< ယေရမိ 44 >
1 ၁ ထာဝရဘုရားသည်အီဂျစ်ပြည်မိဂဒေါလ မြို့၊ တာပနက်မြို့၊ နောဖမြို့နှင့်တောင်ပိုင်းဒေသ ၌ရှိသောဣသရေလအမျိုးသားအပေါင်း တို့ကိုရည်မှတ်၍ ငါ့အားဗျာဒိတ်ပေးတော် မူ၏။-
A palavra que veiu a Jeremias, ácerca de todos os judeos, habitantes da terra do Egypto, que habitavam em Migdol, e em Tahpanhes, e em Noph, e na terra de Pathros, dizendo:
2 ၂ ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``ယေရု ရှလင်မြို့နှင့်အခြားယုဒမြို့တို့အားငါ အဘယ်သို့ကပ်သင့်စေသည်ကို သင်တို့ကိုယ် တိုင်တွေ့မြင်ခဲ့ရလေပြီ။ ထိုမြို့များသည် ယခုတိုင်အောင်ပင်ယိုယွင်းပျက်စီးကာ လူသူဆိတ်ငြိမ်လျက်ရှိကြ၏။-
Assim diz o Senhor dos exercitos, Deus de Israel: Vós vistes todo o mal que fiz vir sobre Jerusalem, e sobre todas as cidades de Judah: e eis que já ellas são hoje um deserto, e ninguem habita n'ellas;
3 ၃ ယင်းသို့ငါဖြစ်စေရသည့်အကြောင်းမှာထို မြို့တို့မှမြို့သူမြို့သားများသည်မကောင်း မှုများကိုပြု၍ ငါ၏အမျက်တော်ကိုလှုံ့ ဆော်ကြသောကြောင့်ဖြစ်၏။ သူတို့သည် အခြားဘုရားများကိုယဇ်ပူဇော်ကြ လျက် သူတို့ကိုယ်တိုင်သင်တို့နှင့်သင်တို့ ဘိုးဘေးများအဘယ်အခါကမျှရှိ မခိုးဝတ်မပြုခဲ့သည့်ဘုရားများကို ရှိခိုးဝတ်ပြုကြ၏။-
Por causa da sua maldade que fizeram, para me irarem, indo a queimar incenso para servir a deuses alheios, que nunca conheceram, nem elles, nem vós, nem vossos paes.
4 ၄ ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့ အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားငါမုန်း ထားစက်ဆုပ်သည့်အမှုကိုမပြုရန်ပြော ကြားခဲ့ကြ၏။-
E eu vos enviei todos os meus servos, os prophetas, madrugando e enviando a dizer: Ora não façaes esta coisa abominavel que aborreço.
5 ၅ သို့ရာတွင်သင်တို့သည်နားမထောင်ကြ။ ပမာဏမပြုကြ။ အခြားဘုရားများ အားယဇ်ပူဇော်သည့်အကျင့်ကိုလည်း မဖျောက်ကြ။-
Porém não deram ouvidos, nem inclinaram a sua orelha, para se converterem da sua maldade, para não queimarem incenso a deuses alheios.
6 ၆ သို့ဖြစ်၍ငါသည်ယုဒမြို့များနှင့်ယေရု ရှလင်လမ်းများအပေါ်သို့ ငါ၏ဒေါသ အမျက်တော်ကိုသွန်းလောင်း၍ ထိုမြို့တို့ကို မီးလောင်စေတော်မူ၏။ ထိုမြို့များသည်ယို ယွင်းပျက်စီးလျက်ကျန်ရစ်ပြီးလျှင် ယနေ့ တွေ့မြင်နေရသည့်အတိုင်းလူတို့ရှေ့တွင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေ၏။
Derramou-se pois a minha indignação e a minha ira, e accendeu-se nas cidades de Judah, e nas ruas de Jerusalem, e tornaram-se em deserto e em assolação, como hoje se vê.
