< ယေရမိ 46 >
1 ၁ ထာဝရဘုရားသည်နိုင်ငံတကာကို ရည်မှတ်၍ ငါ့အားဗျာဒိတ်ပေးတော်မူ၏။-
which to be word LORD to(wards) Jeremiah [the] prophet upon [the] nation
2 ၂ အီဂျစ်ပြည်အကြောင်းနှင့်ပတ်သက်၍ ကိုယ် တော်မိန့်တော်မူသည်မှာအောက်ပါအတိုင်း ဖြစ်၏။ ထာဝရဘုရားသည်ယောရှိ၏သား ယုဒဘုရင်ယောယကိမ်နန်းစံစတုတ္ထနှစ် ၌ ဥဖရတ်မြစ်အနီးကာခေမိတ်အရပ်တွင် ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှိမ်နင်းလိုက် သည့်အီဂျစ်ဘုရင်ဖာရောနေခေါ်၏တပ်မ တော်ကိုရည်မှတ်၍ဗျာဒိတ်ပေးတော်မူ ၏။
to/for Egypt upon strength: soldiers Pharaoh (Neco) (Pharaoh) Neco king Egypt which to be upon river Euphrates in/on/with Carchemish which to smite Nebuchadnezzar king Babylon in/on/with year [the] fourth to/for Jehoiakim son: child Josiah king Judah
3 ၃ ``အီဂျစ်တပ်မှူးတို့က`သင်တို့၏ဒိုင်းလွှား များကို အသင့်ပြင်ဆင်ကာတိုက်ပွဲသို့ဝင်ကြလော့''
to arrange shield and shield and to approach: approach to/for battle
4 ၄ သင်တို့၏မြင်းများကိုကြိုးတန်ဆာဆင်စီး ကြလော့။ စီတန်းပြီးလျှင်သင်တို့၏သံခမောက်များ ကို ဆောင်းကြလော့။ လှံများကိုသွေးကြလော့။ သံချပ်အင်္ကျီကိုဝတ်ကြလော့' ဟုအော်ဟစ် ကြ၏။
to bind [the] horse and to ascend: copulate [the] horse and to stand in/on/with helmet to polish [the] spear to clothe [the] armor
5 ၅ သို့ရာတွင်ထာဝရဘုရားက``ငါမြင်ရ သည်ကား အဘယ်သို့နည်း။ သူတို့သည်ကြောက်လန့်၍နောက်သို့ဆုတ်ခွာ နေကြ၏။ သူတို့၏စစ်သူရဲများသည်အရေးရှုံးနိမ့်ကြ လေပြီ။ သူတို့သည်ကြောက်အားကြီး၍၊ နောက်သို့လှည့်မကြည့်ဘဲအစွမ်းကုန်လျင် မြန်စွာ ပြေးကြလေကုန်၏'' ဟုမိန့်တော်မူ၏။
why? to see: see they(masc.) shattered to turn back and mighty man their to crush and refuge to flee and not to turn terror from around: side utterance LORD
6 ၆ လျင်မြန်စွာပြေးသူတို့သည်မလွတ်နိုင်။ စစ်သူရဲတို့သည်မလွတ်မြောက်နိုင်။ သူတို့သည်မြောက်ဘက်ဒေသ၊ဥဖရတ် မြစ် အနီးတွင်ခြေချော်၍လဲကြကုန်၏။
not to flee [the] swift and not to escape [the] mighty man north [to] upon hand: by river Euphrates to stumble and to fall: fall
7 ၇ ရေလျှံသောမြစ်ကဲ့သို့လည်းကောင်း၊ နိုင်းမြစ်ရေကဲ့သို့လည်းကောင်း၊ ချီတက်လာသူကားအဘယ်သူနည်း။
who? this like/as Nile to ascend: rise like/as river to shake water his
8 ၈ ရေလျှံသောမြစ်ကဲ့သို့လည်းကောင်း၊ နိုင်းမြစ်ရေကဲ့သို့လည်းကောင်း ချီတက်လာသူမှာအီဂျစ်နိုင်ငံဖြစ်ပေ သည်။ အီဂျစ်နိုင်ငံက`ငါသည်ချီတက်၍ကမ္ဘာကို လွှမ်းမိုးမည်။ မြို့များနှင့်မြို့သူမြို့သားတို့အားဖျက်ဆီးမည်။
Egypt like/as Nile to ascend: rise and like/as river to shake water and to say to ascend: rise to cover land: country/planet to perish city and to dwell in/on/with her
