< ယေရမိ 40 >

1 တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည်​ငါ့​အား​ရာ​မ​မြို့ တွင်​အ​နှောင်​အ​ဖွဲ့​မှ​ဖြေ​လွှတ်​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ဗျာ​ဒိတ်​ပေး​တော် မူ​၏။ ငါ​သည်​ဗာ​ဗု​လုန်​မြို့​သို့​ဖမ်း​ဆီး​ခေါ်​ဆောင် လာ​သော အ​ခြား​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား များ၊ ယု​ဒ​ပြည်​သား​များ​နှင့်​အ​တူ​ထို​မြို့ သို့​လိုက်​ပါ​လာ​ခဲ့​ရ​လေ​သည်။
Ovo je riječ koju Jahve uputi Jeremiji pošto ga Nebuzaradan, zapovjednik tjelesne straže, bijaše pustio iz Rame. Odvojio ga je kad je već, u lance okovan, bio među svim jeruzalemskim i judejskim izgnanicima koje vođahu u Babilon.
2 တပ်​မှူး​သည်​ငါ့​အား​နှစ်​ဦး​ချင်း​တွေ့​ဆုံ​ရန် ခေါ်​ယူ​ပြီး​လျှင်``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​ပြည်​ကို​ဖျက်​ဆီး​ရန်​ခြိမ်း​ခြောက် တော်​မူ​ခဲ့​သည့်​အ​တိုင်း၊-
Odvojivši ga, dakle, zapovjednik tjelesne straže reče mu: “Jahve, Bog tvoj, zaprijetio je nesrećom ovome mjestu.
3 ယ​ခု​ပြု​တော်​မူ​လေ​ပြီ။ ဤ​သို့​ဖြစ်​ပျက်​ရ ခြင်း​မှာ​သင်​၏​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကာ ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​ကြ​သော​ကြောင့်​ဖြစ်​၏။-
Izvršio je i učinio kako bijaše zaprijetio, jer ste griješili protiv Jahve i niste slušali glasa njegova. Zato vas je i snašlo ovo zlo.
4 ယ​ခု​သင်​၏​လက်​ကောက်​ဝတ်​မှ​သံ​ကြိုး​များ ကို​ငါ​ဖြုတ်​ပေး​မည်။ သင်​သည်​ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​လို​က​လိုက်​ပါ​လော့။ သင့်​အား​ကောင်း​စွာ​ငါ​ကြည့်​ရှု​ပါ​မည်။ သင် မ​လိုက်​လို​လျှင်​နေ​နိုင်​ပါ​သည်။ တစ်​ပြည် လုံး​မှ​သင်​ကြိုက်​ရာ​အ​ရပ်​သို့​သင်​သွား နိုင်​သည်'' ဟု​ပြော​၏။
Evo, sada driješim okove s ruku tvojih. Ako ti je po volji da ideš sa mnom u Babilon, pođi sa mnom i oko će moje bdjeti nad tobom. Ako ti nije volja ići sa mnom u Babilon, ti ostani. Gle, sva je zemlja pred tobom: možeš ići kamo ti oko želi i gdje će ti biti dobro.
5 ငါ​ပြန်​လည်​မ​ဖြေ​ကြား​သော​အ​ခါ​နေ​ဗု​ဇာ ရ​ဒန်​သည် ဆက်​လက်​၍``ယု​ဒ​မြို့​များ​အ​တွက် ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန်​ဘု​ရင်​ခန့်​ထား​ခဲ့ သူ​ရှာ​ဖန်​၏​မြေး၊ အ​ဟိ​ရံ​၏​သား​ဂေ​ဒ​လိ​ထံ သို့​ပြန်​၍​သူ​နှင့်​အ​တူ​ပြည်​သူ​တို့​အ​ထဲ​တွင် နေ​ထိုင်​ပါ​လော့။ သို့​မ​ဟုတ်​လျှင်​လည်း​မိ​မိ သွား​သင့်​သည်​ဟု​ထင်​သည့်​အ​ရပ်​သို့​သွား ပါ​လော့'' ဟု​ဆို​၏။ ထို​နောက်​သူ​သည်​လက် ဆောင်​နှင့်​ရိက္ခာ​အ​ချို့​ကို​ယူ​ဆောင်​သွား​ရန် ပေး​အပ်​ပြီး​လျှင်​ငါ့​အား​ခ​ရီး​ပြု​စေ​၏။-
Ako, dakle, hoćeš ostati, možeš poći Gedaliji, sinu Šafanova sina Ahikama, koga je kralj babilonski postavio nad gradovima judejskim, i ostati kod njega usred naroda, ili pak možeš ići kamo ti drago.” Zatim mu zapovjednik tjelesne straže dade hrane i k tomu dar te ga otpusti.
