< ယေရမိ 48 >

1 မော​ဘ​ပြည်​ကို​ရည်​မှတ်​၍​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား​ဤ​သို့ တည်း။ ``နေ​ဗော​မြို့​သူ​မြို့​သား​တို့​အား​က​ရု​ဏာ သက်​ကြ​လော့။ သူ​တို့​၏​မြို့​သည်​ပျက်​စီး​၍​သွား​လေ​ပြီ။ ကိ​ရ​ယ​သိမ်​မြို့​သည်​ဖမ်း​ဆီး​သိမ်း​ယူ​ခြင်း ကို​ခံ​၍၊ ထို​မြို့​၏​ခံ​တပ်​များ​သည်​ဖြို​ပျက်​လျက် မြို့​သူ​မြို့​သား​တို့​သည်​လည်း​အ​ရှက်​ကွဲ​ရ ကြ​၏။
Of Moab. "Thus says YHWH of hosts, the God of Israel: 'Woe to Nebo, because it is about to be destroyed; Kiriathaim will be put to shame, it will be taken captive. The fortress is put to shame and broken down.
2 မော​ဘ​ပြည်​၏​ဘုန်း​အ​သ​ရေ​သည်​ကွယ် ပျောက်​၍ သွား​လေ​ပြီ။ ရန်​သူ​တို့​သည်​ဟေ​ရှ​ဘုန်​မြို့​ကို​သိမ်း​ယူ​၍ မော​ဘ နိုင်​ငံ​ကို​သုတ်​သင်​ဖျက်​ဆီး​ရန်​ကြံ​စည်​လျက် ရှိ​၏။ မာ​ဒ​မေ​န​မြို့​သည်​ဆိတ်​ငြိမ်​၍​နေ​လိမ့်​မည်။ စစ်​သည်​တပ်​သား​တို့​သည်​ထို​မြို့​ကို​ချီ​တက် တိုက်​ခိုက်​ကြ​လိမ့်​မည်။
The praise of Moab is no more; in Heshbon they have devised evil against her: "Come, and let us cut her off from being a nation." You also, Madmen, shall be brought to silence: the sword shall pursue you.
3 ဟော​ရ​နိမ်​မြို့​သူ​မြို့​သား​တို့​က`အ​ကြမ်း​ဖက်​မှု၊ သုတ်​သင်​ဖျက်​ဆီး​မှု' ဟု​ဟစ်​အော်​ကြ​၏။
The sound of a cry from Horonaim, "destruction and great calamity."
4 ``မော​ဘ​ပြည်​သည်​ပြို​ပျက်​၍​သွား​လေ​ပြီ။ က​လေး​သူ​ငယ်​တို့​အော်​ဟစ်​သံ​ကို နား​ထောင်​ကြ​လော့။
Moab is destroyed; her little ones have caused a cry to be heard.
5 လု​ဟိတ်​တောင်​ပေါ်​သို့​တက်​ရာ​လမ်း​တွင်​သူ​တို့ ရှိုက်​ကြီး​ငင်​ကြီး​ငို​ကြွေး​သံ​ကို​လည်း​ကောင်း၊ ဟော​ရ​နိမ်​မြို့​သို့​ဆင်း​ရာ​လမ်း​တွင်၊စိတ်​ဒုက္ခ ရောက်​၍ အော်​ဟစ်​သံ​များ​ကို​လည်း​ကောင်း​ကြား​ကြ​လော့။
For by the ascent of Luhith with continual weeping shall they go up; for at the descent of Horonaim they have heard the distress of the cry of destruction.
6 သူ​တို့​က`သင်​တို့​အ​သက်​ချမ်း​သာ​ရ​အောင် လျင်​မြန်​စွာ​ပြေး​ကြ​လော့။ သဲ​ကန္တာ​ရ​မှ​မြည်း​ရိုင်း​ကဲ့​သို့​ပြေး​ကြ​လော့' ဟု​ဆို​ကြ​၏။
"Flee, save your lives, and be like a shrub in the wilderness."
