< ယေရမိ 46 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​နိုင်​ငံ​တ​ကာ​ကို ရည်​မှတ်​၍ ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
The word of the Lord, that was maad to Jeremye, the profete, ayens hethene men;
2 အီ​ဂျစ်​ပြည်​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ကိုယ် တော်​မိန့်​တော်​မူ​သည်​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှိ​၏​သား ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ​စ​တုတ္ထ​နှစ် ၌ ဥ​ဖ​ရတ်​မြစ်​အ​နီး​ကာ​ခေ​မိတ်​အ​ရပ်​တွင် ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နှိမ်​နင်း​လိုက် သည့်​အီ​ဂျစ်​ဘု​ရင်​ဖာ​ရော​နေ​ခေါ်​၏​တပ်​မ တော်​ကို​ရည်​မှတ်​၍​ဗျာ​ဒိတ်​ပေး​တော်​မူ ၏။
to Egipt, ayens the oost of Farao Nechao, kyng of Egipt, that was bisidis the flood Eufrates, in Charchamys, whom Nabugodonosor, kyng of Babiloyne, smoot, in the fourthe yeer of Joachym, sone of Josie, kyng of Juda.
3 ``အီ​ဂျစ်​တပ်​မှူး​တို့​က`သင်​တို့​၏​ဒိုင်း​လွှား များ​ကို အ​သင့်​ပြင်​ဆင်​ကာ​တိုက်​ပွဲ​သို့​ဝင်​ကြ​လော့''
Make ye redi scheeld and targat, and go ye forth to batel.
4 သင်​တို့​၏​မြင်း​များ​ကို​ကြိုး​တန်​ဆာ​ဆင်​စီး ကြ​လော့။ စီ​တန်း​ပြီး​လျှင်​သင်​တို့​၏​သံ​ခ​မောက်​များ ကို ဆောင်း​ကြ​လော့။ လှံ​များ​ကို​သွေး​ကြ​လော့။ သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ကြ​လော့' ဟု​အော်​ဟစ် ကြ​၏။
Ioyne ye horsis, and stie, ye knyytis; stonde ye in helmes, polische ye speris, clothe ye you in haburiowns.
5 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​မြင်​ရ သည်​ကား အ​ဘယ်​သို့​နည်း။ သူ​တို့​သည်​ကြောက်​လန့်​၍​နောက်​သို့​ဆုတ်​ခွာ နေ​ကြ​၏။ သူ​တို့​၏​စစ်​သူ​ရဲ​များ​သည်​အ​ရေး​ရှုံး​နိမ့်​ကြ လေ​ပြီ။ သူ​တို့​သည်​ကြောက်​အား​ကြီး​၍၊ နောက်​သို့​လှည့်​မ​ကြည့်​ဘဲ​အ​စွမ်း​ကုန်​လျင် မြန်​စွာ ပြေး​ကြ​လေ​ကုန်​၏'' ဟု​မိန့်​တော်​မူ​၏။
What therfor? Y siy hem dredeful, and turnynge the backis, the stronge men of hem slayn; and thei fledden swiftli, and bihelden not; drede was on ech side, seith the Lord.
6 လျင်​မြန်​စွာ​ပြေး​သူ​တို့​သည်​မ​လွတ်​နိုင်။ စစ်​သူ​ရဲ​တို့​သည်​မ​လွတ်​မြောက်​နိုင်။ သူ​တို့​သည်​မြောက်​ဘက်​ဒေ​သ၊ဥ​ဖ​ရတ် မြစ် အ​နီး​တွင်​ခြေ​ချော်​၍​လဲ​ကြ​ကုန်​၏။
A swift man schal not fle, and a strong man gesse not hym silf to be saued; at the north, bisidis the flood Eufrates, thei weren ouer comun, and fellen doun.
