< ယေရမိ 47 >
1 ၁ ဂါဇမြို့ကိုအီဂျစ်ဘုရင်မတိုက်ခိုက်မီ ဖိလိတ္တိအမျိုးသားများကိုရည်မှတ်၍ ထာဝရဘုရားသည်ငါ့အားဗျာဒိတ် ပေးတော်မူ၏။
2 ၂ ကိုယ်တော်က၊ ``ကြည့်ရှုလော့။ မြောက်အရပ်တွင်ရေတက် လျက် ရေလျှံမြစ်ကဲ့သို့စီးဆင်းလာလိမ့်မည်။ ထိုရေတို့သည်ကမ္ဘာမြေကြီးနှင့်မြေကြီး ပေါ်တွင် ရှိသမျှသောအရာများ၊မြို့များနှင့် မြို့သူမြို့သားများကိုလွှမ်းမိုးကြလိမ့်မည်။ လူတို့သည်ကယ်ရန်ဟစ်ခေါ်ကြလိမ့်မည်။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့သည်ပြင်းပြစွာ ငိုကြွေးကြလိမ့်မည်။
3 ၃ သူတို့သည်မြင်းခွာသံများနှင့်မြင်းရထား ဘီးလည်သံများကိုကြားရကြလိမ့်မည်။ ဖခင်များသည်မိမိတို့သားသမီးများကို ပြန်မကြည့်ကြ။ သူတို့၏လက်များသည်လည်းအားလျော့၍ တွဲကျလျက်ရှိလိမ့်မည်။
4 ၄ တုရုမြို့နှင့်ဇိဒုန်သို့ပေးပို့နိုင်သည့်စစ်ကူ အကြွင်းအကျန်မှန်သမျှကိုဖြတ်တောက် ပစ်ရန် ဖိလိတ္တိပြည်ကို၊သုတ်သင်ပယ်ရှင်းရမည့် နေ့ရက်ကာလကျရောက်လာလေပြီ။ ငါထာဝရဘုရားသည်ကရေတေကမ်းခြေမှ လာသူအပေါင်းဖြစ်သည့် ဖိလိတ္တိအမျိုးသားတို့အားသုတ်သင်ပယ်ရှင်းမည်။
5 ၅ ဂါဇမြို့သူမြို့သားတို့သည်များစွာ ဝမ်းနည်းကြေကွဲရကြလေပြီ။ အာရှကေလုန်မြို့သူမြို့သားတို့သည်လည်း ဆိတ်ဆိတ်နေကြ၏။ ကြွင်းကျန်၍နေသောဖိလိတ္တိပြည်သူတို့ သည်အဘယ်မျှ ကြာကြာငိုကြွေးမြည်တမ်းလျက်နေကြ မည်နည်း။
6 ၆ ထာဝရဘုရား၏ဋ္ဌားတော်၊ သင်သည်အဘယ်မျှကြာကြာခုတ်ထစ် နေပါဦးမည်နည်း။ မိမိဋ္ဌားအိမ်သို့ပြန်၍ဝင်ပြီးလျှင် ငြိမ်သက်စွာ နေပါလော့'' ဟုသင်တို့ဆိုကြ၏။
7 ၇ သို့ရာတွင်ထိုဋ္ဌားတော်သည်ငါပေးအပ်ထား သည့် အလုပ်ရှိသဖြင့် အဘယ်သို့လျှင်ငြိမ်သက်စွာနေနိုင်မည်နည်း။ အာရှကေလုန်မြို့နှင့်ပင်လယ်ကမ်းခြေတွင် နေထိုင်သော လူတို့အား၊တိုက်ခိုက်ရန်ထိုဋ္ဌားတော်ကိုငါ အမိန့်ပေးတော်မူလေပြီ'' ဟုမိန့်တော်မူ၏။