< ယေရမိ 45 >
1 ၁ ယောရှိ၏သား၊ ယုဒဘုရင်ယောယကိမ်နန်းစံ စတုတ္ထနှစ်၌နေရိ၏သားဗာရုတ်သည် ငါနှုတ် တိုက်ချပေးသည့်စကားများကိုရေးမှတ်၍ ထား၏။ ထိုနောက်ငါသည်၊-
The message that Jeremiah the prophet spoke to Baruch the son of Neriah, when he wrote these words in a scroll at the mouth of Jeremiah, in the fourth year of Jehoiakim the son of Josiah, king of Judah, saying,
2 ၂ ဗာရုတ်အားဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက``ဗာရုတ်၊-
"Thus says YHWH, the God of Israel, to you, Baruch:
3 ၃ ငါထာဝရဘုရားသည်သင့်အားတစ်ပူ ပေါ်တွင်တစ်ပူဆင့်၍ပေးတော်မူသောကြောင့် သင်သည်အရှုံးပေးလျက်ငြီးတွားမှုဖြင့် ပင်ပန်းနွမ်းနယ်လျက်စိတ်တည်ငြိမ်မှုမရ နိုင်ဟုဆိုချေသည်။
'You said, "Woe is me now. For YHWH has added sorrow to my pain; I am weary with my groaning, and I find no rest."'"
4 ၄ ငါထာဝရဘုရားသည်မိမိတည်ဆောက် ထားသည့်အရာကိုဖြိုဖျက်၍ စိုက်ပျိုးထား သည့်အရာကိုဆွဲနုတ်လျက်ရှိ၏။ ကမ္ဘာမြေ တစ်ပြင်လုံးတွင်ဤအတိုင်းငါပြုမည်။-
"You shall tell him, 'Thus says YHWH: "Look, that which I have built will I break down, and that which I have planted I will pluck up; and this in the whole land.
5 ၅ သင်သည်မိမိအတွက်အထူးအခွင့်အရေး ကိုစောင့်မျှော်နေသလော။ မစောင့်မျှော်နှင့်။ ငါ သည်လူခပ်သိမ်းတို့အပေါ်သို့ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေမည်။ သို့သော်လည်းသင် သည်ရောက်လေရာရာအရပ်တွင်အသက်မ သေဘဲ ထိုဘေးအန္တရာယ်မှလွတ်မြောက်လိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလေသည်။
Do you seek great things for yourself? Do not seek them; for, look, I will bring disaster on all flesh, says YHWH; but your life will I give to you for a reward in all places where you go."'"