူမျိုး တကာတို့၊ နားထောင်ကြလော့။ အချင်းသက်သေ အပေါင်းတို့၊ ငါ၏လူမျိုးတော်ကြုံတွေ့ရမည့် ကံကြမ္မာကိုလေ့လာကြလော့။-
Difor høyr, de folk, og få vit på, du lyd, kva som i deim bur.
19 ၁၉ ကမ္ဘာမြေကြီးသားတို့၊ နားထောင်ကြလော့။ ဤ လူတို့သည်ငါ့စကားကိုမနာယူ၊ ငါ၏သြ ဝါဒကိုလည်းပစ်ပယ်ကြ၏။ သို့ဖြစ်၍ငါ သည်သူတို့ခံယူထိုက်သည့်ဘေးအန္တရာယ် ဆိုးကိုသူတို့အပေါ်သို့သက်ရောက်စေမည်။-
Høyr det, du jord: sjå, eg fører ulukka yver dette folk - den grøda deira løynderåder hev bore - for dei hev ikkje gjeve gaum etter mine ord, og loverne mine mismætte dei.
20 ၂၀ ရှေဘပြည်မှသူတို့ယူဆောင်လာသောလော်ဗန် ကိုသော်လည်းကောင်း၊ ဝေးလံရပ်ခြားမှယူဆောင် လာသည့်နံ့သာပေါင်းကိုသော်လည်းကောင်းငါ အလိုမရှိ။ သူတို့၏ပူဇော်သကာများကိုငါ လက်မခံ၊ သူတို့ယဇ်ပူဇော်ခြင်းများကိုငါ မနှစ်သက်'' ဟုမိန့်တော်မူ၏။-
Kva skal eg med røykjelse som kjem frå Sjeba, og med den beste kalmus frå eit land langt burte? Brennofferi dykkar er ikkje til hugnad, og slagtofferi hev eg ikkje hug på.
21 ၂၁ သို့ဖြစ်၍ငါသည်ဤလူတို့ရှေ့တွင်ခလုတ် များချထားသဖြင့် ခြေချော်၍လဲစေမည်။ ဖခင်များနှင့်သားများသည်လည်းကောင်း မိတ်ဆွေများနှင့်အိမ်နီးချင်းများသည် လည်းကောင်းသေရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
Difor, so segjer Herren: Sjå, eg legg støytesteinar for dette folket, og feder og søner saman skal snåva på deim, granne med granne skal verta tynt.
22 ၂၂ ထာဝရဘုရားက``မြောက်အရပ်ရှိနိုင်ငံတစ် ခုမှ လူတို့သည် ချီတက်လာကြလိမ့်မည်။ ရပ် ဝေးမှအင်အားကြီးမားသည့်လူမျိုးသည် စစ်တိုက်ရန်ပြင်ဆင်လျက်နေ၏။-
So segjer Herren: Sjå, eit folk kjem frå Norderlandet, ei stor tjod ris upp frå utkanten av jordi.
23 ၂၃ သူတို့သည်လေးများ၊ လှံများကိုစွဲကိုင်ကြ လေပြီ။ သူတို့သည်ရက်စက်ကြမ်းကြုတ်၍ သနားကရုဏာကင်းမဲ့သူများဖြစ်ကြ၏။ မြင်းများကိုစီး၍လာချိန်၌သူတို့၏အသံ သည်ပင်လယ်မြည်ဟည်းသံနှင့်တူ၏။ သူတို့ သည်ဇိအုန်မြို့ကိုတိုက်ခိုက်ရန်အသင့်ရှိ လေပြီ။''
Um boge og spjot held dei traust, illharde er dei og syner ikkje miskunn. Røysti deira marmar som havet, og på hestar kjem dei ridande, budde som menner til strid mot deg, du dotter Sion.
