< ယေရမိ 52 >
1 ၁ ဇေဒကိသည်နန်းတက်စဉ်အခါကအသက် နှစ်ဆယ့်တစ်နှစ်ရှိ၍ ယေရုရှလင်မြို့တွင်တစ် ဆယ့်တစ်နှစ်မျှနန်းစံရလေသည်။ သူ့မယ် တော်မှာလိဗနမြို့သားယေရမိ၏သမီး ဟာမုတလဖြစ်၏။-
ゼデキヤは王となったとき二十一歳であったが、エルサレムで十一年世を治めた。母の名はハムタルといい、リブナのエレミヤの娘である。
2 ၂ ဇေဒကိမင်းသည်ယောယကိမ်မင်းကဲ့သို့ ပင်ထာဝရဘုရား၏ရှေ့တော်၌မကောင်း မှုများကိုပြု၏။-
ゼデキヤはエホヤキムがすべて行ったように、主の目の前に悪事を行った。
3 ၃ ယေရုရှလင်မြို့နှင့်ယုဒပြည်၏အခြေ အနေသည်အလွန်ဆိုးရွား၍လာသဖြင့် ထာဝရဘုရားသည်အမျက်ထွက်ပြီး လျှင်ပြည်သားတို့အားပြည်နှင်ဒဏ်သင့် စေတော်မူ၏။ ဇေဒကိသည်ဗာဗုလုန်ဘုရင်ကိုပုန်ကန် သဖြင့်၊-
たしかに、主の怒りによって、エルサレムとユダとは、そのみ前から捨て去られるようなことになった。そしてゼデキヤはバビロンの王にそむいた。
4 ၄ ယုဒဘုရင်ဇေဒကိနန်းစံနဝမနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့၌ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် မိမိ၏စစ်သည်တပ် သားအပေါင်းတို့နှင့်အတူယေရုရှလင် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ၏။ သူတို့ သည်မြို့ပြင်တွင်တပ်စခန်းချ၍မြို့ပတ် လည်တွင်မြေကတုတ်များကိုဖို့လုပ်ကြ၏။-
そこで彼の治世の九年十月十日に、バビロンの王ネブカデレザルはその軍勢を率い、エルサレムにきて、これを包囲し、周囲に塁を築いてこれを攻めた。
5 ၅ ထိုမြို့သည်ဇေဒကိနန်းစံဆယ့်တစ်နှစ် မြောက်တိုင်အောင်အဝိုင်းခံရလေသည်။-
こうしてこの町は攻め囲まれて、ゼデキヤ王の十一年にまで及んだが、
6 ၆ ထိုနှစ်စတုတ္ထလ၊ ကိုးရက်နေ့၌အစာငတ် မွတ်ခေါင်းပါးမှုသည်အလွန်ဆိုးရွား၍ လာသဖြင့် လူတို့တွင်အစာရေစာ အလျှင်းမရှိကြတော့ပေ။-
その四月九日になって、町の中の食糧は、はなはだしく欠乏し、その地の民は食物を得ることができなくなった。
7 ၇ ထိုအခါမြို့ရိုးများသည်ကျိုးပေါက်၍သွား တော့၏။ မြို့ကိုဗာဗုလုန်အမျိုးသားတို့ဝိုင်းရံ လျက်ထားသော်လည်း စစ်သည်တပ်သားအပေါင်း သည်ညဥ့်အခါတွင်ထွက်ပြေးရန်ကြိုးစားကြ ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်အတိုင်း သွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြားရှိတံခါး ပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်းဘက်သို့ပြေး ကြ၏။-
