< ယေရမိ 42 >
1 ၁ ထိုနောက်ကာရာ၏သားယောဟနန်နှင့် ဟောရှဲ၏သားအာဇရိတို့အပါအဝင် တပ်မှူးအပေါင်းတို့သည် အတန်းအစား အမျိုးမျိုးပါဝင်သည့်လူတို့နှင့်အတူ လာရောက်ကြပြီးလျှင်၊-
Da kom alle hærførerne, både Johanan, Kareahs sønn, og Jesanja, Hosajas sønn, og alt folket, både små og store,
2 ၂ ငါ့အား``အကျွန်ုပ်တို့ပန်ကြားသည့်အမှု ကိုပြုပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့အကျွန်ုပ်တို့ အဖို့ဆုတောင်းပတ္ထနာပြုပါလော့။ ကျန်ရှိ နေသမျှသောအကျွန်ုပ်တို့အတွက်ဆု တောင်းပတ္ထနာပြုပါလော့။ အခါတစ်ပါး ကအကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များပါ၏။ သို့ရာတွင်ယခုအခါ၌ အရှင်သိရှိသည့်အတိုင်းအကျွန်ုပ်တို့ တွင်လူအနည်းငယ်သာကျန်ရှိပါတော့ သည်။-
og de sa til profeten Jeremias: La oss bære frem vår ydmyke bønn for dig og bed for oss til Herren din Gud for hele denne rest av folket - for bare nogen få er vi igjen av de mange, således som du selv ser oss her -
3 ၃ အကျွန်ုပ်တို့အဘယ်လမ်းစဉ်ကိုလိုက်၍ အဘယ်အမှုတို့ကိုပြုသင့်ကြောင်းလမ်းပြ တော်မူရန် အကျွန်ုပ်တို့ဘုရားသခင်ထာဝရ ဘုရားအားဆုတောင်းပတ္ထနာပြုပါ'' ဟု ပန်ကြားကြ၏။-
at Herren din Gud vil la oss få vite hvilken vei vi skal gå, og hvad vi skal gjøre.
4 ၄ ငါကလည်း``ကောင်းလှပြီ။ သင်တို့တောင်းပန်သည့် အတိုင်းငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့ငါဆုတောင်းပတ္ထနာပြုမည်။ ထို နောက်ကိုယ်တော်မိန့်တော်မူသမျှတို့ကိုသင် တို့အားငါပြောပြမည်။ အဘယ်အရာကို မျှသင်တို့ထံမှထိမ်ဝှက်၍ထားမည်မဟုတ်'' ဟုဆို၏။
Profeten Jeremias sa til dem: Jeg skal gjøre det; jeg vil bede til Herren eders Gud efter eders ord, og hvert et ord Herren svarer eder, skal jeg forkynne eder; jeg skal ikke holde et eneste ord skjult for eder.
5 ၅ ထိုအခါသူတို့သည်ငါ့အား``အကယ်၍ အကျွန်ုပ်တို့သည်အရှင့်အားဖြင့်ဘုရားသခင်ထာဝရဘုရားပေးတော်မူသော အမိန့်တော်တို့ကိုမလိုက်နာခဲ့သော် ထာဝရ ဘုရားသည်အကျွန်ုပ်တို့တစ်ဘက်၌သစ္စာ စောင့်၍ဟုတ်မှန်သောသက်သေဖြစ်တော် မူပါစေသော်။-
Da sa de til Jeremias: Herren være et sant og trofast vidne imot oss, dersom vi ikke gjør efter hvert ord som Herren din Gud sender dig til oss med!
6 ၆ အရှင့်အားဘုရားသခင်ထာဝရဘုရား ထံဆုတောင်းပတ္ထနာပြုရန်ပန်ကြားခဲ့ကြ၏။ အကျွန်ုပ်တို့နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက် သည်ဖြစ်စေအမိန့်တော်များကိုအကျွန်ုပ် တို့လိုက်နာကြပါမည်။ ကိုယ်တော်ရှင်၏ စကားကိုနားထောင်ပါမူအကျွန်ုပ်တို့ အဖို့အစစအရာရာအဆင်ပြေပါ လိမ့်မည်'' ဟုပြောကြားကြ၏။
Enten det er godt eller ondt, vil vi lyde Herrens, vår Guds røst, som vi sender dig til, forat det må gå oss vel, når vi lyder Herrens, vår Guds røst.
7 ၇ ဆယ်ရက်မျှကြာသောအခါထာဝရ ဘုရားသည် ငါ့အားဗျာဒိတ်ပေးတော်မူ၏။-
Ti dager efter kom Herrens ord til Jeremias.
