< ယေရမိ 6 >

1 ဗင်္ယာ​မိန်​ပြည်​သား​တို့၊ ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့​ပြေး ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​သွား​ကြ​လော့။ တေ​ကော​ရွာ​၌​တံ​ပိုး​ခ​ရာ​ကို​မှုတ်​ကြ​လော့။ ဗေ​သက္က​ရင်​ရွာ​တွင်​အ​ချက်​ပြ​မီး​ရှူး​တိုင်​ကို မြှောက်​တင်​ကြ​လော့။ ဘေး​အန္တ​ရာယ်​နှင့်​ပျက်​စီး ခြင်း​သည်​မြောက်​အ​ရပ်​မှ​ရောက်​ရှိ​လာ​တော့ မည်။-
Strengthen yourselves, you children of Benjamin, [to flee] out of the midst of Jerusalem, and sound an alarm with the trumpet in Thecue, and set up a signal over Baethacharma: for evil threatens from the north, and a great destruction is coming.
2 ဇိ​အုန်​သ​မီး​ပျို​သည်​လှ​ပ​၍​သိမ်​မွေ့ သော်​လည်း ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့်​မည်။-
And [your] pride, O daughter of Sion, shall be taken away.
3 သိုး​ထိန်း​များ​သည်​မိ​မိ​တို့​သိုး​များ​နှင့်​ထို အ​ရပ်​တွင်​စ​ခန်း​ချ​ကြ​လိမ့်​မည်။ သူ​တို့​သည် မိ​မိ​တို့​တဲ​ရှင်​များ​ကို​သင်​၏​ပတ်​လည်​တွင် ထိုး​ပြီး​လျှင် မိ​မိ​တို့​အ​သီး​သီး​အ​လို​ရှိ ရာ​တွင်​စ​ခန်း​ချ​ကြ​လိမ့်​မည်။-
The shepherds and their flocks shall come to her; and they shall pitch [their] tents against her round about, and shall feed [their flocks] each with his hand.
4 သူ​တို့​က``ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ရန် အ​သင့်​ပြင်​ထား​ကြ​လော့။ မွန်း​တည့်​ချိန်​၌ ငါ​တို့​တိုက်​ခိုက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​က ``က​နေ့​အ​ချိန်​ကုန်​လွန် တော့​မည်။ ည​နေ​စောင်း​ကျ​ချိန်​ရောက်​ပြီ ဖြစ်​၍​ယ​ခု​နောက်​ကျ​သွား​ပေ​ပြီ။-
Prepare yourselves for war against her; rise up, and let us go up against her at noon. Woe to us! for the day has gone down, for the shadows of the day fail.
5 ညဥ့်​အ​ခါ​ငါ​တို့​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ယေ​ရု ရှ​လင်​မြို့​ခံ​တပ်​များ​ကို​ဖြို​ဖျက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။
Rise, and let us go up against her by night, and destroy her foundations.
6 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ ဘု​ရင်​တို့​အား​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ ထား​နိုင်​ရန်​သစ်​ပင်​များ​ကို​ခုတ်​လှဲ​၍ မြေ က​တုတ်​များ​ကို​ဖို့​စေ​ခြင်း​ငှာ​အ​မိန့်​ပေး တော်​မူ​လေ​ပြီ။ ကိုယ်​တော်​က``ဤ​မြို့​သည် ညှင်း​ပန်း​နှိပ်​စက်​မှု​နှင့်​ပြည့်​နှက်​လျက်​ရှိ သ​ဖြင့်​ငါ​သည်​ဤ​မြို့​ကို​ဒဏ်​ခတ်​မည်။-
For thus says the Lord, Hew down her trees, array a numerous force against Jerusalem. O false city; [there is] all oppression in her.
7 စမ်း​ရေ​တွင်း​မှ​ရေ​သည်​အ​စဉ်​စီး​ထွက်​လျက် ရှိ​သ​ကဲ့​သို့​ယေ​ရု​ရှ​လင်​မြို့​မှ​မ​ကောင်း​မှု များ​သည်​အ​စဉ်​ယို​စီး​လျက်​နေ​၏။ မြို့​ထဲ ၌​အ​ကြမ်း​ဖက်​မှု၊ လု​ယက်​ဖျက်​ဆီး​မှု​တို့ ကို​ငါ​ကြား​ရ​၍​ဖျား​နာ​မှု​နှင့်​ဒဏ်​ရာ ဒဏ်​ချက်​များ​ကို​ငါ​မြင်​ရ​၏။-
As a cistern cools water, so her wickedness cools her, ungodliness and misery shall be heard in her, [as] continually before her.