7 ``အို မော​ဘ​ပြည်၊သင်​သည်​မိ​မိ​၏​အင်​အား​နှင့် စည်း​စိမ်​ချမ်း​သာ​ကို​အား​ကိုး​၏။ သို့​ရာ​တွင်​ယ​ခု​သင်​သည်​နှိမ်​နင်း​ခြင်း​ကို​ခံ ရ​လိမ့်​မည်။ သင်​၏​ဘု​ရား​ခေ​မု​ရှ​သည်​လည်း​သူ​၏​မင်း သား​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ် သင့်​ရ​ပေ​တော့​အံ့။
For, because you have trusted in your works and in your treasures, you also shall be taken: and Chemosh shall go forth into captivity, his priests and his officials together.
8 အ​ဘယ်​မြို့​မျှ​ဆုံး​ပါး​ပျက်​စီး​မှု​နှင့် ကင်း​လွတ်​လိမ့်​မည်​မ​ဟုတ်။ ချိုင့်​ဝှမ်း​ရော၊လွင်​ပြင်​ပါ​ပျက်​စီး​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။
The destroyer shall come on every city, and no city shall escape; the valley also shall perish, and the plain shall be destroyed; as YHWH has spoken.
9 မော​ဘ​ပြည်​အ​တွက်​သင်္ချိုင်း​ကမ္ပည်း​ကျောက်​တိုင် စိုက်​ထူ​ကြ​လော့။ ထို​ပြည်​သည်​မ​ကြာ​မီ​ပျက်​စီး​ရ​လိမ့်​မည်။ ထို​ပြည်​ရှိ​မြို့​များ​သည်​ပျက်​စီး​၍​လူ​သူ ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။''
Give wings to Moab, that she may fly and get her away: and her cities shall become a desolation, without any to dwell in them.'
10 ၁၀ (ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​နှင့်​မ​ထမ်း​ဆောင်​သူ​သည် ကျိန်​ဆဲ ခြင်း​ကို​ခံ​ရ​ပါ​စေ​သ​တည်း။ မိ​မိ​၏​ဋ္ဌား​နှင့် ခုတ်​၍​မ​သတ်​သော​သူ​သည်​ကျိန်​ဆဲ​ခြင်း​ကို ခံ​ရ​ပါ​စေ​သ​တည်း။)
Cursed is he who does the work of YHWH negligently; and cursed is he who keeps back his sword from blood.
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က``မော​ဘ​ပြည်​သူ​တို့​သည် အ​စဉ်​ပင်​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ခဲ့​ရ​၍​အ​ဘယ် အ​ခါ​၌​မျှ​ပြည်​နှင်​ဒဏ်​မ​သင့်​ခဲ့​ဘူး​ပေ။ မော​ဘ ပြည်​သည်​အိုး​တစ်​လုံး​မှ​တစ်​လုံး​သို့​မ​ပြောင်း၊ မွှေ နှောက်​မှု​လည်း​မ​ပြု​ဘဲ​အ​နည်​ထိုင်​ရန်​ထား​ရှိ သ​ဖြင့်​အ​နံ့​အ​ရ​သာ​မ​ပျက်၊ ကောင်း​မြဲ ကောင်း​လျက်​နေ​သည့်​စ​ပျစ်​ရည်​နှင့်​တူ​၏။
'Moab has been at ease from his youth, and he has settled on his lees, and has not been emptied from vessel to vessel, neither has he gone into captivity: therefore his taste remains in him, and his scent is not changed.
12 ၁၂ ``သို့​ဖြစ်​၍​မော​ဘ​ပြည်​ကို​စ​ပျစ်​ရည်​သ​ဖွယ် သွန်​မှောက်​မည့်​လူ​တို့​အား ငါ​စေ​လွှတ်​မည့်​အ​ချိန် ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ သူ​တို့​သည်​ထို ပြည်​၏​စ​ပျစ်​ရည်​အိုး​များ​ကို​သွန်​မှောက်​ကာ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ခွဲ​ပစ်​ကြ​လိမ့်​မည်။-
Therefore look, the days come,' says YHWH, 'that I will send to him those who pour off, and they shall pour him off; and they shall empty his vessels, and break their bottles in pieces.
13 ၁၃ ထို​အ​ခါ​မိ​မိ​တို့​ယုံ​ကြည်​ခဲ့​ကြ​သော​ဗေ​သ​လ ဘု​ရား​ကို ဣ​သ​ရေ​လ​အမျိုး​သား​တို့​စိတ်​ပျက် ကြ​သ​ကဲ့​သို့ မော​ဘ​ပြည်​သူ​တို့​သည်​မိ​မိ​တို့ ၏​ခေ​မု​ရှ​ဘု​ရား​ကို​လည်း​စိတ်​ပျက်​ကြ​လိမ့် မည်။
Moab shall be ashamed of Chemosh, as the house of Israel was ashamed of Bethel their confidence.
