< ယေရမိ 4 >

1 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့၊ အ​ကယ်​၍​သင်​တို့​ပြန်​လာ​လို​လျှင်​ငါ့ ထံ​သို့​ပြန်​လာ​ကြ​လော့။ ငါ​ရွံ​မုန်း​သည့် ရုပ်​တု​တို့​ကို​ဖယ်​ရှား​ကာ​ငါ့​အား​သစ္စာ စောင့်​ကြ​လျှင်၊-
Israel, if thou turnest ayen, seith the Lord, turne thou to me; if thou takist awei thin offendyngis fro my face, thou schalt not be mouyd.
2 ငါ​၏​နာ​မ​တော်​ကို​သင်​တို့​တိုင်​တည်​ကျိန်​ဆို မှု​သည်​တော်​တည့်​မှန်​ကန်၊ လျော်​ကန်​သင့်​မြတ် လိမ့်​မည်။ ထို​အ​ခါ​လူ​မျိုး​တ​ကာ​တို့​သည် မိ​မိ တို့​အား​ကောင်း​ချီး​ပေး​ရန်​ငါ့​ထံ​တောင်း လျှောက်​ကြ​လိမ့်​မည်။ ငါ့​ကို​လည်း​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
And thou schalt swere, The Lord lyueth, in treuthe and in doom and in riytfulnesse; and alle folkis schulen blesse hym, and schulen preise hym.
3 ယု​ဒ​ပြည်​သား​နှင့်​ယေ​ရု​ရှ​လင်​မြို့​မှ​လူ​တို့ အား ထာ​ဝ​ရ​ဘု​ရား​က``မ​ထွန်​မ​ယက်​ရ​သေး သည့်​သင်​တို့​၏​လယ်​ယာ​များ​ကို​ထွန်​ယက် ကြ​လော့။ သင်​တို့​၏​မျိုး​စေ့​များ​ကို​ဆူး​ပင် များ​အ​ကြား​တွင်​မ​ကြဲ​ကြ​နှင့်။-
For the Lord God seith these thingis to a man of Juda and to a dwellere of Jerusalem, Make ye newe to you a lond tilid of the newe, and nyle ye sowe on thornes.
4 သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ငါ နှင့်​သင်​တို့​ပြု​သည့်​ပ​ဋိ​ညာဉ်​ကို​စောင့်​ကြ​လော့။ အ​ချင်း​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သား​တို့၊ ငါ့​အား​သင်​တို့​၏​ကိုယ်​ကို​ဆက်​ကပ် ကြ​လော့။ ဤ​သို့​မ​ပြု​ပါ​မူ​သင်​တို့​ကူး​လွန်​ခဲ့ သည့်​ဒု​စ​ရိုက်​များ​ကြောင့် ငါ​၏​အ​မျက်​တော် သည်​မီး​ကဲ့​သို့​တောက်​လောင်​လိမ့်​မည်။ ယင်း​ကို ငြိမ်း​သတ်​မည့်​သူ​လည်း​တစ်​စုံ​တစ်​ယောက် မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
Men of Juda, and dwelleris of Jerusalem, be ye circumcidid to the Lord, and do ye awey the filthis of youre hertis; lest perauenture myn indignacioun go out as fier, and be kyndlid, and noon be that quenche, for the malice of youre thouytis.
5 ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​၌​တံ​ပိုး​ခ​ရာ​မှုတ် ကြ​လော့။ ရှင်း​လင်း​ကျယ်​လောင်​စွာ​ကြွေး​ကြော်​ကြ​လော့။ ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား တို့​အား ခံ​တပ်​မြို့​များ​သို့​ပြေး​ဝင်​ကြ​ရန်​ပြော​ကြား​ကြ​လော့။
Telle ye in Juda, and make ye herd in Jerusalem; speke ye, and synge ye with a trumpe in the lond; crye ye strongli, and seie ye, Be ye gaderid togidere, and entre we in to stronge citees.
6 ဇိ​အုန်​မြို့​ရှိ​ရာ​သို့​ရှေ့​ရှု​ကြ​လော့။ ဘေး​မဲ့​လုံ​ခြုံ ရာ​သို့ ပြေး​ကြ​လော့။ ဆုတ်​ဆိုင်း​၍​မ​နေ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​စွာ​သော​ပျက်​စီး မှု ဘေး​အန္တ​ရာယ်​ဆိုး​ကို မြောက်​အ​ရပ်​မှ​ဆောင်​ယူ​လာ​တော်​မူ​လိမ့် မည်။
Reise ye a signe in Sion, coumforte ye, and nyle ye stonde; for Y bringe yuel fro the north, and a greet sorewe.