8 ၈ သို့ဖြစ်၍ငါသည်ယောဟနန်၊ သူနှင့်အတူ ရှိသည့်တပ်မှူးများနှင့်လူအပေါင်းတို့ အားခေါ်၍၊-
Og han kalte til sig Johanan, Kareahs sønn, og alle hærførerne som var med ham, og alt folket, både små og store,
9 ၉ ``သင်တို့ငါ့ကိုစေလွှတ်၍အသနားခံသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက၊-
og han sa til dem: Så sier Herren, Israels Gud, som I sendte mig til for å bære frem eders ydmyke bønn for hans åsyn:
10 ၁၀ `အကယ်၍သင်တို့သည်ဤပြည်တွင်ဆက်လက် နေထိုင်လိုကြပါမူ၊ ငါသည်သင်တို့အားမဖြို မဖျက်ဘဲတည်ဆောက်မည်။ ငါသည်သင်တို့အား မဆွဲမနုတ်ဘဲစိုက်ပျိုးမည်။ သင်တို့အပေါ်သို့ ငါသက်ရောက်စေခဲ့သည့်ဘေးအန္တရာယ်ဆိုး အတွက်ငါများစွာကြေကွဲဝမ်းနည်းပါ၏။-
Dersom I blir i dette land, så vil jeg bygge eder op og ikke bryte eder ned, plante eder og ikke rykke eder op; for jeg angrer det onde jeg har gjort eder.
11 ၁၁ ဗာဗုလုန်ဘုရင်ကိုမကြောက်ကြနှင့်တော့။ ငါသည်သင်တို့နှင့်အတူရှိပြီဖြစ်၍သင် တို့အားသူ၏လက်မှကယ်တင်မည်။-
Frykt ikke for Babels konge, som I nu frykter for, frykt ikke for ham, sier Herren; for jeg er med eder og vil frelse eder og fri eder av hans hånd.
12 ၁၂ ငါသည်သင်တို့အပေါ်၌ကရုဏာထားသော ကြောင့် သူ့အားသင်တို့ကိုကရုဏာထား၍မိ မိတို့ပြည်သို့ပြန်ခွင့်ပြုစေမည်။ ဤကားငါ ထာဝရဘုရားမြွက်ဟသောစကားဖြစ်၏'' ဟုမိန့်တော်မူလေပြီ။
Og jeg vil la eder finne barmhjertighet, og han skal forbarme sig over eder og la eder vende tilbake til eders land.
13 ၁၃ ``သို့ရာတွင်ယုဒပြည်တွင်ကျန်ရစ်သူတို့၊ သင်တို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားမထောင်ဘဲ ဤပြည် တွင်နေထိုင်ရန်မငြင်းဆန်ရကြ။ `ငါတို့ သည်ဤပြည်တွင်မနေလို။-
Men dersom I sier: Vi vil ikke bli i dette land, og I ikke lyder Herrens, eders Guds røst,
14 ၁၄ စစ်၏အန္တရာယ်ကိုနောက်တစ်ဖန်မတွေ့ မကြုံရာ၊ စစ်ပွဲဝင်ရန်တံပိုးခရာမှုတ်သံ ကိုမကြားရာ၊ မငတ်မမွတ်ရာအီဂျစ်ပြည် သို့ငါတို့သွားမည်' ဟုသင်တို့မဆိုရကြ။-
men sier: Nei, vi vil gå til Egyptens land, så vi kan slippe å se krig og høre basunens lyd og hungre efter brød, og der vil vi bli,
15 ၁၅ အကယ်၍ဤသို့သင်တို့ဆိုကြပါမူ ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက`သင်တို့သည်အီဂျစ် ပြည်သို့သွားရောက်နေထိုင်ရန်သန္နိဋ္ဌာန် ချမှတ်ထားကြပါလျှင်၊-
så hør nu derfor Herrens ord, I som er blitt igjen av Juda: Så sier Herren, hærskarenes Gud, Israels Gud: Dersom I setter eder fore å dra til Egypten, og I drar dit for å bo der,
16 ၁၆ သင်တို့ကြောက်ရွံ့သည့်စစ်မက်အန္တရာယ်သည် သင်တို့ကိုလိုက်၍မီလိမ့်မည်။ သင်တို့ထိတ်လန့် သည့်ငတ်မွတ်ခေါင်းပါးခြင်းဘေးသည်လည်း သင်တို့နောက်မှလိုက်၍လာလိမ့်မည်။ သို့ဖြစ် ၍သင်တို့သည်အီဂျစ်ပြည်တွင်သေရကြ လိမ့်မည်။-
da skal sverdet I frykter for, nå eder der i Egyptens land, og hungeren som I er redde for, skal følge eder i hælene der i Egypten, og der skal I dø.