7 ၇ ``သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားက သင်တို့သည်အဘယ်ကြောင့်မိမိ တို့အပေါ်သို့ဤသို့သောဘေးအန္တရာယ်ဆိုး သက်ရောက်အောင် ဆိုးညစ်သောအမှုကိုပြု ကြသနည်း။ သင်တို့သည်မိမိတို့အမျိုး ပြုတ်စေရန်အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်နှင့်နို့စို့အရွယ်တို့အား ဆုံးပါးပျက်စီးစေလိုကြသလော။-
Agora, pois, assim diz o Senhor, Deus dos Exercitos, Deus de Israel: Porque fazeis vós tão grande mal contra as vossas almas, para vos desarreigardes a vós, ao homem e á mulher, á creança e ao que mama, do meio de Judah, para não vos deixardes resto algum;
8 ၈ သင်တို့နေထိုင်ရန်လာရောက်သည့်ဤအီဂျစ် ပြည်တွင် သင်တို့သည်ရုပ်တုများအားဖြင့် လည်းကောင်း၊ အခြားဘုရားများကိုဝတ်ပြု ရှိခိုးခြင်းအားဖြင့်လည်းကောင်း အဘယ် ကြောင့်ငါ၏အမျက်တော်ကိုလှုံ့ဆော်ကြ သနည်း။ သင်တို့သည်မိမိတို့ကိုယ်တိုင်ဆုံး ပါးပျက်စီးစေ၍ကမ္ဘာမြေပေါ်ရှိလူမျိုး တကာတို့ကဲ့ရဲ့စရာ၊ ပြက်ရယ်ပြုစရာ ဖြစ်လာကြလိမ့်မည်။-
Irando-me com as obras de vossas mãos, queimando incenso a deuses alheios na terra do Egypto, aonde vós entrastes para lá peregrinardes: para que vos desarreigueis a vós mesmos, e para que sirvaes de maldição, de opprobrio entre todas as nações da terra?
9 ၉ ယုဒမြို့များနှင့်ယေရုရှလင်လမ်းများပေါ် တွင် သင်တို့၏ဘိုးဘေးများ၊ ယုဒဘုရင်များ နှင့်မိဖုရားများ၊ သင်တို့နှင့်သင်တို့၏ဇနီး များပြုကျင့်ခဲ့ကြသည့်အကျင့်ဆိုးများ ကိုသင်တို့မေ့လျော့သွားကြလေပြီလော။-
Porventura já vos esquecestes das maldades de vossos paes, e das maldades dos reis de Judah, e das maldades de suas mulheres, e de vossas maldades, e das maldades de vossas mulheres, que fizeram na terra de Judah, e nas ruas de Jerusalem?
10 ၁၀ သင်တို့သည်ယနေ့တိုင်အောင်ပင်စိတ်နှလုံး နှိမ့်ချမှုမရှိကြသေးပေ။ ငါ့ကိုကြောက်ရွံ့ ရိုသေမှုမရှိ။ သင်တို့နှင့်သင်တို့၏ဘိုးဘေး များအား ငါပေးအပ်ခဲ့သည့်ပညတ်များ နှင့်နည်းဥပဒေကိုလည်းလိုက်နာကျင့်သုံး မှုမပြုကြ။
Não estão contritos até ao dia de hoje: nem temeram, nem andaram na minha lei, nem nos meus estatutos, que puz diante de vós e diante de vossos paes.
11 ၁၁ ``သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားသည် သင်တို့အပေါ်သို့ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေ၍ယုဒပြည်ကိုပျက် ပြုန်းစေမည်။-
Portanto assim diz o Senhor dos Exercitos, Deus de Israel: Eis que eu ponho o meu rosto contra vós para mal, e para desarreigar a todo o Judah.