7 ရေ​လျှံ​သော​မြစ်​ကဲ့​သို့​လည်း​ကောင်း၊ နိုင်း​မြစ်​ရေ​ကဲ့​သို့​လည်း​ကောင်း၊ ချီ​တက်​လာ​သူ​ကား​အ​ဘယ်​သူ​နည်း။
Who is this, that stieth as a flood, and hise swelewis wexen greet as of floodis?
8 ရေ​လျှံ​သော​မြစ်​ကဲ့​သို့​လည်း​ကောင်း၊ နိုင်း​မြစ်​ရေ​ကဲ့​သို့​လည်း​ကောင်း ချီ​တက်​လာ​သူ​မှာ​အီ​ဂျစ်​နိုင်​ငံ​ဖြစ်​ပေ သည်။ အီ​ဂျစ်​နိုင်​ငံ​က`ငါ​သည်​ချီ​တက်​၍​ကမ္ဘာ​ကို လွှမ်း​မိုး​မည်။ မြို့​များ​နှင့်​မြို့​သူ​မြို့​သား​တို့​အား​ဖျက်​ဆီး​မည်။
Egipte stiede at the licnesse of a flood, and hise wawis schulen be mouyd as floodis; and it schal seie, Y schal stie, and hile the erthe; Y schal leese the citee, and dwelleris therof.
9 မြင်း​များ​တို့​တက်​ကြ​လော့။ ရ​ထား​များ​တို့၊အ​ပြင်း​နှင်​ကြ​လော့။ ဒိုင်း​လွှား​ကိုင်​ဆောင်​သူ​ဆူ​ဒန်​ပြည်​သား​နှင့် လစ်​ဗျား​ပြည်​သား​တို့​လု​ဒ​ပြည်​သား​လေး သည်​တော် အ​စ​ရှိ​သည့် စစ်​သည်​တော်​တို့​ထွက်​သွား​ကြ​လော့' ဟု​ဆို​၏'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
Stie ye on horsis, and make ye ful out ioie in charis; and stronge men, come forth, Ethiopie and Libie, holdynge scheeld, and Lidii, takynge and schetynge arowis.
10 ၁၀ ဤ​နေ့​သည်​အ​နန္တ​တန်​ခိုး​ရှင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​ဖြစ်​၏။ ကိုယ်​တော်​သည်​ရန်​သူ​တို့​အား​ယ​နေ့​ပင် လက်​စား​ချေ​တော်​မူ​မည်။ သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။ ကိုယ်​တော်​၏​ဋ္ဌား​သည်​သူ​တို့​အ​သား​ကို​အ​ဝ စား​၍ သူ​တို့​၏​သွေး​ကို​အ​ဝ​သောက်​လိမ့်​မည်။ ယ​နေ့​အ​နန္တ​တန်​ခိုး​ရှင်​သည်​ဥ​ဖ​ရတ်​မြစ် အ​နီး မြောက်​ဘက်​ဒေ​သ​၌ မိ​မိ​၏​ယဇ်​ကောင်​များ​ကို​ပူ​ဇော်​တော်​မူ​၏။
Forsothe that dai of the Lord God of oostis is a dai of veniaunce, that he take veniaunce of hise enemyes; the swerd schal deuoure, and schal be fillid, and schal greetli be fillid with the blood of hem; for whi the slayn sacrifice of the Lord of oostis is in the lond of the north, bisidis the flood Eufrates.
11 ၁၁ အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့၊ ဂိ​လဒ်​ပြည်​သို့​သွား​၍ ဆေး​ဝါး​များ​ကို​ရှာ​ကြ​လော့။ သင်​တို့​၏​ဆေး​များ​သည်​တန်​ခိုး​အာ​နိ​သင် မ​ရှိ။ သင်​တို့​၏​အ​နာ​ရော​ဂါ​ကို​မ​ပျောက်​ကင်း​စေ​နိုင်။
Thou virgyn, the douyter of Egipt, stie in to Galaad, and take medicyn. In veyn thou schalt multiplie medecyns; helthe schal not be to thee.