14 ၁၄ ``မော​ဘ​ပြည်​သား​တို့၊သင်​တို့​သည်​အ​ဘယ် ကြောင့် မိ​မိ​တို့​ကိုယ်​ကို၊အာ​ဇာ​နည်​များ၊စစ်​ပြန် သူ​ရဲ​ကောင်း​များ​ဟု​ပြော​ဆို​ကြ​သ​နည်း။
How can you say, "We are mighty men, and valiant men for the war?"
15 ၁၅ မော​ဘ​ပြည်​နှင့်​မြို့​တို့​သည်​ပျက်​စီး​ကာ သူ​တို့​၏​လက်​ရွေး​စင်​လူ​ငယ်​လူ​ရွယ်​တို့​သည် အ​သတ်​ခံ​ရ​ကြ​လေ​ပြီ။ ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား တည်း​ဟူ​သော ဘု​ရင်​ဖြစ်​တော်​မူ​၏။ ဤ​ကား​ငါ​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
Moab is laid waste, and they are gone up into his cities, and his chosen young men are gone down to the slaughter,' says the King, whose name is YHWH of hosts.
16 ၁၆ မော​ဘ​ပြည်​၏​ကံ​ကြမ္မာ​ဆိုး​သည်​ချဉ်း​ကပ်​လာ​လျက် ထို​ပြည်​ယို​ယွင်း​ပျက်​စီး​ရာ​ကာ​လ​သည်၊မ​ကြာ​မီ ရောက်​ရှိ​လာ​တော့​မည်။
The calamity of Moab is near to come, and his affliction hurries fast.
17 ၁၇ ``နီး​နား​ပတ်​ဝန်း​ကျင်​တွင်​နေ​ထိုင်​သူ​တို့၊ထို နိုင်​ငံ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ ထို​နိုင်​ငံ​၏​ဂုဏ်​သ​တင်း​ကို​သိ​ရှိ​ကြ​သူ အ​ပေါင်း​တို့ `တန်​ခိုး​ကြီး​မား​သည့်​ဤ​နိုင်​ငံ​သည် ထီး​ကျိုး​စည်​ပေါက်​ဖြစ်​လျက် ယင်း​၏​ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး​အာ​ဏာ​သည် ကွယ်​ပျောက်​သွား​လေ​ပြီ' ဟု​ပြော​ဆို​ကြ​လော့။
All you who are around him, bemoan him, and all you who know his name; say, "How is the strong staff broken, the beautiful rod."
18 ၁၈ ဒိ​ဘုန်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊ သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​မှ သက်​ဆင်း​၍​မြေ​မှုန့်​ပေါ်​တွင်​ထိုင်​ကြ​လော့။ မော​ဘ​ပြည်​ကို​ပျက်​ပြုန်း​စေ​သော​သူ​သည် ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​ကာ​သင်​၏​ခံ​တပ် များ​ကို ဖြို​ဖျက်​လိုက်​လေ​ပြီ။
You daughter who dwells in Dibon, come down from your glory, and sit in thirst; for the destroyer of Moab has come up against you, he has destroyed your strongholds.
19 ၁၉ အာ​ရော်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊လမ်း​နံ​ဘေး တွင်​ရပ်​၍ စောင့်​နေ​ပြီး​လျှင် ထွက်​ပြေး​တိမ်း​ရှောင်​ကြ​သူ​တို့​အား​ဖြစ် ပျက်​သည့် အ​ချင်း​အ​ရာ​ကို​မေးမြန်း​လော့။
Inhabitant of Aroer, stand by the way, and watch: ask him who flees, and her who escapes; say, "What has been done?"
20 ၂၀ ထို​သူ​တို့​က`မော​ဘ​ပြည်​ကျ​ဆုံး​လေ​ပြီ။ ထို​ပြည်​အ​တွက်​ငို​ကြွေး​ကြ​လော့။ ယင်း​သည်​အ​ရှက်​ကွဲ​လေ​ပြီ။ မော​ဘ​ပြည်​ပျက်​သုဉ်း​၍​သွား​ကြောင်း​ကို အာ​နုန်​မြစ်​ရိုး​တစ်​လျှောက်​တွင်​ကြွေး​ကြော် ကြ​လော့' ဟု​ပြန်​လည်​ဖြေ​ကြား​ကြ​လိမ့်​မည်။
"Moab is disappointed; for it is broken down: wail and cry; tell it by the Arnon, that Moab is laid waste."