12 ၁၂ ယုဒပြည်တွင်ကျန်ရှိကာအီဂျစ်ပြည်သို့ သွားရောက်နေထိုင်ရန် သန္နိဋ္ဌာန်ချမှတ်ထားသူ တို့မူကားတစ်ယောက်မကျန်ဆုံးပါးပျက်စီး စေမည်။ ကြီးငယ်မဟူထိုသူအပေါင်းတို့ သည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍အီဂျစ်ပြည်တွင်သေရကြလိမ့်မည်။ သူတို့သည်လူတို့ရှေ့၌စက်ဆုပ်ရွံရှာဖွယ် ဖြစ်လိမ့်မည်။ လူတို့သည်သူတို့အားပြက် ရယ်ပြုလျက်သူတို့၏အမည်နာမကို ကျိန်စာအဖြစ်အသုံးပြုကြလိမ့်မည်။-
E tomarei o resto de Judah, que poz o seu rosto para entrar na terra do Egypto, para lá peregrinar e será todo consumido na terra do Egypto; cairá á espada, e de fome morrerá; consumir-se-hão, desde o menor até ao maior; á espada e á fome morrerão: e servirão de execração, e de espanto, e de maldição, e de opprobrio
13 ၁၃ ငါသည်ယေရုရှလင်မြို့အားအပြစ်ဒဏ် ခတ်သကဲ့သို့အီဂျစ်ပြည်တွင်နေထိုင်သူ တို့ကိုလည်းစစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ အနာရောဂါဘေးတို့ဖြင့် အပြစ်ဒဏ်ခတ်မည်။-
Porque visitarei sobre os que habitam na terra do Egypto, como visitei sobre Jerusalem, á espada, á fome e com peste.
14 ၁၄ အီဂျစ်ပြည်တွင်နေထိုင်ရန်ယုဒပြည်မှ ထွက်ခွာလာကြသူတို့အနက် အဘယ်သူ ကိုမျှထိုဘေးများမှလွတ်မြောက်ရလိမ့် မည်မဟုတ်။ အသက်မသေဘဲကျန်ရှိလိမ့် မည်မဟုတ်။ မိမိတို့တစ်ဖန်ပြန်လည်နေ ထိုင်ရန်မျှော်လင့်တောင့်တကြသည့်ယုဒ ပြည်သို့ ထိုသူတစ်စုံတစ်ယောက်မျှပြန်ရ လိမ့်မည်မဟုတ်။ ဒုက္ခသည်အချို့မှတစ်ပါး အဘယ်သူမျှပြန်ရကြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
De maneira que não haverá quem escape, e fique, de resto, de Judah, que entrou na terra do Egypto, para lá peregrinar: para tornar á terra de Judah, á qual elles levantam a sua alma, para tornarem, para habitarem lá; porém não tornarão senão os que escaparem
15 ၁၅ ထိုအခါမိမိတို့ဇနီးများသည်အခြား ဘုရားတို့အားယဇ်ပူဇော်ကြောင်းကိုသိရှိ ကြသူများ၊ ထိုနေရာတွင်ရပ်လျက်နေသူ အမျိုးသမီးများနှင့်အီဂျစ်ပြည်တောင် ပိုင်းတွင်နေထိုင်သူယုဒအမျိုးသားများ အပါအဝင်လူအုပ်ကြီးသည်ငါ့အား၊-
Então responderam a Jeremias todos os homens que sabiam que suas mulheres queimavam incenso a deuses alheios, e todas as mulheres que estavam em pé em grande multidão, como tambem todo o povo que habitava na terra do Egypto, em Pathros, dizendo:
16 ၁၆ ``ထာဝရဘုရား၏နာမတော်ကိုအမှီပြု ၍သင်ဟောပြောသည့်စကားများကိုငါတို့ နားမထောင်လိုပါ။-
Quanto á palavra que fallaste a nós em nome do Senhor, não te obedeceremos a ti