そして町の城壁はついに打ち破られたので、兵士たちはみな逃げ、夜のうちに、王の園の近くの、二つの城壁の間の門から町をのがれ出て、カルデヤびとが、町を攻め囲んでいるうちに、アラバの方へ落ちて行った。
8 ၈ သို့ရာတွင်ဗာဗုလုန်တပ်မတော်သားတို့ သည်ဇေဒကိမင်းကိုလိုက်လံဖမ်းဆီးကြ ရာ ယေရိခေါမြို့အနီးရှိလွင်ပြင်တွင်မိ လေသည်။ ဇေဒကိ၏စစ်သူရဲအပေါင်းတို့ သည်သူ့အားစွန့်ပစ်၍ထွက်ပြေးကြ၏။-
しかしカルデヤびとの軍勢は王を追って行って、エリコの平地でゼデキヤに追いついたが、彼の軍勢がみな散って彼のそばを離れたので、
9 ၉ ရန်သူတို့သည်ဇေဒကိကိုဖမ်းဆီးပြီးလျှင် နေဗုခဒ်နေဇာမင်းရှိရာဟာမတ်နယ်မြေ၊ ရိဗလမြို့သို့ခေါ်ဆောင်သွားကြ၏။ ထို အရပ်၌ပင်နေဗုခဒ်နေဇာသည်ဇေဒကိ အပေါ်တွင်စီရင်ချက်ချမှတ်တော်မူ၏။-
カルデヤびとは王を捕え、ハマテの地のリブラにいるバビロンの王のもとに引いていったので、王は彼の罪を定めた。
10 ၁၀ ရိဗလမြို့တွင်ဗာဗုလုန်ဘုရင်သည်ဇေ ဒကိ၏သားတို့ကိုဖခင်၏မျက်မှောက်၌ ပင်လျှင်ကွပ်မျက်စေလေသည်။ ယုဒမှူးမတ် တို့ကိုလည်းကွပ်မျက်စေသေး၏။-
すなわちバビロンの王はゼデキヤの子たちをその目の前で殺させ、ユダのつかさたちをことごとくリブラで殺させ、
11 ၁၁ ထိုနောက်ဇေဒကိ၏မျက်စိများကိုဖောက် စေ၍သူ့အားဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားရန်သံကြိုးများနှင့်ချည်နှောင်စေ၏။ ဇေဒကိသည်သေသည်တိုင်အောင်ဗာဗုလုန် မြို့တွင်ထောင်ထဲ၌နေရလေ၏။
またゼデキヤの目をつぶさせた。そしてバビロンの王は彼を鎖につないでバビロンへ連れて行き、その死ぬ日まで獄屋に入れて置いた。
12 ၁၂ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနန်းစံတစ် ဆယ့်ကိုးနှစ်မြောက်၊ ပဉ္စမလဆယ်ရက်နေ့၌ မင်းကြီး၏အတိုင်ပင်ခံအမတ်နှင့်အစောင့် တပ်မတော်မှူးနေဗုဇရဒန်သည် ယေရုရှ လင်မြို့သို့ဝင်ရောက်လာ၏။-
五月十日に、それはバビロンの王ネブカデレザルの世の十九年であったバビロンの王に仕える侍衛の長ネブザラダンはエルサレムに、はいって、
13 ၁၃ သူသည်ဗိမာန်တော်နှင့်နန်းတော်ကိုလည်း ကောင်း၊ ယေရုရှလင်မြို့ရှိအရေးပါအရာ ရောက်သူလူအပေါင်းတို့၏နေအိမ်များကို လည်းကောင်းမီးရှို့ပစ်လေသည်။-
主の宮と王の宮殿を焼き、エルサレムのすべての家を焼いた。彼は大きな家をみな焼きはらった。
