< ယေရမိ 41 >
1 ၁ သတ္တမလ၌ဘုရင်ခံမင်း၏အရာရှိကြီး တစ်ဦးဖြစ်သူဧလိရှမာ၏မြေး၊ နာသနိ ၏သား၊ မင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သူ ဣရှမေလသည်လူဆယ်ယောက်နှင့်အတူ ဂေဒလိအားတွေ့ဆုံရန် မိဇပါမြို့သို့လာ ၏။ သူတို့သည်အတူတကွမိဇပါမြို့တွင် စားသောက်လျက်နေကြစဉ်၊-
In the seventh month, Ishmael son of Nethaniah, the son of Elishama, who was a member of the royal family and one of the king’s chief officers, came with ten men to Gedaliah son of Ahikam at Mizpah, and they ate a meal together there.
2 ၂ နသနိ၏သားဣရှမေလနှင့်သူ၏လူဆယ် ယောက်သည် မိမိတို့ဋ္ဌားများကိုဆွဲထုတ်ပြီး နောက် ပြည်နယ်ဘုရင်ခံအဖြစ်ဗာဗုလုန် ဘုရင်ခန့်ထားသည့်ဂေဒလိကိုခုတ်သတ် ကြကုန်၏။-
Then Ishmael son of Nethaniah and the ten men who were with him got up and struck down Gedaliah son of Ahikam, the son of Shaphan, with the sword, killing the one whom the king of Babylon had appointed to govern the land.
3 ၃ ဣရှမေလသည်မိဇပါမြို့တွင်ဂေဒလိ နှင့်အတူရှိနေသည့်ယုဒအမျိုးသားများ နှင့် ထိုအရပ်တွင်ရှိသမျှသောဗာဗုလုန် စစ်သူရဲတို့ကိုလည်းသတ်ဖြတ်လေသည်။
Ishmael also killed all the Jews who were with Gedaliah at Mizpah, as well as the Chaldean soldiers who were there.
4 ၄ နောက်တစ်နေ့၌ဂေဒလိအားလုပ်ကြံမှု ကို အဘယ်သူမျှမသိသေးမီ၊-
On the second day after the murder of Gedaliah, when no one yet knew about it,
5 ၅ ရှေခင်၊ ရှိလောနှင့်ရှမာရိမြို့တို့မှလူရှစ် ဆယ်တို့ရောက်ရှိလာကြ၏။ သူတို့သည်မုတ် ဆိတ်များကိုရိတ်ပြီးလျှင် မိမိတို့၏အဝတ် များကိုဆွဲဆုတ်ကာကိုယ်ခန္ဓာကိုလည်းထိရှ ၍ထားကြ၏။ သူတို့သည်ဗိမာန်တော်တွင် ပူဇော်ရန်ပူဇော်သကာနှင့်နံ့သာပေါင်း ကိုဆောင်ယူလာကြလေသည်။-
eighty men who had shaved off their beards, torn their garments, and cut themselves came from Shechem, Shiloh, and Samaria, carrying grain offerings and frankincense for the house of the LORD.
6 ၆ သို့ဖြစ်၍ဣရှမေလသည် သူတို့အားကြို ဆိုရန်မိဇပါမြို့မှထွက်ခွာပြီးလျှင် တစ် လမ်းလုံးငိုကြွေးလျက်သွား၏။ သူသည် ထိုသူတို့နှင့်တွေ့ဆုံမိသောအခါသူတို့ အား``ဂေဒလိထံသို့လာရောက်ကြပါ'' ဟုခေါ်ဖိတ်လေသည်။-
And Ishmael son of Nethaniah went out from Mizpah to meet them, weeping as he went. When Ishmael encountered the men, he said, “Come to Gedaliah son of Ahikam.”
7 ၇ ထိုသူတို့မြို့တွင်းသို့ရောက်ရှိသည်နှင့်တစ် ပြိုင်နက် ဣရှမေလနှင့်သူ၏ငယ်သားတို့ သည် ထိုသူတို့အားသတ်၍အလောင်းများ ကိုရေတွင်းထဲသို့ပစ်ချကြ၏။
And when they came into the city, Ishmael son of Nethaniah and the men with him slaughtered them and threw them into a cistern.
8 ၈ သို့ရာတွင်ထိုလူစုအနက်လူဆယ်ယောက် က``အကျွန်ုပ်တို့အားမသတ်ပါနှင့်။ အကျွန်ုပ် တို့မှာလယ်ကွက်များတွင်ဝှက်ထားသည့်ဂျုံ၊ မုယော၊ သံလွင်ဆီနှင့်ပျားရည်များရှိပါ သည်'' ဟုပြောသဖြင့်ဣရှမေလသည်သူ တို့အားမသတ်ဘဲအသက်ချမ်းသာခွင့် ပေးလေသည်။-
But ten of the men among them said to Ishmael, “Do not kill us, for we have hidden treasure in the field—wheat, barley, oil, and honey!” So he refrained from killing them with the others.