6 ငါ​သည်​လည်း​ဂေ​ဒ​လိ​ထံ​သို့​သွား​၍​မိ​ဇ​ပါ မြို့​တွင်​ကြွင်း​ကျန်​လျက်​ရှိ​သည့်​ပြည်​သူ​ပြည် သား​တို့​နှင့်​အ​တူ​နေ​ထိုင်​လေ​သည်။
Tada se Jeremija otputi u Mispu, Gedaliji, sinu Ahikamovu, te osta kod njega među narodom koji je ostao u zemlji.
7 ယု​ဒ​တပ်​မ​တော်​အ​ရာ​ရှိ​အ​ချို့​နှင့်​စစ်​သူ​ရဲ အ​ချို့​တို့​သည်​လက်​နက်​မ​ချ​ခဲ့​ကြ​ချေ။ သူ တို့​သည်​အ​ဟိ​ကံ​၏​သား​ဂေ​ဒ​လိ​ကို​ဗာ​ဗု လုန်​ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် မြို့​သို့​သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​မ​ခံ​ရ​ကြ သူ​တို့​အား​အုပ်​စိုး​စေ​တော်​မူ​ကြောင်း​ကြား​သိ ကြ​၏။ ဤ​သူ​တို့​ကား​တိုင်း​ပြည်​တွင်​အ​ဆင်း​ရဲ ဆုံး​သော​သူ​များ​ဖြစ်​သ​တည်း။-
Svi vojni zapovjednici i njihovi ljudi uokolo saznaše da je kralj babilonski postavio zemlji za namjesnika Ahikamova sina Gedaliju te mu povjerio muževe, žene i djecu i siromahe koji još ne bijahu odvedeni u babilonsko sužanjstvo.
8 သို့​ဖြစ်​၍​နာ​သ​နိ​၏​သား​ဣ​ရှ​မေ​လ၊ ကာ​ရာ ၏​သား​ယော​ဟ​နန်​နှင့်​ယော​န​သန်၊ တာ​နု​မက်​၏ သား​စ​ရာ​ယ၊ နေ​တော​ဖတ်​မြို့​သား​ဧ​ဖဲ​၏​သား များ၊ မာ​ခ​သိ​မြို့​သား​ယေ​ဇ​နိ​တို့​သည် မိ​မိ တို့​လူ​များ​နှင့်​အ​တူ​ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ မြို့​သို့​လာ​ရောက်​ကြ​၏။-
I dođoše pred Gedaliju u Mispu: Netanijin sin Jišmael, Kareahov sin Johanan; Tanhumetov sin Seraja, Zatim sinovi Efaja Netofljanina, Makatijev sin Jaazanija - oni i njihovi ljudi.
9 ထို​အ​ခါ​ဂေ​ဒ​လိ​က``သင်​တို့​သည်​ဗာ​ဗု​လုန် အ​မျိုး​သား​တို့​အား လက်​နက်​ချ​ရန်​ကြောက်​လန့် နေ​စ​ရာ​မ​လို​ကြောင်း​သင်​တို့​အား​ငါ​က​တိ ပေး​ပါ​၏။ ဤ​ပြည်​တွင်​အ​တည်​တ​ကျ​နေ​ထိုင် ၍​ဗာ​ဗု​လုန်​ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ကြ​လော့။ သင်​တို့​အ​ဖို့​အ​စ​စ​အ​ရာ​ရာ​အ​ဆင် ပြေ​ပါ​လိမ့်​မည်။-
Gedalija, sin Šafanova sina Ahikama, zakle se njima i njihovim ljudima i reče: “Ne bojte se služiti Kaldejcima, ostanite u zemlji, budite odani babilonskom kralju i bit će vam dobro.
10 ၁၀ ငါ​သည်​မိ​ဇ​ပါ​မြို့​တွင်​နေ​၍​ဗာ​ဗု​လုန် အ​မျိုး​သား​တို့​လာ​ရောက်​ချိန်​၌ သင်​တို့ ကိုယ်​စား​ပြု​ပါ​မည်။ သင်​တို့​မူ​ကား​စ​ပျစ် ရည်၊ သစ်​သီး​နှင့်​သံ​လွင်​ဆီ​တို့​ကို​စု​သိမ်း သို​လှောင်​ကာ မိ​မိ​တို့​ရွာ​များ​တွင်​နေ​ထိုင် ကြ​လော့'' ဟု​ဆို​၏။-
A ja ću, evo, ostati u Mispi na službu Kaldejcima koji dolaze k nama. Vi pak potrgajte grožđe, poberite voće i masline, pohranite u sudove i ostanite u gradovima što ih zaposjedoste.”
