< ယေရမိ 42 >

1 ထို​နောက်​ကာ​ရာ​၏​သား​ယော​ဟ​နန်​နှင့် ဟော​ရှဲ​၏​သား​အာ​ဇ​ရိ​တို့​အ​ပါ​အ​ဝင် တပ်​မှူး​အ​ပေါင်း​တို့​သည် အ​တန်း​အ​စား အ​မျိုး​မျိုး​ပါ​ဝင်​သည့်​လူ​တို့​နှင့်​အ​တူ လာ​ရောက်​ကြ​ပြီး​လျှင်၊-
Then all the captains of the forces, and Johanan the son of Kareah, and Jezaniah the son of Hoshaiah, and all the people from the least even to the greatest, came near,
2 ငါ့​အား``အ​ကျွန်ုပ်​တို့​ပန်​ကြား​သည့်​အ​မှု ကို​ပြု​ပါ​လော့။ အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​အ​ကျွန်ုပ်​တို့ အ​ဖို့​ဆု​တောင်း​ပတ္ထနာ​ပြု​ပါ​လော့။ ကျန်​ရှိ နေ​သ​မျှ​သော​အ​ကျွန်ုပ်​တို့​အ​တွက်​ဆု တောင်း​ပတ္ထ​နာ​ပြု​ပါ​လော့။ အ​ခါ​တစ်​ပါး က​အ​ကျွန်ုပ်​တို့​သည်​အ​ရေ​အ​တွက်​အား ဖြင့်​များ​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌ အ​ရှင်​သိ​ရှိ​သည့်​အ​တိုင်း​အ​ကျွန်ုပ်​တို့ တွင်​လူ​အ​နည်း​ငယ်​သာ​ကျန်​ရှိ​ပါ​တော့ သည်။-
and said to Jeremiah the prophet, "Please let our petition be presented before you, and pray for us to YHWH your God, even for all this remnant; for we are left but a few of many, as your eyes do see us:
3 အ​ကျွန်ုပ်​တို့​အ​ဘယ်​လမ်း​စဉ်​ကို​လိုက်​၍ အ​ဘယ်​အ​မှု​တို့​ကို​ပြု​သင့်​ကြောင်း​လမ်း​ပြ တော်​မူ​ရန် အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ'' ဟု ပန်​ကြား​ကြ​၏။-
that YHWH your God may show us the way in which we should walk, and the thing that we should do."
4 ငါ​က​လည်း``ကောင်း​လှ​ပြီ။ သင်​တို့​တောင်း​ပန်​သည့် အ​တိုင်း​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​မည်။ ထို နောက်​ကိုယ်​တော်​မိန့်​တော်​မူ​သ​မျှ​တို့​ကို​သင် တို့​အား​ငါ​ပြော​ပြ​မည်။ အ​ဘယ်​အ​ရာ​ကို မျှ​သင်​တို့​ထံ​မှ​ထိမ်​ဝှက်​၍​ထား​မည်​မ​ဟုတ်'' ဟု​ဆို​၏။
Then Jeremiah the prophet said to them, "I have heard you; look, I will pray to YHWH your God according to your words; and it shall happen that whatever thing YHWH shall answer you, I will declare it to you; I will keep nothing back from you."
5 ထို​အ​ခါ​သူ​တို့​သည်​ငါ့​အား``အ​ကယ်​၍ အ​ကျွန်ုပ်​တို့​သည်​အ​ရှင့်​အား​ဖြင့်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော အ​မိန့်​တော်​တို့​ကို​မ​လိုက်​နာ​ခဲ့​သော် ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​တစ်​ဘက်​၌​သစ္စာ စောင့်​၍​ဟုတ်​မှန်​သော​သက်​သေ​ဖြစ်​တော် မူ​ပါ​စေ​သော်။-
Then they said to Jeremiah, "YHWH be a true and faithful witness among us, if we do not do according to all the word with which YHWH your God shall send you to us.
6 အ​ရှင့်​အား​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​ပန်​ကြား​ခဲ့​ကြ​၏။ အ​ကျွန်ုပ်​တို့​နှစ်​သက်​သည်​ဖြစ်​စေ၊ မ​နှစ်​သက် သည်​ဖြစ်​စေ​အ​မိန့်​တော်​များ​ကို​အ​ကျွန်ုပ် တို့​လိုက်​နာ​ကြ​ပါ​မည်။ ကိုယ်​တော်​ရှင်​၏ စ​ကား​ကို​နား​ထောင်​ပါ​မူ​အ​ကျွန်ုပ်​တို့ အ​ဖို့​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ လိမ့်​မည်'' ဟု​ပြော​ကြား​ကြ​၏။
Whether it be good, or whether it be evil, we will obey the voice of YHWH our God, to whom we send you; that it may be well with us, when we obey the voice of YHWH our God."
7 ဆယ်​ရက်​မျှ​ကြာ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
It happened after ten days, that the word of YHWH came to Jeremiah.
