< ယေရမိ 43 >

1 ငါ​သည်​လူ​တို့​ကို​ပြော​ကြား​ရန်​သူ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​မှာ ကြား​တော်​မူ​သ​မျှ​သော​စ​ကား​တို့​ကို ဆင့်​ဆို​ပြီး​သော​အ​ခါ၊-
When Jeremiah had finished telling all the people all the words of the LORD their God—everything that the LORD had sent him to say—
2 ဟော​ရှဲ​၏​သား​အာ​ဇ​ရိ၊ ကာ​ရာ​၏​သား ယော​ဟ​နန်​နှင့်​အ​ခြား​မောက်​မာ​ထောင်​လွှား သူ​လူ​အ​ပေါင်း​တို့​သည် ငါ့​အား``သင်​သည်​မု သား​စ​ကား​ကို​ပြော​၏။ ငါ​တို့​ဘု​ရား​သ​ခင် သည်​ငါ​တို့​အား​အီ​ဂျစ်​ပြည်​သို့​သွား​ရောက် နေ​ထိုင်​မှု​မ​ပြု​ရ​ဟု​ပြော​ကြား​ရန် သင့်​ကို စေ​လွှတ်​တော်​မူ​ခဲ့​သည်​မ​ဟုတ်။-
Azariah son of Hoshaiah, Johanan son of Kareah, and all the arrogant men said to Jeremiah, “You are lying! The LORD our God has not sent you to say, ‘You must not go to Egypt to reside there.’
3 နေ​ရိ​၏​သား​ဗာ​ရုတ်​သည်​ငါ​တို့​အား​ဗာ​ဗု လုန်​အ​မျိုး​သား​တို့​သတ်​ဖြတ်​နိုင်​ကြ​စေ​ရန် သော်​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​နိုင်​ကြ​စေ​ရန်​သော်​လည်း​ကောင်း သူ​တို့ လက်​သို့​ငါ​တို့​အား​ပေး​အပ်​ရန်​သင့်​ကို လှုံ့​ဆော်​ထား​လေ​ပြီ'' ဟု​ပြော​ဆို​ကြ​၏။-
Rather, Baruch son of Neriah is inciting you against us to deliver us into the hands of the Chaldeans, so that they may put us to death or exile us to Babylon!”
4 သို့​ဖြစ်​၍​ယော​ဟ​နန်၊ တပ်​မှူး​များ​နှင့်​လူ အ​ပေါင်း​တို့​သည် ယု​ဒ​ပြည်​တွင်​နေ​ထိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​မ​နာ ခံ​ကြ။-
So Johanan son of Kareah and all the commanders of the forces disobeyed the command of the LORD to stay in the land of Judah.
5 ထို​နောက်​ယော​ဟ​နန်​နှင့်​တပ်​မှူး​အ​ပေါင်း တို့​သည် ယု​ဒ​ပြည်​တွင်​ကျန်​ရှိ​နေ​သ​မျှ သော​လူ​တို့​ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် သွား​ကြ​၏။ သူ​တို့​သည်​နိုင်​ငံ​တ​ကာ​တွင် ကွဲ​လွင့်​၍​နေ​ရာ​မှ ယု​ဒ​ပြည်​တွင်​နေ​ထိုင် ရန်​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​ဖြစ်​သည့်၊-
Instead, Johanan son of Kareah and all the commanders of the forces took the whole remnant of Judah, those who had returned to the land of Judah from all the nations to which they had been scattered,
6 အ​မျိုး​သား၊ အ​မျိုး​သ​မီး၊ က​လေး​သူ​ငယ် နှင့်​ဘု​ရင့်​သ​မီး​တော်​အ​စ​ရှိ​သည့်​လူ​အ ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဂေ​ဒ​လိ​လက်​တွင် နေ​ဗု​ဇာ​ရ​ဒန်​အပ်​နှံ​ထား​ခဲ့​သော​ငါ​နှင့် ဗာ​ရုတ်​အ​စ​ရှိ​သည့်​လူ​အ​ပေါင်း​တို့​ကို လည်း​ကောင်း​ခေါ်​ဆောင်​သွား​သ​တည်း။-
the men, the women, the children, the king’s daughters, and everyone whom Nebuzaradan captain of the guard had allowed to remain with Gedaliah son of Ahikam, the son of Shaphan, as well as Jeremiah the prophet and Baruch son of Neriah.
7 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​လွန်​ဆန်​ကာ တာ​ပ​နက်​မြို့​တိုင်​အောင် အီ​ဂျစ်​ပြည်​ထဲ​သို့​ဝင်​ရောက်​ကြ​လေ​သည်။
So they entered the land of Egypt because they did not obey the voice of the LORD, and they went as far as Tahpanhes.