7 ခြင်္သေ့​သ​ဖွယ်​ခို​အောင်း​ရာ​မှ​ထွက်​လာ​လေ​ပြီ။ လူ​မျိုး​တ​ကာ​ကို​ဖျက်​ဆီး​မည့်​သူ​သည် ထွက်​ခွာ​လာ​လေ​ပြီ။ သူ​သည်​ယု​ဒ​ပြည်​ကို​ဖျက်​ဆီး​ရန်​ထွက်​ခွာ​လာ လေ​ပြီ။ ယု​ဒ​မြို့​တို့​သည်​ယို​ယွင်း​ပျက်​စီး​လျက် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။
A lioun schal `rise vp fro his denne, and the robbere of folkis schal reise hym silf. He is goon out of his place, to sette thi lond in to wildirnesse; thi citees schulen be distried, abidynge stille with out dwellere.
8 သို့​ဖြစ်​၍​လျှော်​တေ​ကို​ဝတ်​၍​ငို​ကြွေး​မြည် တမ်း​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်၊ထာ​ဝ​ရ​ဘု​ရား​၏ ပြင်း​ထန်​သော​အ​မျက်​တော်​သည် ယု​ဒ​ပြည်​သို့​ဦး​တည်​လျက်​ရှိ​နေ​သေး သော​ကြောင့်​ဖြစ်​၏။
On this thing girde you with heiris; weile ye, and yelle, for the wraththe of the strong veniaunce of the Lord is not turned awei fro you.
9 ထာ​ဝ​ရ​ဘု​ရား​က``ထို​နေ့​၌​ရှင်​ဘု​ရင်​များ၊ မှူး​မတ်​များ​သည်​စိတ်​ပျက်​အား​လျော့​ကြ လိမ့်​မည်။ ယဇ်​ပု​ရော​ဟိတ်​များ​သည်​တ​အံ့ တ​သြ​ဖြစ်​၍ ပ​ရော​ဖက်​တို့​သည်​အံ့​အား သင့်​လျက်​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။
And it schal be, in that dai, seith the Lord, the herte of the king schal perische, and the herte of princis; and the prestis schulen wondre, and the prophetis schulen be astonyed.
10 ၁၀ ထို​အ​ခါ​ငါ​သည်``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ယေ​ရု​ရှ​လင်​မြို့​သား​တို့ အား​လှည့်​ဖြား​တော်​မူ​ပါ​ပြီ။ ငြိမ်း​ချမ်း​မှု ရ​ရှိ​လိမ့်​မည်​ဟု​ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​သူ​တို့​၏​လည်​မျို​တွင် ဋ္ဌား​တေ့​လျက်​ရှိ​ပါ​၏'' ဟု​လျှောက်​၏။
And Y seide, Alas! alas! alas! Lord God; therfor whether thou hast disseyued this puple and Jerusalem, seiynge, Pees schal be to you, and lo! a swerd is comun `til to the soule?
11 ၁၁ သဲ​ကန္တာ​ရ​မှ​လေ​ပူ​ကြီး​သည် တိုက်​ခတ်​လာ လိမ့်​မည်​ဖြစ်​ကြောင်း​ယေ​ရု​ရှ​လင်​မြို့​သား တို့​ကြား​သိ​ရ​မည့်​နေ့​ရက်​ကာ​လ​သည်​ကျ ရောက်​လာ​လိမ့်​မည်။ ထို​လေ​သည်​သူ​တို့​အား ဂျုံ​စ​ပါး​လှေ့​ရန်​တိုက်​ခတ်​လာ​ခြင်း​မ​ဟုတ်။-
In that tyme it schal be seide to this puple and to Jerusalem, A brennynge wynd in the weies that ben in desert, ben the weies of the douytir of my puple, not to wyndewe, and not to purge.
12 ၁၂ ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​အ​ရ​တိုက်​ခတ် သည့်​လေ​သည် ထို​ထက်​များ​စွာ​ပို​မို​ပြင်း​ထန် ပေ​လိမ့်​မည်။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ပေါ် သို့ ယ​ခု​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​သည့်​အ​ရှင် ကား ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​ဖြစ် သ​တည်း။
A spirit ful of hem schal come to me; and now Y, but Y schal speke my domes with hem.