12 ၁၂ လူ​မျိုး​တ​ကာ​တို့​သည်​သင်​တို့​အ​ရှက်​ကွဲ​မှု​ကို ကြား​သိ​ကြ​လေ​ပြီ။ သင်​တို့​ငို​ကြွေး​သံ​ကို​လူ​တိုင်း​ကြား​ရ​ကြ​၏။ စစ်​သူ​ရဲ​သည်​တစ်​ဦး​နှင့်​တစ်​ဦး​တိုက်​မိ​သ​ဖြင့် နှစ်​ဦး​စ​လုံး​မြေ​ပေါ်​သို့​လဲ​ကျ​ကြ​လေ​ပြီ။
Hethene men herden thi schenschipe, and thi yellyng fillide the erthe; for a strong man hurtlide ayens a strong man, and bothe fellen doun togidere.
13 ၁၃ အီ​ဂျစ်​ပြည်​ကို​တိုက်​ခိုက်​ရန်​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​လာ​ရောက်​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ကိုယ်​တော်​က၊
The word which the Lord spak to Jeremye, the profete, on that that Nabugodonosor, kyng of Babiloyne, was to comynge, and to smytynge the lond of Egipt.
14 ၁၄ ``အီ​ဂျစ်​မြို့​များ​ဖြစ်​သော​မိ​ဂ​ဒေါ​လ၊နော​ဖ​နှင့် တာ​ပ​နက်​မြို့​တို့​အား၊ သင်​တို့​သည်​မိ​မိ​တို့​အ​တွက်​ခု​ခံ​ကာ​ကွယ် အ​သင့်​ပြင်​ဆင်​ကြ​လော့။ သင်​တို့​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် စစ်​ပွဲ​တွင် ဆုံး​ရှုံး​ပျက်​စီး​လိမ့်​မည်။''
Telle ye to Egipt, and make ye herd in Magdalo, and sowne it in Memphis, and seie ye in Taphnys, Stonde thou, and make thee redi, for a swerd schal deuoure tho thingis that ben bi thi cumpas.
15 ၁၅ သင်​တို့​၏​တန်​ခိုး​ကြီး​သော​ဘု​ရား​အာ​ပိ သည် အ​ဘယ်​ကြောင့်​ပြို​လဲ​ရ​သ​နည်း။ သူ့​အား​ထာ​ဝ​ရ​ဘု​ရား​တွန်း​ချ​တော်​မူ​လေပြီ။
Whi hath thi strong man wexe rotun? He stood not, for the Lord vndurturnede hym.
16 ၁၆ သင်​တို့​၏​စစ်​သူ​ရဲ​များ​သည်​ခြေ​ချော်​၍​လဲ ကြ​ကုန်​၏။ သူ​တို့​တစ်​ယောက်​ကို​တစ်​ယောက်`မြန်​မြန်​လာ​ကြ။ ငါ​တို့​သည်​မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​ပြန်​ကြ ကုန်​အံ့။ ရန်​သူ​၏​ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​ရန်​ပြေး​ကြ ကုန်​အံ့' ဟု​ဆို​ကြ​၏။
He multipliede falleris, and a man felle doun to his neiybore; and thei schulen seie, Rise ye, and turne we ayen to oure puple, and to the lond of oure birthe, fro the face of swerd of the culuer.
17 ၁၇ ``အီ​ဂျစ်​ဘု​ရင်​ဖာ​ရော​အား `အ​ခွင့်​ကောင်း​ကို​လက်​လွတ်​သူ၊လေ​အိုး​ကြီး' ဟူ​သော​နာ​မည်​သစ်​ကို​ပေး​ကြ​လော့။
Clepe ye the name of Farao, kyng of Egipt; the tyme hath brouyt noise.