14 ၁၄ သူ၏တပ်သားများကလည်းမြို့ရိုးများကို ဖြိုချကြ၏။-
また侍衛の長と共にいたカルデヤびとの軍勢は、エルサレムの周囲の城壁をみな取りこわした。
15 ၁၅ ထိုနောက်မင်းကြီး၏အစောင့်တပ်မတော်မှူး နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန်ရှိနေ သေးသည့်သူများ၊ လက်မှုပညာသည်အကြွင်း အကျန်များနှင့် ဗာဗုလုန်မြို့သားတို့ဘက် သို့ကူးပြောင်းလာသူများအား ဗာဗုလုန် မြို့သို့ခေါ်ဆောင်သွားလေသည်။-
そして侍衛の長ネブザラダンは民のうちの最も貧しい者若干、そのほか町のうちに残った者、およびバビロンの王にくだった人、その他工匠たちを捕え移した。
16 ၁၆ သို့ရာတွင်အလွန့်အလွန်ဆင်းရဲသောသူ အချို့ကိုမူ ယုဒပြည်တွင်ချန်ထားခဲ့၍ စပျစ်ဥယျာဉ်များနှင့်လယ်ယာများတွင် အလုပ်လုပ်စေ၏။
しかし侍衛の長ネブザラダンはその地の最も貧しい者若干を残して、ぶどうを作る者とし、農夫とした。
17 ၁၇ ဗာဗုလုန်အမျိုးသားတို့သည်ဗိမာန်တော် ထဲရှိကြေးဝါတိုင်ကြီးများ၊ ကြေးဝါအောက် ခံခုံများနှင့်ကြေးဝါရေကန်ကြီးကိုအစိတ် စိတ်အမြွှာမြွှာချိုးဖဲ့ပြီးလျှင် ကြေးဝါမှန် သမျှကိုဗာဗုလုန်ပြည်သို့ယူဆောင်သွား ကြ၏။-
カルデヤびとはまた主の宮の青銅の柱と、洗盤の台と、青銅の海を砕いて、その青銅をことごとくバビロンへ運び、
18 ၁၈ သူတို့သည်ယဇ်ပလ္လင်သန့်ရှင်းရေးအတွက် အသုံးပြုသည့်တူရွင်းပြားများ၊ ယဇ်ပလ္လင် ကိုသန့်ရှင်းမှုပြုရာ၌အသုံးပြုသည့် ပြာခွက်များ၊ မီးခွက်များတိုက်ချွတ်ပြင် ဆင်ရာတွင်အသုံးပြုသည့်တန်ဆာပလာ များ၊ ယဇ်ကောင်သွေးခံခွက်ဖလားများ၊ နံ့ သာပေါင်းကိုမီးရှို့ရာခွက်ဖလားများနှင့် ဗိမာန်တော်အတွင်း ကိုးကွယ်ဝတ်ပြုရာ တွင်အသုံးပြုသည့်အခြားကြေးဝါ ပစ္စည်းအသုံးအဆောင်များကိုလည်း ယူဆောင်သွားကြ၏။-
また、つぼと、十能と、心切りばさみと、鉢と、香を盛る皿および宮の勤めに用いる青銅の器をことごとく取って行った。
19 ၁၉ မီးကျီးခဲများသယ်ယူရာတွင်အသုံးပြု သည့်ခွက်ငယ်များနှင့်အိုးကင်းများ၊ ယဇ် ကောင်သွေးခံခွက်ဖလားများ၊ ပြာခွက်များ၊ မီးတင်ခုံများ၊ နံ့သာပေါင်းကိုမီးရှို့ရာ ခွက်ဖလားများ၊ စပျစ်ရည်ပူဇော်သကာ သွန်းလောင်းရာတွင်အသုံးပြုသည့်ခွက် ဖလားအစရှိသည့်ရွှေသို့မဟုတ်ငွေဖြင့် ပြီးသည့်ပစ္စည်းမှန်သမျှကိုလည်း ယူဆောင် သွားလေသည်။-