13 ၁၃ ကြည့်​ရှု​ကြ​လော့။ ရန်​သူ​သည်​မိုး​တိမ်​သ​ဖွယ် လာ​လိမ့်​မည်။ သူ​၏​စစ်​ရ​ထား​များ​သည်​လေ​ပွေ နှင့်​တူ​၍ သူ​၏​မြင်း​တို့​သည်​လင်း​ယုန်​ငှက်​များ ထက်​လျင်​မြန်​ကြ​၏။ ငါ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ လေ​ပြီ။ ငါ​တို့​သည်​အ​မ​င်္ဂ​လာ​ရှိ​ပါ​သည် တ​ကား။-
Lo! he schal stie as a cloude, and hise charis as a tempest; hise horsis ben swifter than eglis; wo to vs, for we ben distried.
14 ၁၄ အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​ချမ်း​သာ​ရာ​ရ စေ​ရန် မိ​မိ​စိတ်​နှ​လုံး​ကို​ဆိုး​ညစ်​မှု​နှင့်​ကင်း စင်​စေ​လော့။ သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဆက်​လက်​၍​ဆိုး​ညစ်​စွာ​ကြံ​စည်​လျက်​နေ ဦး​မည်​နည်း။
Thou Jerusalem, waische thin herte fro malice, that thou be maad saaf. Hou long schulen noiful thouytis dwelle in thee?
15 ၁၅ ဒန်​ပြည်​မှ​လာ​သော​စေ​တ​မန်​နှင့် ဧ​ဖ​ရိမ် တောင်​ကုန်း​များ​မှ​ရှေ့​တော်​ပြေး​တို့​က သ​တင်း​ဆိုး​ကို​ကြေ​ညာ​ကြ​၏။-
For whi the vois of a tellere fro Dan, and makynge knowun an idol fro the hil of Effraym.
16 ၁၆ သူ​တို့​သည်​ရပ်​ဝေး​ဒေ​သ​မှ​ရန်​သူ​များ​ချီ တက်​လာ​နေ​ကြောင်း​လူ​မျိုး​တ​ကာ​တို့​အား သတိ​ပေး​၍ ယေ​ရု​ရှ​လင်​မြို့​ကို​ကြား​ပြော ကြ​လေ​သည်။ ရန်​သူ​တို့​သည်​ယု​ဒ​မြို့​များ အား​ကြိမ်း​မောင်း​သံ​ပြု​ကြ​လိမ့်​မည်။-
Reise, ye folkis; lo! it is herd in Jerusalem that keperis ben comun fro a fer lond, and yyuen her vois on the citees of Juda.
17 ၁၇ သူ​တို့​သည်​လယ်​စောင့်​ကင်း​သ​မား​များ​ကဲ့​သို့ ထို​မြို့​တို့​ကို​ဝိုင်း​ရံ​ထား​ကြ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ယု​ဒ​ပြည်​သည် ထာ​ဝ​ရ​ဘု​ရား အား​ပုန်​ကန်​သော​ကြောင့်​ဖြစ်​၏။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​တော်​မူ​သော​စ​ကား​ပင်​တည်း။
As the keperis of feeldis thei ben maad on it in cumpas; for it stiride me to wrathfulnesse, seith the Lord.
18 ၁၈ အို ယု​ဒ​ပြည်၊ သင်​သည်​မိ​မိ​နေ​ထိုင်​ပြု​ကျင့်​ပုံ များ​အား​ဖြင့် ဤ​အ​မှု​အ​ရာ​တို့​ကို​ဖြစ်​ပွား စေ​လေ​ပြီ။ သင်​၏​စိတ်​နှ​လုံး​ကို​ဋ္ဌား​နှင့်​ထိုး လိုက်​ဘိ​သ​ကဲ့​သို့ သင်​သည်​မိ​မိ​၏​အ​ပြစ် ကြောင့်​ဤ​ဝေ​ဒ​နာ​ကို​ခံ​ရ​၏။
Thi weyes and thi thouytis han maad this to thee; this malice of thee, for it is bittir, for it touchide thin herte.
19 ၁၉ ငါ့​အ​သည်း​နာ​လှ​၏။ မ​ခံ​မ​ရပ်​နိုင်​အောင် အ​သည်း​နာ​၏။ ငါ​သည်​ပြင်း​စွာ​နှ​လုံး​တုန်၊ရင်​ခုန်​လျက် နေ​ပါ​သည်​တ​ကား။ ငါ​သည်​အ​ငြိမ်​မ​နေ​နိုင်​တော့​ပြီ။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​လည်း​ကောင်း၊တိုက်​ပွဲ ကြွေး​ကြော်​သံ​များ​ကို​လည်း​ကောင်း​ငါကြား ရ​၏။
Mi wombe akith, my wombe akith; the wittis of myn herte ben disturblid in me. Y schal not be stille, for my soule herde the vois of a trumpe, the cry of batel.