8 အို ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည်​ဤ အ​မှု​အ​ရာ​များ​မှ​သင်​ခန်း​စာ​ယူ​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ငါ​သည်​သင်​တို့​အား​အ​စဉ် စွန့်​ပစ်​မည်။ သင်​တို့​မြို့​ကို​လူ​သူ​ကင်း​မဲ့​ရာ သွေ့​ခြောက်​သော​ဒေ​သ​အ​ဖြစ်​သို့​ငါ​ပြောင်း လဲ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
You shall be chastened, O Jerusalem, with pain and the scourge, lest my soul depart from you; lest I make you a desert land, which shall not be inhabited.
9 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့ အား``စ​ပျစ်​ဥ​ယျာဉ်​မှ​စ​ပျစ်​သီး​ရှိ​သ​မျှ ကို​အ​ကြွင်း​အ​ကျန်​မ​ရှိ​အောင်​ဆွတ်​ခူး​သ​ကဲ့ သို့၊ ဣ​သ​ရေ​လ​ပြည်​မှ​လူ​အ​ကြွင်း​အ​ကျန် မ​ရှိ​စေ​ရ။ သို့​ဖြစ်​၍​သင်​သည်​အ​ချိန်​ရှိ​ခိုက် ကယ်​ဆယ်​၍​ရ​နိုင်​သ​မျှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ကယ်​ဆယ်​ရ​မည်​ဟု​မိန့်​တော် မူ​၏။
For thus says the Lord, Glean, glean thoroughly as a vine the remnant of Israel: turn back [your hands] as a grape-gatherer to his basket.
10 ၁၀ ငါ​က​လည်း``အ​ကယ်​၍​ကျွန်​တော်​မျိုး​ပြော ဆို​သ​တိ​ပေး​သော် အ​ဘယ်​သူ​သည်​ကျွန်​တော် မျိုး​၏​စ​ကား​ကို​နား​ထောင်​ပါ​မည်​နည်း။ သူ တို့​သည်​နား​များ​ကို​ပိတ်​၍​ကိုယ်​တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​ကို​နာ​ခံ​ရန်​ငြင်း​ဆို​လျက် ကိုယ် တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​ကို​ပြက်​ရယ်​ပြု ကြ​ပါ​၏။-
To whom shall I speak, and testify, that he may listen? behold, your ears are uncircumcised, and they shall not be able to hear: behold, the word of the Lord is become to them a reproach, they will not at all desire it.
11 ၁၁ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ် တော်​ရှင်​၏​အ​မျက်​တော်​နှင့်​ပြည့်​လျက်​ရှိ သ​ဖြင့် မျို​သိပ်​၍​ပင်​မ​ထား​နိုင်​တော့​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​အ​မျက် တော်​ကို​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ လူ​ငယ်​လူ​ရွယ်​အ​စု အ​ဝေး​များ​ပေါ်​သို့​လည်း​ကောင်း​သွန်း​လောင်း လော့။ ဇ​နီး​မောင်​နှံ​များ​နှင့်​အ​လွန်​အို​မင်း​သူ များ​သည်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​အိမ်​များ၊ လယ်​ယာ​များ​နှင့်​အ​မျိုး သ​မီး​များ​သည်​သူ​တစ်​ပါး​လက်​သို့​ရောက်​ရှိ ရ​ကြ​လိမ့်​မည်။ ငါ​သည်​ဤ​ပြည်​မှ​လူ​တို့​ကို လက်​တော်​ကို​ဆန့်​လျက်​အ​ပြစ်​ဒဏ်​ပေး​တော် မူ​မည်။-
And I allowed my wrath to come to full, yet I kept [it] in, and did not utterly destroy them: I will pour it out on the children without, and on the assembly of young men together: for man and woman shall be taken together, the old man with him that is full of days.
12 ၁၂
And their houses shall be turned to others, [with] their fields and their wives together: for I will stretch out my hand upon the inhabitants of this land, says the Lord.