9 ၉ မြင်းများတို့တက်ကြလော့။ ရထားများတို့၊အပြင်းနှင်ကြလော့။ ဒိုင်းလွှားကိုင်ဆောင်သူဆူဒန်ပြည်သားနှင့် လစ်ဗျားပြည်သားတို့လုဒပြည်သားလေး သည်တော် အစရှိသည့် စစ်သည်တော်တို့ထွက်သွားကြလော့' ဟုဆို၏'' ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။
to ascend: rise [the] horse and to boast: rave madly [the] chariot and to come out: come [the] mighty man Cush and Put to capture shield and Lydian to capture to tread bow
10 ၁၀ ဤနေ့သည်အနန္တတန်ခိုးရှင်အရှင် ထာဝရဘုရား၏နေ့တော်ဖြစ်၏။ ကိုယ်တော်သည်ရန်သူတို့အားယနေ့ပင် လက်စားချေတော်မူမည်။ သူတို့အားအပြစ်ဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ဋ္ဌားသည်သူတို့အသားကိုအဝ စား၍ သူတို့၏သွေးကိုအဝသောက်လိမ့်မည်။ ယနေ့အနန္တတန်ခိုးရှင်သည်ဥဖရတ်မြစ် အနီး မြောက်ဘက်ဒေသ၌ မိမိ၏ယဇ်ကောင်များကိုပူဇော်တော်မူ၏။
and [the] day [the] he/she/it to/for Lord YHWH/God Hosts day vengeance to/for to avenge from enemy his and to eat sword and to satisfy and to quench from blood their for sacrifice to/for Lord YHWH/God Hosts in/on/with land: country/planet north to(wards) river Euphrates
11 ၁၁ အီဂျစ်ပြည်သူပြည်သားတို့၊ ဂိလဒ်ပြည်သို့သွား၍ ဆေးဝါးများကိုရှာကြလော့။ သင်တို့၏ဆေးများသည်တန်ခိုးအာနိသင် မရှိ။ သင်တို့၏အနာရောဂါကိုမပျောက်ကင်းစေနိုင်။
to ascend: rise Gilead and to take: take balsam virgin daughter Egypt to/for vanity: vain (to multiply *Q(K)*) remedy healing nothing to/for you
12 ၁၂ လူမျိုးတကာတို့သည်သင်တို့အရှက်ကွဲမှုကို ကြားသိကြလေပြီ။ သင်တို့ငိုကြွေးသံကိုလူတိုင်းကြားရကြ၏။ စစ်သူရဲသည်တစ်ဦးနှင့်တစ်ဦးတိုက်မိသဖြင့် နှစ်ဦးစလုံးမြေပေါ်သို့လဲကျကြလေပြီ။
to hear: hear nation dishonor your and outcry your to fill [the] land: country/planet for mighty man in/on/with mighty man to stumble together to fall: fall two their
13 ၁၃ အီဂျစ်ပြည်ကိုတိုက်ခိုက်ရန်ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလာရောက်သောအခါ ထာဝရ ဘုရားသည်ငါ့အားဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော်က၊
[the] word which to speak: speak LORD to(wards) Jeremiah [the] prophet to/for to come (in): come Nebuchadnezzar king Babylon to/for to smite [obj] land: country/planet Egypt
14 ၁၄ ``အီဂျစ်မြို့များဖြစ်သောမိဂဒေါလ၊နောဖနှင့် တာပနက်မြို့တို့အား၊ သင်တို့သည်မိမိတို့အတွက်ခုခံကာကွယ် အသင့်ပြင်ဆင်ကြလော့။ သင်တို့တွင်ရှိသမျှသောအရာတို့သည် စစ်ပွဲတွင် ဆုံးရှုံးပျက်စီးလိမ့်မည်။''
to tell in/on/with Egypt and to hear: proclaim in/on/with Migdol and to hear: proclaim in/on/with Memphis and in/on/with Tahpanhes to say to stand and to establish: prepare to/for you for to eat sword around you
15 ၁၅ သင်တို့၏တန်ခိုးကြီးသောဘုရားအာပိ သည် အဘယ်ကြောင့်ပြိုလဲရသနည်း။ သူ့အားထာဝရဘုရားတွန်းချတော်မူလေပြီ။
why? to prostatrate mighty: strong your not to stand: stand for LORD to thrust him