21 ၂၁ ဟော​လုန်​မြို့၊ ယ​ဟာ​ဇ​မြို့၊ မေ​ဖတ်​မြို့၊ ဒိ​ဘုန်​မြို့၊ နေ​ဗော​မြို့၊ ဗက်​ဒိ​ဗ​လ​သိမ်​မြို့၊ ကိ​ရ​ယ​သိမ် မြို့၊ ဗက်​ဂ​မု​လ​မြို့၊ ဗက်​မောင်​မြို့၊ ကေ​ရုတ်​မြို့၊ ဗော​ဇ​ရ​မြို့​အ​စ​ရှိ​သည့်​ကုန်း​ပြင်​မြို့ အ​ပေါင်း​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။ ရပ်​နီး​ရပ်​ဝေး​ရှိ မော​ဘ​မြို့​မှန်​သ​မျှ​သည်​အ​ပြစ်​ဒဏ်​စီ ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။-
Judgment has come on the plain country, on Holon, and on Jahzah, and on Mephaath,
22 ၂၂
and on Dibon, and on Nebo, and on Beth Diblathaim,
23 ၂၃
and on Kiriathaim, and on Beth Gamul, and on Beth Meon,
24 ၂၄
and on Kerioth, and on Bozrah, and on all the cities of the land of Moab, far or near.
25 ၂၅ မော​ဘ​ပြည်​၏​အာ​ဏာ​တန်​ခိုး​သည်​ပျောက် ကွယ်​၍​သွား​လေ​ပြီ။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။
The horn of Moab is cut off, and his arm is broken,' says YHWH.
26 ၂၆ ထာ​ဝ​ရ​ဘု​ရား​က``မော​ဘ​ပြည်​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အား​ပုန်​ကန်​ခဲ့​သည်​ဖြစ်​၍ ထို​ပြည်​ကို ယစ်​မူး​၍​နေ​စေ​ကြ​လော့။ သူ​သည်​မိ​မိ​၏​အန် ဖတ်​တွင်​လူး​လှိမ့်​၍​နေ​လိမ့်​မည်။ လူ​တို့​သည် လည်း​သူ့​အား​ပြောင်​လှောင်​ကြ​လိမ့်​မည်။-
'Make him drunk; for he magnified himself against YHWH: and Moab shall wallow in his vomit, and he also shall be in derision.
27 ၂၇ အို မော​ဘ​ပြည်၊ ဣ​သ​ရေ​လ​ပြည်​သား​တို့ အား​အ​ဘယ်​သို့​သင်​ပြက်​ရယ်​ပြု​ခဲ့​သည် ကို​အောက်​မေ့​သ​တိ​ရ​လော့။ သင်​သည်​သူ တို့​အား​သူ​ခိုး၊ ဋ္ဌား​ပြ​ဂိုဏ်း​နှင့်​အ​တူ​ဖမ်း ဆီး​ရ​မိ​သူ​များ​သ​ဖွယ်​ပြု​ကျင့်​ခဲ့​ပေ သည်။
For wasn't Israel a derision to you? Was he found among thieves? For as often as you speak of him, you shake your head.
28 ၂၈ ``မော​ဘ​ပြည်​သူ​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ၏​မြို့​များ​မှ​ထွက်​ခွာ​ပြီး​လျှင် ကျောက်​ကမ်း ပါး​သို့​သွား​ရောက်​နေ​ထိုင်​ကြ​လော့။ လျှို မြောင်​အ​ကြား​တွင်​အ​သိုက်​လုပ်​တတ်​သည့် ချိုး​ငှက်​ကဲ့​သို့​ပြု​ကြ​လော့။-
You inhabitants of Moab, leave the cities, and dwell in the rock; and be like the dove that makes her nest over the mouth of the abyss.