13 ၁၃ ကြီး​ငယ်​မ​ဟူ​လူ​အ​ပေါင်း​တို့​သည်​မ​တ​ရား စီး​ပွား​ရှာ​ကြ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု ရော​ဟိတ်​များ​ပင်​လျှင်​လူ​တို့​ကို​လှည့်​ဖြား ကြ​၏။-
For from the least of them even to the greatest they have all committed iniquity; from the priest even to the false prophet they have all wrought falsely.
14 ၁၄ ထို​သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​နာ​များ ကို​ပေါ့​ပေါ့​တန်​တန်​သ​ဘော​ထား​၍​ကု​သ ကြ​၏။ `အ​စ​စ​အ​ရာ​ရာ​အ​ဆင်​မ​ပြေ​ချိန် ၌​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​သည်' ဟု​ဆို​ကြ​၏။-
And they healed the breach of my people [imperfectly], making light [of it], and saying, Peace, peace, and where is peace?
15 ၁၅ သူ​တို့​သည်​စက်​ဆုတ်​သည့်​အ​မှု​တို့​ကို​ပြု​ကျင့် သည့်​အ​တွက်​ရှက်​ကြ​ပါ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ ရှက်​သွေး​ရောင်​ပင်​မ​သန်း​ကြ။ သို့ ဖြစ်​၍​သူ​တို့​သည်​အ​ခြား​သူ​များ​နည်း​တူ ပြို​လဲ​ရ​ကြ​လိမ့်​မည်။ ငါ​အ​ပြစ်​ဒဏ်​ခတ်​သော အ​ခါ​သူ​တို့​သည်​ဆုံး​ခန်း​သို့​ရောက်​ကြ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
They were ashamed because they failed; yet they were not ashamed as those who are [truly] ashamed, and they knew not their own disgrace: therefore shall they [utterly] fall when they do fall, and in the time of visitation shall they perish, said the Lord.
16 ၁၆ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား``လမ်း​ဆုံ​လမ်း​ခွ​တို့​တွင်​ရပ်​၍​ကြည့် ကြ​လော့။ ရှေး​လမ်း​ဟောင်း​တို့​ကို​စုံ​စမ်း ရှာ​ဖွေ​ကြ​လော့။ အ​ကောင်း​ဆုံး​သော​လမ်း အ​ဘယ်​မှာ​နည်း​ဟု​မေး​မြန်း​၍ ထို​လမ်း​သို့ လိုက်​လျှင်​သင်​တို့​၏​ဝိ​ညာဉ်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​တို့​က``ထို​လမ်း​ကို အ​ကျွန်ုပ် တို့​မ​လိုက်​လို​ပါ'' ဟု​ပြန်​ပြော​ကြ​၏။
Thus says the Lord, Stand you in the ways, and see, and ask for the old paths of the Lord; and see what is the good way, and walk in it, and you shall find purification for your souls. But they said, We will not walk [in them].
17 ၁၇ တံ​ပိုး​ခ​ရာ​မှုတ်​၍​သ​တိ​ပေး​သံ​ကို​နား ထောင်​ရန် ထာ​ဝ​ရ​ဘု​ရား​သည် ကင်း​စောင့်​များ ကို​ခန့်​ထား​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​တို့ က``အ​ကျွန်ုပ်​တို့​နား​မ​ထောင်​လို​ပါ'' ဟု ဆို​ကြ​၏။
I have set watchmen over you, [saying], Hear you the sound of the trumpet. But they said, We will not hear [it].
18 ၁၈ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​မျိုး တ​ကာ​တို့၊ နား​ထောင်​ကြ​လော့။ အ​ချင်း​သက်​သေ အ​ပေါင်း​တို့၊ ငါ​၏​လူ​မျိုး​တော်​ကြုံ​တွေ့​ရ​မည့် ကံ​ကြမ္မာ​ကို​လေ့​လာ​ကြ​လော့။-
Therefore have the nations heard, and they that feed their flocks.