17 ၁၇ ငါတို့သည်မိမိတို့ယခင်ကပြောကြားခဲ့ သည့်အမှုတို့ကိုသာပြုကြပါမည်။ ယုဒ မြို့များနှင့်ယေရုရှလင်လမ်းများတွင်ငါ တို့နှင့်ငါတို့ဘိုးဘေးများ၊ ငါတို့ဘုရင် နှင့်ခေါင်းဆောင်များပြုလေ့ရှိသည့်အတိုင်း ကောင်းကင်ဘုရင်မဟုအမည်တွင်သော နတ်သမီးကိုယဇ်ပူဇော်၍ သူ၏အဖို့ စပျစ်ရည်ပူဇော်သကာများကိုသွန်းလောင်း ပါမည်။ ထိုစဉ်အခါကငါတို့သည်ဝစွာ စားရကြ၏။ ချမ်းသာကြွယ်ဝလျက်ဘေး ဒုက္ခနှင့်ကင်းဝေးခဲ့ကြ၏။-
Antes certamente faremos toda a palavra que saiu da nossa bocca, queimando incenso á rainha dos céus, e offerecendo-lhe libações, como nós e nossos paes, nossos reis e nossos principes, o temos feito, nas cidades de Judah, e nas ruas de Jerusalem; e tivemos então fartura de pão, e andavamos alegres, e não vimos mal algum.
18 ၁၈ သို့ရာတွင်ကောင်းကင်ဘုရင်မကိုယဇ်ပူဇော် မှု၊ သူ့အဖို့စပျစ်ရည်ပူဇော်သကာသွန်း လောင်းမှုတို့ကိုမပြုကြတော့သည့်အချိန် မှအစပြု၍ ငါတို့သည်များစွာချို့တဲ့ လျက်ငါတို့အမျိုးသားများသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်၍သေရ ကြပါ၏'' ဟုပြောကြားကြလေသည်။
Mas desde que cessámos de queimar insenso á rainha dos céus, e de lhe offerecer libações, tivemos falta de tudo, e fomos consumidos pela espada e pela fome
19 ၁၉ ထိုနောက်အမျိုးသမီးများက``ငါတို့သည် ကောင်းကင်ဘုရင်မ၏ရုပ်ပုံတူမုန့်များကို ဖုတ်လုပ်၍ ထိုနတ်သမီးအားယဇ်ပူဇော်ကာ သူ၏အဖို့စပျစ်ရည်ပူဇော်သကာများ ကိုသွန်းလောင်းကြသောအခါ ငါတို့၏ခင် ပွန်းများကလည်းငါတို့ပြုသည့်အမှုကို လက်ခံအတည်ပြုခဲ့ကြပါသည်'' ဟုထပ် လောင်းပြောဆိုကြ၏။
E quando nós queimavamos incenso á rainha dos céus, e lhe offereciamos libações, faziamos-lhe bolos lavrados, para assim a retratar, e lhe offereciamos libações sem nossos maridos.
20 ၂၀ ထိုအခါငါသည်မိမိအားဤသို့ပြော ကြားကြသူ အမျိုးသားအမျိုးသမီး များနှင့်လူအပေါင်းတို့အား၊-
Então disse Jeremias a todo o povo, aos homens e ás mulheres, e a todo o povo que lhe havia dado esta resposta, dizendo:
21 ၂၁ ``ယုဒမြို့များနှင့်ယေရုရှလင်မြို့လမ်း များတွင် သင်တို့နှင့်သင်တို့ဘိုးဘေးများ၊ သင် တို့ဘုရင်များနှင့်ခေါင်းဆောင်များ၊ ပြည်သူ များပူဇော်ခဲ့ကြသည့်ယဇ်များနှင့်ပတ် သက်၍ထာဝရဘုရားသိတော်မမူဟူ၍ သော်လည်းကောင်း၊ မေ့လျော့တော်မူလေပြီ ဟူ၍သော်လည်းကောင်းသင်တို့ထင်မှတ် ကြပါသလော။-
Porventura não se lembrou o Senhor, e não lhe subiu ao coração o incenso que queimastes nas cidades de Judah e nas ruas de Jerusalem, vós e vossos paes, vossos reis e vossos principes, como tambem o povo da terra?