29 ၂၉ မော​ဘ​ပြည်​သည်​အ​လွန်​မာ​န​ကြီး​၏။ ပြည်​သူ တို့​သည်​အ​ဘယ်​မျှ​စိတ်​နေ​မြင့်​၍၊ မောက်​မာ ထောင်​လွှား​ကာ​မာန်​မာ​န​ကြီး​ကြ​ကြောင်း​ကို လည်း​ကောင်း၊ အ​ဘယ်​မျှ​ကိုယ်​ကျိုး​ရှာ​တတ် ကြောင်း​ကို​လည်း​ကောင်း​ငါ​ကြား​သိ​တော် မူ​ပြီ။-
We have heard of the pride of Moab--he is very proud--of his pride, and his vanity, and his arrogance, and the haughtiness of his heart.
30 ၃၀ သူ​တို့​၏​ကြွား​ဝါ​မှု​များ​သည်​အ​ရာ​မ​ရောက်။ သူ​တို့​ပြု​သော​အ​ရာ​များ​သည်​လည်း​တာ​ရှည် မ​ခံ။ သူ​တို့​၏​မောက်​မာ​ထောင်​လွှား​မှု​ကို​ငါ ထာ​ဝ​ရ​ဘု​ရား​သိ​၏။-
I know his wrath,' says YHWH, 'that it is nothing; his boastings have worked nothing.
31 ၃၁ သို့​ဖြစ်​၍​ငါ​သည်​မော​ဘ​ပြည်​သူ​အ​ပေါင်း တို့​နှင့်​ကိ​ရ​ဟ​ရက်​မြို့​သူ​မြို့​သား​တို့ အ​တွက်​မျက်​ရည်​ကျ​မည်။-
therefore I will wail for Moab; yes, I will cry out for all Moab; I will mourn for the men of Kir Heres.
32 ၃၂ ယာ​ဇာ​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငို​ကြွေး သည်​ထက်​စိ​ဗ​မာ​မြို့​သူ​မြို့​သား​များ အ​တွက် ငါ​ပို​၍​ငို​ကြွေး​မည်။ အို စိ​ဗ​မာ​မြို့၊ သင်​သည်​ပင်​လယ်​သေ​ကို​ကျော်​ဖြတ်​၍ ယာ​ဇာ​မြို့​တိုင်​အောင်​ပျံ့​နှံ့​သွား​သည့်​စ​ပျစ် ပင်​နှင့်​တူ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​သင် ၏​နွေ​ရာ​သီ​သစ်​သီး​ဝ​လံ​များ​နှင့်​စ​ပျစ် ပင်​များ​သည်​အ​ဖျက်​အ​ဆီး​ခံ​ရ​ကြ​လေ ပြီ။-
With more than the weeping of Jazer will I weep for you, vine of Sibmah: your branches passed over the sea, they reached even to Jazer; on your summer fruits and on your vintage the destroyer is fallen.
33 ၃၃ အ​သီး​အ​နှံ​ကြွယ်​ဝ​သည့်​မော​ဘ​ပြည်​မှ ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​ရုပ်​သိမ်း​လိုက်​လေ ပြီ။ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​ရည် များ​ယို​ထွက်​၍​မ​လာ​တော့​ပေ။ စ​ပျစ်​သီး ကို​နယ်​၍​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​မည့် သူ​လည်း​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။
Gladness and joy is taken away from the fruitful field and from the land of Moab; and I have caused wine to cease from the wine presses: none shall tread with shouting; the shouting shall be no shouting.
34 ၃၄ ``ဟေ​ရှ​ဘုန်​မြို့​နှင့်​ဧ​လာ​လေ​မြို့​တို့​မှ လူ​တို့ ငို​ကြွေး​ကြ​သော​အ​သံ​ကို​ယာ​ဟတ်​မြို့​တိုင် အောင်​ကြား​ရ​ကြ​၏။ ထို​အ​သံ​ကို​ဇော​ရ​မြို့ မှ​ဟော​ရ​နိမ်​မြို့​နှင့်​ကေလက်​မြို့​တို့​မှ​ပင် ကြား​နိုင်​လေ​သည်။ နိ​မ​ရိမ်​ချောင်း​သည် လည်း​ခန်း​ခြောက်​၍​သွား​၏။-
From the cry of Heshbon even to Elealeh, even to Jahaz have they uttered their voice, from Zoar even to Horonaim, to Eglath Shelishiyah: for the waters of Nimrim also shall become desolate.
35 ၃၅ ငါ​သည်​မော​ဘ​ပြည်​သား​တို့​အား​တောင် ထိပ်​များ​တွင်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ ဆက်​ကပ်​မှု​နှင့် မိ​မိ​တို့​ဘု​ရား​များ​အား ယဇ်​ပူ​ဇော်​မှု​ကို​ရပ်​စဲ​စေ​မည်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။
And I will cause to cease in Moab,' says YHWH, 'the one who offers sacrifice upon the high place, and the one who burns incense to his gods.