16 ၁၆ သင်တို့၏စစ်သူရဲများသည်ခြေချော်၍လဲ ကြကုန်၏။ သူတို့တစ်ယောက်ကိုတစ်ယောက်`မြန်မြန်လာကြ။ ငါတို့သည်မိမိတို့နေရင်းပြည်သို့ပြန်ကြ ကုန်အံ့။ ရန်သူ၏ဋ္ဌားဘေးမှလွတ်မြောက်ရန်ပြေးကြ ကုန်အံ့' ဟုဆိုကြ၏။
to multiply to stumble also to fall: fall man: anyone to(wards) neighbor his and to say to arise: rise [emph?] and to return: return to(wards) people our and to(wards) land: country/planet relatives our from face: because sword [the] to oppress
17 ၁၇ ``အီဂျစ်ဘုရင်ဖာရောအား `အခွင့်ကောင်းကိုလက်လွတ်သူ၊လေအိုးကြီး' ဟူသောနာမည်သစ်ကိုပေးကြလော့။
to call: call to there Pharaoh king Egypt roar to pass [the] meeting: time appointed
18 ၁၈ အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ဘုရင်ဖြစ်တော်မူ၏။ ငါသည်အသက်ရှင်တော်မူသော ဘုရားသခင်ပေတည်း။ တာဗော်တောင်ထိပ်သည်တောင်တကာတို့ ထက် မြင့်သကဲ့သို့လည်းကောင်း၊ ကရမေလတောင်ထိပ်သည်လည်း၊ပင်လယ် အနီးတွင် မြင့်မားစွာတည်ရှိသကဲ့သို့လည်းကောင်း၊ သင်တို့တိုက်ခိုက်မည့်သူသည်ခွန်အား ကြီးမား ပေလိမ့်မည်။
alive I utterance [the] king LORD Hosts name his for like/as (Mount) Tabor in/on/with mountain: mount and like/as Carmel in/on/with sea to come (in): come
19 ၁၉ အချင်းအီဂျစ်ပြည်သားတို့၊ သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းကိုခံရန် အသင့် ပြင်ဆင်ထားကြလော့။ နောဖမြို့သည်လူသူဆိတ်ငြိမ်ရာ သဲကန္တာရဖြစ်လိမ့်မည်။
article/utensil captivity to make to/for you to dwell daughter Egypt for Memphis to/for horror: destroyed to be and to kindle from nothing to dwell
20 ၂၀ အီဂျစ်ပြည်သည်မြောက်အရပ်မှ မှက်ကိုက်ခံရသည့် လှပဆူဖြိုးသည်နွားမနှင့်တူ၏။
heifer pretty pretty Egypt stinging fly from north to come (in): come to come (in): come
21 ၂၁ အငှားစစ်သည်များပင်လျှင်နွားသငယ်များ သဖွယ် ခိုကိုးရာမဲ့ဖြစ်ကြ၏။ သူတို့သည်ခုခံတိုက်ခိုက်မှုကိုမပြုဘဲ အားလုံးလှည့်၍ပြေးကြလေသည်။ အဘယ်ကြောင့်ဆိုသော်သူတို့ဆုံးပါးပျက်စီး ရမည့်နေ့၊ ကံကြမ္မာဆိုးကြုံတွေ့ရမည့်နေ့ရက်ကာလသည် ကျရောက်လာပြီဖြစ်သောကြောင့်တည်း။
also hired her in/on/with entrails: among her like/as calf stall for also they(masc.) to turn to flee together not to stand: stand for day calamity their to come (in): come upon them time punishment their
22 ၂၂ ရန်သူတပ်မတော်နီးကပ်လာသည်နှင့်အီဂျစ် ပြည်သည် မြည်သံပြုသောမြွေကဲ့သို့ထွက်ပြေးလေ၏။ လူတို့သစ်ပင်များကိုခုတ်သကဲ့သို့ရန်သူ တို့သည် သူ့အားရဲတင်းများနှင့်တိုက်ခိုက်ကြ၏။
voice: sound her like/as serpent to go: walk for in/on/with strength: soldiers to go: walk and in/on/with axe to come (in): come to/for her like/as to chop tree
23 ၂၃ သူတို့သည်သစ်တောကိုခုတ်လှဲသကဲ့သို့ တိုက်ခိုက်ကြ၏။ သူတို့၏လူများသည်မရေမတွက်နိုင်အောင် များပြား၍ သူတို့၏စစ်သူရဲများသည်၊အရေအတွက် အားဖြင့် ကျိုင်းကောင်များထက်ပင်များပြားကြ၏။