22 ၂၂ ယခုအခါ၌ပင်လျှင်သင်တို့၏ပြည်သည် ယိုယွင်းပျက်စီးကာလူသူဆိတ်ညံလျက် ရှိ၏။ ထာဝရဘုရားသည်သင်တို့၏ယုတ် မာဆိုးညစ်သည့်အကျင့်များကိုသည်းခံ တော်မမူနိုင်သဖြင့် ထိုပြည်သည်လူတို့ ရှေ့၌စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေလေပြီ။ လူတို့သည်လည်းထိုပြည်၏အမည်နာမ ကိုကျိန်စာအဖြစ်အသုံးပြုကြလေပြီ။-
De maneira que o Senhor não mais o podia soffrer, por causa da maldade das vossas acções, por causa das abominações que fizestes; pelo que se tornou a vossa terra em deserto, e em espanto, e em maldição, que ninguem habite n'ella, como hoje se vê.
23 ၂၃ သင်တို့သည်အခြားဘုရားများကိုယဇ် ပူဇော်ကာအမိန့်တော်များကိုမနာခံ သောကြောင့် ထာဝရဘုရားအားပြစ်မှား ကြသည်ဖြစ်၍ ယခုအခါဤကဲ့သို့ ပင်ကပ်သင့်ခဲ့ရကြပေသည်''ဟုဆို၏။
Porque queimastes incenso, e porque peccastes contra o Senhor, e não obedecestes á voz do Senhor, e na sua lei, e nos seus testemunhos não andastes, por isso vos succedeu este mal, como se vê n'este dia
24 ၂၄ ငါသည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်ထာဝရဘုရားက အီဂျစ်ပြည်တွင်နေထိုင်ကြသောယုဒပြည် သားတို့နှင့်ပတ်သက်၍``သင်တို့နှင့်သင်တို့ ဇနီးများသည်ကောင်းကင်ဘုရင်မအား သစ္စာကတိပြုခဲ့ကြ၏။ သူ့အားယဇ်ပူဇော် ပါမည်ဟူ၍လည်းကောင်း၊ သူ၏အဖို့စပျစ် ရည်ပူဇော်သကာများကိုသွန်းလောင်းပါမည် ဟူ၍လည်းကောင်း ကတိထားပြီးလျှင်ထို ကတိအတိုင်းပြုခဲ့ကြပေသည်။ ကောင်း လှပြီ၊ သင်တို့ကတိကိုတည်စေကြလော့။ သင်တို့သစ္စာဋ္ဌိဋ္ဌာန်ပြုသည်အတိုင်းဆောင် ရွက်ကြလော့။-
Disse mais Jeremias a todo o povo e a todas as mulheres: Ouvi a palavra do Senhor, todo o Judah que estaes na terra do Egypto.
Assim diz o Senhor dos Exercitos, Deus de Israel, dizendo: Vós e vossas mulheres não sómente fallastes por vossa bocca, senão tambem o cumpristes por vossas mãos, dizendo: Certamente faremos os nossos votos que votámos de queimar incenso á rainha dos céus e de lhe offerecer libações: perfeitamente confirmastes os vossos votos, e perfeitamente fizestes os vossos votos.