11 ၁၁ ဤ​အ​တော​အ​တွင်း​၌​ဗာ​ဗု​လုန်​ဘု​ရင်​သည် ဣသ​ရေ​လ​အ​မျိုး​သား​အ​ချို့​ကို ယု​ဒ​ပြည် တွင်​နေ​ထိုင်​ခွင့်​ပြု​၍​ရှာ​ဖန်​၏​မြေး၊ အ​ဟိ​ကံ ၏​သား​ဂေ​ဒ​လိ​ကို​ဘု​ရင်​ခံ​အဖြစ်​ခန့်​ထား တော်​မူ​ကြောင်း​မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဧ​ဒုံ ပြည်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​ရှိ​ဟေ​ဗြဲ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​သိ​ကြ​လေ သည်။-
I svi Judejci što se zatekoše u Moabu, kod sinova Amonovih, i u Edomu, po svim zemljama, saznadoše da je kralj babilonski ostavio ostatak u Judeji i da je postavio nad njim Gedaliju, sina Šafanova sina Ahikama.
12 ၁၂ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် မိ​မိ​တို့​ကွဲ​လွင့်​လျက်​ရှိ​ရာ​အ​ရပ် တ​ကာ​မှ​ယု​ဒ​ပြည်​သို့​ပြန်​လာ​ကြ​၏။ သူ တို့​သည်​ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့​လာ ရောက်​ကြ​ပြီး​လျှင် စ​ပျစ်​ရည်​နှင့်​သစ်​သီး အ​မြောက်​အ​မြား​ကို​သိမ်း​ယူ​ကြ​လေ​သည်။
I onda se vratiše svi Judejci iz svih mjesta kamo ih bijahu raspršili, vratiše se u zemlju judejsku Gedaliji u Mispu te nabraše veoma mnogo grožđa i drugoga voća.
13 ၁၃ ထို​နောက်​ကာ​ရာ​၏​သား​ယော​ဟ​နန်​နှင့်​လက် နက်​မ​ချ​ခဲ့​သည့်​စစ်​သူ​ရဲ​တို့​၏​ခေါင်း​ဆောင် များ​သည် ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့​လာ​၍၊-
A Johanan, sin Kareahov, i svi vojni zapovjednici pođoše Gedaliji u Mispu
14 ၁၄ ဂေ​ဒ​လိ​အား``အမ္မုန်​ဘု​ရင်​ဗာ​လိတ်​သည်​အ​ရှင့် အား​လုပ်​ကြံ​ရန်​အ​တွက် နာ​သ​နိ​၏​သား​ဣရှ မေ​လ​ကို​စေ​လွှတ်​လိုက်​ကြောင်း​ကို​အ​ရှင်​မ သိ​ပါ​သ​လော'' ဟု​မေး​၏။ သို့​ရာ​တွင်​ဂေ ဒ​လိ​သည်​ထို​စ​ကား​ကို​မ​ယုံ​ကြည်​ချေ။-
te mu rekoše: “A znaš li ti da je amonski kralj Baalis poslao Jišmaela, sina Netanijina, da te ubije?” Ali im Gedalija, sin Ahikamov, ne povjerova.
15 ၁၅ ထို​အ​ခါ​ယော​ဟ​နန်​က``အ​ကျွန်ုပ်​အား၊ ဣ​ရှ မေ​လ​ကို​သွား​၍​သတ်​ခွင့်​ပြု​ပါ။ သတ်​သော သူ​ကို​မည်​သူ​မျှ​သိ​လိမ့်​မည်​မ​ဟုတ်​ပါ။ သူ့ အား​အ​ဘယ်​ကြောင့်​အ​ရှင့်​ကို​သတ်​ခွင့်​ပေး ရ​ပါ​မည်​နည်း။ ဤ​သို့​ပြု​ပါ​မူ​အ​ရှင့်​ထံ သို့​လာ​ရောက်​စု​ဝေး​နေ​ကြ​သည့်​ယု​ဒ အ​မျိုး​သား​တို့​သည် ကွဲ​လွင့်​၍​သွား​ကာ ယု​ဒ​ပြည်​တွင်​ကျန်​ရစ်​သူ​အ​ပေါင်း​တို့ သည် ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ​ကြ ပါ​လိမ့်​မည်'' ဟု​တိတ်​တ​ဆိတ်​လျှောက် ထား​၏။
Tada reče Johanan, sin Kareahov, potajno Gedaliji u Mispi: “Idem da ubijem Jišmaela, sina Netanijina, tako da nitko neće doznati. Zašto da on tebe ubije i da se opet rasprše svi Judejci što se oko tebe skupiše? I zašto da propadne ostatak Judejaca?”
16 ၁၆ သို့​ရာ​တွင်​ဂေ​ဒ​လိ​က``ထို​သို့​မ​ပြု​ပါ​နှင့်။ ဣ​ရှ​မေ​လ​အ​ကြောင်း​သင်​ပြော​သော​စ​ကား များ​သည်​မ​ဟုတ်​မ​မှန်​ပါ'' ဟု​ပြန်​ပြော​လေ သည်။
Ali Gedalija, sin Ahikamov, uzvrati Johananu, sinu Kareahovu: “Nemoj toga raditi! Jer je laž što govoriš o Jišmaelu.”

< ယေရမိ 40 >