17 ၁၇ အီဂျစ်ပြည်သို့သွားရောက်နေထိုင်ရန်သန္နိဋ္ဌာန် ချမှတ်ထားသူမှန်သမျှသည်စစ်ဘေး၊ သို့မ ဟုတ်ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သို့မဟုတ် အနာရောဂါဘေးသင့်၍သေရကြလိမ့်မည်။ သူတို့တစ်ဦးတစ်ယောက်မျှအသက်မသေ ဘဲကျန်ရှိလိမ့်မည်မဟုတ်။ သူတို့တစ်ဦး တစ်ယောက်မျှငါသက်ရောက်စေမည့်ဘေး အန္တရာယ်ဆိုးမှလွတ်မြောက်ကြလိမ့်မည် မဟုတ်' ဟုမိန့်တော်မူ၏။
Og alle de menn som har satt sig fore å dra til Egypten for å bo der, de skal dø ved sverd, hunger og pest, og ingen av dem skal bli igjen og slippe fra den ulykke som jeg lar komme over dem.
18 ၁၈ ``ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက`အီဂျစ်ပြည်သို့သင်တို့သွား မည်ဆိုလျှင် ငါသည်မိမိ၏ဒေါသအမျက်တော် ကိုယေရုရှလင်မြို့သူမြို့သားတို့အပေါ်သို့ သွန်းလောင်းခဲ့သည့်နည်းတူ သင်တို့အပေါ်သို့ လည်းသွန်းလောင်းမည်။ လူတို့ရှေ့တွင်သင်တို့ သည်စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍ သင်တို့ကိုပြက် ရယ်ပြုလျက်သင်တို့အမည်နာမကိုကျိန်စာ အဖြစ်အသုံးပြုကြလိမ့်မည်။ သင်တို့သည် ဤအရပ်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှပြန်၍တွေ့မြင်ရကြလိမ့်မည်မဟုတ်' ဟုမိန့်တော်မူ၏'' ဟုဆို၏။
For så sier Herren, hærskarenes Gud, Israels Gud: Likesom min vrede og harme blev utøst over Jerusalems innbyggere, således skal min harme bli utøst over eder når I kommer til Egypten, og I skal bli til en ed og til en forferdelse og en forbannelse og til spott, og I skal ikke mere se dette sted.
19 ၁၉ ထိုနောက်ငါသည်ဆက်လက်၍``ယုဒပြည်တွင် ကျန်ရှိနေသူသင်တို့အား အီဂျစ်ပြည်သို့ မသွားကြရန်ထာဝရဘုရားမိန့်မှာတော် မူလေပြီ။-
Herren har talt til eder, I som er blitt igjen av Juda: Dra ikke til Egypten! I skal vite at jeg har advart eder idag.
20 ၂၀ သင်တို့သည်အမှားကြီးမှားလျက်နေကြ ကြောင်း ယခုသင်တို့အားငါသတိပေး၏။ သင်တို့သည်`အကျွန်ုပ်တို့အတွက်ဘုရားသခင်ထာဝရဘုရားထံတော်သို့ဆုတောင်း ပတ္ထနာပြုပါ။ ကိုယ်တော်နှင့်မိန့်မှာတော်မူ သမျှကိုလည်းအကျွန်ုပ်တို့အားပြန်လည် ပြောကြားပါ။ အကျွန်ုပ်တို့သည်ကိုယ်တော် ရှင်မိန့်မှာတော်မူသည်အတိုင်းပြုပါမည်' ဟုဆို၍ငါ့အားသင်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့စေလွှတ်ခဲ့ ကြ၏။-
For I farer vill og forspiller eders liv; I har jo selv sendt mig til Herren eders Gud og sagt: Bed for oss til Herren vår Gud og forkynn oss alt det Herren vår Gud sier, og vi vil gjøre det.
21 ၂၁ ယခုသင်တို့အားငါပြန်လည်ပြောကြား ပြီးလေပြီ။ သို့ရာတွင်သင်တို့သည်မိမိတို့ ဘုရားသခင်ထာဝရဘုရားက ငါ့အား စေလွှတ်၍ပြောကြားစေသမျှသောအမိန့် တော်တို့ကိုဖီဆန်ခဲ့ကြ၏။-
Og jeg har forkynt eder det idag; men I har ikke hørt på Herrens, eders Guds røst, og på alt det som han sendte mig til eder med.
22 ၂၂ ထို့ကြောင့်သင်တို့သည်စစ်ဘေး၊ သို့မဟုတ် ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သို့မဟုတ်အနာ ရောဂါဘေးသင့်၍မိမိတို့သွားရောက်နေထိုင် လိုသောပြည်တွင်သေရကြလိမ့်မည်'' ဟု ပြန်ကြားပြောဆို၏။
Så skal I nu vite at I skal dø ved sverd, hunger og pest på det sted som I stunder efter å komme til for å bo der.