to cut: cut wood her utterance LORD for not to search for to multiply from locust and nothing to/for them number
24 ၂၄ အီဂျစ်ပြည်သူတို့သည်အရှက်ကွဲရကြ လေပြီ။ သူတို့အားမြောက်အရပ်မှလူတို့က နှိမ်နင်းလိုက်ကြ၏'' ဟုမိန့်တော်မူ၏။
be ashamed daughter Egypt to give: give in/on/with hand: power people north
25 ၂၅ ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သိဘိမြို့၌ရှိသောအမ္မုန်ဘုရားကိုအီဂျစ် ပြည်၊ အီဂျစ်ဘုရားများ၊ ဘုရင်များနှင့် အတူဆုံးမမည်။ အီဂျစ်ပြည်ဘုရင်နှင့် သူ့ကိုအားထားယုံကြည်သူမှန်သမျှကို ငါဆုံးမမည်။-
to say LORD Hosts God Israel look! I to reckon: punish to(wards) Amon from Thebes and upon Pharaoh and upon Egypt and upon God her and upon king her and upon Pharaoh and upon [the] to trust in/on/with him
26 ၂၆ သူတို့ကိုသတ်ဖြတ်လိုသူဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနှင့်တပ်မတော်လက်သို့ငါ ပေးအပ်မည်။ သို့ရာတွင်နောင်အခါ၌လူတို့ သည်ရှေးကာလများကနည်းတူ အီဂျစ်ပြည် တွင်ပြန်လည်နေထိုင်ကြလိမ့်မည်။ ဤကား ငါထာဝရဘုရားမြွက်ထားသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
and to give: give them in/on/with hand: power to seek soul: life their and in/on/with hand: power Nebuchadnezzar king Babylon and in/on/with hand: power servant/slave his and after so to dwell like/as day front: old utterance LORD
27 ၂၇ ``ငါ၏လူမျိုးတော်တို့၊မကြောက်ကြနှင့်။ ဣသရေလ ပြည်သားတို့၊ထိတ်လန့်တုန်လှုပ်မှုမဖြစ် ကြနှင့်။ သုံ့ပန်းများအဖြစ်နှင့်သင်တို့သေရကြ သောပြည်၊ ထိုဝေးလံသောပြည်မှသင်တို့အားငါကယ် ဆယ်မည်။ သင်တို့သည်ပြန်လာ၍ငြိမ်းချမ်းစွာနေထိုင် ရကြလိမ့်မည်။ ဘေးမဲ့လုံခြုံမှုရှိလိမ့်မည်။ အဘယ်သူမျှသင်တို့အားကြောက်လန့် စေလိမ့်မည်မဟုတ်။
and you(m. s.) not to fear servant/slave my Jacob and not to to be dismayed Israel for look! I to save you from distant and [obj] seed: children your from land: country/planet captivity their and to return: return Jacob and to quiet and to rest and nothing to tremble
28 ၂၈ ငါသည်သင်တို့ထံသို့ကြွလာ၍ သင်တို့အားကယ်တင်မည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာ နိုင်ငံတကာတို့ကိုငါဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည် မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း၊ အပြစ်ဒဏ်ခတ်သောအခါ၌မူကားမျှတစွာ ဒဏ်ခတ်မည်။ ဤကားငါထာဝရဘုရားပြောကြားသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
you(m. s.) not to fear servant/slave my Jacob utterance LORD for with you I for to make consumption in/on/with all [the] nation which to banish you there [to] and [obj] you not to make consumption and to discipline you to/for justice and to clear not to clear you