19 ၁၉ ကမ္ဘာ​မြေ​ကြီး​သား​တို့၊ နား​ထောင်​ကြ​လော့။ ဤ လူ​တို့​သည်​ငါ့​စ​ကား​ကို​မ​နာ​ယူ၊ ငါ​၏​သြ ဝါ​ဒ​ကို​လည်း​ပစ်​ပယ်​ကြ​၏။ သို့​ဖြစ်​၍​ငါ သည်​သူ​တို့​ခံ​ယူ​ထိုက်​သည့်​ဘေး​အန္တ​ရာယ် ဆိုး​ကို​သူ​တို့​အ​ပေါ်​သို့​သက်​ရောက်​စေ​မည်။-
Hear, O earth: behold, I will bring evils upon this people, [even] the fruit of their rebellions; for they have not heeded my words, and they have rejected my law.
20 ၂၀ ရှေ​ဘ​ပြည်​မှ​သူ​တို့​ယူ​ဆောင်​လာ​သော​လော်​ဗန် ကို​သော်​လည်း​ကောင်း၊ ဝေး​လံ​ရပ်​ခြား​မှ​ယူ​ဆောင် လာ​သည့်​နံ့​သာ​ပေါင်း​ကို​သော်​လည်း​ကောင်း​ငါ အ​လို​မ​ရှိ။ သူ​တို့​၏​ပူ​ဇော်​သ​ကာ​များ​ကို​ငါ လက်​မ​ခံ၊ သူ​တို့​ယဇ်​ပူ​ဇော်​ခြင်း​များ​ကို​ငါ မ​နှစ်​သက်'' ဟု​မိန့်​တော်​မူ​၏။-
Therefore do you bring me frankincense from Saba, and cinnamon from a land afar off? your whole burnt offerings are not acceptable, and your sacrifices have not been pleasant to me.
21 ၂၁ သို့​ဖြစ်​၍​ငါ​သည်​ဤ​လူ​တို့​ရှေ့​တွင်​ခ​လုတ် များ​ချ​ထား​သဖြင့် ခြေ​ချော်​၍​လဲ​စေ​မည်။ ဖ​ခင်​များ​နှင့်​သား​များ​သည်​လည်း​ကောင်း မိတ်​ဆွေ​များ​နှင့်​အိမ်​နီး​ချင်း​များ​သည် လည်း​ကောင်း​သေ​ရ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
Therefore thus says the Lord, Behold, I [will] bring weakness upon this people, and the fathers and sons shall be weak together; the neighbour and his friend shall perish.
22 ၂၂ ထာ​ဝ​ရ​ဘု​ရား​က``မြောက်​အ​ရပ်​ရှိ​နိုင်​ငံ​တစ် ခု​မှ လူ​တို့​သည် ချီ​တက်​လာ​ကြ​လိမ့်​မည်။ ရပ် ဝေး​မှ​အင်​အား​ကြီး​မား​သည့်​လူ​မျိုး​သည် စစ်​တိုက်​ရန်​ပြင်​ဆင်​လျက်​နေ​၏။-
Thus says the Lord, Behold, a people comes from the north, and nations shall be stirred up from the end of the earth.
23 ၂၃ သူ​တို့​သည်​လေး​များ၊ လှံ​များ​ကို​စွဲ​ကိုင်​ကြ လေ​ပြီ။ သူ​တို့​သည်​ရက်​စက်​ကြမ်း​ကြုတ်​၍ သ​နား​က​ရု​ဏာ​ကင်း​မဲ့​သူ​များ​ဖြစ်​ကြ​၏။ မြင်း​များ​ကို​စီး​၍​လာ​ချိန်​၌​သူ​တို့​၏​အ​သံ သည်​ပင်​လယ်​မြည်​ဟည်း​သံ​နှင့်​တူ​၏။ သူ​တို့ သည်​ဇိ​အုန်​မြို့​ကို​တိုက်​ခိုက်​ရန်​အ​သင့်​ရှိ လေ​ပြီ။''
They shall lay hold on bow and spear; [the people] is fierce, and will have no mercy; their voice is as the roaring sea; they shall array themselves for war against you as fire on horses and chariots, O daughter of Sion.
24 ၂၄ ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ဤ​သ​တင်း​ကို ငါ​တို့​ကြား​သော​အ​ခါ ငါ​တို့​၏​လက်​များ သည်​ပျော့​ခွေ​၍​သွား​ပါ​၏။ ငါ​တို့​သည်​သား ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့​ပြင်း​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​၏။-
We have heard the report of them: our hands are weakened: anguish has seized us, the pangs as of a woman in travail.