24 ၂၄ ယေရုရှလင်မြို့သားတို့က``ဤသတင်းကို ငါတို့ကြားသောအခါ ငါတို့၏လက်များ သည်ပျော့ခွေ၍သွားပါ၏။ ငါတို့သည်သား ဖွားသောအမျိုးသမီးကဲ့သို့ပြင်းစွာ ဝေဒနာခံရကြပါ၏။-
Me hev fenge fretnader um deim, magtstolne seig våre hender; me tok fæla, fekk flagor som kvinna i føderider.
25 ၂၅ ရန်သူတို့သည်လက်နက်များကိုစွဲကိုင်လျက် ငါတို့အားဘေးအန္တရာယ်ဝိုင်း၍နေသဖြင့် ငါ တို့သည်ကျေးလက်များသို့မထွက်ဝံ့။ လမ်း များပေါ်တွင်လည်းမလျှောက်ဝံ့'' ဟုဆိုကြ၏။
Gakk ikkje ut på marki og ferdast ikkje på vegen! For fienden hev sverd; rædsla rundt ikring.
26 ၂၆ ထာဝရဘုရားက မိမိလူမျိုးတော်အား``သင် တို့သည်လျှော်တေကိုဝတ်၍ပြာထဲ၌လူးလှိမ့် ကြလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေး မြည်တမ်းသကဲ့သို့ဝမ်းနည်းပက်လက်ငိုကြွေး ကြလော့။ အဘယ်ကြောင့်ဆိုသော်သင်တို့အား သုတ်သင်ဖျက်ဆီးရန်လာသူသည် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သောကြောင့်တည်း။-
Du dotter, mitt folk, gyrd deg med sekk og velt deg i oska, set i syrgjelæte som yver ein einberning, øya deg sårt! For brått kjem tynaren yver oss.
27 ၂၇ အချင်းယေရမိ၊ ငါ့လူမျိုးတော်ကိုသတ္တု အားဆန်းစစ်သကဲ့သို့သူတို့၏အကျင့် အကြံများကိုသိစေရန်ဆန်းစစ်၍ကြည့် လော့။-
Eg hev sett deg til ransakar hjå mitt folk - til ei borg - so du skal kjenna og ransaka deira veg.
28 ၂၈ သူတို့အားလုံးပင်ခေါင်းမာသည့်သူပုန် များဖြစ်ကြ၏။ သူတို့သည်ကြေးဝါကဲ့ သို့လည်းကောင်း၊ သံကဲ့သို့လည်းကောင်းမာ ကြောကြ၏။ သူတို့သည်လှည့်လည်သွားလာ ၍ကုန်းချောတတ်ကြ၏။ အကျင့်ပျက်သူ များဖြစ်ကြ၏။-
Alle saman er dei fråfalne og stridige; dei gjeng og baktalar, dei er kopar og jarn; alle saman fer dei med tyning og tjon.
29 ၂၉ သတ္တုကျိုရာမီးဖိုကြီးသည်အပူရှိန်ပြင်း ၍လာသော်လည်း သတ္တုချေးများသည်အရည် မပျော်၊ စီးမထွက်ဘဲနေသဖြင့်ငါ၏လူမျိုး တော်အားချေးညှော်ကိုဆက်လက်၍ချွတ် နေပါသော်လည်းအကျိုးမရှိ။ အဘယ် ကြောင့်ဆိုသော်ဆိုးညစ်သူတို့ကိုထုတ် ပစ်၍မရသောကြောင့်ဖြစ်၏။-
Smidjebelgen hev blåse, men av elden kjem berre bly; til fåfengs var den reinsande smelting, og dei vonde vart ikkje utskilde.
30 ၃၀ ငါထာဝရဘုရားသည်သူတို့အားပစ်ပယ် လိုက်လေပြီ။ ထို့ကြောင့်သူတို့ကိုအပယ်ခံ ငွေချော်မြှုပ်ဟူ၍ခေါ်ရမည်'' ဟုမိန့်တော် မူ၏။
«Sylv som er vanda» kallar dei deim, for Herren hev vanda deim.