8 သို့​ဖြစ်​၍​ငါ​သည်​ယော​ဟ​နန်၊ သူ​နှင့်​အ​တူ ရှိ​သည့်​တပ်​မှူး​များ​နှင့်​လူ​အ​ပေါင်း​တို့ အား​ခေါ်​၍၊-
Then called he Johanan the son of Kareah, and all the captains of the forces who were with him, and all the people from the least even to the greatest,
9 ``သင်​တို့​ငါ့​ကို​စေ​လွှတ်​၍​အ​သ​နား​ခံ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က၊-
and said to them, "Thus says YHWH, the God of Israel, to whom you sent me to present your petition before him:
10 ၁၀ `အ​ကယ်​၍​သင်​တို့​သည်​ဤ​ပြည်​တွင်​ဆက်​လက် နေ​ထိုင်​လို​ကြ​ပါ​မူ၊ ငါ​သည်​သင်​တို့​အား​မ​ဖြို မ​ဖျက်​ဘဲ​တည်​ဆောက်​မည်။ ငါ​သည်​သင်​တို့​အား မ​ဆွဲ​မ​နုတ်​ဘဲ​စိုက်​ပျိုး​မည်။ သင်​တို့​အ​ပေါ်​သို့ ငါ​သက်​ရောက်​စေ​ခဲ့​သည့်​ဘေး​အန္တ​ရာယ်​ဆိုး အ​တွက်​ငါ​များ​စွာ​ကြေ​ကွဲ​ဝမ်း​နည်း​ပါ​၏။-
'If you will still live in this land, then will I build you, and not pull you down, and I will plant you, and not pluck you up; for I grieve over the distress that I have brought on you.
11 ၁၁ ဗာ​ဗု​လုန်​ဘု​ရင်​ကို​မ​ကြောက်​ကြ​နှင့်​တော့။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ပြီ​ဖြစ်​၍​သင် တို့​အား​သူ​၏​လက်​မှ​ကယ်​တင်​မည်။-
Do not be afraid of the king of Babylon, of whom you are afraid; do not be afraid of him, says YHWH: for I am with you to save you, and to deliver you from his hand.
12 ၁၂ ငါ​သည်​သင်​တို့​အ​ပေါ်​၌​က​ရု​ဏာ​ထား​သော ကြောင့် သူ့​အား​သင်​တို့​ကို​က​ရု​ဏာ​ထား​၍​မိ မိ​တို့​ပြည်​သို့​ပြန်​ခွင့်​ပြု​စေ​မည်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သော​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​လေ​ပြီ။
I will grant you mercy, that he may have mercy on you, and cause you to return to your own land.'
13 ၁၃ ``သို့​ရာ​တွင်​ယု​ဒ​ပြည်​တွင်​ကျန်​ရစ်​သူ​တို့၊ သင်​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ ဤ​ပြည် တွင်​နေ​ထိုင်​ရန်​မ​ငြင်း​ဆန်​ရ​ကြ။ `ငါ​တို့ သည်​ဤ​ပြည်​တွင်​မ​နေ​လို။-
But if you say, 'We will not dwell in this land'; so that you do not obey the voice of YHWH your God,
14 ၁၄ စစ်​၏​အန္တ​ရာယ်​ကို​နောက်​တစ်​ဖန်​မ​တွေ့ မ​ကြုံ​ရာ၊ စစ်​ပွဲ​ဝင်​ရန်​တံ​ပိုး​ခ​ရာ​မှုတ်​သံ ကို​မ​ကြား​ရာ၊ မ​ငတ်​မ​မွတ်​ရာ​အီ​ဂျစ်​ပြည် သို့​ငါ​တို့​သွား​မည်' ဟု​သင်​တို့​မ​ဆို​ရ​ကြ။-
saying, 'No; but we will go into the land of Egypt, where we shall see no war, nor hear the sound of the trumpet, nor have hunger of bread; and there will we dwell':
15 ၁၅ အ​ကယ်​၍​ဤ​သို့​သင်​တို့​ဆို​ကြ​ပါ​မူ ဣသ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့​သည်​အီ​ဂျစ် ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ရန်​သန္နိ​ဋ္ဌာန် ချ​မှတ်​ထား​ကြ​ပါ​လျှင်၊-
now therefore hear the word of YHWH, O remnant of Judah: Thus says YHWH of hosts, the God of Israel, 'If you indeed set your faces to enter into Egypt, and go to live there;
16 ၁၆ သင်​တို့​ကြောက်​ရွံ့​သည့်​စစ်​မက်​အန္တ​ရာယ်​သည် သင်​တို့​ကို​လိုက်​၍​မီ​လိမ့်​မည်။ သင်​တို့​ထိတ်​လန့် သည့်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သည်​လည်း သင်​တို့​နောက်​မှ​လိုက်​၍​လာ​လိမ့်​မည်။ သို့​ဖြစ် ၍​သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​သေ​ရ​ကြ လိမ့်​မည်။-
then it shall happen, that the sword, which you fear, shall overtake you there in the land of Egypt; and the famine, about which you are afraid, shall follow close behind you there in Egypt; and there you shall die.