18 ၁၈ အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရင်​ဖြစ်​တော်​မူ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ပေ​တည်း။ တာ​ဗော်​တောင်​ထိပ်​သည်​တောင်​တ​ကာ​တို့ ထက် မြင့်​သ​ကဲ့​သို့​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်​ထိပ်​သည်​လည်း၊ပင်​လယ် အ​နီး​တွင် မြင့်​မား​စွာ​တည်​ရှိ​သကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​တိုက်​ခိုက်​မည့်​သူ​သည်​ခွန်​အား ကြီး​မား ပေ​လိမ့်​မည်။
Y lyue, seith the kyng, the Lord of oostis is his name; for it schal come as Thabor in hillis, and as Carmele in the see.
19 ၁၉ အ​ချင်း​အီ​ဂျစ်​ပြည်​သား​တို့၊ သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရန် အ​သင့် ပြင်​ဆင်​ထား​ကြ​လော့။ နော​ဖ​မြို့​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ သဲ​ကန္တာ​ရ​ဖြစ်​လိမ့်​မည်။
Thou dwelleresse, the douyter of Egipt, make to thee vessels of passyng ouer; for whi Memfis schal be in to wildirnesse, and schal be forsakun vnhabitable.
20 ၂၀ အီ​ဂျစ်​ပြည်​သည်​မြောက်​အ​ရပ်​မှ မှက်​ကိုက်​ခံ​ရ​သည့် လှ​ပ​ဆူ​ဖြိုး​သည်​နွား​မ​နှင့်​တူ​၏။
Egipt is a schapli cow calf, and fair; a prickere fro the north schal come to it.
21 ၂၁ အ​ငှား​စစ်​သည်​များ​ပင်​လျှင်​နွား​သ​ငယ်​များ သ​ဖွယ် ခို​ကိုး​ရာ​မဲ့​ဖြစ်​ကြ​၏။ သူ​တို့​သည်​ခု​ခံ​တိုက်​ခိုက်​မှု​ကို​မ​ပြု​ဘဲ အား​လုံး​လှည့်​၍​ပြေး​ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​ဆုံး​ပါး​ပျက်​စီး ရ​မည့်​နေ့၊ ကံ​ကြမ္မာ​ဆိုး​ကြုံ​တွေ့​ရ​မည့်​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။
Also the hirid men therof, that liueden as caluys maad fatte in the myddis therof, ben turned, and fledden togidere, and miyten not stonde; for the dai of sleynge of hem schal come on hem, the tyme of the visityng of hem.
22 ၂၂ ရန်​သူ​တပ်​မ​တော်​နီး​ကပ်​လာ​သည်​နှင့်​အီ​ဂျစ် ပြည်​သည် မြည်​သံ​ပြု​သော​မြွေ​ကဲ့​သို့​ထွက်​ပြေး​လေ​၏။ လူ​တို့​သစ်​ပင်​များ​ကို​ခုတ်​သ​ကဲ့​သို့​ရန်​သူ တို့​သည် သူ့​အား​ရဲ​တင်း​များ​နှင့်​တိုက်​ခိုက်​ကြ​၏။
The vois of hem schal sowne as of bras, for thei schulen haste with oost, and with axis thei schulen come to it. As men kittynge doun trees thei kittiden doun the forest therof,
23 ၂၃ သူ​တို့​သည်​သစ်​တော​ကို​ခုတ်​လှဲ​သ​ကဲ့​သို့ တိုက်​ခိုက်​ကြ​၏။ သူ​တို့​၏​လူ​များ​သည်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​၍ သူ​တို့​၏​စစ်​သူ​ရဲ​များ​သည်၊အ​ရေ​အ​တွက် အား​ဖြင့် ကျိုင်း​ကောင်​များ​ထက်​ပင်​များ​ပြား​ကြ​၏။
seith the Lord, which mai not be noumbrid; thei ben multiplied ouer locustis, and no noumbre is in hem.