9 ၉ မိမိသတ်ဖြတ်လိုက်သူတို့၏အလောင်းများ ကိုဣရှမေလပစ်ချသည့်ရေတွင်းကား အလွန်ကြီး၍ ဣသရေလဘုရင်ဗာရှာ၏ဘေး မှခုခံကာကွယ်ရန် အာသမင်းတူးထားသည့် ရေတွင်းဖြစ်သတည်း။ ဣရှမေလသည်မိမိ သတ်ဖြတ်လိုက်သည့်လူသေအလောင်းများ ဖြင့်ထိုတွင်းကိုပြည့်စေ၏။-
Now the cistern into which Ishmael had thrown all the bodies of the men he had struck down along with Gedaliah was a large one that King Asa had made for fear of Baasha king of Israel. Ishmael son of Nethaniah filled it with the slain.
10 ၁၀ ထိုနောက်ဣရှမေလသည် ဂေဒလိ၏စောင့် ရှောက်မှုကိုခံယူစေရန် တပ်မှူးနေဗုဇာရဒန် အပ်နှံထားသည့်ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင်ကျန်ရှိနေသေးသူအပေါင်း တို့အားဖမ်းဆီးချုပ်နှောင်ပြီးလျှင် သုံ့ပန်း များအဖြစ်ဖြင့်အမ္မုန်ပြည်ရှိရာသို့ခေါ် ဆောင်သွားလေသည်။
Then Ishmael took captive all the remnant of the people of Mizpah—the daughters of the king along with all the others who remained in Mizpah—over whom Nebuzaradan captain of the guard had appointed Gedaliah son of Ahikam. Ishmael son of Nethaniah took them captive and set off to cross over to the Ammonites.
11 ၁၁ ဣရှမေလကူးလွန်သည့်ရာဇဝတ်မှုများ အကြောင်းကို ကာရာ၏သားယောဟနန်နှင့် တပ်မတော်ခေါင်းဆောင်များကြားသိကြ သောအခါ၊-
When Johanan son of Kareah and all the commanders of the armies with him heard of all the crimes that Ishmael son of Nethaniah had committed,
12 ၁၂ မိမိတို့တပ်သားများကိုခေါ်၍ ဣရှမေလ ကိုတိုက်ခိုက်ရန်ထွက်သွားကြရာဂိဘောင်မြို့ အနီးရေကန်ကြီးတွင်သူ့အားလိုက်၍မီ ကြ၏။-
they took all their men and went to fight Ishmael son of Nethaniah. And they found him near the great pool in Gibeon.
13 ၁၃ ဣရှမေလ၏သုံ့ပန်းများသည်ယောဟနန် ကိုလည်းကောင်း၊ သူနှင့်ပါလာသည့်တပ်မ တော်ခေါင်းဆောင်များကိုလည်းကောင်း မြင် သောအခါဝမ်းမြောက်ကြကုန်လျက်၊-
When all the people with Ishmael saw Johanan son of Kareah and all the commanders of the army with him, they rejoiced,
14 ၁၄ ယောဟနန်ရှိရာသို့လှည့်၍ပြေးလာကြလေ သည်။-
and all the people whom Ishmael had taken captive at Mizpah turned and went over to Johanan son of Kareah.
15 ၁၅ သို့ရာတွင်ဣရှမေလနှင့် သူ၏လူရှစ်ယောက်တို့ မူကား ယောဟနန်ထံမှတိမ်းရှောင်ကာအမ္မုန် ပြည်သို့လွတ်မြောက်သွားကြ၏။
But Ishmael son of Nethaniah and eight of his men escaped from Johanan and went to the Ammonites.
16 ၁၆ ဂေဒလိအားသတ်ပြီးနောက်မိဇပါမြို့မှ သုံ့ပန်းများအဖြစ် ဣရှမေလခေါ်ဆောင် လာသောစစ်သူရဲများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့်မိန်းမစိုးများအား ယောဟနန်နှင့်သူ၏တပ်မှူးများကထိန်း သိမ်းစောင့်ရှောက်ထားကြ၏။-
Then Johanan son of Kareah and all the commanders of the armies with him took the whole remnant of the people from Mizpah whom he had recovered from Ishmael son of Nethaniah after Ishmael had killed Gedaliah son of Ahikam: the soldiers, women, children, and court officials he had brought back from Gibeon.
17 ၁၇ သူတို့သည်ဂိဘောင်မြို့မှယောဟနန်ဆောင် ယူလာသူအပေါင်းတို့အားထိန်းသိမ်းစောင့် ရှောက်ကာထွက်ခွာလာကြပြီးလျှင် ဗက်လင် မြို့အနီးခိမဟံစခန်း၌ရပ်နားကြ၏။ သူ တို့သည်ဗာဗုလုန်အမျိုးသားတို့၏ဘေး မှကင်းဝေးကြစေရန်အီဂျစ်ပြည်သို့ သွားကြ၏။-
And they went and stayed in Geruth Chimham, near Bethlehem, in order to proceed into Egypt
18 ၁၈ ဣရှမေလသည်ယုဒဘုရင်ခံအဖြစ် ဗာဗုလုန်ဘုရင်ခန့်ထားခဲ့သူဂေဒလိအား သတ်ဖြတ်ခဲ့သည့်အတွက် သူတို့သည်ဗာဗု လုန်အမျိုးသားတို့ကိုကြောက်ကြ၏။
to escape the Chaldeans. For they were afraid of the Chaldeans because Ishmael son of Nethaniah had struck down Gedaliah son of Ahikam, whom the king of Babylon had appointed over the land.