また彼らは小鉢と、心取り皿と、鉢と、つぼと、燭台と、香を盛る皿と、灌祭の鉢を取った。金で作った物は金として、銀で作った物は銀として、侍衛の長は運び去った。
20 ၂၀ ဗိမာန်တော်အတွက်ရှောလမုန်မင်းပြု လုပ်ခဲ့သောကြေးဝါပစ္စည်းများဖြစ်သည့် တိုင်ကြီးနှစ်လုံး၊ အောက်ခံခုံများ၊ ရေကန် ကြီးနှင့်အောက်ခံနွားရုပ်တစ်ဆယ့်နှစ်ခု တို့သည်ချိန်တွယ်၍မရအောင်ပင်လေးလံ ပေသည်။-
ソロモン王が主の宮に造った二本の柱と、一つの海と、海の下の十二の青銅の牛と、台など、このすべての物の青銅の重さは量ることもできなかった。
21 ၂၁ တိုင်ကြီးနှစ်လုံးသည်ဆင်တူဖြစ်၍အမြင့် နှစ်ဆယ့်ခုနစ်ပေ၊ လုံးပတ်တစ်ဆယ့်ရှစ်ပေ ရှိ၏။ ထိုတိုင်တို့သည်ခေါင်းပွဖြစ်၍ဒုသုံး လက်မရှိလေသည်။ ကြေးဝါတိုင်ထိပ်ပိုင်း များသည်အမြင့်ပေခုနစ်ပေခွဲစီရှိ၍ ယင်း တို့၏ပတ်လည်တွင်သလဲသီးများနှင့်တန် ဆာဆင်ထားသောကွန်ရွက်များရှိ၏။ ယင်း တို့အားလုံးကိုကြေးဝါများနှင့်ပြုလုပ် ထား၏။-
この一本の柱の高さは十八キュビト、周囲は十二キュビトで、指四本の厚さがあり、中は、うつろであった。
その上に青銅の柱頭があり、柱頭の高さは五キュビト、柱頭の周囲は網細工と、ざくろとで飾り、これらもみな青銅であった。他の柱もそのざくろも、これと同じであった。
23 ၂၃ တိုင်တစ်တိုင်ရှိကွန်ရွက်များတွင်သလဲသီး အလုံးတစ်ရာရှိ၍ကိုးဆယ့်ခြောက်လုံး ကိုမြေပြင်မှတွေ့မြင်နိုင်လေသည်။
その四方に九十六個のざくろがあり、周囲の網細工の上にあるざくろの数は百個であった。
24 ၂၄ ထိုမှတစ်ပါးလည်းမင်းကြီး၏အစောင့်တပ် မတော်မှူးနေဗုဇာရဒန်သည် ယဇ်ပုရောဟိတ် မင်းစရာယ၊ သူ၏လက်ထောက်ဇေဖနိနှင့် အခြားအရေးကြီးသည့် ဗိမာန်တော်အရာ ရှိသုံးဦးတို့ကိုခေါ်ဆောင်၍သွား၏။-
侍衛の長は祭司長セラヤと次席の祭司ゼパニヤと三人の門を守る者を捕え、
25 ၂၅ သူသည်ယုဒတပ်မှူးဟောင်းတစ်ဦး၊ မြို့တွင်း ၌ကျန်ရှိနေသေးသောဘုရင်အတိုင်ပင်ခံ အမတ်ခုနစ်ဦး၊ တပ်မတော်မှတ်တမ်းထိန်း သည့်လက်ထောက်တပ်မှူးနှင့်အခြားအရေး ပါအရာရောက်သူလူခြောက်ဆယ်တို့ကို လည်းယေရုရှလင်မြို့မှခေါ်ဆောင်သွား လေသည်။-
また兵士をつかさどるひとりの役人と、町にいた王の側近の者七人と、その地の民を募る軍勢の長の書記官と、町の中にいた六十人の者を町から捕え去った。
26 ၂၆ နေဗုဇရဒန်သည်ထိုသူတို့ကိုဗာဗုလုန် ဘုရင်ရှိရာရိဗလမြို့သို့ခေါ်ဆောင်သွားရာ၊-
侍衛の長ネブザラダンは、これらの人を捕えて、リブラにいるバビロンの王のもとに連れて行った。