20 ၂၀ ဘေး​အန္တ​ရာယ်​ဆိုး​သည်​တစ်​ခု​ပြီး​တစ်​ခု ပေါ်​ပေါက်​၍​လာ​၏။ တစ်​ပြည်​လုံး​ပင်​ယို​ယွင်း​ပျက်​စီး​၍​ကျန် ခဲ့​၏။ ငါ​တို့​၏​တဲ​များ​သည်​တစ်​ခ​ဏ​ချင်း​၌​ဖြို ပျက်​လျက် ၎င်း​တို့​၏​ကန့်​လန့်​ကာ​တို့​သည်​စုတ်​ပြတ်​၍ သွား​ကြ​၏။
Sorewe is clepid on sorewe, and al the lond is distried; my tabernaclis ben wastid sudeynli, my skynnes ben wastid sudeynli.
21 ၂၁ ငါ​သည်​တိုက်​ပွဲ​ဆင်​နွှဲ​နေ​သည်​ကို​အ​ဘယ်​မျှ ကြာ​ကြာ တွေ့​မြင်​နေ​ရ​ပါ​မည်​နည်း။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​အ​ဘယ်​မျှ​ကြာ​ကြာ ကြား​၍ နေ​ရ​ပါ​မည်​နည်း။
Hou longe schal Y se hem that fleen, schal Y here the vois of a clarioun?
22 ၂၂ ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​သည် မိုက်​မဲ​ထုံ​ထိုင်း​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​မ​သိ ကြ။ သူ​တို့​သည်​က​လေး​မိုက်​များ​နှင့်​တူ​၏။ သူ​တို့​တွင်​အ​သိ​ပ​ညာ​မ​ရှိ။ သူ​တို့​သည်​ဒု​စ​ရိုက်​ပြု​ရာ​တွင် ကျွမ်း​ကျင်​ကြ​သော်​လည်း​သု​စ​ရိုက်​ကို​မူ မ​ပြု​တတ်​ကြ'' ဟု​မိန့်​တော်​မူ​၏။
For my fonned puple knew not me; thei ben vnwise sones, and cowardis; thei ben wise to do yuels, but thei kouden not do wel.
23 ၂၃ ငါ​သည်၊ကမ္ဘာ​မြေ​ကြီး​ကို​ကြည့်​လိုက်​သော အ​ခါ ယင်း​သည်​ပုံ​သဏ္ဌာန်​ကင်း​မဲ့​လျက်​နေ​၏။ မိုး​ကောင်း​ကင်​ကို​ကြည့်​သော​အ​ခါ​၌​လည်း အ​လင်း​ရောင်​မ​တွေ့​ရ။
Y bihelde the lond, and lo! it was void, and nouyt; and Y bihelde heuenes, and no liyt was in tho.
24 ၂၄ ငါ​သည်​တောင်​များ​ကို​ကြည့်​ပြန်​သော် တောင်​ကြီး​တောင်​ငယ်​တို့​သည်​တုန်​လှုပ်​လျက် နေ​ကြ​၏။
Y siy munteyns, and lo! tho weren mouyd, and all litle hillis weren disturblid.
25 ၂၅ ငါ​သည်​လူ​တစ်​ဦး​တစ်​ယောက်​ကို​မျှ​မ​တွေ့ မ​မြင်။ ငှက်​အ​ပေါင်း​တို့​သည်​ပင်​လျှင်​ပျံ​ပြေး​ကြ လေ​ကုန်​ပြီ။
Y lokide, and no man was, and ech brid of heuene was gon a wey.
26 ၂၆ ထာ​ဝ​ရ​ဘု​ရား​၏​ပြင်း​ထန်​သော​အ​မျက် တော် အ​ရှိန်​ကြောင့် မြေ​သြ​ဇာ​ကောင်း​သော​ပြည်​သည်​သဲ​ကန္တာ​ရ ဖြစ်​လျက်၊ မြို့​များ​သည်​လည်း​ယို​ယွင်း​ပျက်​စီး​၍​နေ​လေ​ပြီ။
Y bihelde, and lo! Carmele is forsakun, and alle citees therof ben distried fro the face of the Lord, and fro the face of the ire of his strong veniaunce.
27 ၂၇ (ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​သည် တော​က​န္တာ​ရ အ​ဖြစ်​သို့​ရောက်​ရှိ​ရ​လိမ့်​မည်​ဖြစ်​သော်​လည်း အ​ကုန်​အ​စင်​ပျက်​ပြုန်း​သွား​ရ​လိမ့်​မည်​မ ဟုတ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မိန့်​ကြား​ထား တော်​မူ​၏။)
For the Lord seith these thingis, Al the lond schal be forsakun, but netheles Y schal not make an endyng.