36 ၃၆ ``မော​ဘ​ပြည်​သား​များ​နှင့် ကိ​ရ​ဟ​ရက်​မြို့ သူ​မြို့​သား​များ​သည်​မိ​မိ​တို့​ပိုင်​ဆိုင်​သ​မျှ သော​ဥစ္စာ​ပစ္စည်း​များ​ဆုံး​ရှုံး​ကုန်​ကြ​ပြီ ဖြစ်​၍ ငါ​၏​စိတ်​နှ​လုံး​သည်​မ​သာ​သီ​ချင်း ကို​ပြွေ​မှုတ်​သူ​ကဲ့​သို့​ထို​သူ​တို့​၏​အ​တွက် ငို​ကြွေး​မြည်​တမ်း​မည်။-
Therefore my heart sounds for Moab like pipes, and my heart sounds like pipes for the men of Kir Heres: therefore the abundance that he has gotten is perished.
37 ၃၇ လူ​တိုင်း​ပင်​ဆံမုတ်​ဆိတ်​ပယ်​ကြ​လေ​ပြီ။ သူ တို့​သည်​မိ​မိ​တို့​၏​လက်​များ​ကို​ထိ​ရှ​၍ လျှော်​တေ​ကို​ဝတ်​ဆင်​ထား​ကြ​၏။-
For every head is bald, and every beard clipped: on all the hands are cuttings, and on the waist sackcloth.
38 ၃၈ မော​ဘ​ပြည်​အိမ်​ခေါင်​မိုး​မှန်​သ​မျှ​တို့​အ​ပေါ် ၌​လည်း​ကောင်း၊ လူ​ထု​စည်း​ဝေး​ရာ​မြေ​ကွက် လပ်​မှန်​သ​မျှ​တို့​၌​လည်း​ကောင်း​ငို​ကြွေး​မြည် တမ်း​မှု​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​အ​မှု အ​ရာ​မျှ​မ​တွေ့​ရ​ကြ။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​အ​သုံး​မ​ဝင်​တော့​သည့်​အိုး ကို​ခွဲ​သ​ကဲ့​သို့ မော​ဘ​ပြည်​ကို​ခွဲ​လိုက်​ပြီ ဖြစ်​သော​ကြောင့်​တည်း။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဆို​သည့်​စ​ကား​ဖြစ်​၏။-
On all the housetops of Moab and in its streets there is lamentation every where; for I have broken Moab like a vessel in which none delights,' says YHWH.
39 ၃၉ မော​ဘ​ပြည်​သည်​ကြေ​မွ​၍​သွား​လေ​ပြီ။ မော​ဘ​ပြည်​သည်​ငို​ကြွေး​လျက်​နေ​လေ​ပြီ။ မော​ဘ​ပြည်​သည်​အ​သ​ရေ​ပျက်​လေ​ပြီ။ ထို ပြည်​သည်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​သ​ဖြင့် နီး​နား​ဝန်း​ကျင်​မှ​လူ​မျိုး​အ​ပေါင်း​တို့​သည် ယင်း​ကို​ပြက်​ရယ်​ပြု​ကြ​ကုန်​၏။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​သည်။
How it is broken down. How they wail. How Moab has turned the back with shame. So shall Moab become a derision and a terror to all who are around him.'
40 ၄၀ တောင်​ပံ​များ​ကို​ဖြန့်​၍​ထား​သည့်​လင်း​ယုန် ငှက်​ကဲ့​သို့​ရန်​သူ​သည်​မော​ဘ​ပြည်​ပေါ်​သို့ ထိုး​ဆင်း​လိမ့်​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​ကြား​ခဲ့​လေ​ပြီ။-
For thus says YHWH: 'Look, he shall fly as an eagle, and shall spread out his wings against Moab.
41 ၄၁ မြို့​များ၊ ခံ​တပ်​များ​သည်​အ​သိမ်း​ခံ​ရ​ကြ လိမ့်​မည်။ ထို​နေ့​၌​မော​ဘ​စစ်​သည်​တော်​တို့ သည်​သား​ဖွား​ဝေ​ဒ​နာ​ခံ​ရ​သော​အ​မျိုး သ​မီး​ကဲ့​သို့​ကြောက်​လန့်​ကြ​လိမ့်​မည်။-
Kerioth is taken, and the strongholds are seized, and the heart of the mighty men of Moab at that day shall be as the heart of a woman in her pangs.