27 ၂၇ မင်းကြီးသည်ဟာမတ်နယ်မြေရိဗလမြို့ ၌ သူတို့အားရိုက်နှက်၍ကွပ်မျက်စေတော် မူ၏။ ဤသို့လျှင်ယုဒပြည်သားတို့သည်သုံ့ပန်း များအဖြစ်နှင့် မိမိတို့ပြည်မှသိမ်းသွား ခြင်းကိုခံရကြလေသည်။-
バビロンの王は、ハマテの地のリブラで彼らを撃ち殺した。こうして、ユダは自分の地から捕え移された。
28 ၂၈ နေဗုခဒ်နေဇာဖမ်းသွားသည့်သုံ့ပန်းစာရင်း မှာ သူ၏နန်းစံသတ္တမနှစ်၌သုံးထောင်နှစ် ဆယ့်သုံးယောက်၊-
ネブカデレザルが捕え移した民の数は次のとおりである。第七年にはユダヤ人三千二十三人。
29 ၂၉ နန်းစံရှစ်နှစ်မြောက်၌ယေရုရှလင်မြို့မှ ရှစ်ရာသုံးဆယ့်နှစ်ယောက်၊-
またネブカデレザルはその第十八年にエルサレムから八百三十二人を捕え移した。
30 ၃၀ နန်းစံနှစ်ဆယ့်သုံးနှစ်မြောက်၌နေဗုဇာရဒန် ခေါ်ဆောင်သွားသူခုနစ်ရာလေးဆယ့်ငါးယောက်၊ စုစုပေါင်းလေးထောင့်ခြောက်ရာဖြစ်သတည်း။
ネブカデレザルの二十三年に侍衛の長ネブザラダンは、ユダヤ人七百四十五人を捕え移した。この総数は四千六百人であった。
31 ၃၁ ဗာဗုလုန်ဘုရင်ဧဝိလမရောဒက်သည် မိမိ နန်းတက်တော်မူသောနှစ်၌ယုဒဘုရင် ယေခေါနိအား အကျဉ်းထောင်မှလွတ်၍ ကရုဏာပြတော်မူ၏။ ဤသို့ဖြစ်ပျက်သည် မှာယေခေါနိအကျဉ်းကျပြီးနောက် သုံး ဆယ့်ခုနစ်နှစ်မြောက်ဒွါဒသမလ၊ နှစ် ဆယ့်ငါးရက်နေ့ဖြစ်သတည်း။-
ユダの王エホヤキンが捕え移されて後三十七年の十二月二十五日に、バビロンの王エビルメロダクはその即位の年に、ユダの王エホヤキンを獄屋から出し、そのこうべを挙げさせ、
32 ၃၂ ဧဝိလမရောဒက်သည်ယေခေါနိအား ကြင်နာစွာဆက်ဆံ၍ ဗာဗုလုန်ပြည်တွင် သူနှင့်အတူပြည်နှင်ဒဏ်သင့်သူအခြား ဘုရင်များထက်ပိုမိုချီးမြှင့်မြှောက်စား တော်မူ၏။-
親切に彼を慰め、その位を、バビロンで共にいる王たちの位よりも高くした。
33 ၃၃ သို့ဖြစ်၍ယေခေါနိသည်ထောင်အဝတ်များ ကိုလဲခွင့်ရလျက် အသက်ရှင်သမျှကာလ ပတ်လုံးမင်းကြီးနှင့်အတူပွဲတော်တည် ခွင့်ကိုရရှိ၏။-
こうしてエホヤキンは獄屋の服を脱いだ。そして生きている間は毎日王の食卓で食事し、
34 ၃၄ ထို့ပြင်မိမိလိုအပ်သလိုသုံးစွဲနိုင်ရန်သူ အသက်ရှင်သမျှကာလပတ်လုံး နေ့စဉ်မှန် မှန်အသုံးစရိတ်ကိုလည်းရရှိလေသည်။ ပရောဖက်ယေရမိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
彼の給与としては、その死ぬ日まで一生の間、たえず日々の必要にしたがって、バビロンの王から給与を賜わった。