28 ၂၈ ကမ္ဘာ​မြေ​ကြီး​သည်​ဝမ်း​နည်း​ပူ​ဆွေး​လျက်​နေ လိမ့်​မည်။ မိုး​ကောင်း​ကင်​သည်​လည်း​မှောင်​မဲ​၍​လာ​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိန့်​မြွက်​တော်​မူ​ပြီး​နောက် မိ​မိ​၏​စိတ်​ကို​ပြောင်း​လဲ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ စိတ်​ပိုင်း​ဖြတ်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် နောက်​ဆုတ်​တော်​မူ​လိမ့်​မည်​မဟုတ်။
The erthe schal mourne, and heuenys aboue schulen make sorewe, for that Y spak; Y thouyte, and it repentide not me, nether Y am turned awei fro it.
29 ၂၉ မြင်း​စီး​သူ​ရဲ​များ​နှင့်​လေး​သ​မား​တို့​၏ အ​သံ​ကို ကြား​သော​အ​ခါ လူ​အ​ပေါင်း​တို့​သည်​ထွက်​ပြေး​ကြ​လိမ့်​မည်။ အ​ချို့​သော​သူ​တို့​သည်​သစ်​တော​ထဲ​သို့​လည်း ကောင်း၊ အ​ချို့​တို့​သည်​ကျောက်​ဆောင်​များ​ပေါ် သို့​လည်း​ကောင်း၊ထွက်​ပြေး​ကြ​လိမ့်​မည်။ မြို့​အ​ပေါင်း​တို့​သည်​အ​ထီး​တည်း​ကျန် ရစ်​လျက် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​၍​နေ​လိမ့်​မည်။
Ech citee fledde fro the vois of a knyyt, and of a man schetynge an arowe; thei entriden in to hard places, and stieden in to roochis of stoon; alle citees ben forsakun, and no man dwellith in tho.
30 ၃၀ အို ယေ​ရု​ရှ​လင်​မြို့၊သင်​သည်​အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား။ သင်​သည်​အ​ဘယ်​ကြောင့်​နီး​မြန်း​သည့်​အ​ဝတ် ကို ဝတ်​ဆင်​ထား​သ​နည်း။ အ​ဘယ်​ကြောင့်​ကျောက်​မျက်​ရ​တ​နာ​များ​ကို ဆင်​ယင်​၍ သင်​၏​မျက်​လုံး​များ​ကို​ခြယ်​လှယ်​ထား​သ​နည်း။ သင်​သည်​မိ​မိ​ကိုယ်​ကို​အ​ကြောင်း​မဲ့​အ​လှ ပြင်​၍ ထား​ပါ​သည်​တ​ကား။ သင်​၏​ချစ်​သူ​တို့​သည်​သင့်​ကို​ပစ်​ပယ်​လိုက်​ကြ လေ​ပြီ။ သူ​တို့​သည်​သင့်​ကို​သတ်​လို​ကြ​၏။
But what schalt thou `destried do? Whanne thou schalt clothe thee with reed scarlet, whanne thou schalt be ourned with a goldun broche, and schalt anoynte thin iyen with wommans oynement, thou schalt be araied in veyn; thi louyeris han dispisid thee, thei schulen seke thi soule.
31 ၃၁ သား​ဖွား​ဝေ​ဒ​နာ​ခံ​ရ​သော​အ​မျိုး​သ​မီး ၏​အ​သံ၊ သား​ဦး​ကို​ဖွား​မြင်​သည့်​အ​မျိုး​သ​မီး​ဟစ် အော်​သံ​နှင့် တူ​သည့်​အ​သံ​တစ်​ခု​ကို​ငါ​ကြား​၏။ ထို​အ​သံ​မှာ​မော​ဟိုက်​၍​လက်​တုန်​နေ​သော ယေ​ရု​ရှ​လင်​မြို့​၏​အ​သံ​ပင်​ဖြစ်​ပေ​သည်။ သူ​က``ငါ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သူ​တို့​သည် ငါ့​အား​သတ်​ရန်​လာ​ကြ​လေ​ပြီ​ဆို​၏။''
For Y herd a vois as of a womman trauelynge of child, the angwischis as of a womman childynge; the vois of the douyter of Sion among hem that dien, and spreden abrood her hondis; Wo to me, for my soule failide for hem that ben slayn.

< ယေရမိ 4 >