8 တာ​ပ​နက်​မြို့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-
Then the word of the LORD came to Jeremiah at Tahpanhes:
9 ``ကျောက်​တုံး​ကြီး​အ​ချို့​ကို​ယူ​၍ ဤ​မြို့​ရှိ အ​စိုး​ရ​အိမ်​တော်​အ​ဝင်​ဝ​နေ​ရာ​တွင်​မြှုပ် ထား​လော့။ ဤ​သို့​သင်​ပြု​သည်​ကို​လည်း​အ​ချို့ သော​ယု​ဒ​အ​မျိုး​သား​တို့​မြင်​ပါ​စေ။-
“In the sight of the Jews, pick up some large stones and bury them in the clay of the brick pavement at the entrance to Pharaoh’s palace at Tahpanhes.
10 ၁၀ ထို​နောက်​သူ​တို့​အား`ဣသ​ရေ​လ​အမျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ကို​ဤ​အ​ရပ်​သို့​ခေါ်​ဆောင် လာ​မည်။ ငါ​မြှုပ်​ထား​သည့်​ဤ​ကျောက်​တုံး များ​အ​ပေါ်​တွင်​သူ​၏​ရာ​ဇ​ပလ္လင်​ကို​တည် ၍​သူ​၏​တဲ​တော်​ကို​ငါ​ဖြန့်​မည်။-
Then tell them that this is what the LORD of Hosts, the God of Israel, says: ‘I will send for My servant Nebuchadnezzar king of Babylon, and I will set his throne over these stones that I have embedded, and he will spread his royal pavilion over them.
11 ၁၁ နေ​ဗု​ခဒ်​နေ​ဇာ​သည်​လာ​၍​အီ​ဂျစ်​ပြည်​ကို နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။ သူ​သည်​အ​နာ ရော​ဂါ​ဘေး​ဖြင့်​သေ​ရ​ကြ​မည့်​သူ​တို့​အား အ​နာ​ရော​ဂါ​ဘေး​ဖြင့်​သေ​စေ​လိမ့်​မည်။ သုံ့ ပန်း​များ​အ​ဖြစ်​နှင့်​ခေါ်​ဆောင်​ခြင်း​ခံ​ရ​ကြ မည့်​သူ​တို့​အား​သုံ့​ပန်း​များ​အ​ဖြစ်​ခေါ်​ဆောင် သွား​လိမ့်​မည်။ စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​မည့် သူ​တို့​အား​စစ်​ပွဲ​တွင်​ကျ​ဆုံး​စေ​လိမ့်​မည်။-
He will come and strike down the land of Egypt, bringing death to those destined for death, captivity to those destined for captivity, and the sword to those destined for the sword.
12 ၁၂ ငါ​သည်​အီ​ဂျစ်​ဘု​ရား​ဝတ်​ကျောင်း​များ​ကို မီး​ရှို့​မည်။ ဗာ​ဗု​လုန်​ဘု​ရင်​အား​ထို​ဝတ်​ကျောင်း များ​မှ​ဘု​ရား​တို့​ကို​မီး​ရှို့​စေ​မည်။ သို့​မ​ဟုတ် လျှင်​လည်း​သိမ်း​ယူ​သွား​စေ​မည်။ သိုး​ထိန်း​သည် မိ​မိ​၏​အ​ဝတ်​မှ​သန်း​များ​ကို​ကုန်​စင်​အောင် ရှာ​သ​ကဲ့​သို့ ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဤ​ပြည် မှ​ပစ္စည်း​ဥစ္စာ​များ​ကို​အ​ကုန်​အ​စင်​ရှာ​၍ ယူ​ပြီး​လျှင်​အောင်​မြင်​စွာ​ထွက်​ခွာ​သွား လိမ့်​မည်။-
I will kindle a fire in the temples of the gods of Egypt, and Nebuchadnezzar will burn those temples and take their gods as captives. So he will wrap himself with the land of Egypt as a shepherd wraps himself in his garment, and he will depart from there unscathed.
13 ၁၃ သူ​သည်​အီ​ဂျစ်​ပြည်​ရှိ​နေ​မင်း​မြို့​တော်​အ ထိမ်း​အ​မှတ်​ကျောက်​တိုင်​များ​ကို​ချိုး​ဖျက် ၍​အီ​ဂျစ်​ဘု​ရား​ဝတ်​ကျောင်း​များ​ကို​မီး​ရှို့ လိမ့်​မည်' ဟု​မိန့်​တော်​မူ​ကြောင်း​ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။
He will demolish the sacred pillars of the temple of the sun in the land of Egypt, and he will burn down the temples of the gods of Egypt.’”

< ယေရမိ 43 >