17 ၁၇ အီ​ဂျစ်​ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ရန်​သန္နိ​ဋ္ဌာန် ချ​မှတ်​ထား​သူ​မှန်​သ​မျှ​သည်​စစ်​ဘေး၊ သို့​မ ဟုတ်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ သို့​မ​ဟုတ် အ​နာ​ရော​ဂါ​ဘေး​သင့်​၍​သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​တစ်​ဦး​တစ်​ယောက်​မျှ​အ​သက်​မ​သေ ဘဲ​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​တစ်​ဦး တစ်​ယောက်​မျှ​ငါ​သက်​ရောက်​စေ​မည့်​ဘေး အန္တ​ရာယ်​ဆိုး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည် မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏။
So shall it be with all the men who set their faces to go into Egypt to live there: they shall die by the sword, by the famine, and by the pestilence; and none of them shall remain or escape from the evil that I will bring on them.'
18 ၁၈ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က`အီ​ဂျစ်​ပြည်​သို့​သင်​တို့​သွား မည်​ဆို​လျှင် ငါ​သည်​မိ​မိ​၏​ဒေါ​သ​အ​မျက်​တော် ကို​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အ​ပေါ်​သို့ သွန်း​လောင်း​ခဲ့​သည့်​နည်း​တူ သင်​တို့​အ​ပေါ်​သို့ လည်း​သွန်း​လောင်း​မည်။ လူ​တို့​ရှေ့​တွင်​သင်​တို့ သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍ သင်​တို့​ကို​ပြက် ရယ်​ပြု​လျက်​သင်​တို့​အ​မည်​နာ​မ​ကို​ကျိန်​စာ အ​ဖြစ်​အ​သုံး​ပြု​ကြ​လိမ့်​မည်။ သင်​တို့​သည် ဤ​အ​ရပ်​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​ပြန်​၍​တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။
For thus says YHWH of hosts, the God of Israel: 'As my anger and my wrath has been poured forth on the inhabitants of Jerusalem, so shall my wrath be poured forth on you, when you shall enter into Egypt; and you shall be an object of horror, and an astonishment, and a curse, and a reproach; and you shall see this place no more.'
19 ၁၉ ထို​နောက်​ငါ​သည်​ဆက်​လက်​၍``ယု​ဒ​ပြည်​တွင် ကျန်​ရှိ​နေ​သူ​သင်​တို့​အား အီ​ဂျစ်​ပြည်​သို့ မ​သွား​ကြ​ရန်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော် မူ​လေ​ပြီ။-
YHWH has spoken concerning you, remnant of Judah, 'Do not go into Egypt': know certainly that I have testified to you this day.
20 ၂၀ သင်​တို့​သည်​အ​မှား​ကြီး​မှား​လျက်​နေ​ကြ ကြောင်း ယ​ခု​သင်​တို့​အား​ငါ​သ​တိ​ပေး​၏။ သင်​တို့​သည်`အ​ကျွန်ုပ်​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း ပတ္ထ​နာ​ပြု​ပါ။ ကိုယ်​တော်​နှင့်​မိန့်​မှာ​တော်​မူ သ​မျှ​ကို​လည်း​အ​ကျွန်ုပ်​တို့​အား​ပြန်​လည် ပြော​ကြား​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် ရှင်​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း​ပြု​ပါ​မည်' ဟု​ဆို​၍​ငါ့​အား​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​စေ​လွှတ်​ခဲ့ ကြ​၏။-
For you have dealt deceitfully against your own souls; for you sent me to YHWH your God, saying, 'Pray for us to YHWH our God; and according to all that YHWH our God shall say, so declare to us, and we will do it':
21 ၂၁ ယ​ခု​သင်​တို့​အား​ငါ​ပြန်​လည်​ပြော​ကြား ပြီး​လေ​ပြီ။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား စေ​လွှတ်​၍​ပြော​ကြား​စေ​သ​မျှ​သော​အ​မိန့် တော်​တို့​ကို​ဖီ​ဆန်​ခဲ့​ကြ​၏။-
and I have this day declared it to you; but you have not obeyed the voice of YHWH your God in anything for which he has sent me to you.
22 ၂၂ ထို့​ကြောင့်​သင်​တို့​သည်​စစ်​ဘေး၊ သို့​မ​ဟုတ် ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ သို့​မ​ဟုတ်​အ​နာ ရော​ဂါ​ဘေး​သင့်​၍​မိ​မိ​တို့​သွား​ရောက်​နေ​ထိုင် လို​သော​ပြည်​တွင်​သေ​ရ​ကြ​လိမ့်​မည်'' ဟု ပြန်​ကြား​ပြော​ဆို​၏။
Now therefore know certainly that you shall die by the sword, by the famine, and by the pestilence, in the place where you desire to go to live there."

< ယေရမိ 42 >