26 ၂၆ သို့ရာတွင်အီဂျစ်ပြည်တွင်ရှိသည့်ဣသ ရေလအမျိုးသားအပေါင်းတို့အားငါ ထာဝရဘုရားသည် မိမိ၏မဟာနာမ တော်ကိုတိုင်တည်၍မြွက်ဆိုသည့်ကတိ တော်ကို ယခုသင်တို့နားထောင်ကြလော့။ သင်တို့သစ္စာကတိပြုကြရာတွင်`အရှင် ထာဝရဘုရားအသက်ရှင်တော်မူသည် အတိုင်း' ဟုငါ၏နာမတော်ကိုမြွက်ဆို ရန်နောင်အဘယ်အခါ၌မျှသင်တို့အား ငါခွင့်ပြုလိမ့်မည်မဟုတ်။-
Portanto ouvi a palavra do Senhor, todo o Judah, que habitaes na terra do Egypto: Eis que eu juro pelo meu grande nome, diz o Senhor, que nunca mais será nomeado o meu nome pela bocca de nenhum homem de Judah em toda a terra do Egypto, que diz: Vive o Senhor Jehovah!
27 ၂၇ သင်တို့သည်ကောင်းစားမည့်အစားဆုံးရှုံး ပျက်စီးကြစေရန်ငါပြုမည်။ အီဂျစ်ပြည် တွင်နေထိုင်လျက်ရှိသောယုဒပြည်သူတို့ သည်တစ်ဦးတစ်ယောက်မျှမကျန်သည်တိုင် အောင်စစ်ဘေးသော်လည်းကောင်း၊ အနာရောဂါ ဘေးသော်လည်းကောင်းသင့်၍သေရကြလိမ့် မည်။-
Eis que velarei sobre elles para mal, e não para bem; e serão consumidos todos os homens de Judah, que estão na terra do Egypto, á espada e á fome, até que se acabem de todo.
28 ၂၈ သို့ရာတွင်သင်တို့အချို့သည်အသက်ဘေး မှလွတ်မြောက်၍ အီဂျစ်ပြည်မှယုဒပြည် သို့ပြန်ကြလိမ့်မည်။ ထိုအခါအီဂျစ်ပြည် သို့လာရောက်ကြသောယုဒပြည်သူအကြွင်း အကျန်များသည် မိမိတို့စကားနှင့်ငါ့ စကား၊ မည်သည်ကမှန်၍နေသည်ကိုသိ ရှိကြလိမ့်မည်။-
E os que escaparem da espada tornarão da terra do Egypto á terra de Judah, poucos em numero; e saberá todo o resto de Judah, que entrou na terra do Egypto, para peregrinar ali, qual palavra subsistirá, a minha ou a sua
29 ၂၉ ငါသည်ဤဒေသတွင်သင်တို့အားအပြစ် ဒဏ်ခတ်မည်ဟူ၍လည်းကောင်း၊ သင်တို့ကို သုတ်သင်ဖျက်ဆီးမည်ဟူ၍ထားခဲ့သော ငါ ၏ကတိတော်သည်အမှန်တကယ်ဖြစ်လာ လိမ့်မည်ဖြစ်ကြောင်းကို သင်တို့အားငါ ထာဝရဘုရားသက်သေပြမည်။-
E isto vos servirá de signal, diz o Senhor, que eu vos visitarei n'este mesmo logar; para que saibaes que certamente subsistirão as minhas palavras contra vós para mal.
30 ၃၀ ငါသည်ယုဒဘုရင်ဇေဒကိကိုမိမိအား သတ်ဖြတ်လို၍ မိမိ၏ရန်သူဖြစ်သောဗာဗု လုန်ဘုရင်နေဗုခဒ်နေဇာထံအပ်နှင်းသကဲ့ သို့ အီဂျစ်ဘုရင်ဟောဖရာကိုလည်းမိမိ အားသတ်ဖြတ်လိုသောရန်သူများလက် သို့အပ်နှင်းမည်'' ဟုမိန့်တော်မူကြောင်းလူ အပေါင်းတို့အား အထူးသဖြင့်အမျိုး သမီးများအားဆင့်ဆိုလေသည်။
Assim diz o Senhor: Eis que eu darei Pharaó Hophra, rei do Egypto, na mão de seus inimigos, e na mão dos que procuram a sua morte; como dei Zedekias, rei de Judah, na mão de Nabucodonozor, rei de Babylonia, seu inimigo, e que procurava a sua morte.