25 ၂၅ ရန်​သူ​တို့​သည်​လက်​နက်​များ​ကို​စွဲ​ကိုင်​လျက် ငါ​တို့​အား​ဘေး​အန္တ​ရာယ်​ဝိုင်း​၍​နေ​သ​ဖြင့် ငါ တို့​သည်​ကျေး​လက်​များ​သို့​မ​ထွက်​ဝံ့။ လမ်း များ​ပေါ်​တွင်​လည်း​မ​လျှောက်​ဝံ့'' ဟု​ဆို​ကြ​၏။
Go not forth into the field, and walk not in the ways; for the sword of the enemy lingers round about.
26 ၂၆ ထာ​ဝ​ရ​ဘု​ရား​က မိ​မိ​လူ​မျိုး​တော်​အား``သင် တို့​သည်​လျှော်​တေ​ကို​ဝတ်​၍​ပြာ​ထဲ​၌​လူး​လှိမ့် ကြ​လော့။ တစ်​ဦး​တည်း​သော​သား​အ​တွက် ငို​ကြွေး မြည်​တမ်း​သ​ကဲ့​သို့​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​အား သုတ်​သင်​ဖျက်​ဆီး​ရန်​လာ​သူ​သည် ရုတ်​တ​ရက် ဝင်​ရောက်​တိုက်​ခိုက်​မည်​ဖြစ်​သော​ကြောင့်​တည်း။-
O daughter of my people, gird yourself with sackcloth: sprinkle [yourself] with ashes; make for yourself pitiable lamentation, [as] the mourning for a beloved [son]: for misery will come suddenly upon you.
27 ၂၇ အ​ချင်း​ယေ​ရ​မိ၊ ငါ့​လူ​မျိုး​တော်​ကို​သတ္တု အား​ဆန်း​စစ်​သ​ကဲ့​သို့​သူ​တို့​၏​အ​ကျင့် အ​ကြံ​များ​ကို​သိ​စေ​ရန်​ဆန်း​စစ်​၍​ကြည့် လော့။-
I have caused you to be tried amongst tried nations, and you shall know me when I have tried their way.
28 ၂၈ သူ​တို့​အား​လုံး​ပင်​ခေါင်း​မာ​သည့်​သူ​ပုန် များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​ကြေး​ဝါ​ကဲ့ သို့​လည်း​ကောင်း၊ သံ​ကဲ့​သို့​လည်း​ကောင်း​မာ ကြော​ကြ​၏။ သူ​တို့​သည်​လှည့်​လည်​သွား​လာ ၍​ကုန်း​ချော​တတ်​ကြ​၏။ အ​ကျင့်​ပျက်​သူ များ​ဖြစ်​ကြ​၏။-
[They are] all disobedient, walking perversely: [they are] brass and iron; they are all corrupted.
29 ၂၉ သတ္တု​ကျို​ရာ​မီး​ဖို​ကြီး​သည်​အ​ပူ​ရှိန်​ပြင်း ၍​လာ​သော်​လည်း သတ္တု​ချေး​များ​သည်​အ​ရည် မပျော်၊ စီး​မ​ထွက်​ဘဲ​နေ​သ​ဖြင့်​ငါ​၏​လူ​မျိုး တော်​အား​ချေး​ညှော်​ကို​ဆက်​လက်​၍​ချွတ် နေ​ပါ​သော်​လည်း​အ​ကျိုး​မ​ရှိ။ အ​ဘယ် ကြောင့်​ဆို​သော်​ဆိုး​ညစ်​သူ​တို့​ကို​ထုတ် ပစ်​၍​မ​ရ​သော​ကြောင့်​ဖြစ်​၏။-
The bellows have failed from the fire, the lead has failed: the silversmith works at his trade in vain; their wickedness is not consumed.
30 ၃၀ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ပစ်​ပယ် လိုက်​လေ​ပြီ။ ထို့​ကြောင့်​သူ​တို့​ကို​အ​ပယ်​ခံ ငွေ​ချော်​မြှုပ်​ဟူ​၍​ခေါ်​ရ​မည်'' ဟု​မိန့်​တော် မူ​၏။
Call you them reprobate silver, because the Lord has rejected them.

< ယေရမိ 6 >