42 ၄၂ မော​ဘ​ပြည်​သည်​ငါ့​အား​ပုန်​ကန်​ခဲ့​သ​ဖြင့် သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကာ​နိုင်​ငံ တစ်​ခု​အ​နေ​ဖြင့်​တည်​ရှိ​တော့​မည်​မ​ဟုတ်။-
Moab shall be destroyed from being a people, because he has magnified himself against YHWH.
43 ၄၃ မော​ဘ​ပြည်​သူ​တို့​အား​ထိတ်​လန့်​ဖွယ်​ရာ များ၊ မြေ​တွင်း​များ​နှင့်​ထောင်​ချောက်​များ​သည် အ​သင့်​စောင့်​ဆိုင်း​လျက်​ရှိ​ပေ​သည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။-
Fear, and the pit, and the snare, are on you, inhabitant of Moab, says YHWH.
44 ၄၄ ထိတ်​လန့်​ဖွယ်​ရာ​ကောင်း​သည့်​အ​ရာ​မှ​လွတ် မြောက်​ရန်​ကြိုး​စား​သူ​သည်​မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ မြေ​တွင်း​မှ​တက်​၍​လာ​သော​သူ သည်​လည်း​ထောင်​ချောက်​များ​တွင်​မိ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မော​ဘ​ပြည်​ကို​သုတ် သင်​ဖျက်​ဆီး​ရန်​အ​ချိန်​ကို​ငါ​သတ်​မှတ် ထား​ပြီး​ဖြစ်​သော​ကြောင့်​တည်း။-
He who flees from the fear shall fall into the pit; and he who gets up out of the pit shall be taken in the snare: for I will bring on him, even on Moab, the year of their visitation,' says YHWH.
45 ၄၅ ခို​ကိုး​ရာ​မဲ့​ဒုက္ခ​သည်​များ​သည်​ဟေ​ရှ​ဘုန် မြို့​တွင်​ခို​လှုံ​ရန်​ကြိုး​စား​ကြ​၏။ သို့​ရာ​တွင် အ​ခါ​တစ်​ပါး​က​ရှိ​ဟုန်​မင်း​နန်း​စံ​ခဲ့​သည့် ဟေ​ရှ​ဘုန်​မြို့​သည်​မီး​ဟုန်း​ဟုန်း​ထ​၍​နေ လေ​သည်။ မီး​သည်​စစ်​မက်​ဝါ​သ​နာ​ပါ​သည့် မောဘ​ပြည်​သူ​တို့​၏​နယ်​ခြား​ဒေ​သ​များ​နှင့် တောင်​ထိပ်​များ​ကို​ကျွမ်း​လောင်​စေ​လေ​ပြီ။-
'Those who fled stand without strength under the shadow of Heshbon; for a fire has gone forth out of Heshbon, and a flame from the city of Sihon, and it has destroyed the forehead of Moab, and the crown of the sons of tumult.
46 ၄၆ မော​ဘ​ပြည်​သူ​တို့​အား​က​ရု​ဏာ​သက်​ကြ လော့။ ခေ​မု​ရှ​ဘု​ရား​ကို​ရှိခိုး​ဝတ်​ပြု​သူ​တို့ သည်​သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကြ လေ​ပြီ။ သူ​တို့​၏​သား​သ​မီး​များ​သည်​လည်း သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ လေ​ပြီ။
Woe to you, O Moab. The people of Chemosh is undone; for your sons are taken away captive, and your daughters into captivity.
47 ၄၇ သို့​ရာ​တွင်​နောင်​လာ​လတ္တံ့​သော​ကာ​လ​၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ဘ​ပြည်​ကို​တစ်​ဖန် ပြန်​၍​ကောင်း​စား​လာ​စေ​မည်။ ဤ​ကား​မော​ဘ ပြည်​အ​ပေါ်​သို့​ကျ​ရောက်​မည့်​အ​ဖြစ်​အ​ပျက် နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​များ​ဖြစ်​သ​တည်း။
Yet will I bring back the captivity of Moab in the latter days,' says YHWH. Thus far is the judgment of Moab."

< ယေရမိ 48 >