24 ၂၄ အီ​ဂျစ်​ပြည်​သူ​တို့​သည်​အ​ရှက်​ကွဲ​ရ​ကြ လေ​ပြီ။ သူ​တို့​အား​မြောက်​အ​ရပ်​မှ​လူ​တို့​က နှိမ်​နင်း​လိုက်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
The douytir of Egipt is schent, and bitakun in to the hond of the puple of the north,
25 ၂၅ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် သိ​ဘိ​မြို့​၌​ရှိ​သော​အမ္မုန်​ဘု​ရား​ကို​အီ​ဂျစ် ပြည်၊ အီ​ဂျစ်​ဘု​ရား​များ၊ ဘု​ရင်​များ​နှင့် အ​တူ​ဆုံး​မ​မည်။ အီ​ဂျစ်​ပြည်​ဘု​ရင်​နှင့် သူ့​ကို​အား​ထား​ယုံ​ကြည်​သူ​မှန်​သ​မျှ​ကို ငါ​ဆုံး​မ​မည်။-
seide the Lord of oostis, God of Israel. Lo! Y schal visite on the noise of Alisaundre, and on Farao, and on Egipt, and on the goddis therof, and on the kyngis therof, and on hem that tristen in hym.
26 ၂၆ သူ​တို့​ကို​သတ်​ဖြတ်​လို​သူ​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​နှင့်​တပ်​မ​တော်​လက်​သို့​ငါ ပေး​အပ်​မည်။ သို့​ရာ​တွင်​နောင်​အ​ခါ​၌​လူ​တို့ သည်​ရှေး​ကာ​လ​များ​က​နည်း​တူ အီ​ဂျစ်​ပြည် တွင်​ပြန်​လည်​နေ​ထိုင်​ကြ​လိမ့်​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ထား​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
And Y schal yyue hem in to the hondis of men that seken the lijf of hem, and in to the hondis of Nabugodonosor, kyng of Babiloyne, and in to the hondis of hise seruauntis; and aftir these thingis it schal be enhabitid, as in the formere daies, seith the Lord.
27 ၂၇ ``ငါ​၏​လူ​မျိုး​တော်​တို့၊မ​ကြောက်​ကြ​နှင့်။ ဣ​သ​ရေ​လ ပြည်​သား​တို့၊ထိတ်​လန့်​တုန်​လှုပ်​မှု​မ​ဖြစ် ကြ​နှင့်။ သုံ့​ပန်း​များ​အ​ဖြစ်​နှင့်​သင်​တို့​သေ​ရ​ကြ သော​ပြည်၊ ထို​ဝေး​လံ​သော​ပြည်​မှ​သင်​တို့​အား​ငါ​ကယ် ဆယ်​မည်။ သင်​တို့​သည်​ပြန်​လာ​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သင်​တို့​အား​ကြောက်​လန့် စေ​လိမ့်​မည်​မ​ဟုတ်။
And thou, Jacob, my seruaunt, drede thou not, and Israel, drede thou not; for lo! Y schal make thee saaf fro fer place, and thi seed fro the lond of his caitiftee; and Jacob schal turne ayen, and schal reste, and schal haue prosperite, and noon schal be, that schal make hym aferd.
28 ၂၈ ငါ​သည်​သင်​တို့​ထံ​သို့​ကြွ​လာ​၍ သင်​တို့​အား​ကယ်​တင်​မည်။ သင်​တို့​အား​ငါ​ကွဲ​လွင့်​စေ​ခဲ့​ရာ နိုင်​ငံ​တ​ကာ​တို့​ကို​ငါ​ဖျက်​ဆီး​မည်။ သို့​ရာ​တွင်​သင်​တို့​ကို​မူ​ဖျက်​ဆီး​မည် မ​ဟုတ်။ ငါ​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ ထား​မည်​မ​ဟုတ်​သော်​လည်း၊ အ​ပြစ်​ဒဏ်​ခတ်​သော​အ​ခါ​၌​မူ​ကား​မျှ​တ​စွာ ဒဏ်​ခတ်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ကြား​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
And Jacob, my seruaunt, nyle thou drede, seith the Lord, for Y am with thee; for Y schal waste alle folkis, to whiche Y castide thee out; but Y schal not waste thee, but Y schal chastise thee in doom, and Y schal not spare thee as innocent.

< ယေရမိ 46 >